Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, November 7, 2007

ကြည့်ချင်ပါသေးတယ်

ကျော်ဆန်းတို့ အရှက်မရှိ ရေးသားတာမပြောနဲ့ ဥပမာပေးကလည်း ညံ့လိုက်တာလွန်ရော။ ရှက်စရာကောင်းလောက်အောင် အရည်အချင်းညံ့ဖျင်းတဲ့ လူ့ ငနွားတွေ အုပ်ချုပ်ရေး ရာထူးရာခံတွေယူပြီး တိုင်းပြည် အကျိုးသယ်ပိုးနေတာဆိုတော့ သွားရောပေါ့။ ဒီတိုင်းပြည်မှမပျက်ရင် ဘယ် တိုင်းပြည် ပျက်လိမ့်မလဲ။

နအဖရဲ့ စိတ်ဓါတ်နဲ့ သဘောထားက ဘယ်လောက်တကိုယ်ကောင်းစိတ်များပြီး အသိစိတ်ဓါတ်နည်းပါးလွန်းတယ်ဆိုတာ ထပ်လောင်းပြောပြဖို့ မလိုပါဘူး။ ၇ ရက်နေ့ ထုတ်သတင်းစာမှာပါလာတဲ့ အကြောင်းအရာပြောဆိုတာတွေကို ဖတ်ကြည့်ရင် သူတို့ ပုံစံက “ဘယ်သူသေသေ ငတေမာပြီးရော” စရိုက်နဲ့ ငါတို့ လုပ်ချင်တာလုပ်မယ်ဆိုတာကိုသာ ပုံစံအမျိုးမျိုးနဲ့ ခြိမ်းခြောက်သလို ပြောဆိုနေတာပါ။မိမိ တို့ အာဏာကိုစွန့် ခွာရမယ်ဆို ဘယ်နိုင်ငံက ဘယ်လို ပြစ်တင်မှု့ တွေလုပ်ပစေ၊ ကုလသမဂ္ဂနဲ့ အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းကတောင်းဆိုမှု့ တွေ လုပ်ပါစေ ဂရုစိုက်လိမ့်မည်မပာုတ် ဆိုတာနဲ့ ။ လုံခြုံရေးကောင်စီ ကဆုံးဖြတ်ချက်တွေ လာပါစေဦး မိမိတို့ အာဏာကိုထိပါးမယ်ဆိုရင် ရင်ဆိုင်ဖို့ အသင့်ဆိုတဲ့ စစ်ကြေညာတဲ့ ပုံစံနဲ့ ပြောသွားလိုက်သေးတယ်။ “ပြည်သူတွေက ပြည်သူတွေက” လို့ တသွင်သွင်သုံးသွားတာ နေရာတကာမှာပဲ။ သူတို့ တွေထည့်ထည့်ပြောတဲ့ ပြည်သူတွေဆိုတာ ဏကန်းတစ်လုံးမှ မသိလိုက်ရတဲ့အဖြစ်။ ဘာဥပဒေတွေပါပြီး၊ ဘာတွေရေးဆွဲ မယ်၊ ငါတို့ ဘယ်လို ပုံနဲ့ အုပ်ချုပ်ခံရမလဲဆိုတာ ဘယ်ပြည်သူမှ မသိလိုက်ရတဲ့အဖြစ်။ သူတို့ လူနဲ့ ညီလာခံလုပ်၊ သူတို့ လူနဲ့ မူကြမ်းတွေဆွဲ၊ ပြည်သူကို ဖိအားပေး ဆန္ဒပြုခိုင်း၊ အသင့်ရေးပေးထားတဲ့ စာပုဒ်တွေကို ဖတ်ပြ၊ သူတို့ လုပ်ထားတဲ့ ဆောင်ပုဒ်တွေ ရွတ်ပြီး အားပေးခိုင်း။ တကယ်တမ်း ဘယ်ပြည်သူကမှလည်း စစ်အစိုးရကို အော်ကြောလန်အနေနဲ့ အဖက်တောင်မလုပ်ချင်ဘူး။ အားပေးဖို့ နေနေသာသာ။ ခုလို ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တွေကို ရက်ရက်စက်စက် ရပာန်းရော၊ မယ်သီလရှင်ရော၊ လူရော ကြီးကြီး ငယ်ငယ်မရွေး ရိုက်နက်သတ်ဖြတ်ခဲ့ပြီးနောက် ပိုလို့ တောင် ရွံ့ ရှာမုန်းတီးသေးတယ်။ ဒါတွေကြတော့ စကားယောင်လို့ တောင်ထည့်မပြောပါလား။ ဒီလူမျိုး ဒီဘာသာတရားကိုးကွယ်သူအချင်းချင်း နှစ်ပေါင်းများစွာ လူလုံးမလှ၊ အသိပညာ မလောက်မငနဲ့  လူတန်းစေ့ တန်းတူမနေနိုင်အောင် ဖိနှိပ်ချုပ်ချယ်ခံထားရတဲ့ ပြည်သူတွေက တည်ဆဲ အစိုး ရကို အပြည့်အဝ ယုံကြည်ထောက်ခံပါတယ်တဲ့။ အရှက်မရှိ အောက်တန်းစားတွေရဲ့ ပါးစပ် ထွက်ချင်ရာ ထွက်တာပဲ။ ဓါတ်ပုံတွေ ဗီဒီယိုတွေက ပြက်ကွက်တွေ ကလိမ်လို့ မရဘူး။ တရားဥပဒေတဲ့ ကင်မရာကိုင်ထားတဲ့လူတစ်ယောက်ကို အနီးကပ်ပြစ်သတ်တာတွေ တရားဥပဒေလား။ သေဆုံးသူတွေရဲ့ အမည်နာမ နဲ့ ဘယ်လိုနည်းနဲ့ သေဆုံးတယ်။ ဘယ်နေရာမှာဖြစ်တယ်ဆိုတာတောင် နိုင်ငံ့အစိုးရနေနဲ့ ဖြေရှင်းမှု့ တွေ တရားဝင်လုပ်မပေးရဲ တဲ့ စိတ်ဓါတ်ကို ကြည့်ပါဦး။ လူကိုလူလိုမဆက်ဆန်ပဲ ခွေးသေ၊ဝက်သေ ပြစ်စလက်ခတ် လုပ်တာတွေ။ သူတို့ သတ်လို့ သေသွားတဲ့လူတစ်ယောက်ရဲ့ စါပနကိုပဲ ပာားတိုက်တဲ့ စစ်အစိုးရရဲ့ လူ့ သဘောက်တွေက ရှိသေးတယ်။အသုဘတောင်ချခွင့်မပေးတာတွေ။ ဒီလိုလူမဆန်တဲ့ အဆင့်မရှိ လက်နက်ကိုင် အာဏာရှင်တစုက ဒီမိုကရေစီလမ်းစဉ်တွေ ချမှတ်ပြီး ဒီမိုကရေစီနိုင်ငံတော်တည်ထောင်မယ်ဆို တာ ရုတ္တိမဲ့ “ငါ့မြင်းငါစိုင်း စဥ့်ကိုင်း ရောက်ရောက်”အပေါက်မျိုး။ ယုံချင်ယုံ မယုံလည်းဂရိုက်မစိုက်ဘူး ဆိုတဲ့ နအဖက ကမ္ဘာကိုတောင် သူ က စိန်ခေါ် နေသေးတယ်။ တကမ္ဘာလုံးကို သိမ်းပိုက်မဲ့ လက်နက်နိုင်ငံ အင်ပါယာ က စစ်ကြေညာတဲ့ပုံမျိုးနဲ့ ။အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှု့ တွေ အားပေးမှု့ တွေ ပေးကြပါလို့ တဆာဆာသာ အော်နေ။ အပြု သဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေ နအဖအနေနဲ့ ဘာတစ်ခု မှမလုပ်သေးဘူး။ “မျောက်ပြဆန်တောင်း” တာကိုပဲ အယောင်သဘောလုပ်ပြပြီး နိုင်ငံတကာကို တော့ Sanctions တွေပိတ်ပေးဖို့ အရှက်မရှိ့တောင်းတယ်။ တိုင်းပြည်ဆင်းရဲတာ စစ်အစိုးရ ဦးနောက်မဲ့လို့ ။
တိုင်းပြည်ဆင်းရဲတာ စစ်အစိုးရ ကိုယ်ကျိုးအတွက် အသုံးချလို့  ။
တိုင်းပြည်ဆင်းရဲတာ စစ်အစိုးရ အာဏာမက်လို့ ။
တိုင်းပြည်ဆင်းရဲတာ စစ်အစိုးရ လူမဆန်လို့ ။
ပိတ်ဆို့ ထားတာတွေသာ ဖယ်လိုက်ရင် သကောင့်သား အာဏာရူးတို့ စိန်စီတဲ့ မင်္ဂလာပွဲ တွေ၊ အရူးထ ပြည်တော်ထောင်တာတွေ၊ ရှင်ဘုရင်ရူးတဲ့ ပွဲ တော်မင်္ဂလာတွေ ကို နေရာအနှံ့ ကိုယ်ပိုင်ပစ္စည်းလို မျက်နှာပြောင်နဲ့ လုပ်နေမှာ မြေကြီးလက်ခတ်ရင်မှ လွဲအုံးမယ်။

