Showing posts with label ဆန္ဒပြုချက်. Show all posts
Showing posts with label ဆန္ဒပြုချက်. Show all posts

Friday, October 26, 2007

ဆက်လက်ချီတက်ကြပါစို့ 

လက်တလောရာထူးတိုးပေးခံရတဲ့ ဝန်ကြီးဦးအောင်ကြည်ရဲ့ ဒေါ်စုတွေ့ ဆုံဆွေးနွေးပွဲကို(၂၅.၁၀.၀၇) ရုပ်မြင်သံကြားမှာ ထုတ်လွှင့်တင်ဆက်တာတွေ၊ ခါတော်မှီ ရတနာမြေ လိုဘလော့်အသည်းအသန် ထလုပ်ပြီး စီးပွားရေးပိတ်ဆို့ မှု့ တွေကို မတုန်လှုပ်ကြောင်း တင်ပြတာတွေ၊ နဲ့ ကိုနစ်နေမန်း ဘလော့်မှာဖတ်လိုက်ရတဲ့ တေဇသား ထက်တေဇရဲ့ Email စာဖော်ပြချက် အစရှိတာတွေကို ဖတ်လိုက်ရလို့ ခုတလော နိုင်ငံတကာဖိအားပေးမှု့ တွေ၊ အပြည်ပြည်ဆိုင်ရာ မြန်မာပြည်အရေးဆန္ဒပြလှုပ်ဆော်မှု့ တွေ၊ တရုတ် ၂၀၀၈ အိုလံပစ်အားသပိတ်မှောက်ရန် တိုက်တွန်းမှု့ အားလုံးပာာ ထိရောက်မှု့ ရှိတယ်လို့ ဆိုရမှာပါ။

နအဖခေါင်ချူပ်သန်းရွှေတောင်းဆိုတာတွေကို ဒေါ်စုက လိုက်လျောတယ်လို့ တရားဝင်ကော၊ ကောလပာာလအနေနဲ့ သတင်းထွက်ပေါ်ခြင်းမရှိပဲ ပြည်တွင်းရုပ်မြင်သံကြားမှာဆွေးနွေးမှု့ အစလို့ ပြသရတယ်ဆိုကတည်းက မာန်ဝင့်လွန်းတဲ့ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အဖို့ မာနကိုမနည်းမျိုထားရတဲ့ပုံပဲ။ လှည့်ကွက်ဖြစ်နိုင်ပေမဲ့ ဒါကိုကသူတို့ ကြောက်လို့ လုပ်ရတယ်ဆိုတာကို ထင်ထင်ရှားရှားပြတာပဲ။ တေဇနေနဲ့ ကြည့်ရင်လည်း တော်တော်ထိခိုက်နစ်နာပါတယ်။

၂၅ ရက်နေ့ ဒေါ်စုနဲ့ ဝန်ကြီးဦးအောင်ကြည် ပထမအကြိမ် တွေ့ ဆုံမှု့ 

လေကြောင်းလိုင်းစတင်တာမကြာသေးပါဘူး။ ဒီ့အတွက် ရင်းနှီးထားတဲ့ငွေကြေးပမာဏကလည်း နည်းမှာမပာုတ်ပါဘူုး။ အထူးသဖြင့် စင်ကာပူနဲ့ ပြေးဆွဲတဲ့ ပြည်ပလေကြောင်းလည်းပိတ်လိုက်ရတာပာာ သူရဲ့ မူလအစီစဉ် ရှေ့ တောင်အာရှပြေးဆွဲရေးကို လိုက်ကာချအဆုံးသတ်လိုက်ရတဲ့အတွက် မခံချိမခံသာဖြစ်နေပါလိမ့်မယ်။

