Friday, October 26, 2007

ဆက်လက်ချီတက်ကြပါစို့ 

လက်တလောရာထူးတိုးပေးခံရတဲ့ ဝန်ကြီးဦးအောင်ကြည်ရဲ့ ဒေါ်စုတွေ့ ဆုံဆွေးနွေးပွဲကို(၂၅.၁၀.၀၇) ရုပ်မြင်သံကြားမှာ ထုတ်လွှင့်တင်ဆက်တာတွေ၊ ခါတော်မှီ ရတနာမြေ လိုဘလော့်အသည်းအသန် ထလုပ်ပြီး စီးပွားရေးပိတ်ဆို့ မှု့ တွေကို မတုန်လှုပ်ကြောင်း တင်ပြတာတွေ၊ နဲ့ ကိုနစ်နေမန်း ဘလော့်မှာဖတ်လိုက်ရတဲ့ တေဇသား ထက်တေဇရဲ့ Email စာဖော်ပြချက် အစရှိတာတွေကို ဖတ်လိုက်ရလို့ ခုတလော နိုင်ငံတကာဖိအားပေးမှု့ တွေ၊ အပြည်ပြည်ဆိုင်ရာ မြန်မာပြည်အရေးဆန္ဒပြလှုပ်ဆော်မှု့ တွေ၊ တရုတ် ၂၀၀၈ အိုလံပစ်အားသပိတ်မှောက်ရန် တိုက်တွန်းမှု့ အားလုံးပာာ ထိရောက်မှု့ ရှိတယ်လို့ ဆိုရမှာပါ။

နအဖခေါင်ချူပ်သန်းရွှေတောင်းဆိုတာတွေကို ဒေါ်စုက လိုက်လျောတယ်လို့ တရားဝင်ကော၊ ကောလပာာလအနေနဲ့ သတင်းထွက်ပေါ်ခြင်းမရှိပဲ ပြည်တွင်းရုပ်မြင်သံကြားမှာဆွေးနွေးမှု့ အစလို့ ပြသရတယ်ဆိုကတည်းက မာန်ဝင့်လွန်းတဲ့ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အဖို့ မာနကိုမနည်းမျိုထားရတဲ့ပုံပဲ။ လှည့်ကွက်ဖြစ်နိုင်ပေမဲ့ ဒါကိုကသူတို့ ကြောက်လို့ လုပ်ရတယ်ဆိုတာကို ထင်ထင်ရှားရှားပြတာပဲ။ တေဇနေနဲ့ ကြည့်ရင်လည်း တော်တော်ထိခိုက်နစ်နာပါတယ်။

၂၅ ရက်နေ့ ဒေါ်စုနဲ့ ဝန်ကြီးဦးအောင်ကြည် ပထမအကြိမ် တွေ့ ဆုံမှု့ 

လေကြောင်းလိုင်းစတင်တာမကြာသေးပါဘူး။ ဒီ့အတွက် ရင်းနှီးထားတဲ့ငွေကြေးပမာဏကလည်း နည်းမှာမပာုတ်ပါဘူုး။ အထူးသဖြင့် စင်ကာပူနဲ့ ပြေးဆွဲတဲ့ ပြည်ပလေကြောင်းလည်းပိတ်လိုက်ရတာပာာ သူရဲ့ မူလအစီစဉ် ရှေ့ တောင်အာရှပြေးဆွဲရေးကို လိုက်ကာချအဆုံးသတ်လိုက်ရတဲ့အတွက် မခံချိမခံသာဖြစ်နေပါလိမ့်မယ်။

ပြည်တွင်းလေကြောင်းလိုင်းက လက်ရှိကုန်ကျငွေကို ပြန်ကာဖို့ မျော်လင့်ချက်မရှိပါဘူး။ ဒါကြောင့်မို့  “အိမ်ရှေ့ ပူအိမ်နောက်မချမ်းသာ ” ဆိုသလို သားထက်တေဇလည်း မခံမရပ်နိုင်ဖြစ်ပြီး လူငယ်သဘာဝ လေလုံးထွားလေးနဲ့ တုန့် ပြန်လိုက်တာဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်ဘာဝ “ဆင်ပိန်ရင်ကျွဲလောက်ကျန်သေးတယ်” ဆိုတာမျိုး အတိုက်အခံလုပ်တဲ့လူတွေ သိစေချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။

တေဇသားထက်တေဇ

ပြည်တွင်းလေကြောင်းလိုင်းက လက်ရှိကုန်ကျငွေကို ပြန်ကာဖို့ မျော်လင့်ချက်မရှိပါဘူး။ ဒါကြောင့်မို့  “အိမ်ရှေ့ ပူအိမ်နောက်မချမ်းသာ ” ဆိုသလို သားထက်တေဇလည်း မခံမရပ်နိုင်ဖြစ်ပြီး လူငယ်သဘာဝ လေလုံးထွားလေးနဲ့ တုန့် ပြန်လိုက်တာဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်ဘာဝ “ဆင်ပိန်ရင်ကျွဲလောက်ကျန်သေးတယ်” ဆိုတာမျိုး အတိုက်အခံလုပ်တဲ့လူတွေ သိစေချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။ဂန်ဘာရီရဲ့ မြန်မာ့အရေး နယ်လှည့်ခရီးစဉ်ပာာ စစ်အစိုးရတွက် နေမထိထိုင်မသာ စိတ်ခြောက်ခြားစရာဆိုတာသေချာပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့ ရဲ့ ထောက်ခံမှု့ နဲ့ ပူးပေါင်းပါဝင်မှု့ ကျေနပ်လောက်စရာအတိုင်းအတာထိ ရခဲ့တယ်လို့ မစ္စတာဂမ်ဘာရီရဲ့ ကြေညာချက်မျိုးပာာစစ်အစိုးရအတွက် ဆက်တိုက်ဆိုသလို အမင်္ဂလာသတင်းအဖြစ်နဲ့ ကြားနေရပါပြီ။ တရုတ်အနေနဲ့ သူ့ ရဲ့ ၂၀၀၈ အိုလံပစ်ဂိမ်းကို အပျက်ဆီးမခံနိုင်တာကို သာကြည့် ဘေကျင်းမြို့ လေထုညစ်ညမ်းမှု့ အတွက်အားတင်ခွန်စိုက် အချိန်မှီ ဆက်ရုံအလုပ်ရုံတွေ ရွှေ့ ပြောင်း၊ကာဗွန်လျှော့ချမှု့ တွေဆထက်တပိုးလုပ်ဆောင်နေတာက သက်သေခံနေတာပဲ။ ၂၀၀၈ အိုလံပစ်ဂိမ်းပာာ တရုတ်ရဲ့အညှာကိုအထိဆုံးနဲ့ မြန်မာအရေးကြောင့်တရုတ်တို့ ပျက်ဆီးမှာကို ခံနိုင်မှာမပာုတ်ဘူးလို့ တရားသေထင်မြင်ယူဆလို့ ရပါတယ်။ တရုတ်ဘက်က ပြုပြင်ပြောင်းလဲမှု့ အတွက်ထောက်ခံမှု့ အပြည့်အဝရရင် စစ်အစိုးရနေနဲ့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှု့ ကို မလွှဲမသေဆောင်ရွက်ရပါလိမ့်မယ်။
ပြီးခဲ့တဲ့လအတွင်းက အိမ်နီးချင်းနိုင်ငံအချို့ ရဲ့ “အိမ်တွင်းရေးသာဖြစ်တယ်လို့ ” အမည်တပ်လက်ရှောင်တာရဲ့ ရင်းမြစ်က အိမ်နီးချင်းနိုင်ငံများအကြား မြန်မာပြည်ထွက်သံယံဇာတ ကနေရရှိမဲ့ အကျိုးအမြတ်ကိုအလေးထားလွန်းလို့ ဖြစ်ပါတယ်၊။ ဒါပေမဲ့ ကျုပ်အထင် ယခုဂန်ဘာရီခရီးစဉ်က နိုင်ငံတကာကနေ ထိုနိုင်ငံတွေရဲ့ မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး သဘောထားအား မေးခွန်းထုတ်နေတာကို သာသိထင်ရှားစေတယ်လို့ ယူဆပါတယ်။ ဒီခရီးစဉ်မှာ မေးခွန်းတွေရဲ့ နောက်ဆက်တွဲ နိုင်ငံတကာရဲ့ အမြင်မကြည်လင်မှု့ ကနေတဆင့် နစ်နာစရာတွေဖြစ်လာနိုင်တယ်ဆိုတာ ထိုအိမ်နီးချင်းတွေသိဖို့ လည်းပါလိမ့်မှာလို့ ယူဆမိပါတယ်။ သူရဲ့ ရှင်းလင်းတင်ပြပုံ ထိရောက်မှု့ ပေါ်မှုတည်ပြီး မြန်မာပြည်နိုင်ငံရေးပြောင်းလဲမှု အပေါ်ဖိအားပေး နိုးဆော်မှု့ တွေရဲ့ အရှိန်ပာုန်ကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ခံတွင်းတွေ့ နေတဲ့ သံယံဇာတထွက်ရောင်းချမှု့ ပာာအိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထားပေါ်တည်နေတဲ့အတွက် ဝယ်သူမျာက်နှာကြည့်ပြီး အထောက်အလျောက် ပြောင်းလဲမှု့ တွေလုပ်ရမယ်ဆိုတာ စစ်အစိုးရကောင်းကောင်းသိပါတယ်။ တကယ်လို့ ဆိုတဲ့ ပြည်ပရောင်းဝယ်မှု့ ဈေးကွက်မရှိတော့ရင် စစ်အစိုးရအတွင်းမှာကို ဖြေသိမ့်နှစ်သိမ့်စရာ၊ မက်လုံးတွေပေးနိုင်တော့မှာမပာုတ်တဲ့အတွက် “ငါ့အတွက်မကျန်တော့ဘူး” ဆိုတဲ့သဘောထားကနေ ပဋိပက္ခတွေပေါ်ပေါက်လာမှာပါ။ ဒါကို စစ်အစိုးရလိုလားလိမ့်မယ်မပာုတ်ဘူး။ ပြည်တွင်းလက်ဝါးကြီးအုပ်စီးပွားရေးတွေ၊ ပရောဂျက် ကွန်ထရက်ယူတာ အစရှိတာတွေအာလုံးပာာ တပ်တွင်းအရာရှိအရာခံတွေနဲ့ ၄င်းတို့ရဲ့ မိတ်ဖက်သင်္ဂပာတွေအတွက် အလုအယက်စားကွက်ဖြစ်နေတော့ စစ်အစိုးရအတွက် သစ္စာခံကြေးအတွက် ပြည်ပစားကွက်တွေလိုပါတယ်။ ဒီတော့ ထုံးစံအတိုင်း “မျောက်ပြဆန်တောင်း” လုပ်ရပ်တွေနဲ့ စစ်အစိုးရတို့ က ပြည်ကစားကွက်ကာကွယ်မှု့ တွေလုပ်ရပါအုံးမယ်။
ဘယ်လိုဖြစ်ဖြစ်ပေါ့ ကျုပ်တို့ အားလုံးအတွက်တော့ ထိရောက်နေတဲ့ မြန်မာ့အရေးလှုပ်ရှားမှု့ ကိုဆထက်တပိုးတိုးလို့ သာလုပ်ဆောင်ဖို့ သာရှိပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးသပိတ်မှောက်မှု့ တွေ၊ တရုတ်ကို အိုလံပစ်အားကြောင်းပြပြီး ဖိအားပေးတောင်းဆိုမှု့တွေ၊ စစ်အစိုးရရဲ့ ပြည်တွင်းနေရာအနှံ့ လုပ်ဆောင်နေတဲ့ မတရားမှု့ ကိုနိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပမြန်မာတွေ သိအောင်သတင်းဖြန့် ဖြူးတာတွေကို လုပ်ဆောင်နေတဲ့ မြန်မာမျိုးချစ်တွေ၊ မြန်မာ့အရေးလူပ်ရှားသူ အားလုံးကို ဂုဏ်ပြုအသိအမှတ်ပြုပါတယ်။ ပိုမိုအားထုတ်လုပ်ဆောင်ကြပါလို့ လဲ တိုက်တွန်းပရစေ။

ဆက်လက်ဖတ်လိုပါက..