ပြည်သူပြည်သားဆိုတာ “ဖုတ်လေတဲ့ ငပိ ရှိတယ်” လို့ တောင် မထင်ဘူး။ ၄၅ နှစ်ပြောပြော ၁၉ နှစ်ပဲဆိုဆို ဘယ်မှာလဲ ပြည်သူတွေ လူနေမှု့ အဆင့်အတန်းတွေ၊ ပညာအရည်အချင်းတွေ၊ တိုးတက်မှု့ ။ ကျော်ဆန်းတို့ အရှက်မရှိ ရေးသားတာမပြောနဲ့ ဥပမာပေးကလည်း ညံ့လိုက်တာလွန်ရော။
ရှက်စရာကောင်းလောက်အောင် အရည်အချင်းညံ့ဖျင်းတဲ့ လူ့ ငနွားတွေ အုပ်ချုပ်ရေး ရာထူးရာခံတွေယူပြီး တိုင်းပြည် အကျိုးသယ်ပိုးနေတာဆိုတော့ သွားရောပေါ့။ ဒီတိုင်းပြည်မှမပျက်ရင် ဘယ် တိုင်းပြည် ပျက်လိမ့်မလဲ။ဒေါ်စု၊ ဂမ်ဘာရီ နဲ့  သုံးဦး တွေ့ ဆုံဖို့ မဖြစ်နိုင်ဘူးတဲ့။ ဘာလို့ မဖြစ်နိုင်ရမှာလည်း။ ဒါမရိုးသားဘူးဆိုတာ ရှင်းနေတာပဲ။ စစ်အစိုးရသာ စိတ်ထားမှန်နဲ့ ဒီမိုကရေစီတည်ဆောက်လိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးမှု့ ဆိုတာ အခြေခံကြတဲ့ အပြုသဘောလုပ်ရပ် ပဲ။ ကုလသမဂ္ဂ ကိုယ်စားလှယ် ကြားခံအနေနဲ့ ရှိတဲ့ ဆွေးနွေးမှု့ စားပွဲဝိုင်းပာာ ဘယ်လောက်စစ်မှန်တဲ့ ရိုးသားမှု့ ရှိတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်နိုင်မလဲဆိုတာ ပြည်သူပြည်သားတိုင်း မျှော်လင့်တောင့်တနေတဲ့ ထွက်ပေါက်တခု။ ပြည်သူတွေရဲ သမာဓိ စိတ်ဓါတ်တေ၊ွ အမှန်တရားအပေါ်ရပ်တည်လို တဲ့စိတ်ဓါတ်တွေ၊ အဆင့်တန်းမှီတဲ့ လူ့ အရည်အသွေးတွေကို ချိုးဖဲ့ဖျက်ဆီးလို့ မှ အားမရဘူး အနာဂတ်ဆိုတာကို စိတ်မကူးရဲ အောင်ကို ဖျက်လို့ ဖျက်ဆီးလုပ်တဲ့ မိစ္ဆာကောင်တွေ။ဂမ်ဘာရီ ပြောတဲ့စကားတွေကို တော့အပြည့်အစုံမဖော်ပြရဲဘူး။ ဖော်ပြထားတဲ့ ပာာတွေကလည်းသူတို့ ကို ပဲ အသနားခံလေပြေလာထိုးသယောင်ယောင် ဇောင်းပေးရေးထားတယ်။ Sanctions တွေကို ယုတ်သိမ်းပေးဖို့ ဂမ်ဘာရီ ကပဲ US တို့ ၊ EU တို့ ကို ပြောပေးလိမ့်ဆိုတဲ့ အရှက်မဲ့ရေးသားချက်က “လိပ်ဖြစ်ရင်တောင် ကိုယ့်ခေါင်းကိုဖြတ် သတ်သေမိမယ်” ။ကုလသမဂ္ဂကိုလ်စားလှယ်ဖြစ်တဲ့ ဂမ်ဘာရီကို လူရာမသွင်း အတွေ့ မခံတော့တဲ့ ဗိုလ်သန်းရွှေတို့ ရဲ့ အဆင့်မဲ့ “ငါတကော” စိတ်ဓါတ်ကတော့ ရွံ့ စရာပဲ။ အသက်ကြီးလေ အချိန်မစီးလေ။ ဒီလိုလူ မအားရအောင် ဘယ်သွားအလေလိုက်နေလဲ။ နိုင်ငံ့ ဘဏ္ဍာတွေထိုင်းဖြုန်းတဲ့ အလုပ်အပြင် ဘာလူသူလေးစားလောက်တဲ့ အလုပ် သန်းရွှေဆီမှာ ရှိ့ လို့ တုန်း။
စစ်အစိုးရရဲ့ အဓိက စော်ကားမှု့ က ပြည်သူကို ငတုံးငအလို့  ပြောတာဘဲ။
ကုလသမဂ္ဂကို စိန်ခေါ်တဲ့ အပေါက်နဲ့ လူစွာလုပ်တဲ့ အာဏာရူးတွေ ကြည့်ချင်ပါသေးတယ် တကယ်တမ်းဖြစ်လာခဲ့ရင် သူတို့ တွေပြောနေတဲ့ အင်အားပြည့်ဝတဲ့တပ်မတော်ကြီး သူတို့ ကို ဘယ်လောက်အတိုင်းအတာထိ ကာကွယ်ပေးလိမ့်မလဲ။ သူတို့ ပြောတာတွေကို ယုံကြည်ထောက်ခံပါတယ်ဆိုတဲ့ ပြည်သူ့ ဝန်ထမ်းတွေ သူတို့ ကို ဘာပြန်လုပ်မလဲဆိုတာ။ ကြည့်ချင်ပါသေးတယ်။

ဆက်လက်ဖတ်လိုပါက..

Wednesday, October 24, 2007

လေးစားပါတယ် ကိုဇာဂနာ

ကိုဇာဂနာ ပြန်လွတ်လာပြီး မကြာခင်ပဲ အင်တာဗျူးရဲတဲ့သတ္တိကို လေးစားပါတယ်။ ပာာသရွှန်းတဲ့ ကိုဇာဂနာ့အင်တာဗျူးဖတ်ရတာအားရှိတယ်ဗျာ။ ဒီလိုလူမျိုးတွေရှိသ၍တော့ ဒို့ နိုင်ငံလွတ်လမ်းရှိတယ်လို့ ကျုပ်တော့လေးလေးနက်နက်ကို ယုံတယ်။ ကိုကျော်သူတို့ ဇနီးမောင်နှံအပါအဝင်ပေါ့ဗျာ။ ကိုယ်ကျိုးစွန့် တဲ့သတ္တိကတော့ပြောမနေနဲ့ ။ ကျုပ်တို့ လို သာမန်လူတန်းစားတောင် ကိုယ့်စားခွက်သေးသေးလေး ပျောက်မှာတွေးကြောက်နေတဲ့အချိန် ဒီလိုနိုင်ငံကြော် အနုပညာရှင်တွေရဲ့ စွန့် စားအနစ်နာခံမှု့ ကတော့ အာဇာနည်စိတ်ဓါတ်ပါပဲ။ ဒုတိယံမိ လေးစားပါတယ်။
“သံဃံသရဏံ ဂန်းစာမိ” ကတော့ထိတယ်ဗျို့ ။ ဘုရားရှိခိုးတိုင်း မှတ်မိနေမှာ သေချာပေါက်ပဲ။ နောက်ဘုရားရှိခိုးတိုင်း ဆက်မတွေးမိအောင်မနည်းလုပ်နေရတယ်။
နောက်ပာာသတခုဖတ်လိုက်ရတာ - နအဖ ခေါင်းဆောင်ကြီးက ဗုဒ္ဓဂေါတမမြတ်စွာဘုရားကို ဘယ်တော့များ ရေနဲ့ လျှပ်စစ်မီး လုံလောက်အောင်ရမလဲ မေးတော့ ဘုရားကတော့ ငါ့တသက်တော့ဖြစ်နိုင်တော့မှာမပာုတ်ဘူးလို့ ပြောပြီးငိုသတဲ့။ ဘုရှ်နဲ့ ပာူကျင်းတောင်းတို့ အလှည့်တုန်းက သူတို့ ကငိုရတယ်။ နအဖ ရဲ့ သန်းရွှေအလှည့်တော့ ဘုရားတောင်ငိုရတဲ့အဖြစ်။ ပြောင်မြောက်ပါပေတယ် ကိုဇာဂနာ ရေ။ နောင်များလည်း ဒီလိုအလုံးတွေ ထပ်လုပ်ပါအုံး။ ခုလည်းကြည့်ပါဦး ဧရာဝတီမြစ်ဖျားနဲ့  မြစ်စုံ မှာတာတမံဆည်တွေဆောက်ပြီး ရေအားလျှပ်စစ်ထုပ်မလို့ တဲ့။ လျှပ်စစ်ရတော့မှာမို့ လို့ ပျော်မနေနဲ့ တရုတ်အတွက်ပါ။ တနိုင်ငံလုံး တိုင်းရင်းသားမျိုးဆုံ မှီတင်းနေထိုင်တဲ့ နိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီ ကိုတောင်ရင်းပြီး ဒို့ များ စစ်အာဏာရှင်တွေရဲ့ ကိုးကွယ်ရာဘာသာအသစ် တရုတ်ပြည်ကြီး ထိန်ထိန်ညီးဖို့ နဲ့ အာဏာရှင်တို့ အိပ်ကပ်ဖောင်းဖို့ အတွက် စတေးရအုံးမယ်။ အော် .. တို့ များ နအဖကာလမှာ မြစ်ကြီးဧရာဝတီတောင် ချောင်းလေးဧရာဝတီ အဖြစ်ရောက်တော့မှာပါလား။ တတ်လည်း တတ်နိုင်တဲ့ လူပေတွေပဲ။

ဆက်လက်ဖတ်လိုပါက..

Friday, October 19, 2007

စစ်အစိုးရရဲ့ အရှက်မရှိပေါ်လစီ

စစ်အစိုးရကတော့ လမ်းပြမြေပုံကြီးကိုပဲ တွင်တွင်အော်ပြီး ဘယ်သူ့ မှဘာမထီတဲ့ စရိုက်နဲ့ ထင်ရာစိုင်းနေပြန်ပြီ။

