ကနဦးကတည်းက တောင်းဆိုမှု့ တွေအားလုံးက ကုန်ဈေးနူန်းကျဆင်းဖို့ ၊ တွေ့ ဆုံဆွေးနွေးပြီး အဖြေရှာဖို့ စတာတွေကို နိုင်ငံအစိုးရလို့ အမည်ခံထားသူတွေ လုပ်သင့်လုပ်ထိုက်တာကို တောင်းဆိုတာပဲ။ တကယ်တမ်း ပိာုကဖိ ဒီကအော်တော့မှ ဖုတ်ပူမီးတိုက် နိုင်ငံရေးအဖွဲ့ အစည်းခေါင်းဆောင်နဲ့ တွေဆုံဆွေးနွေးဖို့ အလုပ်သမားဒုဝန်ကြီး ဦးအောင်ကြည်ကို တာဝန်ပေးပြီး လုပ်ပာန်ပြတော့တာပဲ။ အစကတည်းက ဒီလို လုပ်ပါ့လား။ နိုင်ငံခေါင်းဆောင်ကြီးတွေ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်မယ်ဆိုပြီး မြေပုံတွေဆွဲ တဆာဆာအော်နေ ၊ စကားပြောဖို့ ဘာလို့ ဒီလောက်တောင်ဝန်လေးနေရတာတုန်း။
ခေါင်းဆောင်ကြီးတို့  ဝေးဝေးမကြည့်ပါနဲ့ ၊အိမ်နီးချင်းနိုင်ငံ တွေနဲ့ တောင်လူနေမှု့ အဆင့်အတန်းဒီလောက်တောင်ကွာပာနေတော့ ပြည်သူတွေလည်း မြင်တွေ့ နေတော့ပြောကြ၊ ညည်းကြမှာပေါ့။ ခေါင်းဆောင်ကြီးတို့ က နိုင်ငံမှာ တာဝန်အရှိဆုံးနေရာကို ယူထားတဲ့သူတွေ ပဲ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုတာပေါ့။ တကယ်လို့ လတ်တလော ဖြေရှင်းမပေးနိုင်ရင်တောင် ဒါကဘယ်လို ရှိတယ်၊ ဘာဖြစ်လို့ ဒီလိုလုပ်ရတယ်၊ ဘယ်တော့လောက်ဆိုရင် ပြေလည်အောင်ဖြေရှင်းပေးနိုင်ပါပြီ၊ အစရှိသဖြင့် အုပ်ချုပ်ခံလူတန်းစားတွေကို ပြောပြရှင်းလင်းမသင့်ဘူလား။ တခုခုလုပ်ပြီး မှ အေး.. ဒါကြောင့်လုပ်တာကွာ မကြိုက်လဲမတတ်နိုင်ဘူး.. ဆိုတာကြီးက လက်ရှိ တိုးတက်ပြောင်းလဲနေတဲ့ လူ့ ဘောင်အသိုင်းအဝိုင်းမှာ ကလေးဆိုးလုပ်ရပ်ကြီးဗျာ။ ခေါင်းဆောင်ကြီးတို့ လည်း တတ်သိလိမ္မာသင့်တဲ့အရွယ်ကို ကျော်တောင်နေပြီဆိုတော့...။
ခုလို လုပ်ရပ်တွေ ကျူးကျူးလွန်လွန်လုပ်ပြီး ဒဏ်ရာတွေအနာတရတွေ ကို ၈၈ မမီလိုက်တဲ့ မျိုးဆက်သစ်တွေကို ရော၊ မျိုးဆက်ပောာင်းတွေကိုရော တူးဖော်မိတ်ဆက်ပေးလိုက်တာပာာ မိုက်တာလို့ ပဲ ဝေဖန်ပါရစေ။ ခုလိုမိုက်ရူးရဲလုပ်ပြီးတဲ့တိုင်အောင် သကောင့်သား ဗိုလ်ငယ်လေးတွေက ကတုံးသင်္ကန်းပတ်တွေဆိုပြီး သွေးဆာသလို လက်ရုံးလက်မောင်းတန်းပြီး မာန်ဖီကောင်းတုန်းရှိသေးတယ်။ အချိန်တန်ရင် မာန်လျော့ပြီး လူလိုကျင့်ရတာဘဲ။ မကျင့်ချင်တောင်မှကိုယ့်ထက်ဆိုးတဲ့ ကောင်က ကတုံးပေါ်ထိပ်ကွက် လုပ်သွားတာ မင်းတို့ မျက်စိရှေ့ တင်ပဲ။ (ဗိုလ်ခင်ညွန့် သာကြည့်)။ မပြောမိသင့်တဲ့စကား မလုပ်မိသင့်တဲ့အလုပ်တွေကို သခင်အားရမလုပ်မိဖို့ ဒီသကောင့်သားတွေကို ဘယ်သူများဆုံးမလဲလို့ ။ မင်းခယောက်ျား ကမ်းနားသစ်ပင်တဲ့၊ အခုလို မင်းတရားရူးနေတဲ့ မင်းနဲ့ ဆိုရင် ပိုလို့ သတိတရားရှိသင့်တယ်ဆိုတာ ကိုယ့်ဘာသာ ဆင်ခြင်တရားရှိကောင်းပါတယ်.. ငါ့ညီတို့ ။ စေတနာမှန်ရင် အချိန်တန်ရင် ရုပ်လုံးပေါ်စမြဲပဲ။ အချိန်လွန်လို့ ရုပ်လုံးမပေါ်နိုင်တဲ့စေတနာကို မှန်မှားဝေခွဲနိုင်ပါစေလို့ သာ....