Thursday, October 25, 2007

ကြခတ်ရုံထဲက သားသတ်သမား

တော်တော်ကိုကောင်းတဲ့ ကဗျာတပုဒ်ပါ။ သီရိလင်္ကာရောက်မြန်မာကျောင်းသားရပာန်းတော်များ ဘလော့်ထံမှကူးယူဖော်ပြလိုက်ပါတယ်။ မဖြစ်မနေ သွားရောက်ဖတ်ရှု့ သင့်တဲ့ ဘလော့်ပါ။ http://lanka-msma.blogspot.com/2007/10/blog-post_24.html

ကြခတ်ရုံထဲက သားသတ်သမား တောမီးလောင်တော့ တောကြောင်တွေ လက်ခမောင်းခတ်သတဲ့ ပြည် ၀မ်းမီးလောင်တော့ “ဘုန်းကြောင်”တွေ စားပေါက်ထွင်သတဲ့ သူမို့လို့ ပြည်သူ့ဆွမ်းစားပြီး ပြည်သူကမွေးတဲ့ သားတွေကို သတ်ရမယ်တဲ့ သိတတ်ရင် ကိုယ့်ဝမ်းမှာ ဘယ်သူ့ဆွမ်းကပိုများသလဲ ငုံ့ကြည့်သင့်တယ်၊ သခင်အလိုကျအောင် ကျယ်ကျယ်လောင်လောင် ဟောင်နိုင်မှ ခွေးစစ်မှာလား ယမမင်းဗျူဟာတွေနဲ့ ပွဲလန့်တုန်းဖျာခင်း အာဏာရှင်အကြိုက် ဈေးကွက်ထွင်လိုက်တာလား။ ကြခတ်ဝါးရုံလေးတစ်ရုံ စိုပြေရေးအတွက် သူမို့လို့ ဇာတ်တူသား စားကောင်းသတဲ့ ပုဆိန်နဲ့ခုတ် လွှနဲ့ဖြတ်ရမတဲ့ ငါးစိမ်းသယ်သြ၀ါဒတွေနဲ့ အရူးတွေကို သူမို့လို့ သားသတ်လိုင်စင် ထုတ်ပေးရက်တယ်။ အိုကြီးအိုမ ဒီအရွယ်ကြီးကျမှ သတ်တာဖြတ်တာဝါသနာပါတုန်းလား သင့်ကြောင့် နွားတွေ ချိုတရမ်းရမ်းနဲ့ သင့်ကြောင့် အရူးတွေ သေနတ်တကားကားနဲ့ သင့်ကြောင့် မိတကွဲ ဖတကွဲကလေးတွေနဲ့ ငမိုးရိပ်ချောင်းမှာ မျှောခံရတဲ့ အလောင်းတွေနဲ့ အသက်တစ်ချောင်း ဆုံးရှုံးရတိုင်း သင့်မှာ တာဝန်ရှိတယ် ပြည်သူ့မျက်ရည်တစ်စက်ကျတိုင်း သင့်ရဲ့ပယောဂပါတယ် သင့်ကြောင့် ကျိုးတ၀က် ကန်းတပိုင်း တစာစာ အော်နေရတဲ့ နာကျင်သံတွေကို ဘယ်လိုသမိုင်းနဲ့ သင်ဆေးကြောမလဲ။ သာသနာမှာ သင့်ကို အားကျအတုယူဖို့ထက် သင့်ကိုစက်ဆုပ်ရွံရှာဖို့ မှတ်တမ်းတွေ ချန်ထားခဲ့လိမ့်မယ်။ သမိုင်းမှာ သင့်ကို သားသတ်သမားသြ၀ါဒပိုင်ရှင်လို့ နောင်မျိုးဆက်တွေ သမုတ်ကြတော့မယ် သင်ဆိုခဲ့သော စကားအတိုင်း တစ်နေ့ အရူးတွေက သင့်ကို တရားခံရှာတော့မယ်။ “လေဆန်သို့ လွှတ်ပစ်သောပြာမှုန့်သည် ပစ်သူထံသို့ ပြန်ကျရောက်၏” ဒေသနာတော် လာသည့်အတိုင်း အပြစ်နှင့်ညီမျှသော ဆုလာဘ်ကိုသာ သင်ပိုင်ဆိုင်ရလိမ့်မယ် တစ်ကိုယ်ရေ အထီးကျန်မှုကလွဲပြီး ကမ္ဘာလောကကြီးထံမှ သင်ဘာမှ ထပ်ပြီးမရနိုင်တော့ပါ ။ ။ နေမွန်းသင်