ပြည်တွင်းလေကြောင်းလိုင်းက လက်ရှိကုန်ကျငွေကို ပြန်ကာဖို့ မျော်လင့်ချက်မရှိပါဘူး။ ဒါကြောင့်မို့  “အိမ်ရှေ့ ပူအိမ်နောက်မချမ်းသာ ” ဆိုသလို သားထက်တေဇလည်း မခံမရပ်နိုင်ဖြစ်ပြီး လူငယ်သဘာဝ လေလုံးထွားလေးနဲ့ တုန့် ပြန်လိုက်တာဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်ဘာဝ “ဆင်ပိန်ရင်ကျွဲလောက်ကျန်သေးတယ်” ဆိုတာမျိုး အတိုက်အခံလုပ်တဲ့လူတွေ သိစေချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။

တေဇသားထက်တေဇ

ပြည်တွင်းလေကြောင်းလိုင်းက လက်ရှိကုန်ကျငွေကို ပြန်ကာဖို့ မျော်လင့်ချက်မရှိပါဘူး။ ဒါကြောင့်မို့  “အိမ်ရှေ့ ပူအိမ်နောက်မချမ်းသာ ” ဆိုသလို သားထက်တေဇလည်း မခံမရပ်နိုင်ဖြစ်ပြီး လူငယ်သဘာဝ လေလုံးထွားလေးနဲ့ တုန့် ပြန်လိုက်တာဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်ဘာဝ “ဆင်ပိန်ရင်ကျွဲလောက်ကျန်သေးတယ်” ဆိုတာမျိုး အတိုက်အခံလုပ်တဲ့လူတွေ သိစေချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။ဂန်ဘာရီရဲ့ မြန်မာ့အရေး နယ်လှည့်ခရီးစဉ်ပာာ စစ်အစိုးရတွက် နေမထိထိုင်မသာ စိတ်ခြောက်ခြားစရာဆိုတာသေချာပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့ ရဲ့ ထောက်ခံမှု့ နဲ့ ပူးပေါင်းပါဝင်မှု့ ကျေနပ်လောက်စရာအတိုင်းအတာထိ ရခဲ့တယ်လို့ မစ္စတာဂမ်ဘာရီရဲ့ ကြေညာချက်မျိုးပာာစစ်အစိုးရအတွက် ဆက်တိုက်ဆိုသလို အမင်္ဂလာသတင်းအဖြစ်နဲ့ ကြားနေရပါပြီ။ တရုတ်အနေနဲ့ သူ့ ရဲ့ ၂၀၀၈ အိုလံပစ်ဂိမ်းကို အပျက်ဆီးမခံနိုင်တာကို သာကြည့် ဘေကျင်းမြို့ လေထုညစ်ညမ်းမှု့ အတွက်အားတင်ခွန်စိုက် အချိန်မှီ ဆက်ရုံအလုပ်ရုံတွေ ရွှေ့ ပြောင်း၊ကာဗွန်လျှော့ချမှု့ တွေဆထက်တပိုးလုပ်ဆောင်နေတာက သက်သေခံနေတာပဲ။ ၂၀၀၈ အိုလံပစ်ဂိမ်းပာာ တရုတ်ရဲ့အညှာကိုအထိဆုံးနဲ့ မြန်မာအရေးကြောင့်တရုတ်တို့ ပျက်ဆီးမှာကို ခံနိုင်မှာမပာုတ်ဘူးလို့ တရားသေထင်မြင်ယူဆလို့ ရပါတယ်။ တရုတ်ဘက်က ပြုပြင်ပြောင်းလဲမှု့ အတွက်ထောက်ခံမှု့ အပြည့်အဝရရင် စစ်အစိုးရနေနဲ့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှု့ ကို မလွှဲမသေဆောင်ရွက်ရပါလိမ့်မယ်။