အပ်နဲ့ ထွင်းပြီး လုပ်ရမဲ့ အလုပ်တစ်ခု ဗုံးခွဲပြီးမှ လုပ်တာ.. ယနေ့ နိုင်ငံတော်အစိုးရရဲ့ လက်စွဲဆောင်ပုဒ်လားတော့မပြောတတ်ဘူး။
Tuesday, October 9, 2007
လူလိုကျင့်
စာရေးသူ -
မင်းလူယောင်
ရေးချိန် -
4:38 PM
0
မှတ်ချက် -
စာအမျိုးအစား -
ပြန်ကြား ချက်
Monday, October 8, 2007
မြန်မာ ပြည်ဖွားတွေရဲ့ တာဝန်နဲ့ ဝတ္တရား
မြန်မာနိုင်ငံတွင်းမှာ နေစဉ်တုန်းက ကိုယ့်အိမ်ဘေးဘာဖြစ်နေသလဲဆိုတာ က လွဲလို့ လူတွေဘယ်လို စားဝတ်နေရေးကျပ်တည်းသလဲ၊ ဘယ်လိုလူနေမှု့ ဒုက္ခတွေရောက်နေလဲဆိုတာ မသိဖာသာ နေမိတာကများပါတယ်။ စစ်အစိုးရ ရဲ့ သတင်းအမှောင်ချထားတာတွေ၊ လှည့်စားတဲ့သတင်းတွေ ထုတ်လွှင့်မှု့ တွေ စတာတွေနဲ့ လွတ်လပ်တဲ့ ပြောဆို ရေးသားခွင့်မရှိတာကြောင့် ဤကဲ့သို့ ကိုယ်နဲ့ မဆိုင်သလိုနေမိကြတာတွေပါ။ အဲ့ဒါ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ် က လူငယ်လူရွယ်ဖြစ်တဲ့ ကျွန်တော် ကြုံတွေ့ ခဲ့တာပါ။
ဒီနေ့ အခြေအနေ က အရင်အခြေအနေနဲ့ ဘာမှမဆိုင်တော့ပါဘူး။ သတင်းအချက်အလက် တွေကို အင်တာနက်စာမျက်နှာ၊ စတက်လိုက် စလောင်း နဲ့ အင်တာနက်မေး တွေ အလွယ်တကူ ကြည့်မြင်ဖတ်ရှု့ နေရလို့ အစိုးရရဲ့ ဝါဒဖြန့် သတင်းတို့ ၊ လုပ်ကြံသတင်းတို့ ရုပ်မြင်သံကြား၊ သတင်းစာတွေပေါ်မှာ ဘယ်လောက်ရေးရေး ဘယ်တော့မှ အောင်မြင်တော့မှာမပာုတ်သလို လူငယ်လူရွယ်တွေလည်း မသိလိုက်မသိဘာသာ မနေနိုင်ကြတော့ဘယ် မျက်စိပွင့်ပြီး သိနည်းလည်လာတာ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ခန့် မြန်မာနိုင်ငံကလူငယ်အခြေအနေနဲ့ ဒီနေ့ လူငယ်တွေရဲ့ အသိပညာအခြေအနေ ကွာခြားမှု့ ပါ။
သာမန်ပြည်သူတစ်ဦးက လက်ရှိအစိုးရ လုပ်ကိုင်နေတာတွေကို မကျေနပ်တာ သမာရိုးကျကိစ္စတစ်ခုပါ။သမာရိုးကျမပာုတ်တော့တာကတော့ လက်ရှိပြည်သူ အဓိကအားဖြင့် လူငယ်တွေရဲ့ အခွင့်သာမှု့ က မိမိတို့ ဆန္ဒကို ထုတ်ဖော်ပြသခွင့်ကို တနည်းမပာုတ်တနည်း တင်ပြဖော်ထုတ်ခွင့်ရလာတာ ပါပဲ။
ဒီလို သတင်းနဲ့ မီဒီယာတိုးတက်မှု့ တွေရှိလာပြီးမျက်စိပွင့်တာကြောင့် စစ်အစိုးရလုပ်ရပ်တွေက နိုင်ငံတွင်းရော၊ နိုင်ငံပြင်ပရော သူတို့ ဘာသာ မရှက်လို့ လိမ်တဲ့ အောက်တန်းစားလုပ်ရပ်တွေအနေနဲ့ ပဲ သံသယကင်းစွာမှတ်ယူကြပါတယ်။ ဥပမာအားဖြင့် ထောက်ပြရရင် - ဆန္ဒခံယူ ပွဲ ဆိုတာလည်း အတင်းအဓ္ဓမ လူ့ အခွင့်အရေးချိုးဖောက်မှု့ ကို မျက်နှာပြောင်ပြောင်နဲ့ ထပ်လုပ်တာ တခုပါပဲဆိုတာ။ အကျင့်သိက္ခာနဲ့ သမာဓိ အတိုင်းအတာနေနဲ့ ကတော့ ပြည်ထောင်စုညီလာခံ ဆိုတာရော၊ ဖွဲ့ စည်းပုံမူကြမ်း ရေးဆွဲ တာတွေရော၊ ဆန္ဒခံယူတာတွေကပါ ဘာအဆင့်မှမရှိပါဘူးဆိုတာတွေပါ။ လုပ်ခိုင်းတဲ့လူတွေ ရဲ့ မိမိကိုယ်ကို ဘာလိုစိတ်ဓါတ်မျိုးနဲ့ လူလုပ်သလဲ တခါတလေမှ ကိုယ့်ဘာသာမေးခွန်းထုတ် ချင့်ချိန်မှု့ မျိုးတွေမလုပ်တတ်ဘူးလားလို့ ပြည်သူတွေ ခဏခဏ ပြောဆို ညည်းတွားနေတာ နိုင်ငံ့ခေါင်းဆိုပြီး မိမိကိုယ်ကို ကင်းပွန်းတပ် နေတဲ့ ပုဂ္ဂိုလ်တွေလည်း တွေ့ မြင်ဖတ်မှတ်လို့  သိကြမှာပါ။
အခုလို တိုးတက်ပြောင်းလဲလာတဲ့ သတင်းကျယ်ပြန့် မှု့ အတိုးအတာကို ဥပက္ခာလုပ်ပြီး သတင်းစာပေါ် ရေးချင်သလို ရေး တင်ချင်သလိုတင်တာတွေကြောင့် ပြည်သူတွေအဖို့ တချို့ ကိုတော့ ရယ်စရာကောင်းလိုက်တာ ၊ တချို့ ကိုတော့ အရှက်မရှိလိုက်တာ၊ တချို့ ကိုတော့ (အခုလက်ရှိ သတင်းစာကြောင့်) - ဟယ်.. ရိုင်းလိုက်တာ.. ဗုဒ္ဓဘာသာမပာုတ်ဘူးလားဆို တာတွေပြောနေကြပါပြီ။ မကြားချင်ယောင်ဆောင်လဲ ပိုထူးလိမ့်မယ်တော့မထင်ပါဘူး ခေါင်းဆောင်ကြီးအတွက်ပါ။
ဆိုတော့ မိမိတို့ လုပ်ရပ်ကို ပြန်ဖုံးဖိကာကွယ်ဖို့ ယခုလက်ရှိ အခြေအနေနဲ့ ဘယ်လို မှမဖြစ်နိုင်တော့ပါဘူး။ ယခင်က အသေးအမွှားဖြစ်ရိုးဖြစ်စဉ် အဂတိလိုက်စားတာတို့ ၊ အဓ္ဓမ လုပ်အားပေးတို့ ဆိုတာတွေကအစ အင်တာနက်ပေါ်မှာ သာမန်ပြည်သူတစ်ဦးရင်ဖွင့်နိုင်နေပါပြီ။ NLD တို့ လို နိုင်ငံရေးအဖွဲ့ အစည်းတွေနဲ့ ဘာမှမဆိုင် မပတ်သတ်တဲ့ လူတေ၊ွ သာမန်ကျောင်းသားတွေ၊ တောင် မြန်မာပြည်ဖွား လူတစ်ဦး ရဲ့ တာဝန်ဝတ္တရားအနေနဲ့ မိမိတို့ နဲ့ လက်လန်းမှီသမျှ သတင်းတွေ ခံစားချက်တွေကို အင်တာနက်စာမျက်နှာပေါ်မှာ ထင်ပြီးရင်ဖွင့်ကုန်ကြပါပြီ။
ပြောချင်တာက နိုင်ငံရဲ့ လိုအပ်ချက်တွေ၊ အဂတိလိုက်စားမှု့ တွေ၊ အစရှိတဲ့ ထောက်ပြချက်၊ ဝေဖန်ချက်တွေကို သာမန်ပြည်သူတွေကလုပ်နိုင်လုပ်လာကြလို့  အစိုးရက ပြောသလို ပြည်ပမီဒီယာတွေ သွေးထိုးလှုံ့ ဆော်မှု့ ဆိုတာတွေက ပြည်တွင်းက ပြည်သူတွေ ဆီကလာနေတာပါလို့ ။
လူကြီးမင်းတို့ ခေါင်းဆောင်ကြီးတို့ ပြောဆိုရေးသာနေကြသော ပြည်ပ မီဒီယာတွေကို နားမယောင်ကြဘို့ ဆို တာ ပြည်သူတွေကို ကိုယ့်သွေးကိုယ့်သား ကိုယ့်စကားကို နားမထောင်ခိုင်းသလို ဖြစ်နေတဲ့ အတွက် သတင်းစာပေါ်မှာ အကြိမ်မည်မျှ စာလုံးမည်းနဲ့ တင်နေပါစေ အောင်မြင်လိမ့်မည်မပာုတ်ကြောင်း …..မီဒီယာကို မီဒီယာနဲ့ တိုက်အုးံမှာလို့ ကြွေးကြော်နေတဲ့ ဆရာကြီးအတွက်။
စကားချပ် ။ ။ အက်တာနက်စာမျက်နှာပေါ်မှာ တွေ့ မြင်နေသော ရေးသားချက်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့် က ပြည်ပရောက်နိုင်ငံရေးသမားတွေ ရဲ့ အတွေးအာဘော် သက်သက်သာဖြစ်လိမ့်မယ်လို့ ယူဆနေရင် ခေါင်းဆောင်ကြီးတို့ ရူးချင်ယောင်ဆောင်တာ လွန်နေပြီလို့ ။
