Friday, September 21, 2007

သာကီနွယ်ရဲ့  အာဘော်ကို မြန်မာ့အလင်းက ဖော်ကောင်လုပ်

ကိုသာကီနွယ် ရဲ့  ၁၉-၉-၀၇ နေ့ ရေးသားချက် က ဒီလိုပါ။ ရန်ကုန်၊မန္တလေး၊ ပြည်၊ ညောင်တုန်း၊ပဲခူး နှင့် ကြို့ပင်ကောက်၊ ရွှေတောင် မြို့များတွင် သံဃာများမှ အန္တ ရာယ်ကင်း မေတ္တာသုတ် များရွတ်ဖတ်ခြင်း။ နိုင်ငံအနှံ ဘုန်းတော်ကြီးတွေ မေတ္တာပို့ ဆန္ဒပြ လမ်းလျှောက် ကြတာကို သာကီနွယ် က ဒီလို ဝါဒဖြန့် တာပါ။ တက်ညီလက်ညီနဲ့ သံဃာနှင့် ပြည်သူပူးပေါင်းပြီး ၀ါတွင်းကာလမှာ အန္တ ရာယ်ကင်း ပရိတ်များ ရွတ်ဖတ်ခြင်း ဆိုပြီး ဖော်ညွှန်းထားသလို ဒီလိုလေးလဲ တိုက်ခိုက်ထားပါတယ်။ သံဃာများ ယခုလို့ မေတ္တာ ပို့သခြင်းများအား ရေသာခို အချောင်လိုက် ၊ ဖျာစုတ် (၁)ချပ် ရင်မှာ ပိုက်ပြီး ၊ နေရာ လေးများ ရမလားဆိုပြီး လိုက်ခင်းရန် စောင့်နေသော နိုင်ငံရေး ကြောင်တောင်နှိုက်များအား မပါရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။ ကိုသာကီနွယ် ရဲ့ နိဂုံးလေးပါ။ တနေ့ ထဲမှာပဲ မြန့် မာ့အလင်းက ခေါင်းကြီးနဲ့  သံဃာတုတွေကြောင့်၊ ပြည်ပ သွေထိုးလှုံဆော်လို့ သံဃာတွေ ဆန္ဒပြလမ်းလျှောက်ကြတယ် လို့  ၁၉-၉-၀၇ ရက်နေ့ မှာရေးသားဖော်ပြထားပါတယ်။ သံဃာတော်တွေလမ်းလျှောက် ဆန္ဒပြခြင်းဖြစ်ကြောင်း မြန့် မာ့အလင်းက သက်သေပြုလိုက်တော့ ကိုသာကီနွယ်ရေးတဲ့ အန္တ ရာယ်ကင်း မေတ္တာသုတ် များရွတ်ဖတ်ခြင်း ဆိုတာလေးက ရန်းဖြီးဖြစ်နေတာ စိတ်မကောင်းစွာနဲ့ ကောက်ချက်ချမိပါတယ်။ ဒါမဟုတ် မြန့် မာ့အလင်းက ဖြီးဖြစ်နေတာလဲ ဟုတ်မှာပေါ့။ ခင်ဗျားဘက်က ကူပြောပေးတာနော်။ ပြည်မြို့ က ရာဇ၀င် နဲ့ ပါ သံဃာ နဲ့ ကုလား ပဋိပက္ခ ဖြစ်ပွားတဲ့ ရာဇ၀င် ရှိခဲ့ဘူးတော့ အခုလို သံဃာများက ၀တ်ရွတ်လှည့်လည် သွားခြင်းကြောင့် အတိုင်းအတာ တစ်ခုထိတော့ ငြိမ်သွားမှာပါ။ ကိုသာကီနွယ် ခင်ဗျားရဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ပြောနေတဲ့ ငြိမ်းချမ်းပြီးခေတ်မီဖွံ့ ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ဒီလိုလူမျိုးရေးကွဲခြားတဲ့ ဘာသာရေးစော်ကားတဲ့ စကားလုံးတွေနဲ့ အထောက်အကူပြုစေမလဲ??? အရင်ကဖြစ်ဖူးခဲ့တာကို ချီးခြောက်ရေနူးပြီး အာပူလျှာလွှဲ ကြိုးစားပုံလေးက ခင်ဗျားရေးသားထားတဲ့ နိုင်ငံရေး ကြောင်တောင်နှိုက်များ ဆိုတာကို မီးမောင်းထိုးသလို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရလို့ ကျေးဇူးတော့တင်သဗျာ။ခင်ဗျားဆက်ရေးထားတာလေး ဆက်ဖတ်လိုက်တော့ ကျန်မြို့ကြီးများတွင် လည်း အဆိုပါကဲ့သို့ ၀တ်ရွတ်ဖတ် ပါက ပိုမိုကောင်းမွန်ပါသည်။ကျန်ရှိနေသေးတဲ့ မြို့များကတော့ အများသိကြတဲ့အတိုင်း ပုသိမ်၊ မိတ္တီလာ၊ မော်လမြိုင် မြို့တော်တော်များများ ကျန်ရှိနေသေးကြောင်း၊ တစ်နိုင်ငံ အတိုင်းအတာ နဲ့ မြို့တိုင်းမှာ မေတ္တာသုတ်များ ရွတ်ဖတ်ခြင်းကြောင့် အကျိုးကျေးဇူးများမှာ နတ်များခြောက်လှန့်ခြင်းမှ ကင်းဝေးခြင်း၊၊မကောင်း သောအိမ်မက်များ မြင်မတ်ခြင်းများမှ ကင်းဝေးခြင်း၊ ရန်ငြိုးရန်စများရှိသော ရှိက ပြေပျောက်ခြင်း စသော အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါသည်။ ငါ့လူတော့ တဆုံးကို ထည့်တာပဲဗျို့ ။ ခက်တာက တလွှဲဆံပင်ကောင်းဖြစ်နေတော့ အားပေးရာရောက်နေတယ်။ ခင်ဗျားအဖေတွေတော့ ခင်ဗျားကို ကြိမ်းမှာတော့ မြင်ယောင်သေး။ လက်လေးနောက်ပြစ်ပြီး ခေါင်းလေးငုံကာ ကိုယ့်ထက်စာမတတ်သူတွေ ဟောက်စားငေါက်စားကို ဟုတ်ကဲ့ခင်ဗျ.. ဟုတ်ကဲ့ခင်ဗျ.. လို့ ပြောပေဦးပေါ့ဗျာ။ ခင်ဗျားအတွက် အပန်းကြီးမယ်မထင်ပါဘူး။ စကားမဆက် ယဉ်တိုက်မှု့ များတဲ့ ရန်ကုန်- မန္တလေး လမ်း မှာ သံဃာတို့ ရွတ်ဖတ်သင့်တယ် ခင်ဗျားဆိုလို့ ယဉ်တိုက်မှု့ အကြောင်းလေးအတွက် ဗဟုသတလေး စာဖတ်သူအတွက်ပါ။ မန္တလေးမှာ အလုပ်လုပ် တဲ့ မီးပွိုင့် (၃) ခုရှိပါတယ်။ ဟုတ်ကဲ့ ဖွံ့ ဖြိုးတိုးတက်သော ယနေ့ မြန်မာနိုင်ငံရဲ့ ဒုတိယ မြို့ တော်မှာ မီးပွိုင့် (၃) ခုရှိပါတယ်။ (၃) ခုလုံး ၆၂ လမ်း၊ ကျုံးဘေးလမ်းပေါ်မှာ ခင်ဗျာ။ မီးပွိုင့်က မီးသီးတွေက ဟောင်းလွန်းတဲ့အတွက် ဝါ၊ စိမ်း၊ နီ ဘယ်ဟာပြနေမှန်း ကိုမသိတာပါ။ ကျုပ်လဲ ဘာလုပ်ရမှန်းမသိတော့ အားကိုးတကြီး ယှဉ်ထိန်းရဲ ရှိရာကို ကြည့်မိတော့။ သကောင့်သား တိုင်းပြည်ဝန်ထမ်းကြီးက သူ့ ယူနီဖောင်းတောင် ယှဉ်ထိန်းရုံလေးရဲ့ သံတိုင်မှာ ချိတ်ပြီး ပက်လက်ကုလားထိုင်ပေါ် နှပ်နေလေရဲ့ ။ သြော်ယဉ်တိုက်မှု့ များတာများ ပြောမနေပါနဲ့ ဗျာ။ ရန်ကုန်- မန္တလေး လမ်းတင်မကဘူး တမြို့ လုံးပါပဲ။ ယှဉ်ထိန်းရဲ ဆိုတာက မီးပွိုင့်မရှိတဲ့ လမ်းဆုံမှာ ရှာနေရတဲ့အဖြစ်။ မန္တလေးသားတွေက လမ်းရှင်းရဲ ဆိုပြီး