ဒီလိုထင်ရာဆိုင်းလို့ ဒါတွေ ဖြစ်လာတာ ကို ကျိုးကြောင်းဆင်ခြင်မှု့ ကို မရှိဘူး။ ထပ်လုပ်ဖို့ လည်းဝန်မလေးဘူး။ တွေးမဲ့ ပုံလည်းမရှိဘူး။ ပြည်သူတွေကို ဂရုကိုမစိုက်ဘူး။ မိမိတို့ အာဏာတည်မြဲရေးသာ တနေ့ တနေ့ လိမ်လိုက်၊ ညာလိုက်၊ ဖမ်းလိုက်၊ ဆီးလိုက်နဲ့ ။ စစခြင်းကတည်းက တခြားနည်းနဲ့ ဖြေရှင်းလို့ ရရဲ့ သားနဲ့ ။ အစကတည်းက ဓါတ်ဆီဈေးကို ထင်ရာဆိုင်းပြီး အသိမပေးပဲ အဆမတန် မြင့်တင်လိုက်လို့ ဒါတွေအကုန်ဆက်ဖြစ်ကုန်တာပဲ။ ဆီဈေးပာာအခရာပါ။ ကုန်ထုပ်လုပ်ငန်း၊ ပို့ ဆောင်ဆက်သွယ်ရေး၊ အပြင် ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်ထုပ်ယူမှု့ အစရှိတာတွေအားလုံးပာာ စက်သုံးဆီကို အခြေခံတာအထူးပြောစရာမလိုပါဘူး။ လူတိုင်းအသိ။ စီးပွားရေး မှာ ဒီလိုအခြေခံကြတဲ့ စက်သုံးဆီကို ဘာမှ ကြော်ညာမှု့ မရှိပဲ ဆီဆိုင်မှာ ဆိုင်းဘုတ်တင်ပြီးဈေးမြှင့်တင်တာ တကယ်ကိုအံ့သြလို့ မဆုံးဘူး။ ငါတို့ တင်တယ် မင်းတို့ လိုက်တင်လိုက်ပြီးရောလုပ်လို့ မရပါဘူး။ ကုန်လုပ်ငန်းတော်တော်များများ ရော ပို့ ဆောင်ဆက်သွယ်ရေးတော်တော်များများကပါ ကြိုတင်ပေးချေစနစ်နဲ့ ကုန်ဝယ်ယူတာတို့ ၊ ဈေးနှုန်းသတ်မှတ်တာတို့ လုပ်ကြရပါတယ်။ ဒီလို ရုတ်တရက် ဈေးအဆမတန်မြင့်သွားတာ သူ့ တိုင်မင်နဲ့ လည်ပတ်နေသမျှအားလုံးကို ရိုက်ဖြတ်တာနဲ အတူတူပါပဲ။ ကုမ္ပဏီပိုင်ရှင်အစ လမ်းဘေးဈေးသည်အဆုံး အကုန်ထိခိုက်ဒုက္ခရောက်။ ထအော်တဲ့လူရှိမှ တိုင်းပြည်ရဲ့ ဘတ်ချက်သက်သာအောင်ဘာညာကွိကွ လာလုပ်ပြနေတာ။ ဘယ်သူမှမပြောရင် မသိဘာသာလုပ်နေအုံးမယ်။ ဖြေရှင်းပေးဖို့ ပြောတဲ့လူကို ရိုက်တယ်ဖမ်းတယ်၊ ပခုက္ကူ သံဃာတွေက ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ မရဘူး ရပာန်းလည်း လားထား ရိုက်တယ်။ ကြိုးကွင်းစွပ်ပြီးတောင်ဖမ်းတယ်။ သံဃာထုက တောင်းပန်ဖို့ ၊စီးပွားကျပ်တည်းတာ ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ ဘာမှမဖြစ်သယောင် မသိချင်ယောင်တောင်ဆောင်နေသေးတယ်။ လူတွေအားလုံးမျှော်လင့်တာက သံဃာတွေကိုတောင်းပန်လိုက်၊ ကုန်ဈေးနှုန်းတက်တာကိုလည်း အထောက်လျှောက်ပြေလည်အောင် ဖြေရှင်းပေးလိုက်ပြီးနေပြီ။ ဒါကိုမပာုတ်ဘူး ပေပြီးနေတယ်။ နောက်တော့ ဘုန်းတော်ကြီးတွေကံဆောင်တယ်။ နောက်ဆက်တွဲ လူတွေ ပါလာတယ် အဲ့ဒီ့အထိ ငြိမ်းငြိမ်းချမ်းချမ်းပဲ။ ဒီမှာလည်း ပြည်သူတွေမျှော်လင့်တာ ဖြေရှင်းလိုက်ပါ။ ဒါတိုင်းပြည်အုပ်ချုပ်တဲ့လူတွေရဲ့ တာဝန်ပဲ။ မပာုတ်ဘူး။ လူသတ်ပွဲ၊ လူဖမ်းပွဲက စပါလေရော။ ထင်ရာဆိုင်းပြီး ဥပဒေမဲ့ လူသားမဆန် တဲ့စရိုက်ကစပြီ။ လူတွေတင်မကဘူး ရပာန်းတွေပါ အကြမ်းဖက် ရိုက်နက်၊ ပစ်ခတ်သတ်ဖျက်ခဲ့တာ နာကျည်းစရာတွေ၊ ယုံကြည်မှု့ မဲ့တာတွေ အားလုံး တဖန် မီးမွှေးသလို လုပ်ပစ်လိုက်တယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ်လာတော့လည်း ပာုတ်ပြီပေါ့ ဆွေနွေးညှိနှိုင်း အဖြေရှာမယ်ပေါ့။ ပြည်သူတွေ မျှော်လင့်တာပေါ့လေ။ မပာုတ်ပြန်ဘူး။ သကောင့်သားညဏ်ကြီးရှင်က ဗိုလ်အောင်ကြည်ကို ထည့် က ပြီး လှည့်လုံးလေးနဲ့ အချိုသတ်ဖို့ ကြိုးစားပြန်ရော။ ဂမ်ဘာရီ လေယာဉ်ပေါ်ဖင်မချရသေးဘူး အောက်က ထရပ်ကားနဲ့ လူဖမ်းပွဲကျင်းပနေပြီ။ ပိာုက ဘယ်လိုလုပ်လက်ခံမလဲ။ နားလည် ပါးရိုက်လုပ်တာတွေ။ နိုင်ငံရေးအကျင်းသားတွေ အခုလွတ်ပေး၊ ဆွေးနွေးဖို့ စတော့လို့ ပြောတော့ ငါတို့ က ဘယ်သူမှာမလိုဘူး၊ လမ်းပြမြေပုံနဲ့ သွားမယ်၊ လမ်းပေါ်ရှိသမျှအကုန် မျိုးဖြုတ်မယ်ဆိုပြီး သတင်းစာတင်ပြီး ထင်ရာဆိုင်းဇာတ်က ဆက်ကပြန်ပြီ။ ပါပါ မပါပါ မေးမနေဘူး ထင်တာ အကုန်ထောင်တည်းထည့်။ ညမှာ ဘီလူးသရဲ ဝင်ဆီးသလို ဝင်ဆီး၊ မတွေ့ တွေ့ တဲ့လူကို ဖမ်း။နိုင်ငံခြားမှာ ဆန္ဒပြတဲ့ လူလားဆိုပြီး လေဆိပ်မှာတောင်ဖမ်းသေးတယ်။ တဆိတ်ဗျာ- စစ်အစိုးရရဲ့ တရားဥပဒေတဲ့ - ဆန္ဒပြတဲ့ ရပာန်းတော်ကို ရေကပ်လို့ ဖမ်းတယ်၊ ပြည်ပမှာ လုပ်ခဲ့သလားဆိုပြီး ကျောင်းသားငယ်တွေကို လေဆိပ်မှာ ဖမ်းတယ်၊ ထေရဝါဒဗုဒ္ဓသာသနာ တည်တံ့ပါစေလို့ အော်တဲ့လူကိုဖမ်းတယ်၊ လုပ်ပါဦး - ဘယ်ဥပဒေကျမ်းမှာ ရေးထားတဲ့ ဥပဒေပုဒ်မတွေလည်း။ ဖမ်းတဲ့ပုံကလည်း ဘာစာရွက်စာတမ်းမပါဘူး ခဏမေးချင်လို့ ပါတဲ့။ အဆိုးဆုံးက ဆန္ဒပြသူကိုဖမ်းမရလို့ မိဖ၊ဆွေမျိုးတော်တဲ့လူကို ဖမ်းတယ် တဲ့ ကြားလို့ မှကောင်းကြသေးရဲ့ လား?? တသက်နဲ့ တကိုယ် အပြင်မှာတကယ်ရှိလိမ့်မယ်တောင်မထင်ဘူး။ ဘယ်တိုင်းပြည် ဘယ်အစိုးရ ဘယ်တရားဥပဒေမှာ ကျုပ်တို့ တွေ့ ဘူးလဲ?? မာဖီးယား လို ဒုစရိုက်ဂိုဏ်းသာ လုပ်မဲ့ အဆင့်မျိုး။ (မာဖီးယားလို့ ပြောလို့ ရှရှားကကောင်တွေ အရူးဘုံမြောက်လုပ်မိမှာဆိုးသေး - သူတို့ က စစ်သွေးကြွတွေရယ်) ပြီးရင် တပတ်၊ဆယ်ရက် ဘာသတင်းမှမပေးဘူး အချုပ်တည်းခေါ်ထည့်ထားတယ်။ ဒါတရားဥပဒေလား?? ဘုန်းကြီးကျောင်းတွေမှာဘုန်းကြီး လူမရွေး တွေ့  သမျှရိုက်နက်ဖမ်းဆီးတာကို ခဏခေါ်ယူတာပါတဲ့။ မပာုတ်လို့ ပြန်လည်သွားခွင့်ပေးလိုက်တာပါတဲ့။ သတင်းထဲမှာ?? ကြုံဖူးပေါင်ဗျာ.. ဖမ်းဆီး နှိပ်စက်ပြီး မပာုတ်တဲ့အခါမှ မေးပြီး၊ နာရီပိုင်းအတွင်း လွှတ်လိုက်သယောင်သတင်းဖြန့် လိုက်သေးတယ်။ နောက်ဆိုးတာတခုက - နိုင်ငံတော်ကိုပုန်ကန်တဲ့ပုဒ်မတဲ့ သေဒဏ်ပေးလို့ ရတယ်ဆိုပြီး သတင်းစာထဲမှာ ခြိမ်းခြောက်စာ ထည့်ထားတယ်။ လုပ်တာက လမ်းပေါ်တက်မေတ္တာပို့ လို့ ၊ပြသနာဖြေရှင်းဖို့ တောင်းဆိုတာ။ ပြစ်ဒဏ်ကသေဒဏ်တောင်ပေးချင်နေလေရဲ့ ။ လူသတ်အစိုးရ။ ဒီလို ဥပဒေမဲ့ လုပ်ရက်နဲ့  ဘယ်လိုဘယ်နည်းနဲ့ ဒီမိုကရေစီကို သွားမှာတုန်း။ မယုံတဲ့လူအပြစ်မပုံလေနဲ့ ။ ယုံအောင်လည်းဘာမှ မလုပ်ခဲ့ဘူး လုပ်လည်းလုပ်မနေဘူး။ ဒီမိုကရေဆီနိုင်ငံမှာ အစိုးရပာာ ဘယ်အလုပ်မဆို ပါလီမန်မှာ အတိုက်အခံပါတီဝင်တွေနဲ့ ညင်းခုံဆွေးနွေး မဲဆန္ဒပေးပြီး အများသဘောတူ မှ အကောင်အထည်ဖေါ်လို့ ရတာ။ ဝေဖန်ထောက်ပြတာတို့ Debate လုပ်ပြီးအဖြေရှာတာတို့ ဆိုတာ အကောင်းဆုံးရလဒ်ကို ရှာဖွေတဲ့နည်းလမ်းကောင်းပဲ။ ဒီလိုစနစ်ရှိတဲ့ ဒီမိုကရေစီနိုင်ငံကို စစ်အစိုးရလို တယူသန်၊ ထိုင်ရာဆိုင်းတွေက လူတွေဘာမှမသိရတဲ့ ဖွဲ့ စည်းပုံ ဥပဒေတွေဆွဲ၊ ကြိုက်တာမကြိုက်တာထားအုံး ဘာမှန်းတောင်မသိတဲ့ ပာာကြီးကို အတင်းကွင်းထဲဝင် ထောက်ခံခိုင်းနဲ့ ဘယ်လိုပုံနဲ့ သွားမှာလည်း။ လမ်းကြောင်းကိုက ဒီမိုကရေစီလမ်းစဉ်နဲ့ ဘာမှမဆိုင်တဲ့ သနတ်ပြ အဓ္ဓမဝါဒီနဲ့ ချီတက်နေတာ ဘာလိုလုပ်ပြီး စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးပေါ်ပေါက်လာမလဲ။ စစ်အစိုး ရ မျက်နှာပြောင်တိုက်ပြီး ညာ တာခံနေရတဲ့ ကျုပ်တို့ လို မြန်မာလူမျိုးဘဝက အတော်ကိုဆိုးပါတယ်။ စစ်အစိုးရသာ တကယ်ဒီမိုကရေစီတည်ထောင်လိုတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားတယ်ဆို ရင် ကုလသမဂ္ဂက အကြံပေးတင်ပြတဲ့ နည်းနဲ့ လမ်းကြောင်းဖြောင့်နေမှာပဲ။ သုံးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပြီးအဖြေရှာလိုက်။ ဗြိတိန်ဝန်ကြီးချုပ်က စီးပွားရေးတိုးတက်အောင် ကူညီပါ့မယ်လို့ ပြောနေပြီ။ ကဲ.. ဘာလို့ ငြင်းနေရတာတုန်း။ သူတို့ သွားမယ်လို့ တဆာဆာအော်နေတဲ့ နေရာကို ကားနဲ့ ပို့ ပေးမယ်.. လို့ ပြောနေတာတောင် ဘာ့ကြောင့် လက်မခံနိုင်ရတုန်း။ မျောက်ပြပြီး ဆန်တောင်းမယ် - ရသော်ရှိ မရသော်ရှိ ပြီးရင် ဒါပဲဆိုပြီး အချိုးမျိုး။ အဲ့ဒါက သက်သေပြနေတာ - အာဏာရူးလွန်း လို့ ဆိုတာ။ ကုတ်ကပ်ပြီးမရမကနေမယ်၊ မျက်နာဗြောင်တိုက်ပြီးအဓ္ဓမလုပ်မယ်၊ ဖားယားပြီး ကပ်ပါးလုပ်မယ်။ အခုတော့ တရုတ်က တိဘက်ဘုန်းတော်ကြီးကိစ္စနဲ့ အမေရိကန်ကို မကြေမချမ်း ဖြစ်လေတော့။ ဒူးမနာသား နအဖက အမေရိကန်က့ ဗုံးတွေတောင်ပေးပြီးဘုန်းကြီးတွေကို မြောက်ပေးလို့ တိုင်းပြည်မငြိမ်မသက်ဖြစ်ရတယ်ဆိုပြီး သခင်အားရကျွန်ပါးဝ လုပ်ပြနေလေရဲ့ ။ဒီလိုနေရာမှာတော့ ကလိန်ကကျစ်ညဏ်က ဘာရွှင်လဲမမေးနဲ့ ။ အာဏာသာ ဒီ့လောက်ရူးတာ မပာုတ်ရင် ဒီလို အမှားမျိုး၊ လူမဆန်တာတွေ၊ ထင်ရာဆိုင်းလုပ်ရပ်တွေကို ဆက်တိုက်လုပ်ရက်၊ လုပ်ရဲ မှာမပာုတ်ဘူး။ အပေါ်က တင်ပြခဲ့တဲ့ ထဲမှာ ပြည်သူတွေမျှော်လင့်သလို လုပ်နိုင်ရဲ့ သားနဲ့ အခွင့်အရေးမျိုး ရခဲ့ရဲ့ သားနဲ့ မလုပ်ပဲ ဒီလိုအဖြစ်ကိုရောက်အောင်လုပ်တာ စစ်အစိုးရပဲ။ ဘယ်သူယုံလဲ သူတို့ ပြောတဲ့ တိုင်းပြည်စီးပွားတိုးတက်ရေးတို့ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ ၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးတို့ ၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးတို့ ။ ပာို ရှေးပဝေပဏီကတည်းက ဒါမျိုးတွေ သတင်းစာထဲ တီဗီထည်း တချိန်လုံးအော်နေ တကယ်တမ်း ကောင်းကောင်းစား ကောင်းကောင်းနေ ပြီး လူ့ စွာ လုပ်နိုင်တဲ့ သဌေးဆိုတဲ့ ကောင်တွေ၊ဆရာကြီးဆိုတဲ့လူတွေ ကြည့်လိုက် သာမာန်ပြည်သူတွေ ပါသလားလို့ ။ အများကြီးမတွေးပါနဲ့  မီးမှန်မှန်လာတာ ဘယ်လိုနေရာမျိုးတွေမှာလည်း လမ်းကောင်းကောင်းရှိတာဘယ်လိုနေရာမျိုးတွေမှာလည်း?? သူတို့ ရဲ အရိုးစွဲပေါလစီက တခုပဲရှိတယ် - အဲ့ဒါ - မိမိတို့ အာဏာတည်မြဲရေး! မိမိတို့ အာဏာတည်မြဲရေး! မိမိတို့ အာဏာတည်မြဲရေး!