ဆက်လက်ဖတ်လိုပါက..

ပြင်းထန်စွာရှုံ့ ချ

နအဖ သာသနာရေးဝန်ကြီးလို့ ခေါ်တွင်သော သူရမြင့်မောင်ရဲ့ သံဃနာယကထံသို့ ၁၄ ရက်ထုတ်သတင်းစာပါ လျှောက်ထားချက်များမှာ အခြေအမြစ်မရှိ မိန်းမလိုမိန်းမရဆန်သော စွပ်စွဲချက်များဖြစ်ပြီး ပြည်သူတို့ သက်ဝင်ယုံကြည်သောသာသနာနဲ့ သံဃာကို စော်ကားရာရောက်သဖြင့် ပြင်းထန်စွာရှုံ့ ချပါတယ်။

“ထောင်ထွက်” များပာု အမည်တပ်ခေါ်ဆိုသည်မှာ မိုက်ရိုင်းစော်ကားသော တရားမဲ့မိစ္တာကောင်တွေရဲ့ လုပ်ရပ်ပါ။ ၈၈ ကာလအတွင်း စစ်အစိုးရ မတရားဖမ်းဆီး နိုပ်စက်၍ ထောင်ချခဲ့သည်ကို ထောင်ထွက်အမည်တပ် ခြင်းမှာ သက်သက်မဲ့ အမည်ပျက်အဖြစ်သိက္ခာချစော်ကားလိုက်တာပဲ။ ၁၉၉၀ မှာကံဆောင်လို့  စစ်အစိုးရဖမ်းဆီးပြီးမတရားလူဝတ်လဲခံရတဲ့သံဃာတော်တွေပာာ ပြည်သူလူထုအတွက် ရဟန်းစစ်၊ရဟန်းမှန် သံဃာတော်တွေပါပဲ။ မည်ကဲ့သို့ အမည်နာမ မျိုးစုံခေါ်စေဦး သံဃာဟာ သံဃာဖြစ်တဲ့အတွက်ထောင်ထွက်ဆိုသောစကားကို လက်မခံနိုင်ပါ။ထောင်ထွက်ဆိုသောစကားကြောင့် ပြည်သူလူထူရဲ့ စိတ်ထဲ ကြည်ညိုယုံကြည်မှု့ လျော့ပါးသွားလိမ့်မည်မဟုတ်ပဲ စော်ကားရက်လေ ဆိုသောနာကျည်းမှု့ များသာပို၍သာတိုးလာပါမယ်။မဖွယ်မရာကိစ္စများ ဆိုပြီးလုပ်ကြံလျောက်တင်တာတွေ ကိုလည်း “ယိုသူမရှက် မြင်သူရှက်” ဆိုသလို အံ့သြမဆုံးပါဘူး။ ဒီလျောက်ကြားလွာကို တင်လျောက်ဖို့ များစွာဝန်လေးပြီး၊ရှက်ရွံ့ စွာလျောက်ထားရသည်ဆိုသော သူရမြင့်မောင် သူဖွင့်ဆိုထားသော “ရိုးသားသော၊လူမှုဗာဟီရကိစ္စများနဲ့ အကျွမ်းတဝင်မရှိသော သံဃာများ” ကို မေးမြန်းမှု့ မရှိ၊ ဝန်လေးမှု့ မရှိ၊ ရှက်ရွံ့ မှု့ အလျင်းမရှိပဲ ရိုက်နက်ကန်ကြောက်သောလုပ်ရပ်များမှာ ပြတ္တားတလမ်း၊သံတလမ်း၊ ရှေ့ စကား