နာမည်အသစ်တောင်ပေးထားတယ်။ VIP လာမှ ထရှင်းလို့ တဲ့။ ဒါနဲ့  ကျုပ်ဘယ်နေမလဲ ရောက်တုန်း တခုခုတော့လုပ်ချေရဲ့ ဆိုပြီး မကင်းရာမကင်းကြောင်းရှိတဲ့ မန္ကလေးကစည်ပင်သာရာရုံးကို သွားရော။ အပေါက်ဝမရောက်ခင်ပဲ လှည့်ပြန်ခဲ့တယ်။ဘာဖြစ်လို့ လဲဆိုတော့ မြို့ တော်သန့် ရှင်းသာယာလှပရေး အတွက် တာဝန်ယူဆောင်ရွက်နေသော မြို့ ကျက်သရေဆောင်၊ အဆောက်အအုံကြီးက ဆေးကကွာ၊ ကွက်တိကွက်ကြားနဲ့ ဝင်းထဲမှာ မြက်ရိုင်းထပြီး၊ ရေတွေအိုင်နေလေတော့ အော်ငါ့နဲ့ အချိန်းဖြုန်းရန်ကော ဆိုပြီး လှည့်ပြန်ခဲ့ရတယ်။ လမ်းမပြောဘာနဲ့ နေနေတဲ့ အဆောက်အအုံတောင် အရောင်ထွက်အောင် မလုပ်ကြဘူး။ ကဲ ကိုသာကီနွယ်ရေ ဘုန်းဘုန်းတို့ ကို မန္တလေးမှာ အန္တရာယ်ကင်းအောင် ခပ်စိပ်စိပ်လေးလုပ်ဖို့ တိုက်တွန်းပါဗျာ။ စာလာဖတ် ပရိတ်သတ်မှာလဲ ဒီလိုအဖြစ်အပျက်ကြုံမှာမလွှဲပါဘူး။ ဝေမျှပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဆက်လက်ဖတ်လိုပါက..

သံဃာ့တရားနဲ့  သံဃာအားစော်ကားရန် ကျိုးကြောင်းမလျှော်ပါ ၂၁ စက်တင်ဘာလ ၂၀၀၇

မဟာအတုလ ဆရာတော်ဘုရား ဆုံးမစာ အလောင်းဘုရားအား (သာကီနွယ် ဘလောက်၊ ၂၀-၉-၂၀၀၇) သာသနာပြု မင်းအမတ်တို့ မည်သည် ပညာရှိသည့် လယ်လုပ်ယောင်္ကျား ကဲ့သို့ ကျင့်ရာ၏။ ပညာမဲ့ လယ်လုပ်ယောင်္ကျားကဲ့သို့ မကျင့်ရာ။ ကျင့်ဟန်ကား စပါးပင်နှင့် ရော၍ ပေါက်ရောက်သော မြက်ကို စပါးအား ရှိစေခြင်းငှာ ပညာရှိ လယ်လုပ် ယောင်္ကျားတို့သည် နှုတ်၍ ပယ်ကုန်သတည်း။ ပယ်ခြင်းကြောင့် စပါးအားရှိ၍ အသီးကောင်းသတည်း။ အသီးကောင်းခြင်းကြောင့် စီးပွားအများ ဖြစ်သတည်း။ ပညာမဲ့ လယ်လုပ် ယောင်္ကျားတို့သည်ကား စပါးပင်နှင့် အသွင်အလားတူသည့် မြက်ကို ခြားနား၍ မသိ။ မသိခြင်းကြောင့် စပါးပင်ကို နှုတ်မည် ခန့်ညား၍ ပေါင်းမြက်ကို မပယ်ထား၏။ မပယ်ခြင်းကြောင့် စပါးပင် ညံ့၏။ အပင်ညံ့၍ အသီးနည်း၏။ အသီးနည်း၍ အရနည်း၏။ အရနည်း၍ မသုံးလောက်။ မသုံးလောက်၍ သူ့မြီတင်၏ ။ သူ့မြီမဆပ်နိုင်၍ သူ့ကျွန်ဖြစ်ရသကဲ့သို့ သာသနာပြု မင်းအမတ်တို့သည် သိက္ခာရှိသည် မရှိသည်။ သာသနာတော်၌ လျော်သည်။ မလျော်သည်ကို သိအောင် ဗဟုသုတမရှိ၍ သာသနာတော် အညစ်အကြေးကို မရှင်းလင်း နိုင်ပချေသော် ပညာမဲ့ လယ်လုပ်ယောင်္ကျား သူ့ကျွန် ဖြစ်ရသကဲ့သို့တည်း စသည်ဖြင့် မဟာအတုလ ဆရာတော်ဘုရားက