ပြီးခဲ့တဲ့လအတွင်းက အိမ်နီးချင်းနိုင်ငံအချို့ ရဲ့ “အိမ်တွင်းရေးသာဖြစ်တယ်လို့ ” အမည်တပ်လက်ရှောင်တာရဲ့ ရင်းမြစ်က အိမ်နီးချင်းနိုင်ငံများအကြား မြန်မာပြည်ထွက်သံယံဇာတ ကနေရရှိမဲ့ အကျိုးအမြတ်ကိုအလေးထားလွန်းလို့ ဖြစ်ပါတယ်၊။ ဒါပေမဲ့ ကျုပ်အထင် ယခုဂန်ဘာရီခရီးစဉ်က နိုင်ငံတကာကနေ ထိုနိုင်ငံတွေရဲ့ မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး သဘောထားအား မေးခွန်းထုတ်နေတာကို သာသိထင်ရှားစေတယ်လို့ ယူဆပါတယ်။ ဒီခရီးစဉ်မှာ မေးခွန်းတွေရဲ့ နောက်ဆက်တွဲ နိုင်ငံတကာရဲ့ အမြင်မကြည်လင်မှု့ ကနေတဆင့် နစ်နာစရာတွေဖြစ်လာနိုင်တယ်ဆိုတာ ထိုအိမ်နီးချင်းတွေသိဖို့ လည်းပါလိမ့်မှာလို့ ယူဆမိပါတယ်။ သူရဲ့ ရှင်းလင်းတင်ပြပုံ ထိရောက်မှု့ ပေါ်မှုတည်ပြီး မြန်မာပြည်နိုင်ငံရေးပြောင်းလဲမှု အပေါ်ဖိအားပေး နိုးဆော်မှု့ တွေရဲ့ အရှိန်ပာုန်ကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ခံတွင်းတွေ့ နေတဲ့ သံယံဇာတထွက်ရောင်းချမှု့ ပာာအိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထားပေါ်တည်နေတဲ့အတွက် ဝယ်သူမျာက်နှာကြည့်ပြီး အထောက်အလျောက် ပြောင်းလဲမှု့ တွေလုပ်ရမယ်ဆိုတာ စစ်အစိုးရကောင်းကောင်းသိပါတယ်။ တကယ်လို့ ဆိုတဲ့ ပြည်ပရောင်းဝယ်မှု့ ဈေးကွက်မရှိတော့ရင် စစ်အစိုးရအတွင်းမှာကို ဖြေသိမ့်နှစ်သိမ့်စရာ၊ မက်လုံးတွေပေးနိုင်တော့မှာမပာုတ်တဲ့အတွက် “ငါ့အတွက်မကျန်တော့ဘူး” ဆိုတဲ့သဘောထားကနေ ပဋိပက္ခတွေပေါ်ပေါက်လာမှာပါ။ ဒါကို စစ်အစိုးရလိုလားလိမ့်မယ်မပာုတ်ဘူး။ ပြည်တွင်းလက်ဝါးကြီးအုပ်စီးပွားရေးတွေ၊ ပရောဂျက် ကွန်ထရက်ယူတာ အစရှိတာတွေအာလုံးပာာ တပ်တွင်းအရာရှိအရာခံတွေနဲ့ ၄င်းတို့ရဲ့ မိတ်ဖက်သင်္ဂပာတွေအတွက် အလုအယက်စားကွက်ဖြစ်နေတော့ စစ်အစိုးရအတွက် သစ္စာခံကြေးအတွက် ပြည်ပစားကွက်တွေလိုပါတယ်။ ဒီတော့ ထုံးစံအတိုင်း “မျောက်ပြဆန်တောင်း” လုပ်ရပ်တွေနဲ့ စစ်အစိုးရတို့ က ပြည်ကစားကွက်ကာကွယ်မှု့ တွေလုပ်ရပါအုံးမယ်။
ဘယ်လိုဖြစ်ဖြစ်ပေါ့ ကျုပ်တို့ အားလုံးအတွက်တော့ ထိရောက်နေတဲ့ မြန်မာ့အရေးလှုပ်ရှားမှု့ ကိုဆထက်တပိုးတိုးလို့ သာလုပ်ဆောင်ဖို့ သာရှိပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးသပိတ်မှောက်မှု့ တွေ၊ တရုတ်ကို အိုလံပစ်အားကြောင်းပြပြီး ဖိအားပေးတောင်းဆိုမှု့တွေ၊ စစ်အစိုးရရဲ့ ပြည်တွင်းနေရာအနှံ့ လုပ်ဆောင်နေတဲ့ မတရားမှု့ ကိုနိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပမြန်မာတွေ သိအောင်သတင်းဖြန့် ဖြူးတာတွေကို လုပ်ဆောင်နေတဲ့ မြန်မာမျိုးချစ်တွေ၊ မြန်မာ့အရေးလူပ်ရှားသူ အားလုံးကို ဂုဏ်ပြုအသိအမှတ်ပြုပါတယ်။ ပိုမိုအားထုတ်လုပ်ဆောင်ကြပါလို့ လဲ တိုက်တွန်းပရစေ။