စာရေးသူ -
မင်းလူယောင်
ရေးချိန် -
10:22 AM
0
မှတ်ချက် -
စာအမျိုးအစား -
ပြန်ကြား ချက်
Tuesday, October 2, 2007
မောင်ညဏ်ဝင်းရဲ့ UN တွင်း ဓါတ်ပြား
အသရေမဲ့သော လူ့ တိရိစ္ဆန်တစ်ကောင် အရှက်မရှိသော ပြောတာတွေပါ... လက်ရှိပြည်တွင်းမှာ လူထုဆန္ဒပြပွဲများကို ကြမ်းတမ်းစွာကိုင်တွယ်ဖြေရှင်းမှု ပာာ အင်အားကြီးနိုင်ငံတွေရဲ့ ပရောဂဖြစ်တယ်ဆိုတာကို တောင်လိုလို မြောက်လို လို ပိာုမရောက်ဒီမရောက် နဲ့ လျှောက်ပြောသွားတာပါ တကယ်တော့။ ဘာလို့ ဆန္ဒပြသလဲ ဆီဈေးမြင့်လို့ ဘာကြောင့်ဆီဈေးမြှင့်ရသလဲ ဆိုတာကို ကိန်းဂဏန်းနဲ့ ထဲထဲဝင်ဝင်ရှင်းလိုက်ရင် ပောာပိာုကထိုင်နားထောင်နေတဲ့ ပုဂ္ဂိုလ်တွေ နားထောင်ရတာတန်ဦးမယ်။
သူပြောသွားတဲ့အထဲမှာ အဓိက က နအဖနဲ့ နိုင်ငံရေးအတိုက်အခံအုပ်စ၊ု ပြီး အားပေးနေတဲ့ နိုင်ငံကြီးအကြောင်း .. သူထင်တာတွေ ဆက်စပ်ပြီး ချနေတာ။
ခုပာာက မယ်မယ်ရရ ဖြေရှင်တာမျိုးမပာုတ် ခြုံငုံပြီး ဒီဓါတ်ပြားပောာင်းကြီးပဲ ဘာသာပြောင်းပြီးဖွင့်ပြနေတာ။ ကျုပ်လဲ အဟုတ်မှတ်လို့ လိုက်ရေးနေတာ အလကားအချိန်ကုန်တာပဲ (ပြည်ထောင်စု ညီလာခံ အတိုင်း)။
စာမေးပွဲဆိုရင်တော့ F ကို Minus နှစ်ထပ်ကွမ်းတောင် ပြခံရဦးမယ်။ ဗမာသိက္ခာကျတယ်ဗျာ တကယ်။
နောက်ဆုံးကြတော့ နိုင်ငံတကာက သူတို့ ကို နားလည်ပါတဲ့ .. ခင်များဗျာ အဲ့လိုစကားပြောပြီင်္းနားလည်ရမယ်ဆိုရင် UN အဆောက်အအုံ့ ထဲ ခင်များလို လူတွေပဲ ထိုင်နေမှာ.. အဲ ခုခေတ်တော့ပာုတ်ဘူး ကျောက်ခေတ်မှာပဲ ရမယ်..
သူတို့ ရဲ့ လမ်းစဉ် ၇ ချက်ဆိုတာလည်း နာမည်ပြောင်းပြီး လုပ်စားတာပါ။ ပထမအဆင့်က ၁၄ နှစ်ဆိုရင် နောက် ၆ ဆင့်က ၈၄ နှစ်ဗျ။ သူတို့ ထိပ်ပိုင်းအားလုံး သေပြီးချိန်ထိ ချိန်ထားတာနဲ့ တူတယ်။ ဒီလိုလေသံနဲ့ ဒီ လမ်းစဉ် အာပလာတွေနဲ့ ကျုပ်တို့ ပြည်သူတွေအားလုံး လူဖြစ်ရှူံးသထက် ရှူံးဦးမယ်။ ဘာတဲ့ ..နိုင်ငံတစ်ခုရဲ့ အနာဂတ်ပာာ အဲ့ဒီ့နိုင်ငံရဲ့ အစိုးရနဲ့ ပြည်သူပြည်သားတွေသာ ရွေးချယ်နိုင်တယ်ဆိုလား ... ဒီလိုသာမှန်နေရင် နင်တို့ တစ်တွေ ကြိုးစဉ်ပေါ်မှာ တပျော်တပါးကြီး .. အောက်ကပြည်သူတွေက ဆိုင်းဝိုင်းနဲ့ ပွဲဈေးတန်းနဲ့ ရှယ်ပဲပော့။
စည်ကမ်းမဲ့ တိုင်းပြည်ကို ကိုယ်ပိုင်လုပ်စားလို့ ဒီလောက်မွဲနေတာကို ဒီလူတွေပဲ စည်ကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာ တည်ထောင်ဦးမှာဆိုတော့ .. သြော်..အဲ့လိုကိုး.. ကျွန်တော်ပြောလိုက်ပါ့မယ်..
မျောက်ပြပြီး ဆန်တောင်:တဲ့ ကောင်တွေ ..........ေ-ာက်ရှက်မရှိတာ ခက်တယ်...
