Showing posts with label ဓါတ်ပုံမှတ်တမ်း. Show all posts
Showing posts with label ဓါတ်ပုံမှတ်တမ်း. Show all posts

Monday, October 29, 2007

သူတို့ အတွက်ဆရာဘေ့ကဗျာ

သိပ်အများကြီးမပြောလိုပါ။ အချုပ်တန်းဆရာဘေ ကဗျာကိုသာ ကျေးဇူးပြု၍ ပုံနဲ့ ယှဉ်ဖတ်ပါ။

မြန်မာတွေစည်းဖောက်၊ ထီးနန်းပျောက်ဖြစ်ပြီ
မှီးကွန်းထောက်အသစ်မှီတယ၊် ညစ်ပလီလူမျိုး။
မိပစ်လို့ ဖရှောင်သွေသည၊် ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး။
မြန်မာများကြွားချင၊် ဓားပြသွင်လူဆိုး။
ကုလားမြင်(တရုတ်) သူ့ အမေရိုးတော့မလို၊ ခုမြေလျှိုးပုန်းရှောင်။


မိုက်မနော်ပြုမဟေးတို့ ရယ်က၊ သူ့ ပထွေးတော့ ထွက်၍မဟောင်၊
ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊ စာဇင်တောင်ဒူးချလို့ ၊
ပလူုးရပြေးကြို့ အခါခါ၊ ခွေးသို့ ပမာ၊
တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါဆဲချင်ပေါ့လေး။




ဓါတ်ပုံကို ဒေါက်တာလွန်းဆွေ ဆီမှ ယူပါတယ်။

ဆက်လက်ဖတ်လိုပါက..

Monday, October 15, 2007

ဆန်ကုန်မြေလေးတစ်ကောင်ရဲ့ နောက်ဆုံးလမ်း

သာသနာဖျက်မိစ္ဆာတစ်ကောင်တော့ ငရဲလမ်းကို တန်းကနဲသွားလေပြီ။ ကျန်တဲ့ သာသနာဖျက် ရာဇဝတ်ကောင်တွေနားထဲမှာ သေမင်းရဲ့  ခေါင်းလောင်းထိုးသံညံနေမှာ သေချာပါတယ်။ မသေခင် ရခဲလှတဲ့ လူ့ ဘဝမှာ ဆင်ခြင်တုံတရားမဲ့စွာနဲ့ ပဲ လူမဆန်တဲ့လုပ်ရပ်တွေကို အထပ်ထပ်သာ လုပ်ခဲ့သူအဖို့ မည်ကဲ့သို့ ပင်ကြီးမားထည်ဝါလှတဲ့ ဈာပနအခမ်းအနားတွေလုပ်ပစေအုံး သွားရာလမ်းကတော့ ငရဲ ကိုတန်းကနဲနေမှာ သိသူ၊ ကြားသူ၊ မြင်သူ တို့ အားလုံးစိတ်တွင်းမှာတွေးနေမိမှာ။ ပြည်သူ၊ပြည်သားအားလုံး ပခုံးတင်ထမ်းနေရတဲ့ ဆန်ကုန်မြေလေး တစ်ကောင်ရဲ့ နောက်ဆုံးလမ်း အတွက်တော့ ဖြစ်နိုင်ရင် အိုးစည်ဗုံမောင်းနဲ့ မသာ ပို့ ပေးချင်ရဲ့ ။

ကျန်တဲ့ဆန်ကုန်မြေလေးတွေဖြစ်တဲ့ မိစ္ဆာကောင် သန်းရွှေတို့ မောင်အေးတို့ ရွှေမန်းတို့ ဒီအသုဘကြောင့် တရားသဘောလေးများ အရိပ်အမွက်လောက်တွေးခေါက်မိရင် သေသွားတဲ့လူအဖို့ လူ့ အနတ္တ၊ လူ့ ဗလာအနေနဲ့ သေရကျိုးနပ်ပေလိမ့်အုံးမယ်။

ရာဇဝင်မှာ ပြန်ပြင်လို့ မရတော့တဲ့ နာမည်ဆိုးကြီးနဲ့ ထာဝရ သွားပေဦးတော့ စစ်ဗိုလ် အာဏာကြောင်ရေ............