ဆက်လက်ဖတ်လိုပါက..

Thursday, October 11, 2007

လီကွမ်ယုရဲ့  DUMB စစ်အာဏာရှင်

ယခု စင်ကာပူနိုင်ငံမှာ Minister mentor ဆိုတဲ့ ရာထူးယူထားတဲ့၊ လက်ရှိ ၀န်ကြီးချုပ် ရဲ့ ဖခင်၊ စင်ကာပူကို တည်ထောင်ခဲ့သူ လီကွမ်ယုက မြန်မာပြည်ရဲ့ စစ်အာဏာရှင်တွေဟာ ကြာရှည်မခံတော့ဘူးလို့  သူယုံကြည်ကြောင်းပြောသွားပါတယ်။ သူက စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ခန့်ခွဲတဲ့နေရာမှာ အလွန်တုံးပါတယ်လို့ လဲပြောသွားပါတယ်။


ဒါပေမယ့် သူက စစ်တပ်ဟာ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တစိတ်တပိုင်း အနေနဲ့ ပါဝင်ရပါမယ်၊ လုံးဝမပါဝင်ရင်တော့ မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အကုန်ပျက်သွားပြီး ကိုယ်ပိုင် အုပ်ချုပ်နိုင်စွမ်း မရှိဖြစ်သွားလိမ့်မယ်လို့ လဲ ပြောသွားပါတယ်။
လီကွမ်ယုဟာ အထက်ပါအချက်တွေကို စက်တင်ဘာ 27 ရက် Istana မှာရှိတဲ့ သူ့ ရုံးမှာ University of California’s Los Angeles Media Center က သတင်းထောက် Tom Plate နှင့် the University of Southern California’s Annenberg Center က Jeffrey Cole တို့် ကို ပြောခဲ့တာဖြစ်ပါတယ်။
`သူတို့ ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် တော်တော်တုံးတဲ့ ဗိုလ်ချုပ်တွေ ဖြစ်ပါတယ်။ ဒီလောက် သဘာဝ သယံဇာတတွေ ပေါကြွယ်ဝတဲ့ နိုင်ငံကို ဒီလို အခြေအနေရောက်အောက် သူတို့ ဘယ်လိုများ လျှောက်လုပ်လိုက်သလဲ မသိဘူး´ လို့ လဲ ပြောသွားပါတယ်။
သူ့ ရဲ့ အကြံပေးမှုအရ မြန်မာပြည်မှာ ဒေါ်လာသန်းပေါင်းများစွာ သွားရောက်မြှုပ်နှံခဲ့တဲ့ စင်ကာပူက ဟိုတယ်ပိုင်ရှင်တွေရဲ့ ဟိုတယ်တွေဟာ ယခုအခါမှာ လူမရှိတာတွေ့ ရပါတယ် ဆိုတဲ့ အကြောင်းလဲ ဖွင့်ဟပြောသွားပါတယ်။

