Friday, September 21, 2007

သံဃာ့တရားနဲ့  သံဃာအားစော်ကားရန် ကျိုးကြောင်းမလျှော်ပါ ၂၁ စက်တင်ဘာလ ၂၀၀၇

မဟာအတုလ ဆရာတော်ဘုရား ဆုံးမစာ အလောင်းဘုရားအား (သာကီနွယ် ဘလောက်၊ ၂၀-၉-၂၀၀၇) သာသနာပြု မင်းအမတ်တို့ မည်သည် ပညာရှိသည့် လယ်လုပ်ယောင်္ကျား ကဲ့သို့ ကျင့်ရာ၏။ ပညာမဲ့ လယ်လုပ်ယောင်္ကျားကဲ့သို့ မကျင့်ရာ။ ကျင့်ဟန်ကား စပါးပင်နှင့် ရော၍ ပေါက်ရောက်သော မြက်ကို စပါးအား ရှိစေခြင်းငှာ ပညာရှိ လယ်လုပ် ယောင်္ကျားတို့သည် နှုတ်၍ ပယ်ကုန်သတည်း။ ပယ်ခြင်းကြောင့် စပါးအားရှိ၍ အသီးကောင်းသတည်း။ အသီးကောင်းခြင်းကြောင့် စီးပွားအများ ဖြစ်သတည်း။ ပညာမဲ့ လယ်လုပ် ယောင်္ကျားတို့သည်ကား စပါးပင်နှင့် အသွင်အလားတူသည့် မြက်ကို ခြားနား၍ မသိ။ မသိခြင်းကြောင့် စပါးပင်ကို နှုတ်မည် ခန့်ညား၍ ပေါင်းမြက်ကို မပယ်ထား၏။ မပယ်ခြင်းကြောင့် စပါးပင် ညံ့၏။ အပင်ညံ့၍ အသီးနည်း၏။ အသီးနည်း၍ အရနည်း၏။ အရနည်း၍ မသုံးလောက်။ မသုံးလောက်၍ သူ့မြီတင်၏ ။ သူ့မြီမဆပ်နိုင်၍ သူ့ကျွန်ဖြစ်ရသကဲ့သို့ သာသနာပြု မင်းအမတ်တို့သည် သိက္ခာရှိသည် မရှိသည်။ သာသနာတော်၌ လျော်သည်။ မလျော်သည်ကို သိအောင် ဗဟုသုတမရှိ၍ သာသနာတော် အညစ်အကြေးကို မရှင်းလင်း နိုင်ပချေသော် ပညာမဲ့ လယ်လုပ်ယောင်္ကျား သူ့ကျွန် ဖြစ်ရသကဲ့သို့တည်း စသည်ဖြင့် မဟာအတုလ ဆရာတော်ဘုရားက လောကဓမ္မထုံးပေါင်းတွင် ဆုံးမတော်မူသည်။ ကျွန်တော် ဒီပာာကိုဖတ်ပြီး ခေတ္တခဏလောက် ကြောင်သွားတယ် ဒီလူဘာကိုဆို လိုချင်ဘာလိမ့်လို့ ။ လက်ရှိအခြေနေနဲ့ သံဃာတော်တို့ ဆန္ဒပြ ချီတက်ကြတာကို စဉ်စားရင် သူဆိုလိုတာက - သာသနာပြုမင်းဖြစ်တဲ့ နအဖ အစိုးရက သာသနာတိုးတက် ဖွံ့ ဖြိုးရန် (လင်္ကာအရ - စပါးထွက်တိုးစေရန်) မြက် ဟူသော သံဃာ (ဆန္ဒပြနေသော) ကို ရှင်းလင်း ပေါင်းသင်ရမည် - လို ဒီလို အဓိပ္ပါယ်ရပါတယ်။ ဓမ္မသတ်ကို ကိုးကားပြီး မတရားမှု့ ကိုကျုးလွန်မလို့ တဲ့။ မပာာအတုလ ဆရာတော်ဘုရားက အလောင်းမင်းတရားကို သံဃာကို ကိုယ်ထိလက်ရောက် ထိပါးဖို့  ဆိုလိုခြင်းမဖြစ်တန်ပါ။ ရဟန်းတု ရဟန်းယောင်လှုံ့ ဆော်လို့ ဆို ပြီး ရဟန်းမရွေး ရိုက်နှက်ဖမ်းဆီးကြဦးမှာပါလား။ နေ့စဉ်သတင်းစာမှာ နိဒါန်းပျိုးဝါဒဖြန့် ထားတာကိုထောက်ရင် အတိုင်းအတာတခုထိ စောင့်ရင်း ပြင်ဆင်နေသည်မှာ မလွှဲလောက်ပါ။ လက်ရှိကြားနေရတဲ့ စစ်သားတွေ၊ ရဲတွေ၊ စွမ်အားရှင်တွေကို ရဟန်းဝတ်နဲ့ ပြင်ဆင်နေတာမှန်ရင်တော့ ဒီအစိုးရဟာ ဘယ်တိုင်းပြည် ဘယ်ရာဇဝင် ဘယ်လူမျိုး မှမလုပ်ရက်၊ မလုပ်ရဲတဲ့ ကံမျိုးကို ချိုးမလို့ ပါလား။ အသက်ခုနှစ်ဆယ်ရောက် ဗုဒ္ဓဘာသာဝင် နိုင်ငံခေါင်းဆောင်ကြီး နောက်ဆုံးချိန်ကို ဘာလို ဘာဝနာစိတ်ထားပြီး ရင်ဆိုင်မလဲဆိုတာ တမိနစ်လောက်တွေးမကြည့်မိဘူး တဲ့လား။ လက်တွေ့ အကောင်ထည်ဖော်တဲ့ ဗိုလ်ကြီးတွေရော၊ တကယ်ကာယကံမြောက်ကျူးလွန်မဲ့ ဗမာလူမျိုးတွေရော မိမိတို့ ရဲ့ ကံကြီးထိုက်မှု့ ကို လိပ်ပြာသန့် သန့် နဲ့  ဘဝဘယ်လိုရှင်သန်နိုင်တော့မလဲ ဆိုတာ မစဉ်းစားကြတော့ဘူးလား။ ခင်ဗျားတို့တင်မက ခင်ဗျားတို့ရဲ့ နောက်မျိုးဆက်အထိပါ အကျိုးဆက်ကြီးကို ခံကြရလိမ့်မယ်ဆိုတာ တွေးကြည့်ပါဦး။ ခင်ဗျားတို့ချစ်တဲ့ ခင်ဗျားတို့ရဲ့ မိခင်၊ ဖခင်၊ ဘိုးဘွား၊ သားသ္မီး နဲ့  ဇနီး အစရှိသူတွေ ခင်ဗျားတို့ လုပ်ရပ်ကို နားလည်ခွင့်လွှတ်နိုင်ပါ့မလား။ ဘယ်သူမပြု၊ မိမိမှု့ တဲ့ ခိုင်းလို့ လုပ်ရသည်ပဲဖြစ်စေ၊ နီးရာဓါးကြောက်လို့ လုပ်ရသည်ပဲဖြစ်စေ အရင်ဆုံး နှဖူးဒူးတိုက်တွေ့ ရမှာ ခင်ဗျားတို့ အရင်ပါ။ တရားဥပဒေအရရော ကြမ္မာဝိပတ်နေနဲ့ ရော ရှေ့ တန်းတင် တန်ဆာခံ ကြရလိမ့်ဆို ဆင်ခြင်သတိရှိကြဖို့ ။

0 မှတ်ချက် -:



လာလည်အားပေးသူ
hit counter