နောက်မညီသောကြောင့် ယုံကြည်ဖွယ်ရာတစုံတရာ မရှိပါ။ သက်သေခိုင်လုံသော ဗီဒီယိုပြကွက်များလည်း ကြည့်ရပြီးဖြစ်သဖြင့် “သံဃာအချို့ ကို မလွှဲမရှောင်သာ ခေါ်ယူမေးမြန်းခဲ့ပါတယ်ဘုရား” သူရမြင့်မောင်စကားမှာ ယုတ်ညံ့သော ဆင်ခြေတစ်ခုသာဖြစ်တယ်ဆိုတာကို ပြည်သူလူထုတစ်ရပ်လုံး သိနည်းလည်ပါတယ်။ ဗုဒ္ဓဘာသာဝင်ပီပီ သာသနာကို ကြည်ညိုအလေးနက်ထားတယ်ဆိုတဲ့ နအဖတို့ ပုခက္ကူမှာ သံဃာတော်တွေ မေတ္တာပို့ လမ်းလျောက်တာကို ဘာကြောင့်အကြမ်းဖက်ဖြိုခွင်းပါသလဲ။ ထိမ်းထိမ်းသိမ်းသိမ်းဆောင်ရွက်ပါတယ်ဆိုသော ဝေါပာာရမှာ ကြိုးကွင်းစွပ်ဖမ်းဆီးခြင်း၊ သနတ်၊ဝါးရင်းတုတ်ဖြင့်ရိုက်နှက်ခြင်း၊ ဖိနပ်ဖြင့်ကန်ခြင်းစတာတွေ ပါဝင်သလားဆိုတာ ရှင်းပြပါဦး။ သာသနာနဲ့ တိုင်းပြည်ဖျက်ဘေးရန်ကိုကာကွယ်ဖို့ ဆိုသော သူရမြင့်မောင်တို့ နအဖ တို့ စွပ်စွဲလူသားမဆန်တိုက်ခိုက်ခံရသော ရဟန်းတော်တွေရဲ့ တောင်းဆိုမှု့ ကိုကြည့်ပါ -
(၁)တာဝန်ရှိသူများဝန်ချတောင်းပန်ရန်(ပခုက္ကူရိုက်နှက်ဖမ်းဆီးမှု့ အတွက်) (၂)ပြည်သူ့ စားဝတ်နေရေးပြေလည်ရေး (၃)ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျည်းသားများ လွတ်မြောက်ရေး (၄)အမျိုးသားပြန်လည်သင့်မြတ်ရေး
ကဲ ဘယ်အချက်က နိုင်ငံတော်နဲ့ သာသနာကို ထိပါးလို့ ဒီလိုလူမဆန်တဲ့လုပ်ရပ်တွေ လုပ်ရတာတုန်း။ “တပည့်တော်တို့ အနေနဲ့ သာသနာတော်နဲ့ နိုင်ငံတော်အတွက်တာဝန်အရမလွဲမရှာင်သာ ဆောင်ရွက်ရသည်များကို ဆရာတော်ကြီးများအနေဖြင့် စာနာ၊နားလည်၊ခွင့်လွတ်ပါရန် လျောက်ထားအပ်ပါသည်” ဆိုသော သူရမြင့်မောင်နဲ့ နအဖ တိုင်းဖျက်၊ပြည်ဖျက်၊သာသနာဖျက် မိစ္တာဂိုဏ်းတခုလုံးကို ငရဲ နဲ့ ပြည်သူလူထုက ခွင့်လွတ်လိမ့်မည်မပာုတ်ပါလို့ ။

ဆက်လက်ဖတ်လိုပါက..