သူဟာ မြန်မာပြည် အထီးကျန်မှုကနေလွတ် အောင် အဲဒီ့ ဗိုလ်ချုပ်တွေကို အကြံဥာဏ်တွေပေးဖို့ ကြိုးစားခဲ့သေးပါတယ်တဲ့။ အထူးသဖြင့် ယခုအခါမှာ နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့် ကိုဖြစ်ပါတယ်တဲ့။
`သူဟာ အဲဒီ့အုပ်စုမှာတော့ အသိဉာဏ်အရှိဆုံးဖြစ်ပါတယ်။ ကျွန်တော်ဟာ သူ့ ကို ဆူဟာတို တို့ လို ယူနီဖောင်းချွတ်ပြီး ပါတီထောင်ဖို့ အကြံပေးလိုက် ပြီး သူကလဲ လက်ခံပုံ ရှိ ခဲ့ပါသေးတယ်။ ဒါပေမယ့် လမ်းတ၀က်မှာပဲ ဆူဟာတို ကျသွားတယ်။ အဲဒီတော့ သူတို့ လဲ နောက်ကြောင်းပြန်လှည့်ပြီး ခင်ညွန့် ကို ဖယ်ရှားလိုက်ပါတယ်။´
ဗိုလ်ချုပ်ကြီးခင်ညွန့် ဆိုတာကတော့ တချိန်တုံးက ၀န်ကြီးချုပ်ရာထူးနဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲရာထူးတို့ ယူထားခဲ့ပြီး စစ်အုပ်စုရဲ့ ထိပ်ပိုင်း သုံးယောက်ထဲက တစ်ယောက်ဖြစ်ခဲ့ ပေမယ့် ၂၀၀၄ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရာထူးချခြင်းခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီအချိန်က အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ခင်ညွန့် ဟာ အလွဲသုံးစားလုပ်ခြင်း၊ လာဘ်စားခြင်း စတာတွေနဲ့  နေအိမ်အကျယ်ချုပ် ၄၄ နှစ် ကျခံခဲ့ရပါတယ်။
စစ်အာဏာရှင်တွေဟာ မြန်မာပြည်ကို ကမ္ဘာနဲ့ အဆက်ဖြတ်လို့ ရလိမ့်မယ်လို့ ယုံနေတာကို သူဖြင့် နားမလည်နိုင်ကြောင်းနဲ့  အိမ်သုံးဆေးဝါးတောင်မှ ထိုင်းနိုင်ငံကနေ ခိုးသွင်းနေရတာကို ထောက်ပြရင်း ပြောသွားပါတယ်။ `ဘယ်လိုဖြစ်ကြမယ်ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့လေ၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့ ကြာကြာရှင်နိုင်လိမ့်လို့ တော့ ကျွန်တော်တော့ မယုံပါဘူး။
လတ်တလော သူတို့ ရဲ့ အဆုံးစွန် လုပ်ရပ်တွေကတော့ ဆင်းရဲပြီးတော့ ငတ်မွတ်နေတဲ့ လူထုကြီးကို ပုန်ကန်အောင် တွန်းပို့ ခဲ့ပါတယ်လို့  ရှုံ့ ချ ပြောဆိုလိုက်ပါတယ်။
အဲဒီလုပ်ရပ်တွေထဲမှာ စစ်အာဏာရှင် တွေအတွက် တန်ဖိုးကြီးမားတဲ့ နေအိမ်တွေနဲ့ ဂေါက်ကွင်းတွေပါ ပါဝင်တဲ့ နေပြည်တော်လို့ ခေါ်တဲ့ မြို့ တော်အသစ်ဆီ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး ရွှေ့ ပြောင်းခြင်းလဲပါဝင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်ကနေ ခိုးထွက်လာပြီး YouTube ပေါ်မှာ ပျံ့ နှံ့နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီး စိန်စီတဲ့ မင်္ဂလာဆောင်အကြောင်းလဲ ယခုလို ပြောသွားပါတယ်။ သတို့ သမီးဟာ စိန်နဲ့ တန်ဖိုးကြီး ရတနာတွေကို ခရစ်စမတ်သစ်ပင်မှာ လက်ဆောင်တွေ သီးနေသလို ဆင်ယင်ထားပါတယ်။ ဒါအပြင် အမေရိကန်ဒေါ်လာ သန်း၅၀ (စင်ကာပူဒေါ်လာ သန်း ၇၃.၆) ထက် ပိုတဲ့ လက်ဆောင်တွေ ကို မင်္ဂလာလက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်လို့  သတင်းဌာနတွေ ကပြောကြားနေပါတယ်တဲ့။ တရုပ်နိုင်ငံဟာ မြန်မာနိုင်ငံ ကို အထီးကျန်မှုကနေ လွတ်အောင် လုပ်နိုင်မလားလို့ မေးတဲ့ အခါမှာ သူက တရုပ်နိုင်ငံမှာ ဒီလောက် အစွမ်းရှိတယ်လို့ မထင်ပါဘူးလို့ ပြောပါတယ်။ `ဒါပေမယ့် သူတို့ ကြိုးစားခဲ့တယ်၊ အမှန်ကတော့ကျွန်တော်တို့ ရောပါ၊ မြန်မာပြည် အထီးကျန်မှုကနေ လွတ်အောင် ဆွေးနွေးဖို့ ကြိုးစားခဲ့ပါတယ်´
ဒီအင်တာဗျူးအတွင်းမှာ လီကွန်ယုကို အမေရိကန်နဲ့ တရုပ် ဆက်သွယ်ချက်များ၊ အမေရိကန် သမ္မတရွေးကောက်ပွဲ အကြောင်း၊ အင်တာနက်ခေတ်မှာ မီဒီယာ အပြောင်းအလဲများအကြောင်း၊ စင်ကာပူ ရဲ့ ရေရှည် အလားအလာများ အပါအ၀င် အခြားသော ဒေသတွင်း ကိစ္စများ ကိုလည်း မေးမြန်းခဲ့ပါတယ်။

ဗမာပြည်သူ





“Rather Dumb” ဆိုတဲ့စကားလုံးကို သူသုံးထားတဲ့ အထည်းမှာ အကြိုက်ဆုံးပါ ပဲ။ ဘာလို့ လဲဆိုတော့လိုက်ဖက်ညီလို့ ပါ။ နိုင်ငံတနိုင်ငံမှာ လက်ရှိကမ္ဘာ့အခြေနေအရ အရေးကြီးဆုံးက စီးပွားရေး အခြေခံတောင့်တင်းခိုင်မာမှု့ ကအဓိကအဆုံးအဖြတ်အဖြစ်ရပ်တည် နေတဲ့ချိန်မှာ၊ လက်ရှိအစိုးရက ဘိုးတော်ဘုရားလက်ထပ်က မင်းဘုရားကြီးတွေ မြင်းစီး၊ လှံထိုး နဲ့  ဘုန်းသဘာကြောင့် သာမာန်လူတွေထက် စည်းစိမ်များစွာ ရသလိုလိုတွေကို သာ အဓိကထားလုပ်နေပြီး ကျန်လူတွေနားဝင်အောင်လည်းလုပ်နေလေတော့ စီးပွားပျက်တာမပြောလေနဲ့ ။ နေပြည်တော်တည်ထောင်တာတို့ ၊ မိမိသမီး မင်္ဂလာအခမ်းအနားကို Hollywood ရုပ်ရှင်ထဲကလို လုပ်တာတို့ က Mr. Lee ရဲ့ Rather Dumb ကို ပိုခိုင်မာစေပါတယ်။
Mr. Lee က - how they can mismanage the economy and reach this stage when the country has so many natural resources တဲ့။ Mr. Lee လိုက်မမီတဲ့  မြန်မာပြည်ရဲ့ ခေါင်းဆောင်ကြီးတွေ အရည်အသွေးပါ။ Science in Economic of Mismanage Course ကို intensive training အနေနဲ့  နှစ် ၂၀ ဆယ်လောက်ယူမှသာ Mr. Lee လည်း ခေါင်းဆောင်ကြီးတွေ လုပ်သလို လိုက်လုပ်နိုင်ပါလိမ့်မယ်။ ဒါတောင်အာမခံရဲ ဘူး၊ စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တက Mr. Lee အတွက် အခက်အခဲ ဖြစ်နိုင်တယ်။
မြန်မာပြည်မှာ ဒီလောက်များလှတဲ့ သယံဇာတတွေ တော်ရုံတိုင်းပြည် အိမ်မက်တောင်မက်ဘူးမှာမပာုတ်ဘူး။ ဒီလောက်များတဲ့ သယံဇာတက ရရှိတဲ့ အကျိုးရလဒ်တွေကို အုပ်ချုပ်ခံပြည်သူအများစု၊ တကယ်တန်းက အုပ်ချုပ်ခံတတိုင်းပြည်လုံး နှစ်ပေါင်းများစွာ မခံစား ရဘဲနဲ့ ဒီလောက်လူနေမှု့ အောက်ကျနောက်ကျ ဖြစ်နေတာ စီးပွားရေးလုပ်ဆောင်မှု့ တွေက အတော်ကြီးကို ညံ့လို့ ဆိုတာ ဘာဒီဂရီ၊ ဘာဘွဲ့ မှမရှိတဲ့ လူမျိုးတောင် သံသယကင်းစွာ ပြောရဲပါတယ်။ ဥပမာ - မြန်မာပြည်မှာ Gas ထွက်ပါတယ် ဒါပေမဲ့ အခြေခံလူတန်းစား အများစု အနံ့ ရူဖူးးရင်ကံကောင်း။ ဒေသတွင်းမှာ ဒီလိုမျိုးထွက်ပြီး ကိုယ်နဲ့ မဆိုင်သလို မခံစားရတဲ့ ဒေသခံပြည်သူတွေ အများကြီး၊ ဥပမာပေးရမယ်ဆိုရင်လည်းအများကြီး။
မင်းတို့ ကကောတိုင်းပြည်ကို ဘာလုပ်ပေးလို့ လဲလို့ ပြန်မေးနေကြမေးခွန်းကို ပြန်ဖြေပေးရမှာဆို ရင် - ခေါင်းဆောင်ကြီးတွေကို အုပ်ချုပ်ပါလို့ ပြည်သူ၊ ကျွန်တော်တို့ တတွေ ဆွဲမတင်ပါဘူးခင်ဗျာ။ ပြီးတော့လည်း ကျွန်တော်တို့ တိုင်းပြည်ကို ပျက်ဆီးအောင်လည်းဘာမှမလုပ်ပါဘူး။ ခေါင်းဆောင်ကြီးတို့ အုပ်ချုပ်သူ လူတန်းစားဆိုတာ မိမိတို့ လုပ်ရပ်ရဲ့ ကျိုးကြောင်းရလဒ်ကို အဝေဖန်ခံရမယ်ဆိုတာ နားလည်သိထားသင့်ပါတယ်။ ခံနိုင်ရည်ရှိမှလည်း အုပ်ချုပ်သူလုပ်သင့်ပါတယ်။ အခက်အခဲများစွာကို သွေးအေးအေးနဲ့ ညှိနှိုင်းဖြေရှင်းနိုင်မှသာ တိုင်းပြည်အုပ်ချုပ်သူနေနဲ့ နေရာယူသင့်ပါတယ်။ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်တဲ့ အစွဲအလန်း၊ အတ္တတွေနဲ့ နိုင်ငံတစ်ခုကိုတည်ထောင်လို့ မအောင်မြင်နိုင်ဘူးဆိုတာ လက်ခံပါ။ နိုင်ငံရေးက နိုင်ငံရေးပါ၊ ပုဂ္ဂိုလ်ရေးနဲ့ စက်ယှက်တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ အရည်အချင်းကို သူ့ လုပ်ရပ်၊ ရလဒ်နဲ့ သာတိုင်းတာလို့ ရပါတယ်။ တိုင်းတတိုင်းပြည်လုံးရဲ့ အရေးကို မိမိတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ ရဲ့ ပုဂ္ဂလိက အယူသီးမှု့ တွေနဲ့ ရှေ့ တန်းတင်ပြီး မလုပ်သင့်ပါဘူး။ အုပ်ချုပ်သူတွေရဲ့ အပြစ်ကို ထောက်ပြရမှာ အုပ်ချုပ်ခံရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ပါ။ ဒီမေးခွန်းကို မေးတဲ့လူတိုင်း မိမိတို့ ရဲ အစွန်းရောက့် အတ္တ နဲ့  လမ်းလွဲ မာန ကို ဆင်ခြင်သင့်ပါပြီလို့ ဆိုပရစေ။
ခေါင်းဆောင်ကြီးတွေက စစ်ခေါင်းဆောင်ပါ။ စစ်တပ်ကို အုပ်ချုပ်တဲ့ အရည်အသွေးကတော့ မေးခွန်းထုတ်စရာမလိုပါဘူး။ ဒါပေမဲ့ တိုင်းသူပြည်သားတိုင်းက စစ်သားမပာုတ်ပါဘူး။ တိုင်းသူပြည်သားတိုင်းက စစ်တိုက်မဲ့ အသက်မွေးဝမ်းကြောင်းမလုပ်သလို၊ စစ်ဝန်ထမ်းလည်းမပာုတ်ပါဘူး။ တိုင်းပြည်ကို စစ်တပ်အုပ်ချုပ်သလို လုပ်လို့ မရပါဘူး။ တိုင်းပြည်တခုတည်ထောင်ဖို့ က စစ်တပ်က စစ်ပညာနဲ့ ယနေ့ ၂၁ ရာစုမှာ မလုံလောက်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက သက်သေပြနေပါပြီ။ ဒါ့ကြောင့် အတိုက်အခံပါတီခေါ်ခေါ် လူထုကိုယ်စားလှယ်ခေါ်ခေါ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေနွေးဖို့ တိုက်တွန်းနေကြတာပါ။ အင်္ဂလိပ် စကားပုံ အတိုင်းပါ ခေါင်းနှစ်လုံးက တစ်လုံးထက် ပိုကောင်းတယ်ဆိုတာ။ မတူညီတဲ့ နိုင်ငံရေး ခံယူချက်ကနေ အကောင်းဆုံး လမ်းစဉ်တစ်ခုကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။