လောကဓမ္မထုံးပေါင်းတွင် ဆုံးမတော်မူသည်။ ကျွန်တော် ဒီပာာကိုဖတ်ပြီး ခေတ္တခဏလောက် ကြောင်သွားတယ် ဒီလူဘာကိုဆို လိုချင်ဘာလိမ့်လို့ ။ လက်ရှိအခြေနေနဲ့ သံဃာတော်တို့ ဆန္ဒပြ ချီတက်ကြတာကို စဉ်စားရင် သူဆိုလိုတာက - သာသနာပြုမင်းဖြစ်တဲ့ နအဖ အစိုးရက သာသနာတိုးတက် ဖွံ့ ဖြိုးရန် (လင်္ကာအရ - စပါးထွက်တိုးစေရန်) မြက် ဟူသော သံဃာ (ဆန္ဒပြနေသော) ကို ရှင်းလင်း ပေါင်းသင်ရမည် - လို ဒီလို အဓိပ္ပါယ်ရပါတယ်။ ဓမ္မသတ်ကို ကိုးကားပြီး မတရားမှု့ ကိုကျုးလွန်မလို့ တဲ့။ မပာာအတုလ ဆရာတော်ဘုရားက အလောင်းမင်းတရားကို သံဃာကို ကိုယ်ထိလက်ရောက် ထိပါးဖို့  ဆိုလိုခြင်းမဖြစ်တန်ပါ။ ရဟန်းတု ရဟန်းယောင်လှုံ့ ဆော်လို့ ဆို ပြီး ရဟန်းမရွေး ရိုက်နှက်ဖမ်းဆီးကြဦးမှာပါလား။ နေ့စဉ်သတင်းစာမှာ နိဒါန်းပျိုးဝါဒဖြန့် ထားတာကိုထောက်ရင် အတိုင်းအတာတခုထိ စောင့်ရင်း ပြင်ဆင်နေသည်မှာ မလွှဲလောက်ပါ။ လက်ရှိကြားနေရတဲ့ စစ်သားတွေ၊ ရဲတွေ၊ စွမ်အားရှင်တွေကို ရဟန်းဝတ်နဲ့ ပြင်ဆင်နေတာမှန်ရင်တော့ ဒီအစိုးရဟာ ဘယ်တိုင်းပြည် ဘယ်ရာဇဝင် ဘယ်လူမျိုး မှမလုပ်ရက်၊ မလုပ်ရဲတဲ့ ကံမျိုးကို ချိုးမလို့ ပါလား။ အသက်ခုနှစ်ဆယ်ရောက် ဗုဒ္ဓဘာသာဝင် နိုင်ငံခေါင်းဆောင်ကြီး နောက်ဆုံးချိန်ကို ဘာလို ဘာဝနာစိတ်ထားပြီး ရင်ဆိုင်မလဲဆိုတာ တမိနစ်လောက်တွေးမကြည့်မိဘူး တဲ့လား။ လက်တွေ့ အကောင်ထည်ဖော်တဲ့ ဗိုလ်ကြီးတွေရော၊ တကယ်ကာယကံမြောက်ကျူးလွန်မဲ့ ဗမာလူမျိုးတွေရော မိမိတို့ ရဲ့ ကံကြီးထိုက်မှု့ ကို လိပ်ပြာသန့် သန့် နဲ့  ဘဝဘယ်လိုရှင်သန်နိုင်တော့မလဲ ဆိုတာ မစဉ်းစားကြတော့ဘူးလား။ ခင်ဗျားတို့တင်မက ခင်ဗျားတို့ရဲ့ နောက်မျိုးဆက်အထိပါ အကျိုးဆက်ကြီးကို ခံကြရလိမ့်မယ်ဆိုတာ တွေးကြည့်ပါဦး။ ခင်ဗျားတို့ချစ်တဲ့ ခင်ဗျားတို့ရဲ့ မိခင်၊ ဖခင်၊ ဘိုးဘွား၊ သားသ္မီး နဲ့  ဇနီး အစရှိသူတွေ ခင်ဗျားတို့ လုပ်ရပ်ကို နားလည်ခွင့်လွှတ်နိုင်ပါ့မလား။ ဘယ်သူမပြု၊ မိမိမှု့ တဲ့ ခိုင်းလို့ လုပ်ရသည်ပဲဖြစ်စေ၊ နီးရာဓါးကြောက်လို့ လုပ်ရသည်ပဲဖြစ်စေ အရင်ဆုံး နှဖူးဒူးတိုက်တွေ့ ရမှာ ခင်ဗျားတို့ အရင်ပါ။ တရားဥပဒေအရရော ကြမ္မာဝိပတ်နေနဲ့ ရော ရှေ့ တန်းတင် တန်ဆာခံ ကြရလိမ့်ဆို ဆင်ခြင်သတိရှိကြဖို့ ။

ဆက်လက်ဖတ်လိုပါက..



လာလည်အားပေးသူ
hit counter