Wednesday, October 24, 2007

လေးစားပါတယ် ကိုဇာဂနာ

ကိုဇာဂနာ ပြန်လွတ်လာပြီး မကြာခင်ပဲ အင်တာဗျူးရဲတဲ့သတ္တိကို လေးစားပါတယ်။ ပာာသရွှန်းတဲ့ ကိုဇာဂနာ့အင်တာဗျူးဖတ်ရတာအားရှိတယ်ဗျာ။ ဒီလိုလူမျိုးတွေရှိသ၍တော့ ဒို့ နိုင်ငံလွတ်လမ်းရှိတယ်လို့ ကျုပ်တော့လေးလေးနက်နက်ကို ယုံတယ်။ ကိုကျော်သူတို့ ဇနီးမောင်နှံအပါအဝင်ပေါ့ဗျာ။ ကိုယ်ကျိုးစွန့် တဲ့သတ္တိကတော့ပြောမနေနဲ့ ။ ကျုပ်တို့ လို သာမန်လူတန်းစားတောင် ကိုယ့်စားခွက်သေးသေးလေး ပျောက်မှာတွေးကြောက်နေတဲ့အချိန် ဒီလိုနိုင်ငံကြော် အနုပညာရှင်တွေရဲ့ စွန့် စားအနစ်နာခံမှု့ ကတော့ အာဇာနည်စိတ်ဓါတ်ပါပဲ။ ဒုတိယံမိ လေးစားပါတယ်။
“သံဃံသရဏံ ဂန်းစာမိ” ကတော့ထိတယ်ဗျို့ ။ ဘုရားရှိခိုးတိုင်း မှတ်မိနေမှာ သေချာပေါက်ပဲ။ နောက်ဘုရားရှိခိုးတိုင်း ဆက်မတွေးမိအောင်မနည်းလုပ်နေရတယ်။
နောက်ပာာသတခုဖတ်လိုက်ရတာ - နအဖ ခေါင်းဆောင်ကြီးက ဗုဒ္ဓဂေါတမမြတ်စွာဘုရားကို ဘယ်တော့များ ရေနဲ့ လျှပ်စစ်မီး လုံလောက်အောင်ရမလဲ မေးတော့ ဘုရားကတော့ ငါ့တသက်တော့ဖြစ်နိုင်တော့မှာမပာုတ်ဘူးလို့ ပြောပြီးငိုသတဲ့။ ဘုရှ်နဲ့ ပာူကျင်းတောင်းတို့ အလှည့်တုန်းက သူတို့ ကငိုရတယ်။ နအဖ ရဲ့ သန်းရွှေအလှည့်တော့ ဘုရားတောင်ငိုရတဲ့အဖြစ်။ ပြောင်မြောက်ပါပေတယ် ကိုဇာဂနာ ရေ။ နောင်များလည်း ဒီလိုအလုံးတွေ ထပ်လုပ်ပါအုံး။ ခုလည်းကြည့်ပါဦး ဧရာဝတီမြစ်ဖျားနဲ့  မြစ်စုံ မှာတာတမံဆည်တွေဆောက်ပြီး ရေအားလျှပ်စစ်ထုပ်မလို့ တဲ့။ လျှပ်စစ်ရတော့မှာမို့ လို့ ပျော်မနေနဲ့ တရုတ်အတွက်ပါ။ တနိုင်ငံလုံး တိုင်းရင်းသားမျိုးဆုံ မှီတင်းနေထိုင်တဲ့ နိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီ ကိုတောင်ရင်းပြီး ဒို့ များ စစ်အာဏာရှင်တွေရဲ့ ကိုးကွယ်ရာဘာသာအသစ် တရုတ်ပြည်ကြီး ထိန်ထိန်ညီးဖို့ နဲ့ အာဏာရှင်တို့ အိပ်ကပ်ဖောင်းဖို့ အတွက် စတေးရအုံးမယ်။ အော် .. တို့ များ နအဖကာလမှာ မြစ်ကြီးဧရာဝတီတောင် ချောင်းလေးဧရာဝတီ အဖြစ်ရောက်တော့မှာပါလား။ တတ်လည်း တတ်နိုင်တဲ့ လူပေတွေပဲ။

ဆက်လက်ဖတ်လိုပါက..



လာလည်အားပေးသူ
hit counter