ပုဂ္ဂိုလ်ရေးထိခိုက်တယ်ပြောပြော ဒီဥပဓိရုပ်နဲ့ တော့ ဘာကိုမှယုံလို့ မရတာ .. အဟုတ်“နိုင်ငံခြားရေးဝန်ကြီး ဦးညဏ်ဝင်း က မြန်မာနိုင်ငံဟာ လက်ရှိ ခေတ်သစ် စီးပွားရေး နိုင်ငံရေး ကိုလိုနီစနစ်ရဲ့ ဖိအားပေးမှု့ ကိုခံနေရတယ်လို့ ဆိုပါတယ်။ သူက ပြီးခဲ့တဲ့နှစ်အချို့ ပာာဆိုရင် လွန်စွာ အကျည်းတန်ပါတယ်လို့ ပြောခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့ မှု့ တွေ၊ သတင်းမှားလွှင့်မှု့ တွေနဲ့ တိုက်ရိုက်ကြားဝင်စွက်ဖက်မှုတွေပာာ ခေတ်သစ် ကိုလိုနီစနစ်လို့  ဆက်လက်ပြောကြားပါတယ်။မီဒီယာအဖွဲ့ အစည်းတွေနဲ့  လွှဲမှားတဲ့ အကြောင်းအရာတွေထုတ်လွှင့်ပြီး ပစ်မှတ်ထားတဲ့ နိုင်ငံငယ်တွေရဲ့ လူ့ အခွင့်ရေးကို ဒီမိုကရေစီ တိုက်ပွဲအမည်ခံပြီး ထိပါးနေတဲ့ အကြောင်း။ဒုတိယအနေနဲ့ စီးပွားရေးပိတ်ဆို့ မှု့ တွေပာာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှု့ ကို နှေးစေပြီး လူသားဆင်းရဲမှု့ ကိုဖြစ် ကြောင်း။တတိယကတော့ နိုင်ငံရေးအရရော၊ ငွေကြေးအရရော၊ အခြားသုံးပစ္စည်းတွေနဲ့ ပါ ထောက်ပံ့ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်စေကာ..နောက်ဆုံးကတော့ နိုင်ငံတကာကို အန္တရာယ်ပေးနိုင်တယ်ဆိုပြီး ဝင်ရောက်ကျူးကျော်တယ်လို့ သူကဆိုပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် မငြိမ်မသက်မှု့ တွေ ထုတ်မပြောတဲ့ ဒုက္ခတွေ နိုင်ငံသားတွေခံစားနေရတာကို လက်ရှိအခြေအနေက သက်သေပြနေတယ်လို့ ပြောကြားသွားပါတယ်။နိုင်ငံတစ်ခုရဲ့ အနာဂတ်ပာာ အဲ့ဒီ့နိုင်ငံရဲ့ အစိုးရနဲ့ ပြည်သူပြည်သားတွေသာ ရွေးချယ်နိုင်ကြောင်း။ ပြည်ပက ဝင်ရောက်လုပ်ဆောင်လို့ မရ ကြောင်း။ စက်သုံးဆီဈေးမြင့်တက်မှု့ ပေါ်အခြေခံပြီး အစောပိုင်းထကြွမှု့ တွေဟာ နိုင်ငံရေးအခွင့်ရေးယူလိုသူများရဲ့ အင်အားကြီးနိုင်ငံများအကူအညီဖြင့် ပေါ်ပေါက်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှု့ ဖြစ် ကြောင်း။ ပြည်တွင်းနဲ့ ပြည်ပမှ ထကြွမှု့ တွေကို အရှိန်ပာုန်မြင့် ဆောင်ရွက်မှသာ သူတို့ လိုချင်သော ဆိုးဝါးတဲ့ အခြေအနေကို ရောက်ရှိမှာ ဖြစ်တဲ့အတွက် ဤကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုအခြင်းအရာများကိုလည်း ထင်ရှားစွာတွေ့ မြင်ပြီးဖြစ် ကြောင်း။ သူတို့  နိုင်ငံရေးအခွင့်ရေးယူလိုသူတွေပာာ ပိုမို ရဲဝံ့စွာဆောင်ရွက်လာပြီး လက်ရှိအစိုးရအားအတိုက်အခံလုပ်နိုင်တဲ့ အခြေအနေထိတိုးမြင့်လာ ကြောင်း ပြောကြားပြီး၊ နိုင်ငံတကာအနေနှင့်လည်း မည်မျှဆိုးရွားလာမည်ကို ထည့်မတွက်ဘဲ မီးထဲဆီလောင်းသလို ဖြစ်လာလိမ့်မည်လို့ ပြောပြီး အကောင်းဆုံးအကူညီကတော့ နားလည်မှု့ ပြကြပါလို့ ဆို ပါတယ်။ မြန်မာပြည်ပာာ ပုံမှန်အခြေအနေကို ရောက်ရှိပါပြီလို့ သူကထပ်လောင်းပြောဆိုသွားပါတယ်။”
စာရေးသူ -
မင်းလူယောင်
ရေးချိန် -
12:04 PM
စာအမျိုးအစား -
ပြန်ကြား ချက်
Friday, September 21, 2007
သာကီနွယ်ရဲ့  အာဘော်ကို မြန်မာ့အလင်းက ဖော်ကောင်လုပ်