ရှေးရှေးခေတ်က ဆင်းရဲတဲ့လူတွေ သူပုန်ထတယ်၊ ခုခေတ်က လမ်းပေါ်တက်ဆန္ဒပြတယ်။ ယဉ်ကျေးလာတဲ့လူ့ ဘောင်အသိုင်းအဝိုင်းမှာ စီးပွားကျပ်တည်းလာလို့ လူတွေလမ်းပေါ်မှာတောင်းဆိုတာက များစွာ သက်ညှာတဲ့ လုပ်ရပ်လို့ ခံယူပြီး လက်ရှိ အုပ်ချုပ်သူလူတန်းစားတစ်စုက ယဉ်ကျေးတဲ့နည်းလမ်းနဲ့  ဖြေရှင်းမှု့ တွေပြုလုပ်သင့်ပါတယ်။ ဆက်လက်ပြီး စီးပွားရေး အကျပ်အတည်းတွေ နဲ့ သာရင်ဆိုင်နေရမယ်ဆိုရင် ရှေးခေတ်က သူပုန်ထလမ်းစဉ်နဲ့ ပြည်တွင်းစစ်တွေ ဖြစ်လာလိမ့်မယ်။ ဒါကို သေချာပါတယ် ခေါင်းဆောင်ကြီးတို့ ရော၊ ကျွန်တော့်လို သာမာန်ပြည်သူ အတော်များများပါ မလိုချင်ပါဘူး။ အဲ့ဒီ့အဆင့် မရောက်နိုင်တဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကို အကောင်အထည်ဖော်ပါ။

နောင်လာမဲ့ မျိုးဆက်သစ်တွေရဲ့ သမိုင်းသင်ခန်းစာ ဖတ်စာအုပ်မှာ တိုင်းပြည်ဖျက်များ အနေနဲ့ ခေါင်းစဉ်တတ် အသင်မခံရလေအောင် အခုတွေ့ ဆုံညှိနှိုင်းပြီး အဖြေရှာတဲ့ လုပ်ရပ်တွေကို ပီပြင်အောင်လုပ်ဖို့ လိုပါလိမ့်မယ်။ မပာုတ်လို့ ရှိရင် Dictionary ထဲမှာ Rather Dumb - n. Burmese Military Government Junta who ruling Burma since 1962 apparently so called SPDC လို့ အဓိပ္ပါယ်ဖွင့်ခံ ရလိမ့်မယ်။



Mr. Lee ရဲ့ ပြောဆိုချက်ကို သိမ်းဆည်း ဖတ်ရူ့ လိုလျှင် ဒီမှာ CLICK လုပ်ပါ။

ဆက်လက်ဖတ်လိုပါက..

Thursday, October 4, 2007

အကြမ်းမဖက်သောနည်း ဖြင့်တော့ မရနိုင်ပါ ။Gwynne Dyer

Nonviolent acts won't alter Myanmar Thursday, October 4, 2007 3:50 AM By Gwynne Dyer

Monasteries are empty, telecommunications have been severed and a sullen silence seems to envelop the whole country. It doesn't just feel like a defeat for the people of Myanmar; it feels like the end of an era. It was an era that began at the other end of southeast Asia two decades ago, with the nonviolent overthrow of the Marcos regime in the Philippines by "people power" in 1986. For a while, nonviolent revolutions seemed almost unstoppable: Bangladesh, South Korea, Thailand and Indonesia followed the Filipinos' example, overthrowing military rule and moving to open democratic systems after decades of oppression. China almost managed to follow their example in the Tiananmen Square episode of 1989, and then the contagion spread to Europe. The Berlin Wall came down in late 1989, the communist regimes of eastern Europe melted away with scarcely a shot fired, and by 1991, the Soviet Union had gone into liquidation. It was the threat of similar nonviolent action that finally brought the apartheid regime in South Africa to the negotiating table in the early 1990s. The trend continued into the 21st century, with undemocratic regimes forced to yield power by unarmed protesters from Serbia to Georgia to Nepal. But there always are exceptions, and exceptions always are instructive. The greatest exception, in the early days, was Myanmar. Entranced by the seeming ease with which their neighbors were dumping their dictators and emboldened by the transfer of power from Gen. Ne Win (who had been in power for a quarter-century) to a junta of lesser generals, civilians ventured out streets to demand democracy. The army slaughtered 3,000 of them in the streets of Yangon, whisking the bodies away to be burned, and the protesters went very quiet. It was this repression that gave the Chinese regime the confidence to do the same thing in Tiananmen Square the following year, and it worked there, too. People went very quiet after the massacre, and the regime remains firmly in power 18 years later. Nonviolent protest is a powerful tactic, but no tactic works in every contingency. Nonviolent protest does not work against a regime that is willing to commit a massacre and can persuade its troops to carry out its orders. The emotion that nonviolence works on is shame. Most people feel that murdering large numbers of their fellow citizens on the streets in broad daylight is a shameful action, and even if the privileged people at the top of a regime can smother that emotion, their soldiers, who have to do the killing, may not be able to. If you cannot be sure your soldiers will obey that order, then it is wise not to give it, since you present them with a dilemma that can only be resolved by turning their weapons against the regime. Better to negotiate a peaceful withdrawal from power. Nonviolent revolution can't succeed if the army is sufficiently isolated from the public. The isolation can be achieved by indoctrination, but physical separation helps. Before Chinese leaders ordered the attack on Tiananmen Square, it withdrew the Beijing garrison, which they believed to be contaminated by close contact with the public, and replaced it with divisions brought in from the deep interior. The killing was carried out by country boys to whom the sophisticated residents of Beijing looked like alien beings, people about whom almost any lie seemed credible. Myanmar's army is profoundly isolated from civilians. Its officers, over the decades of military rule, have become a separate, self-recruiting caste that enjoys great privileges, and its soldiers are country boys. Not one in a hundred is from Yangon or Mandalay. The regime has even moved the capital from Yangon to the preposterous jungle "city" of Naypyidaw, a newly built place whose only business is government, in order to increase the social isolation of its soldiers and servants. So when the protesters came out on the streets again in the bigger cities after 19 years, led this time by monks whose prestige made many believe the army would not dare touch them, the regime simply started killing again. The death toll this time is probably no more than a tenth of that in 1988, because people got the message very quickly: Nobody who defies the regime is safe. Not even monks. The people are now pinning their hopes on foreign intervention, but that never is going to happen. It never played a decisive role in the nonviolent revolutions that succeeded, either. Sooner or later the extreme corruption of the army's senior officers will destroy its discipline, but meanwhile it is probably more years of tyranny, with only Aung San Suu Kyi, the heroic symbol of democracy who lives under semipermanent house arrest, to bear witness against it. Against other repressive regimes, nonviolence has a reasonable chance of succeeding. It never has worked in Myanmar. Gwynne Dyer is a London-based independent journalist whose articles are published in 45 countries. 76312.1476@compuserve.com

ဆက်လက်ဖတ်လိုပါက..

Wednesday, October 3, 2007

ရှရှားရောက်စစ်သည်တော်နှင့် ကျွန်တော်

အခုတလော အင်တာနက် Blog စာမျက်နှာပေါ်မှာ Hot နေတဲ့ စင်ကာပူက ကျောင်းသား နဲ့ ရှရှားရောက် စာသင်သား စစ်သည်တို့ အပြန်အလှန်ပြောဆိုတဲ့ အသံဖိုင်လေးကို နားထောင်လိုက်ရတယ်..အမှန်တိုင်းပြောရရင် တပ်မတော်ထဲက စစ်အရာရှိ တစ်ယောက်ရဲ့ ထင်မြင်ယူဆပုံလေးကို ပထမဦးဆုံး ကျုပ်ဘဝမှာ နားနဲ့ ဆက်ဆက်ကြားရခြင်းပါ.. ပြည်တွင်း ပြည်ပကစစ်အရာရှိ အရာခံတွေ အတော်များများကတော့ “သိဘူး … ပြောခွင့်ရှိဘူး … ကျုပ်တို့ အလုပ်ပာုတ်ဘူး..” လို့ သာ တွင်တွင်ကြီးကို ပြောတာပဲခင်ဗျာ.. နိုင်ငံ့အရေးဖြစ်တဲ့ ပြည်သူလူထုရဲ့ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး အစရှိတာတွေကို ပြည်သူတွေနဲ့ မဆွေးနွေးရဘူးတဲ့ … ရတာပဲ ယူပါ တဲ့…

ကြုံလို့ ဗျာ … အင်တာနက်စာမျက်နှာပေါ်မှာ ရှိတဲ့ ရှရှားရောက်စစ်သည် မောင်မောင်ကတော့ ကျွန်တော်ကို .. “စစ်သားဆို တာနိုင်ငံရေး လုပ်ဘူး” လို့ ဆို လိုက်တယ်… အဲ့ဒီ့တော့

“……… ဗျာ ……..ဗိုလ်ချုပ်ကြီးသန်းရွှေက စစ်သားကြီး မပာုတ်ဘူးလား????” “------------------------” “ စစ်သားက နိုင်ငံရေးလုပ်ဘူး ဆို သူက နိုင်ငံအုပ်ချုပ်တဲ့ နေရာ ဘာတတ်လုပ်နေတာလဲ ??” “ ပော့လူ … ခေါင်းဆောင်ကြီးကို ထိနဲ့ … သူက ချွင်းချက်” “----------------”
အဲ့ဒီ့နောက်စကားဆက်ပြောရင်း
“ ..နိုင်ငံရေးသမားဆို ရင်မုန်းတယ်..” “ဗျာ …. ဘာကြောင့်များပါလိမ့် ???” “ ..နိုင်ငံရေးသမားဆို တာ အားယားနေတဲ့ လူတွေ..” “------------------” “ .. ဒေါ်စုကို မုန်းတယ် ..” “ဗျာ …. ဘာကြောင့်များပါလိမ့် ???” “.. နိုင်ငံခြားသားကို ယူလို့ ..” “… ဘယ်လို ဘာရယ် ဘယ်လို… ???” “.. တခြားမိန်းမမျိုးဆို ယူလောက်ဘူး..” “ ဟင်! .. တိုင်းပြည်အရေးနဲ့ သူ့ အိမ်ထောင်ရေးက ဘယ်လိုများပတ်သက်ပါလိမ့် ?? ” “----------------------------”