သမိုင်းဝင်နိုင်ငံကျော် သူခိုး ရာဇဝတ်ကောင်

ဆက်လက်ဖတ်လိုပါက..

Monday, October 1, 2007

LONDON မြို့ ဆုတောင်းပွဲ 30-09-2007

LONDON မြို့ ၌ ကျဆုံးသွားလေသော အာဇာနည် ရဟန်း နှင့်တကွ ယောက်ျား အာဇာနည်၊ မိန်းမအာဇာနည် တို့ အတွက် ဝတ်ပြုဆုတောင်းပွဲ ကို မြို့ အထင်ကရ Trafalgar Square မှ စတင် စီတန်း လှည့်လည်ကာ Battersea Park တွင်အပြီးသတ်ဝတ်ပြုဆုတောင်းရင်း ဆန္ဒထုတ်ဖော်ပြသကြပါတယ်၊ မြန်မာရဟန်းရဟန်းတော်များအပြင် လူမျိုးခြား ဗုဒ္ဓဘာသာ ရဟန်းတော် အတော်များများ ပါဝင် ပူပေါင်း ချီးမြှင့် ကြသည်ကိုလည်း ဖူးမြင်ခဲ့ရပါတယ်။ ပြည်သူပရိသတ်တွင်လည်း လူမျိုးခြား များ လူငယ် လူကြီး မရွှေးသည့်အပြင် မိသားစုအလိုက်ပင် ပါဝင်ဆင်နွဲ ခဲ့သည်ကို တွေ့ မြင်ခဲ့ရပါတယ်။


ဆက်လက်ဖတ်လိုပါက..

ရဟန်းတစ်ပါး ကို သတ်၍ စွန့် ထားပုံ

ရဟန်းသံဃာတော်ကို သတ်ဖြတ်တဲ့ ကာယကံအပြင် ဤကဲ့သို့ စွန့် ပစ်ခဲ့သည် မှာ မြင်ရသူအဖို့ လုပ်ရက်သည့် စိတ်ဓါတ်မျိုးအား လွန်စွာ စက်ဆုပ်မုန်းတီးသည့်အပြင် သံဃာဂိုဏ်းသင့်ပြီး ကံကြီးထိုက်မှု့ အတွက် များစွာ ကြောက်ရွံ့ တုန်လှုပ်မိပါသည်။

သံဃဂုဏေါ အနန္တော အရှင်ဘုရားတို့ ရဲ့ ကျေးဇူးတရားက တပည့်တော်တို့ မြန်မာနိုင်ငံဖွား ပြည်သူ့ပြည်သားတွေအတွက် ဆပ်မကုန်အောင်ကြီးမားလှပါတယ် ဘုရား။

ဆက်လက်ဖတ်လိုပါက..

စကားပြောသောဓါတ်ပုံတွေ

ဆက်လက်ဖတ်လိုပါက..