ဆက်လက်ဖတ်လိုပါက..

Tuesday, October 16, 2007

ဘယ်သူ့ ကို လိမ်ဖို့ ကြိုးစားနေတာတုံး မစ္စတာ နအဖရေ။

ခင်ဗျားတို့ ပြည်သူ့ ဆန္ဒထုတ်ဖော်ပွဲဆိုတာတို့ ၊ ပြည်ထောင်စုညီလာခံထောက်ခံပွဲဆိုတာတွေအားလုံး ခိုင်းခံနေရတဲ့လူတွေက ဒီပြည်သူထဲက ဒီလူတွေပဲ။

ဒီလူတွေကပဲ ပိုက်ဆံပေးခိုင်းတာတို့ ၊ အဓမ္မစေခိုင်းတာတို့ အချင်းချင်းဖေါက်သည်ချနေတာ ခင်ဗျားတို့ လည်းအသိ။ ကလေးတွေ ကျောင်းတွေက နေ မရမကခေါ်၊ သူတို့ ပာိုပာာအော်ခိုင်း ဒီပာာအော်ခိုင်း။ ဆရာမတွေလည်း မပာုတ်တာ လုပ်ခိုင်းလို့ စိတ်ညစ်ရ၊ အတန်းစာသတ်မှတ်ချက်မမီမှာကို လည်း စိတ်ညစ်ရနဲ့ အော်နေတာလည်း ခင်ဗျားတို့ အသိ။ ဒီလို လုပ်အားပေးတို့ ဘာတို့ ညာတို့ အတွက် မလိုက်ရအောင်ပိုက်ဆံပေးပေးနေရတာလည်း လူတိုင်း အိမ်ထောင်စုတိုင်းအသိ။ တစ်ယောက်မလိုက်မနေရ - လိုက်မဲ့သူမရှိရင် ငွေဘယ်လောက်ဆိုပြီး ရပ်ကွက်ရုံးကို ပေးပေးနေရတာတွေ ပြည်သူအကုန်လုံး တောင်ပေါ်တောင်အောက်၊ ဧရာဝတီမြစ် ပိာုဖက်ကမ်း ဒီဖက်ကမ်း လူတွေ အကုန်သိတယ်။ မသိလို့ ပါ။ ဘယ်သူ့ ကို လိမ်နေတာတုံး?? ကျုပ်တို့ ပြည်ပက လူတွေကို လိမ်ဖို့ လား?? ကိုနအဖကြီး ကျုပ်တို့ လည်း အဲ့လို အဓမ္မနဲ့ ဘောလုံးကွင်းကွင်းထဲ ခေါ်ခေါ်ထည့်တာ ကျောင်းသားတစ်သက်တလျှောက်လုံးပဲ။ ကျုပ်တို့ လိမ်လို့ တော့ထူးမယ်မထင်ဘူး။ တစ်သက်လုံး နေလာတဲ့လူတွေပဲ။ နွားပွဲတို့ သစ်သီးပန်းမံ ပြပွဲတို့ လှေပွဲတို့ အစုံပလုံပဲ။ နေပူထဲမှာ ပိာုပာာတီး ဒီပာာအော်နဲ့ ။ အဲ့ဒီ့နေ့ ဝတ်ဖို့ တို့  ဘာတို့ဆိုပြီး ကျောင်းက ရောင်းတာတွေ မဝယ်မနေရ ဝယ်ရတာနဲ့ မိဘတွေလည်း ဖတ်ဖတ်ကို မောနေတာပဲ။ ဒါတွေနဲ့ အရမ်းကို ရင်းနှီးလာတာ၊ ပါးစပ်ပာရင် အူထိမြင်တယ်ဗျ။ နိုင်ငံတကာကို လိမ်ဖို့ ပေါ့?? ခင်ဗျားတော့မသိဘူး ကျုပ်တို့ သိတဲ့ ခင်ဗျားတို့ ရဲ့ တပတ်ရိုက်ပြချက်တွေက သူငယ်တန်းသာသာပဲ။ ဘယ်ယုန်မြင်လို့ ဘယ်ခြုံထွင်တာတွေ ဆက်စပ်တွေးခေါ်စရာတောင်မလို ဘူး။ အရှက်မရှိလို့ လုပ်တဲ့ ဗြောင်လုပ်ရပ်တွေ။ သူများနိုင်ငံကလူတွေက နှစ်ပေါင်းကို ရာနဲ့ ချီပြီး ရှေ့ ရောက်နေပြီ။ ခင်ဗျားတို့ ဘိုးအေဘုရားလက်ထပ်က ကပေါက်တိကပေါက်ချာ ပြကွက်တွေက ပြက်လုံး အနေနဲ့ ရီဖို့ တောင် ရိုးအီနေပြီ။ နိုင်ငံတကာအသိုင်းအဝိုင်းနေနဲ သူ့ နိုင်ငံ့သိက္ခာနဲ့ သူ လိုက်လျောညီထွေ ဆက်ဆံနေတာ။ ဗိုလ်ချုပ်သာ သက်ရှိထင်ရားရှိနေမှာဆိုရင် ခေါင်းဆောင်ကြီးဆိုပြီး ကိုယ့်ဖာသာနာမည်တပ်နေတဲ့ လူပေါကြီးတွေ နဘန်ကျင်းခံရမှာ သေချာတယ်။ တော်ပါတော့ဗျာ ကိုနအဖတို့ ။ ပြည်သူတွေလည်း ပန်းလှပြီ၊ ခင်ဗျားတို့ လည်း အကြံကုန် ဂဠုန်ဆားချက် ဒါကြီးနဲ့ ပဲ ဝိုင်းကြီးးပတ်ပတ်ဒူဝေဝေလုပ်နေ။ ခင်ဗျားတို့ လုပ်တာတွေ တိုင်းပြည်အတွက်ဘာမှ မယ်မယ်ရရဖြစ်မလာတာကြည့်။ ပြောလိုက်ရင် ပိာုနားက ကျောင်းစိမ်းတုံးကြီးတွေ ပုံလို့ ၊ ဒီနားက ဓတ်ငွေ့ တွေလှိုင်လို့ တရုတ်လိုကောင်တွေက ပေါချောင်ကောင်းဆိုပြီးပျော်ပြီးဝယ်။ ရတဲ့ နှပြားတပဲကိုပဲ အမြီးဖြတ်၊ခေါင်းဖြတ်နဲ့ ခင်ဗျားတို့ အာဏာရှင်လူတစု ဝေမျှပြီး စည်းစိမ်ခံနေ။ မရှက်တာလဲမပြောနဲ့ “ကြိုက်မရှက် ငိုက်မရှက်” ။ ပိာုကလူက DUMB လို့ ပြောလည်း မသိချင်ယောင်ဆောင်နေ။ နိုင်ငံခေါင်းဆောင်းကြီးဆိုတဲ့လူတွေ သူများက အဲ့လိုပြောတာကို ကျတော့နာတဲ့စိတ်မရှိဘူး။ အံ့ပါရဲ့ ။ တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းတွေတိုးတက်နေတယ်တဲ့။ အဲ့ဒီ့တိုင်းရင်းသားဆိုတဲ့ လူတွေက နယ်စပ်မှာ ဘိန်းထုပ်၊ မြို့ လယ်ခေါင်မှာတွေမှာ အိမ်တွေဝယ်၊ ဗမာစကားမတတ်တဲ့ကောင်တွေ (များသောအားဖြင့် တရုတ်စကားတမျိုးသာပြောတဲ့လူတွေ) မြို့ လယ်ခေါင်၊ ဗမာစစ်စစ်တွေက မြို့ ပြင်မှာ။ ဗမာတွေ ငအတွေ လို့ ကွယ်ရာမှာပြောခံရတာလည်း ဝန်ကြီးဆိုတဲ့လူမျိုးတွေက သူတို့ ဗမာတွေမပာုတ်သလို