အော်.. ဦးတည်ချက်တွေ ပီပြင်ပါတယ်.. သဘောထားကြီးမှု့ တွေနဲ့ တွေဆုံဆွေးနွေးမှု့ တွေနဲ့ အကျိုးပြုဝေဖန်ထောက်ပြမှု့ တွေနဲ့ ဖူးပွင့်ဝေဆာနေမဲ့ ကျွန်တော်တို့ ရဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို မြင်ယောင်မိပါတယ် …… ကဲ နောက်ဆက်တွဲက တော့ စင်ကာပူက ကျောင်းသား နဲ့ ရှရှားရောက် စာသင်သားတို့ အမေးဖြေလေးကို မှီငြမ်းထားတာပါ.. သူပြောတဲ့ မှတ်သားလောက်တဲ့ အချက်လေးကို ခေါင်းစဉ်တင်ပြီး တွေးမိတာတွေပါ…

… စစ်သားပဲ သူများထက် ဒေါသပိုထွက်တာပေါ့ …
ခုလို အဓိကအခြေအမြစ်ကျတဲ့ အကျိုးအကြောင်းကို သိရလို့ ကျေးဇူးကြီးပါပေ့ ကိုကိုရယ်… တို့ ကသိဘူးလေ.. ဒါ့ကြောင့်နဲ့ တူတယ်… CBox ထဲက စစ်သည်ကိုကို တို့ က တခုခုများ ဝေဖန်ပြီး ဆို ရင်…

…. မင်းဘာကောင်လဲ….??….. မင်းဘယ်ကလဲ….??.....မင်းဆွေမျိုးတွေ ဒုက္ခရောက်ချင်သလား…??


ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ.. တည်ကြည်တဲ့ ရပ်တည်ချက်တွေ.. ရှယ်ပဲ….

... စစ်သားဆိုတာတော်ယုံ ဖြစ်ဘူးဗျ.. သူ့ အရည်အချင်းရှိမှ ….
ခင်ဗျားတို့ ကလည်းပာုတ်တာပဲ ဘာလို့ စစ်ဗိုလ်ပေါက်စလို့ သွားပြောတာလဲ.. သူတို့ ပာာကလွယ်တာမှတ်လို့ … နည်းနည်းနောနောအရည်အချင်းတွေမှတ်လို့ အရက်ဘယ်နှစ်ခွက်ပြိုင်သောက်နိုင်သလဲ.. ဆေးလိပ်ဘယ်နှစ်လိပ် သောက်နိုင်လဲ.. စာဘယ်နှစ်ပိုဒ်ပြိုင်ရွတ်နိုင်လို့ လဲ.. ကဲကြည့် .. ခင်ဗျားလုပ်နိုင်လို့ လား??? အရည်အချင်းတွေ..အရည်အချင်းတွေ…သူပြောသလိုတွေးကြည့်စမ်း.. ခင်ညားတို့ စင်ကာပူကလူတွေက ကဲချင်တာမကဲလိုက်ရဘယ် အိုက်ရောက်မှ ပျော်နေတာမှလား ?? ဟိုမရောက် ဒီမရာက်လူတွေ…. တို့ စစ်ဗိုလ်လေးပြောတာမှန်တယ် ခုဆိုကြည့် သူဘယ်လောက်ရင့်ကျက်လဲ…. သူမလုပ်ဘူးတာမရှိဘူး ပြည်တွင်းမှာနော်.. အဲ့ဒါ.. ကွာလတီလို့ ခေါ်တယ်… ခင်ညားတို့ ကို သနားတယ်.. သူ့ စကားနဲ့ ပြောမယ်

“ ခင်ညားတို့ … မနာလိုမဖြစ်နဲ့ .. သူ့ ကုသိုလ်နဲ့ သူ…”

တပ်မတော်က ဒီလို ကွာလတီ ကလေးတွေကို ဆယ်တန်းအောင်ပြီး တက်စရာမယ်မယ်ရရမရှိဖြစ်နေတဲ့ ၁၆ နှစ် ၁၇ နှစ် ဝန်းကျင်ကလေးတွေကို စေတနာနဲ့ ပြုစုပျိုးထောင်ထားတာ.. ကြည့် .. တို့ တိုင်းပြည်ရဲ့ တပ်မတော်မှာ ဗိုလ်လေးတွေများရိုက်သတ်လို့ မကုန်အောင်များပြားတာ .. စစ်သားက ရှားပါးပစ္စည်းဖြစ်နေပြီ.. ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ.. တိုင်းပြည်အတွက်နော်
“အင်း တကယ်စစ်တိုက်ရင်တော့ ဒီကလေးတွေ ငိုမပြေးရင် ကံကောင်း… ” “…. မင်းဘာကောင်လဲ….??….. မင်းဘယ်ကလဲ….??.....မင်းဆွေမျိုးတွေ ဒုက္ခရောက်ချင်သလား…??” “…. Opps! Sorry! ….”
စစ်သည်တော်တို့ ဒေါသကြီးတာမေ့သွားလို့ … အော်နောက်တခုက

... အိမ်ထဲ ဝင်လာရင် ထိုးမှာပဲ ….
မောင်မောင် အခုပြောနေတာ ဘယ်သူ့ အိမ်လဲပာင်… ??? အာလုံးပိုင်တာလို့ ပောာပိာု အရင့်အရင်က လူတွေကတော့ပြောတာပဲ.. ကျွန်တော်တို့ က ဘယ်နားမှာနေရမှာလည်းပာင်..?? အိမ်ကမိုးလဲလုံဘူး အကာလဲရှိဘူး..?? ပေါက်ဖော်ကြီးတွေနဲ့ ဝင်လိုက် ထွက်လိုက်နဲ့ .. သူတို့ ရော ပိုင်လားပာင် ???

စစ်သည်တော်တို့ ရဲ့ စစ်ဒဿနကလည်း ပြည်သူတွေရောထည့်စဉ်းစားတော့ဘူးလားလို့ ?? CBox ထဲက စစ်ဗိုလ်ကိုကို ကတော့ ကျွန်တော့်ကို
“အနော်ရထာမင်းတရားကြီးလက်ထက်ကတည်းက မြန်မာနိုင်ငံကို စစ်တပ်ကတည်ထောင်လာတာ..” “ ဗျာ… အဲ့ဒီ့တော့ ???” “.. ညံ့ပါ့ကွာ ဒါ့ကြောင့် တို့ ပိုင်တာပေါ့..” “ ဟာ…!”

စစ်မှန်တဲ့အတွေးအခေါ်တွေနော်…တန်ဖိုးရှိတယ်.. သူတို့ က စာသင်ချိန်ပြီး အားနေချိန်မှာ သမိုင်းကို လေ့လာထားတာ.. တော်ရုံ ပုဂ္ဂိုလ်ဒါတွေ တွေးတတ်ဘူးရယ်.. တပ်မတော်က သင်ထားတာ.. အနှစ်တွေ… မင်းတရားဆိုလို့ ရှေးဘုရင်တွေက “ပာစ်တိုင်” ဆိုလား ဘာဆိုလားထားတာတဲ့ ပြည်သူတွေ မကျေနပ်တာတို့ မပြေလည်တာတို့ ဘုရင်ကသိအောင် အော်ဖို့တဲ့ … အဲ နောက်ကာလများစွာရွှေ့ ရှားလာတော့ ယုခု မင်းတရားကြီး တစီးရှင်သန်းရွှေ လက်ထပ်မှာ “ပစ်တိုင်”လို့ အမည်တွင်လာသည်တဲ့…နောင်သမိုင်းဆရာတို့ ကျမ်းပြုရင် ပါအောင်လို့ နော်…မှတ်သားစရာ စကားတစ်ခွန်းပါ..

“.. တောင်းဆို သင့်တာ တောင်း ဆို ..”
ခင်ညာ… ဘယ်သူ့ ဆီမှာလဲပာင်.. ?? ဘယ်.. ဘယ်နေရာမှာ တောင်းလို့ ရနိုင်ပါသလဲ ခင်ညာ..?? တောင်းပြီးရင်ကော ဘာ ရမှာလဲပာင်..?? ပြီးတော့ ပြီးတော့ တောင်းလို့ ရတာ ဘာတွေလဲ.. ပာင်??

“ငါ့ မိဘဆို ရင်အေးဆေးပဲ စစ်ထဲကပာုတ်ဘူး.. ဘာမှတောင်းဘူး”
ကြည့် !! တို့ ဗိုလ်ကြီး ကတော်တော် နိုက်နိုက်ချွတ်ချွတ် လေ့လာထားတာ လူ့ ဘောင်အသိုင်းအဝိုင်းထဲမှာ.. အေးဆေးပဲ ..တဲ့.. ကိုကိုစစ်ဗိုလ် ရဲ့ မိဘကို တခုမေးပေးပါလားပာင် - “ဘာလုပ်စားလဲလို့ …. ?? ပိာုပာာလေ .. ပိာုလို အလုပ်မျိုးနဲ့ တူတူပဲလားသိချင်လို့ …. အဲ.. သမာအာဇီဝ ဆိုတာ .. ဗျာ!!.. အဲ့ဒီ့ပာာကြီး ကိုကို တို့ ကြားဖူးဘူး.. အော် ကျွန်တော်လည်းသိပါဘူး.. သူများပြောသံကြားလို့ .. မေးမိတာ.. ဆောရီး.. ကိုကို ”