ကိုသာကီနွယ် ရဲ့  ၁၉-၉-၀၇ နေ့ ရေးသားချက် က ဒီလိုပါ။ ရန်ကုန်၊မန္တလေး၊ ပြည်၊ ညောင်တုန်း၊ပဲခူး နှင့် ကြို့ပင်ကောက်၊ ရွှေတောင် မြို့များတွင် သံဃာများမှ အန္တ ရာယ်ကင်း မေတ္တာသုတ် များရွတ်ဖတ်ခြင်း။ နိုင်ငံအနှံ ဘုန်းတော်ကြီးတွေ မေတ္တာပို့ ဆန္ဒပြ လမ်းလျှောက် ကြတာကို သာကီနွယ် က ဒီလို ဝါဒဖြန့် တာပါ။ တက်ညီလက်ညီနဲ့ သံဃာနှင့် ပြည်သူပူးပေါင်းပြီး ၀ါတွင်းကာလမှာ အန္တ ရာယ်ကင်း ပရိတ်များ ရွတ်ဖတ်ခြင်း ဆိုပြီး ဖော်ညွှန်းထားသလို ဒီလိုလေးလဲ တိုက်ခိုက်ထားပါတယ်။ သံဃာများ ယခုလို့ မေတ္တာ ပို့သခြင်းများအား ရေသာခို အချောင်လိုက် ၊ ဖျာစုတ် (၁)ချပ် ရင်မှာ ပိုက်ပြီး ၊ နေရာ လေးများ ရမလားဆိုပြီး လိုက်ခင်းရန် စောင့်နေသော နိုင်ငံရေး ကြောင်တောင်နှိုက်များအား မပါရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။ ကိုသာကီနွယ် ရဲ့ နိဂုံးလေးပါ။ တနေ့ ထဲမှာပဲ မြန့် မာ့အလင်းက ခေါင်းကြီးနဲ့  သံဃာတုတွေကြောင့်၊ ပြည်ပ သွေထိုးလှုံဆော်လို့ သံဃာတွေ ဆန္ဒပြလမ်းလျှောက်ကြတယ် လို့  ၁၉-၉-၀၇ ရက်နေ့ မှာရေးသားဖော်ပြထားပါတယ်။ သံဃာတော်တွေလမ်းလျှောက် ဆန္ဒပြခြင်းဖြစ်ကြောင်း မြန့် မာ့အလင်းက သက်သေပြုလိုက်တော့ ကိုသာကီနွယ်ရေးတဲ့ အန္တ ရာယ်ကင်း မေတ္တာသုတ် များရွတ်ဖတ်ခြင်း ဆိုတာလေးက ရန်းဖြီးဖြစ်နေတာ စိတ်မကောင်းစွာနဲ့ ကောက်ချက်ချမိပါတယ်။ ဒါမဟုတ် မြန့် မာ့အလင်းက ဖြီးဖြစ်နေတာလဲ ဟုတ်မှာပေါ့။ ခင်ဗျားဘက်က ကူပြောပေးတာနော်။ ပြည်မြို့ က ရာဇ၀င် နဲ့ ပါ သံဃာ နဲ့ ကုလား ပဋိပက္ခ ဖြစ်ပွားတဲ့ ရာဇ၀င် ရှိခဲ့ဘူးတော့ အခုလို သံဃာများက ၀တ်ရွတ်လှည့်လည် သွားခြင်းကြောင့် အတိုင်းအတာ တစ်ခုထိတော့ ငြိမ်သွားမှာပါ။ ကိုသာကီနွယ် ခင်ဗျားရဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ပြောနေတဲ့ ငြိမ်းချမ်းပြီးခေတ်မီဖွံ့ ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ဒီလိုလူမျိုးရေးကွဲခြားတဲ့ ဘာသာရေးစော်ကားတဲ့ စကားလုံးတွေနဲ့ အထောက်အကူပြုစေမလဲ??? အရင်ကဖြစ်ဖူးခဲ့တာကို ချီးခြောက်ရေနူးပြီး အာပူလျှာလွှဲ ကြိုးစားပုံလေးက ခင်ဗျားရေးသားထားတဲ့ နိုင်ငံရေး ကြောင်တောင်နှိုက်များ ဆိုတာကို မီးမောင်းထိုးသလို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရလို့ ကျေးဇူးတော့တင်သဗျာ။ခင်ဗျားဆက်ရေးထားတာလေး ဆက်ဖတ်လိုက်တော့ ကျန်မြို့ကြီးများတွင် လည်း အဆိုပါကဲ့သို့ ၀တ်ရွတ်ဖတ် ပါက ပိုမိုကောင်းမွန်ပါသည်။ကျန်ရှိနေသေးတဲ့ မြို့များကတော့ အများသိကြတဲ့အတိုင်း ပုသိမ်၊ မိတ္တီလာ၊ မော်လမြိုင် မြို့တော်တော်များများ ကျန်ရှိနေသေးကြောင်း၊ တစ်နိုင်ငံ အတိုင်းအတာ နဲ့ မြို့တိုင်းမှာ မေတ္တာသုတ်များ ရွတ်ဖတ်ခြင်းကြောင့် အကျိုးကျေးဇူးများမှာ နတ်များခြောက်လှန့်ခြင်းမှ ကင်းဝေးခြင်း၊၊မကောင်း သောအိမ်မက်များ မြင်မတ်ခြင်းများမှ ကင်းဝေးခြင်း၊ ရန်ငြိုးရန်စများရှိသော ရှိက ပြေပျောက်ခြင်း စသော အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါသည်။ ငါ့လူတော့ တဆုံးကို ထည့်တာပဲဗျို့ ။ ခက်တာက တလွှဲဆံပင်ကောင်းဖြစ်နေတော့ အားပေးရာရောက်နေတယ်။ ခင်ဗျားအဖေတွေတော့ ခင်ဗျားကို ကြိမ်းမှာတော့ မြင်ယောင်သေး။ လက်လေးနောက်ပြစ်ပြီး ခေါင်းလေးငုံကာ ကိုယ့်ထက်စာမတတ်သူတွေ ဟောက်စားငေါက်စားကို ဟုတ်ကဲ့ခင်ဗျ.. ဟုတ်ကဲ့ခင်ဗျ.. လို့ ပြောပေဦးပေါ့ဗျာ။ ခင်ဗျားအတွက် အပန်းကြီးမယ်မထင်ပါဘူး။ စကားမဆက် ယဉ်တိုက်မှု့ များတဲ့ ရန်ကုန်- မန္တလေး လမ်း မှာ သံဃာတို့ ရွတ်ဖတ်သင့်တယ် ခင်ဗျားဆိုလို့ ယဉ်တိုက်မှု့ အကြောင်းလေးအတွက် ဗဟုသတလေး စာဖတ်သူအတွက်ပါ။ မန္တလေးမှာ အလုပ်လုပ် တဲ့ မီးပွိုင့် (၃) ခုရှိပါတယ်။ ဟုတ်ကဲ့ ဖွံ့ ဖြိုးတိုးတက်သော ယနေ့ မြန်မာနိုင်ငံရဲ့ ဒုတိယ မြို့ တော်မှာ မီးပွိုင့် (၃) ခုရှိပါတယ်။ (၃) ခုလုံး ၆၂ လမ်း၊ ကျုံးဘေးလမ်းပေါ်မှာ ခင်ဗျာ။ မီးပွိုင့်က မီးသီးတွေက ဟောင်းလွန်းတဲ့အတွက် ဝါ၊ စိမ်း၊ နီ ဘယ်ဟာပြနေမှန်း ကိုမသိတာပါ။ ကျုပ်လဲ ဘာလုပ်ရမှန်းမသိတော့ အားကိုးတကြီး ယှဉ်ထိန်းရဲ ရှိရာကို ကြည့်မိတော့။ သကောင့်သား တိုင်းပြည်ဝန်ထမ်းကြီးက သူ့ ယူနီဖောင်းတောင် ယှဉ်ထိန်းရုံလေးရဲ့ သံတိုင်မှာ ချိတ်ပြီး ပက်လက်ကုလားထိုင်ပေါ် နှပ်နေလေရဲ့ ။ သြော်ယဉ်တိုက်မှု့ များတာများ ပြောမနေပါနဲ့ ဗျာ။ ရန်ကုန်- မန္တလေး လမ်းတင်မကဘူး တမြို့ လုံးပါပဲ။ ယှဉ်ထိန်းရဲ ဆိုတာက မီးပွိုင့်မရှိတဲ့ လမ်းဆုံမှာ ရှာနေရတဲ့အဖြစ်။ မန္တလေးသားတွေက လမ်းရှင်းရဲ ဆိုပြီး နာမည်အသစ်တောင်ပေးထားတယ်။ VIP လာမှ ထရှင်းလို့ တဲ့။ ဒါနဲ့  ကျုပ်ဘယ်နေမလဲ ရောက်တုန်း တခုခုတော့လုပ်ချေရဲ့ ဆိုပြီး မကင်းရာမကင်းကြောင်းရှိတဲ့ မန္ကလေးကစည်ပင်သာရာရုံးကို သွားရော။ အပေါက်ဝမရောက်ခင်ပဲ လှည့်ပြန်ခဲ့တယ်။ဘာဖြစ်လို့ လဲဆိုတော့ မြို့ တော်သန့် ရှင်းသာယာလှပရေး အတွက် တာဝန်ယူဆောင်ရွက်နေသော မြို့ ကျက်သရေဆောင်၊ အဆောက်အအုံကြီးက ဆေးကကွာ၊ ကွက်တိကွက်ကြားနဲ့ ဝင်းထဲမှာ မြက်ရိုင်းထပြီး၊ ရေတွေအိုင်နေလေတော့ အော်ငါ့နဲ့ အချိန်းဖြုန်းရန်ကော ဆိုပြီး လှည့်ပြန်ခဲ့ရတယ်။ လမ်းမပြောဘာနဲ့ နေနေတဲ့ အဆောက်အအုံတောင် အရောင်ထွက်အောင် မလုပ်ကြဘူး။ ကဲ ကိုသာကီနွယ်ရေ ဘုန်းဘုန်းတို့ ကို မန္တလေးမှာ အန္တရာယ်ကင်းအောင် ခပ်စိပ်စိပ်လေးလုပ်ဖို့ တိုက်တွန်းပါဗျာ။ စာလာဖတ် ပရိတ်သတ်မှာလဲ ဒီလိုအဖြစ်အပျက်ကြုံမှာမလွှဲပါဘူး။ ဝေမျှပေးဖို့ မေတ္တာရပ်ခံပါတယ်။
စာရေးသူ -
မင်းလူယောင်
ရေးချိန် -
3:43 PM
0
မှတ်ချက် -
စာအမျိုးအစား -
ပြန်ကြား ချက်
သံဃာ့တရားနဲ့  သံဃာအားစော်ကားရန် ကျိုးကြောင်းမလျှော်ပါ ၂၁ စက်တင်ဘာလ ၂၀၀၇
မဟာအတုလ ဆရာတော်ဘုရား ဆုံးမစာ အလောင်းဘုရားအား (သာကီနွယ် ဘလောက်၊ ၂၀-၉-၂၀၀၇) သာသနာပြု မင်းအမတ်တို့ မည်သည် ပညာရှိသည့် လယ်လုပ်ယောင်္ကျား ကဲ့သို့ ကျင့်ရာ၏။ ပညာမဲ့ လယ်လုပ်ယောင်္ကျားကဲ့သို့ မကျင့်ရာ။ ကျင့်ဟန်ကား စပါးပင်နှင့် ရော၍ ပေါက်ရောက်သော မြက်ကို စပါးအား ရှိစေခြင်းငှာ ပညာရှိ လယ်လုပ် ယောင်္ကျားတို့သည် နှုတ်၍ ပယ်ကုန်သတည်း။ ပယ်ခြင်းကြောင့် စပါးအားရှိ၍ အသီးကောင်းသတည်း။ အသီးကောင်းခြင်းကြောင့် စီးပွားအများ ဖြစ်သတည်း။ ပညာမဲ့ လယ်လုပ် ယောင်္ကျားတို့သည်ကား စပါးပင်နှင့် အသွင်အလားတူသည့် မြက်ကို ခြားနား၍ မသိ။ မသိခြင်းကြောင့် စပါးပင်ကို နှုတ်မည် ခန့်ညား၍ ပေါင်းမြက်ကို မပယ်ထား၏။ မပယ်ခြင်းကြောင့် စပါးပင် ညံ့၏။ အပင်ညံ့၍ အသီးနည်း၏။ အသီးနည်း၍ အရနည်း၏။ အရနည်း၍ မသုံးလောက်။ မသုံးလောက်၍ သူ့မြီတင်၏ ။ သူ့မြီမဆပ်နိုင်၍ သူ့ကျွန်ဖြစ်ရသကဲ့သို့ သာသနာပြု မင်းအမတ်တို့သည် သိက္ခာရှိသည် မရှိသည်။ သာသနာတော်၌ လျော်သည်။ မလျော်သည်ကို သိအောင် ဗဟုသုတမရှိ၍ သာသနာတော် အညစ်အကြေးကို မရှင်းလင်း နိုင်ပချေသော် ပညာမဲ့ လယ်လုပ်ယောင်္ကျား သူ့ကျွန် ဖြစ်ရသကဲ့သို့တည်း စသည်ဖြင့် မဟာအတုလ ဆရာတော်ဘုရားက လောကဓမ္မထုံးပေါင်းတွင် ဆုံးမတော်မူသည်။ ကျွန်တော် ဒီပာာကိုဖတ်ပြီး ခေတ္တခဏလောက် ကြောင်သွားတယ် ဒီလူဘာကိုဆို လိုချင်ဘာလိမ့်လို့ ။ လက်ရှိအခြေနေနဲ့ သံဃာတော်တို့ ဆန္ဒပြ ချီတက်ကြတာကို စဉ်စားရင် သူဆိုလိုတာက - သာသနာပြုမင်းဖြစ်တဲ့ နအဖ အစိုးရက သာသနာတိုးတက် ဖွံ့ ဖြိုးရန် (လင်္ကာအရ - စပါးထွက်တိုးစေရန်) မြက် ဟူသော သံဃာ (ဆန္ဒပြနေသော) ကို ရှင်းလင်း ပေါင်းသင်ရမည် - လို ဒီလို အဓိပ္ပါယ်ရပါတယ်။ ဓမ္မသတ်ကို ကိုးကားပြီး မတရားမှု့ ကိုကျုးလွန်မလို့ တဲ့။ မပာာအတုလ ဆရာတော်ဘုရားက အလောင်းမင်းတရားကို သံဃာကို ကိုယ်ထိလက်ရောက် ထိပါးဖို့  ဆိုလိုခြင်းမဖြစ်တန်ပါ။ ရဟန်းတု ရဟန်းယောင်လှုံ့ ဆော်လို့ ဆို ပြီး ရဟန်းမရွေး ရိုက်နှက်ဖမ်းဆီးကြဦးမှာပါလား။ နေ့စဉ်သတင်းစာမှာ နိဒါန်းပျိုးဝါဒဖြန့် ထားတာကိုထောက်ရင် အတိုင်းအတာတခုထိ စောင့်ရင်း ပြင်ဆင်နေသည်မှာ မလွှဲလောက်ပါ။ လက်ရှိကြားနေရတဲ့ စစ်သားတွေ၊ ရဲတွေ၊ စွမ်အားရှင်တွေကို ရဟန်းဝတ်နဲ့ ပြင်ဆင်နေတာမှန်ရင်တော့ ဒီအစိုးရဟာ ဘယ်တိုင်းပြည် ဘယ်ရာဇဝင် ဘယ်လူမျိုး မှမလုပ်ရက်၊ မလုပ်ရဲတဲ့ ကံမျိုးကို ချိုးမလို့ ပါလား။ အသက်ခုနှစ်ဆယ်ရောက် ဗုဒ္ဓဘာသာဝင် နိုင်ငံခေါင်းဆောင်ကြီး နောက်ဆုံးချိန်ကို ဘာလို ဘာဝနာစိတ်ထားပြီး ရင်ဆိုင်မလဲဆိုတာ တမိနစ်လောက်တွေးမကြည့်မိဘူး တဲ့လား။ လက်တွေ့ အကောင်ထည်ဖော်တဲ့ ဗိုလ်ကြီးတွေရော၊ တကယ်ကာယကံမြောက်ကျူးလွန်မဲ့ ဗမာလူမျိုးတွေရော မိမိတို့ ရဲ့ ကံကြီးထိုက်မှု့ ကို လိပ်ပြာသန့် သန့် နဲ့  ဘဝဘယ်လိုရှင်သန်နိုင်တော့မလဲ ဆိုတာ မစဉ်းစားကြတော့ဘူးလား။ ခင်ဗျားတို့တင်မက ခင်ဗျားတို့ရဲ့ နောက်မျိုးဆက်အထိပါ အကျိုးဆက်ကြီးကို ခံကြရလိမ့်မယ်ဆိုတာ တွေးကြည့်ပါဦး။ ခင်ဗျားတို့ချစ်တဲ့ ခင်ဗျားတို့ရဲ့ မိခင်၊ ဖခင်၊ ဘိုးဘွား၊ သားသ္မီး နဲ့  ဇနီး အစရှိသူတွေ ခင်ဗျားတို့ လုပ်ရပ်ကို နားလည်ခွင့်လွှတ်နိုင်ပါ့မလား။ ဘယ်သူမပြု၊ မိမိမှု့ တဲ့ ခိုင်းလို့ လုပ်ရသည်ပဲဖြစ်စေ၊ နီးရာဓါးကြောက်လို့ လုပ်ရသည်ပဲဖြစ်စေ အရင်ဆုံး နှဖူးဒူးတိုက်တွေ့ ရမှာ ခင်ဗျားတို့ အရင်ပါ။ တရားဥပဒေအရရော ကြမ္မာဝိပတ်နေနဲ့ ရော ရှေ့ တန်းတင် တန်ဆာခံ ကြရလိမ့်ဆို ဆင်ခြင်သတိရှိကြဖို့ ။
စာရေးသူ -
မင်းလူယောင်
ရေးချိန် -
3:22 PM
0
မှတ်ချက် -
စာအမျိုးအစား -
ပြန်ကြား ချက်