မသိဖာသာလေးရအောင်နေ။ ဒါမျိုးကျတော့ ခင်ဗျားတို့ ပြောတဲ့မျိုးချစ်စိတ်ဓါတ်ဆိုတာကြီး ဘယ်ချောင်မှာသွားခွေနေလည်း။ ပြောလိုက်ရင်တော့ နိုင်ငံအတွက်တဲ့၊ ပြပါဦး ဘာတွေဘယ်နားမှာ တိုးတက်နေလဲလို့ ။ဘာနားက ဘာအသီးတွေ သီပွင့်နေလဲ?? ခင်ဗျားတို့ ပြောတဲ့ တိုးတက်တဲ့ မြို့ တော်ကြီးဆိုတာလည်း ရှေးဗရာဏသီပြည်က ရွာကမှ ဒီထက်သားနားသေး။ တက္ကသိုလ် ဘယ်နှခု ဖွင့်နေပီသာပြောတယ် သင်တဲ့ဆရာမလုံလောက်တာတို့ ၊ LAB က ဘာပစ္စည်းမှမရှိတာတို့ ၊ တွေနဲ့ ပြည့်နေတာပဲရှိတယ်။ ဒီအတိုင်းပဲ ဆေးရုံတို့ ဆိုလည်း ကြည့်လိုက် အဆောက်အဦး ဖြူထည်ကြီး။ ဒါပဲ ကျန်တာက ဟာလာပာင်း။ ဆရာဝန်တွေက Magic Wand နဲ့ ကုရမလို ဖြစ်နေပြီ။ ဘယ်နေရာကြည့်လိုက် အပေါက်တွေ အဖာတွေ အကျိုးအပဲ့နဲ့  ဘယ်လိုရပ်တည်နေတာလည်းဆိုတာတောင် မတွေးရဲအောင်ပဲ။ အစိုးရဌာန ကိစ္စရှိလို့ မသွားလိုက်နဲ့ အမဲဖျက်သလားအောင်းမေ့ရတယ်။ အစ်ကိုရေ.. လက်ဘက်ရည်ဖိုးလေး..ဒီ စာရွက်ဖိုးလေး..ဒီပြက္ခဒိန်လေး စုံလို့ ။ အချင်းချင်း customer လုပြီး မကျေမနပ်သံတွေကလည်း ပိာုအခန်းလိုက်ကာ၊ ကနေ ဒီအခန်းလိုက်ကာ အပေါ်ကို ခေါင်းလေတွေဖော်လိုက် ထိုင်လိုက်နဲ့ ပြောရတာအမော။ ပိုက်ဆံမပေးသေးရင် - သကောင့်သားမောင်ဝန်ထမ်းက စာရွက်လေးကို အရှေ့ ကနေစလှန်လိုက်၊ နောက်ကနေပြန်လှန်လိုက်၊ ပာင်း လုပ်လိုက်၊ ခေါင်းလေးကုတ်လိုက် ၊ မေးလေးပွတ်လိုက်နဲ့ ရောင်တောင်မောင်တောင်လုပ်နေ။ အကျင့်စာရိတ္တမြင့်မားရေး ဆိုတာကြီးအောင်မြင်နေတာကိုပါ။ ကဲ ပြောပါ ဘာတွေကနေ ဘာသီးတွေ သီးနေလဲ ဆိုတာ။ ခင်ဗျားတို့ ကြောင့် တတိုင်းပြည်လုံး၊ လူတွေအားလုံး ဆုတ်ယုတ်လို့ ရတာမှန်သမျှ အကုန်မြောင်းထဲသွားနေပြီ။ ရပ်ပါတော့။ မကျန်တော့တဲ့ ခင်ဗျားတို့  နှပြားတပဲ ဂုဏ်သိက္ခာလေး ဆယ်လိုသေးရင် ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်တိုင်း