ကိုကို စစ်ဗိုလ်က သူမိဘတင်မကဘူးတဲ့ ကုန်ထမ်းတဲ့လူလဲ တူတူပဲတဲ့.. သူတို့ ကလစာပေးတယ်တဲ့.. စားလို့ ကိုလောက်လို့ တဲ့ … ကဲ လာဗျာ… ပြန်ရအောင်.. ပာုတ်တယ် ဖတ်နေတဲ့လူခင်ဗျားတို့ အာလုံးပဲ .. ပြန်မယ်လေဗျာ.. ဟိုမှာကုန်ထမ်းတဲ့လူတောင် အဆင်ပြေနေတာ.. ဘာလို့ ဒီမှာ ကျွန်လာခံနေ.. ပြန်မယ်.. ဘာကုန်ဈေးနှုန်းတွေတက်နေတယ်!! ကိုကိုစစ်ဗိုလ်က CBox ထဲကနေ ဖြေရှင်းပေးလိုက်ပြီ..
“ အလုပ် ပို လုပ်ပါတဲ့” ပာုတ်သားပဲ.. အလုပ်တွေမှပုံလို့ ဘာစာမှတတ်စရာလိုဘူး … သူတို့ ခေါ်ရင်လိုက်သာသွား .. ဘာပြောပြောနားထောင်.. ဘာခိုင်းခိုင်းလုပ်.. တနေ့  ၃၀၀၀ ဆိုလည်းပာုတ် ၅၀၀၀ ဆိုလည်းပာုတ် … ဒီလောက်ရှာဖွေစားသောက်ရတာ လွယ်နေတာများ ခင်ဗျားတို့ မို့ ပိာုပာာပြောလိုက် ဒီပာာပြောလိုက်.. နာသွားချင်လား.. ဝါးရင်တုတ်နဲ့ ရိုက်လိုက်ရ… …………….. ……………………..
ဒီလောက်နိုင်ငံတော်အစိုးရက စေတနာနဲ့ တိုင်းပြည်စီးပွားရေးတည်ဆောက်နေတဲ့ပာာကို.. တောင်းသင့်တာတောင်း.. ခုကြည့်လေ.. နိုင်ငံတော်က သိန်းပေါင်းများစွာအကုန်အကျခံပြီး မြို့ တော်ဆိုလည်း ခုအသစ်ချက်ချွတ်.. အလိုက်တသိ မတောင်းခင် ဆောက်ပေးထားတာ… ဘယ်နိုင်ငံမှ အဲ့လောက် လုပ်မပေးဘူး.. စေတနာကို နားလည်မှပေါ့..
“ မပြီးခင် ဗမာမမြင်စေနဲ့ ”
ကိုကိုကပြောတယ် လက်ရှိနိုင်ငံတော်က သူများနဲ့ ယှဉ်ရင် ဆင်းရဲတယ် တဲ့ … ကြားတယ်နော်.. အပာုတ်ပါဗျ.. ကျွန်တော်နားကြားလွဲလောက်ဘူး ထင်တာပဲ.. စစ်အရာရှိကိုယ်တိုင်.. ပာုတ်ကဲ့.. မယုံရင် download လုပ်ပြီးကိုယ်တိုင်နားထောင်ကြည့်ပါ.. သေချာပါတယ်..

အဲ့လို ဆင်းရဲတော့မှာ မဟုတ်တော့ဘူးတဲ့ဗျာ.. သူတို့ မှာ နည်းဗျူပာာတွေ တွေ့ နေပြီတဲ့ … စင်ကာပူ ကငှားသုံးထားလို့ တဲ့ စောင့်နေတာ.. တကယ်.. သူတို့ က သယံဇာတမှမရှိတာ ကျွန်တော်တို့ ထက်လည်း သေးတယ်လေ.. ဒါ့ကြောင့်အရင်သုံးခိုင်းထားတာ.. သိပ်လည်းမကြာဘူးဆိုတော့.. သူတို့ လုပ်တာအောင်မြင်တယ်လေ.. ဆိုတော့ ဗိုလ်ကြီးတို့ က Safety Reason ကြောင့်စောင့်နေတာ.. နှစ် ၄၀ များ အိပ်လိုက်စားလိုက်နဲ့ ကုန်ရော.. ကဲခုစယုံပဲ .. စိတ်ချစွာသုံးလို့ ရပြီ..
“ --------------------------------”
အဲ့ဒါပြောတာပေါ့ မပြီးခင်ဗမာမမြင်စေနဲ့ ဆို တာ.. ခင်ဗျားတို့ က ကွန်ပလိန့် ကတယ်များ.. ခင်ဗျားမမြင်လိုက်ရတာများအရေးလုပ်လို့ … ဘယ်ဗမာမှမြင်မှာမပာုတ်ဘူး ကဲ ရှင်းပလား.. ပြီးရင် ဗမာအားလုံး သေလောက်ပြီ… နောက်မှတ်ထားစရာ တခု သမိုင်းသုတေသီ စစ်သည်တော်က ပြောလိုက်တယ်…
“ ဖာဖြစ်တာ ယားလို့ ”

အရင်တုန်းက သိပ်မယားလဲ နောက်ဒီလို ပဲ ယားလာတာဘာဖြစ်လဲ.. လူပဲ တစ်ယောက် ယား ရင် လိုက် ယားတာပဲပာာ… ယားတာများ ဖြေပေးမယ့်လူတွေတပုံကြီး ခင်ဗျားတို့ စင်ကာပူကလူတွေပူမနေနဲ့ “ဥတို” ဂေါက်ကလပ် ပောာ်တယ်မှာ ဦးဦးစစ်သည်တော်တွေ တပုံကြီး …
“------------------------”
ဘာဗျ.. သူ့ ကုသိုလ်နဲ့ သူ… ခင်ညား မနာလို မဖြစ်နဲ့ .. အေးအေးနေ.. ဒီမှာ မပောာ်သဓာတောင်လိုက်မမှီတဲ့ ဖြေရှင်းထုံးတွေ ရှိတယ်… ကြည့် ..
ဖာဖြစ်တာ ယားလို့  ယားရင် ကုတ်လို့  ဆင်းရဲတာ မွဲလို့  မွဲရင် ဆူလို့  ဆူတာ အားလို့  ဆူရင် ပစ်လို့ 
ကဲ.. ဒီလောက် ဆီလျှော်တဲ့ နည်းလမ်းတွေ ရှိနေတာ.. အေးအေးနေ.. ကို့ လူ…. ခေတ်သစ်ဒီမိုကရေစီကို ဒါနဲ့ ရောက်အောင်သွားပြမှာ ကြည့်နေ..

“ဘုန်းဘုန်းတွေက အတုတွေ… ”
“ --- ?? --- ”
“ ကြည့်ပါ့လား ဦးပြည်လေးတွေ ပြောင်လို့ ”
အော်.. အဲ့ဂလိုကိုး.. ဒီလိုတိကျတဲ့ နည်းစနစ်နဲ့ ကြည့်လိုက်ရင် ကွက်ကနဲ ကွင်းကနဲ.. စောကပြောရော.. ဘယ်လောက် သင်္ကန်းကို ဝိနည်းနဲ့ အညီရုံတာတွေ .. မေတ္တာသုတ် မောပာသုတ် ရွတ်နိုင်တာ ကြည့်မနေနဲ့ … ဦးပြည်ကိုသာကြည့်…ပြောင်လို့ ကတော့ အတုသာမှတ်… ကိုကိုစစ်ဗိုလ်လောက်မကျွမ်းလို့ နဲ့ တူပါတယ် … ရဲဘော်တွေက ဘုန်းဘုန်းတို့ ကို တုတ်နဲ့ ခေါက်ခေါက်ပြီး ဆီစစ်ရတာနဲ့ ပဲ.. ကွဲတဲ့ကိုယ်တော်ကွဲ.. ပျံလွန်တော်မှုတဲ့ ကိုယ်တော် ပျံလွန်တော်မှုနဲ့ … မလွယ်ဘူး.. ထင်တာထက်ပိုခက်တယ်.. နောက်ပြီးဘုန်းဘုန်းတုတွေက .. လေသိလား ဘုန်းတော်ကြီးကျောင်းမှာ နေချင်ယောင်ဆောင်နေတာ.. တွေ့ လားအဲ့ဒါပြောတာ.. အိုက်မှာက ခေါင်းတုံးလို့ ရတာကိုး..ဒါကြောင့် ညညဝင်ဖမ်းတာပေါ့.. အမှောင်ထဲမှာ ဦးပြည်ပြောင်နေတော့ပြေးမလွတ်တော့ဘူး..
“အစိုးရက ဘုန်းတော်တုတွေ လုပ်နေတာကရော..??” “မင်းကလဲကွာ… ပေါက်ပေါက်ရှာရှာ.. နိုင်ငံတော်အစိုးရက ဘုန်းတော်တုတွေဘယ်လုပ်လို့ ရမှာလဲ..ဟာတပဲ”

သေနတ်နဲ့ ပစ်တာက..သူတို့  ကခဲနဲ့ ပေါက်လို့ ဥစ္စာ..ခင်ဗျားတို့ မတွေ့ လိုက်ဘူးလား.. လူတွေ ပလပ်ဖေါင်းက နေ သူတို့ လက်တွေနဲ့ ခွာပြီးတော့ ထုခွဲပြီးတော့ ဒီ့ထက်ပေါက်လို့ ရအောင် လမ်းမပေါ်မှာလက်တွေနဲ့ ထပ် ထုခွဲပြီးတော့ ပေါက်နေတာ … အဲ့ဒါသေစေနိုင်တယ်ဗျ.. စစ်ဗိုလ်ကိုကိုက ထပ်ရှင်ပြထားသေးတယ်.. သေချာနားထောင်…
“စစ်သားကွ သေနတ်အလကားထားတာမပာုတ်ဘူး ........ စိတ်လည်းပိုကြီးတယ်..”
ဟာ ပာုတ်ဘူး .. အဲ့ဒါ ဦးနေဝင်းပာုတ်ဘူး… ဦးနေဝင်းက မိုးပေါ်ထောင်မပစ်ဖူးလို့ ပြောတာ.. ဒါက ပိုမိုက်တယ်.. ဗိုလ်ကြီးနာမည်လား… စောကြီးတဲ့ ဒီဂွင်မှာ အကုန်သိတယ်…
“---------- ??? ---------”
ဂွင်လေကွာ.. တပ်မတော်ကိုထိနဲ့ .. တိုင်းပြည်ကိုထိနဲ့ .. ထိသူတွေ ပြောသူတွေ ရဲ့ ဂွင်ထဲမှာ စောကြီးတဲ့……..ပာုတ်ဘူး.. ပာာ ဦးစောမောင်က သေပြီပာာကို.. ခင်ညားတို့ က ပေါက်တကရ.. !
“ဒါနဲ့ ကိုကို ရှရှားစစ်သည်တော် စာဖတ်သူတွေလစ်တုန်း မြန်မာနိုင်ငံက လာဘ်အစားဆုံးတဲ့ စနစ်မရှိဆုးံတဲ့ …??”
“ ------ ----- -----”
“..တကယ်!!..”

“..ပြောတာဘယ်သူ လဲ ကွ မင်းကို ..??..” “..CNN..”
“…. မင်းဘာကောင်လဲ….??….. မင်းဘယ်ကလဲ….??.....မင်းဆွေမျိုးတွေ ဒုက္ခရောက်ချင်သလား…??”
“…Sorry….”
--------------------------------------------------------------------------------- လွန်တာရှိရင် ဝန္နာမိပါခင်ညာ http://lrg.zorpia.com/0/2567/16434329.30ed99.jpg နေလင်းမောင် ကိုယ်ပိုင်နံပါတ် ၃၅၇၅၆၊ မန္တလေးသား ( ရုရှားရောက် စစ်သည်ကြောင်တယောင်တဲ့)

ဆက်လက်ဖတ်လိုပါက..



လာလည်အားပေးသူ
hit counter