Friday, September 28, 2007

ဂျပန် သတင်းထောက်အား အနီးကပ်ပစ်သတ်ကြောင်း

Kenji Nagai, 50, Tokyo,
ဂျပန် သတင်းထောက်အား အနီးကပ်ပစ်သတ်ကြောင်း နိုင်ငံတကာ သတင်းတွင် အစဉ်မပြတ်ဖော်ပြလျှက်ရှိပြီး။ ဂျပန် သံရုံးမှ သေဆုံးမှု့ နဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းမှု့ များဆက်လက်ပြုလုပ်မယ်လို့ ပြောကြားပါတယ်။ အသက်ခံရပုံ မှာ အနီးကပ် ပစ်ခတ်မှု့ ကြောင့် နှလုံးကို ထိမှန်သေဆုံးကြောင်း ဆရာဝန်အတည်ပြုကြောင်းသိရပါတယ်။ သေဆုံးသူမှာ လဲကျသိတိုင် မိမိ ဂျာနယ်လစ်ဖြစ်ကြောင်း လက်ကာပြ ကင်မရာကိုထောင်ပြခြင်းဖြင့် သိလိုစေသောပုံရှိကြောင်း အမှတ်တမဲ့ ရိုက်ကူးမိသော ပြကွက်တွင် ကြည့်ရှု့ ရပါတယ်။ အပြီးသတ် သေစေလိုသောကြောင့် ကပ်၍ပစ်ကြောင်းမှာ ထင်းရှားလွန်းလှပါ တယ်။ မြန်မာ့အသံတွင် visit visa ဖြစ်လာရောက်ပြီး မှတ်တမ်းတင် ရိုက်ကူးနေကြောင်း အကြောင်းပြထုတ်လွှင့် ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းပြချက်ပာာ နိုင်ငံတကာအားဘယ်လို မှ ဖြေသိမ့်နိုင်လိမ့်မည်မဟုတ်ပာု BBC နဲ့ CNN မှပြောခဲ့ပါတယ်။ အစိုးရအနေဖြင့် ဂျပန်အစိုးရမှ ဖိအားပိုမို ရရှိဖွယ်ဖြစ်ပါလို့ လဲ ဆိုပါတယ်။ ဂျပန်ဟာ ယနေ့ မြန်မာနိုင်ငံအား ထိထိရောက်ကူညီနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကြည့်ရှု့ ရန် - http://www.fileden.com/files/2006/12/14/510728/jpjorlst.wmv http://www.nhk.or.jp/daily/english/

ဆက်လက်ဖတ်လိုပါက..

Thursday, September 27, 2007

ခွေးကိုက်တာ နာသဟေ့ မင်းတို့ စစ်ခွေးတွေ တသက်မမေ့ဘူး

မင်းရိုက်နေတာ ဗမာလူမျိုး .. မင်အဖေလဲ တို့ ဒီလိုအသားရေနဲ့ ဒီစကားပဲပြောတယ် မင်းတို့ ထမင်းရှင်ဟ … ခွေးမျိုးတွေ… အာဏာရူးကို ကိုးကွယ်နေတဲ့ ဦးနောက်မရှိတဲ့ ခွေး ဓါတ်ပုံကို ကိုနစ်နေမန်း ထံမှရရှိပါသည်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နအဖ ကိုးကွယ်တဲ့ ဘာသာ - တရုတ် နအဖ ပထွေး - တရုတ် ကြိုးမိန့်  ထိုက်တန်သော စစ်ခွေး တစ်ကောင် - အောင်ကျော်ဇော ဒု (စရိုက်) ဗိုလ်ကြီး

ဆက်လက်ဖတ်လိုပါက..

စစ်ဖိနပ် နဲ့ ကျောင်းပေါ်တက် စစ်ဖိနပ်နဲ့ ကန် စစ်ဖိနပ်နဲ့ ဘုရားခန်းကို ဝင် -- ဆရာတော်ကိုရိုက် - ဦးပဇ္ဇင်းကိုလည်းရိုက် -

စွမ်းအားရှင်တွေ အသရေမဲ့တဲ့ လူ့ အနတ္တတွေ ဘုန်းကြီးကို တုတ်နဲ့ ရိုက်သတဲ့ … သွေးကွက်တွေသာကြည့်

ဆက်လက်ဖတ်လိုပါက..

သာသနာပြု စစ်တပ် ?? သန်းရွှေ မင်း ဘဝကူးကောင်းဦးမယ်

ဆက်လက်ဖတ်လိုပါက..

Wednesday, September 26, 2007

၂၆ ရက်နေ့ လုပ်ရှားမှု့ ဓါတ်ပုံအချို့ 

ဗုံလုံတလှည့် ငါးပျံတလှည့်ပေါ့၊ ငါ့အလှည့်ရောက်က အောင်သေအောင်သားမန်ဝံ့စား လို့ ခုနစ်ဆွေ ခုနစ်မျိုးတုံးအောင်ဖြုတ်မယ်

နောက်တနေ့ လဲ ဒီနေ့ လိုပဲ သတ္တိပြကြ ၊ မတရားမှု့ ကိုတွန်းလှန်ကြ ဇွဲရှိမှ ရလဒ်ကောင်းမယ်၊ ရလဒ်ကောင်းမှ အနာဂတ်ရှိမယ်။ စစ်အစိုးရအောက် ဘယ်လောက်ဘဝ အောက်ကျလည်း ခင်ဗျားတို့ ကျွန်တော်တို့ အသိဆုံးပဲ။ ပြည်သုတွေပူးပေါင်းကြပါ။

BBC 24 NEWS မှဓါတ်ပုံများ

ဆက်လက်ဖတ်လိုပါက..

ဘုရားသားတော်တပါး ပျံလွန်တော်မှု


ဗုံလုံတလှည့် ငါးပျံတလှည့်ပေါ့ ငါ့အလှည့်ရောက်က အောင်သေအောင်သားမန်ဝံ့စား လို့ ခုနစ်ဆွေ ခုနစ်မျိုးတုံးအောင်ဖြုတ်မယ်


ဓါတ်ပုံအား May Nyane မှ ကူးယူ ရရှိပါသည်။ May Nyane အားကျေးဇူးတင်ပါသည်။http://maynyane.blogspot.com/

ဆက်လက်ဖတ်လိုပါက..

အာဏာကျူးတွေ လက်ရူးပါ့ကွာ

ကိုနစ်နေမန်း (http://niknayman.blogspot.com) ထံမှရရှိပါသည်

သံဃာသွေးမြေကျသလိုမင်းတို့ ဒီဘဝတင် မင်းတို့  ငရဲကျစေရမယ်

ဓါတ်ပုံကို http://www.soneseayar.blogspot.com/ မှရရှိပါသည်။

ဆက်လက်ဖတ်လိုပါက..

Tuesday, September 25, 2007

၂၅ ရက်နေ့  လှုပ်ရှားမှု့ ဓါတ်ပုံများ

ခြောက်သော်လည်း မကြောက် ဒို့  လက်မမြောက်

၂၄ စက်တင်ဘာလ ၀၇ ညဦးမှစ ဆန္ဒပြသူများအား ဖမ်းဆီးမည်ပာု အစိုးရ ရဲ့ အမိန့် ထုပ်ပြန်၍ ရုပ်မြင်သံကြားတွင်ပြသော်လည်း၊ ၂၅ စက်တင်ဘာလ ၀၇ နံနက်တွင် မြို့ ကြီးများဖြစ်တဲ့ မန္တလေး၊ ရန်ကုန်တို့ တွင် လော်စပီကာနဲ့ အော်ဟစ်နေသော်လည်း မြင့်မြတ်တဲ့ စိတ်ဓါတ်၊ အမှန်တရားကို မြတ်နိုးတဲ့စိတ်ဓါတ်၊ တိုင်းပြည်အတွက် စွန့် လွှတ်စွန့် စားလိုတဲ့ အာဇာနည် စိတ်ဓါတ် တို့ ကို ခြောက်ထုတ်လို့ မရဘူးဆိုတာ စစ်အစိုးရတို့ မြဲမြဲ မှတ်ထားတော့။

လှုပ်ရှားမှု့ ဓါတ်ပုံများ ကို ဆုံဆည်းရာ blog မှရရှိပါသည်။ ဆုံဆည်းရာ အားကျေးဇူးတင်ပါသည်၊

ဆက်လက်ဖတ်လိုပါက..

Monday, September 24, 2007

သူရဲကောင်းအာဇာနည် ရဟန်းတော် နှင့် ပြည်သူ လေးစားလောက်ဖွယ် စည်းစနစ်နဲ့ ဇွဲသတ္တိ

ဆက်လက်ဖတ်လိုပါက..

၂၄ စက်တင်ဘာလ ၂၀၀၇ ဓါတ်ပုံမှတ်တမ်းများ

စစ်အစိုးရဲ့  မလိုအပ်သော လုပ်ရပ်မှ ပေါ်ထွက်လာသော ရဟန်းသံဃာတော် ဆန္ဒပြမှု့ မှာ အဆပေါင်းများစွာကြီးထွားလာလျှက် ရှိပါသည်။

ဆက်လက်ဖတ်လိုပါက..



လာလည်အားပေးသူ
hit counter