အကောင်အထည်ဖေါ်ပါ။ ဒီမိုကရေစီနိုင်ငံနေ့ ချင်း လုပ်လို့ မရဘူးချည်းပြောမနေနဲ့ ခင်ဗျားတို့ နေရယူထားတာ နှစ်ပေါင်းများစွာကြာလှနေပြီ။ ခင်ဗျားတို့ တကယ်လုပ်ချင်လို့ မပာုတ်ဘူး၊ရရင် ရသလိုအချိန်လေးမှာတောင် ညာစား ခိုးစားဖို့ ဆိုတာလည်း ဦးနောက်ရှိတဲ့ လူတိုင်းအသိ။ ကူညီမယ်လို့ တောင်ပြောနေတာတွေကို ပာင့်အင်း မလိုဘူး.. ငါတို့ မြေပုံနဲ့ သွားမယ်လုပ်မနေဘာနဲ့ ။ အဲ့ဒီ့ မြေပုံဆိုတာကြီးက အဆင့်တွေ လျှောက်လုပ်ပြီး ပေါက်တတ်ကရ အချိန်ကန့် သတ်မှု့ မရှိတဲ့ အမှိုက်ကြီး။ ကလေးကအစသိတယ်။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို မြေပုံကြီးကိုင်ပြီး ပြည်သူတွေ ကို ပိာုပာာလုပ်ခိုင်း၊ ဒီပာာလုပ်ခိုင်း၊ ပြန်ပြောရင် တရားဥပဒေချိုးဖောက်တာဆိုပြီးစွပ်စွဲ ထောက်ချနှိပ်စက်နဲ့ ဘယ်လို ပုံနဲ့ ရောက်မလဲ?? ခင်ဗျားတို့ ပဲ စဉ်းစားကြည့်ဦး။ ဒီမိုကရေစီဆိုတဲ့ ဝေါပာာရကို ခေါင်းဆောင်ကြီး သိကောသိရဲ့ လား?? သာလွန်မင်းတရားကြီး က ပဒေသရာဇ်စနစ်လောက်မှာပဲ သူ့ ဦးနောက်က အလုပ်လုပ်တယ်နဲ့ တူတယ်။ ခင်ဗျားတို့ နိုင်ငံတကာနဲ့ ပူပေါင်းပြီး ခင်ဗျားတို့ တခုခုဆို ထထအော်နေတဲ့ နိုင်ငံတော်ကြီးကို တကယ်ပဲသွားမလား၊ တနေ့ ပြည်ဖျက် ရာဇဝတ်သားအနေနဲ့ နာမည်ဆိုးနဲ့ သေသွားမလား?? အခု လမ်းရွှေးလို့ ရတဲ့ အခွင့်အရေးကို ယူပါ။ ခင်ဗျားတို့ အာဏာမက်တာလည်း သိလွန်းနေတော့ ပြောရတာလည်း အားမရှိဘူးဗျို့ ။ ကဲ .. အာဏာကြောင်တို့ ရေ ဒီလောက်ပါပဲ..

ဆက်လက်ဖတ်လိုပါက..

Thursday, October 4, 2007

ဘာဆက်လုပ်မလဲ မြန်မာပြည်

မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့ မှု့ အချို့ ကို EU Union ကအတည်ပြု တော့မည်လို့ ကြားရပါပေမဲ့ သိပ်ပြီးထိရောက်လိမ့်မယ်လို့ မထင်ဘူး။အမေရိကန်ကတော့ တကမ္ဘာလုံး စီးပွားရေးပိတ်ဆို့ ဖို့ လိုလားပေမဲ့လဲ တခြားနိုင်ငံများ တရုတ်အပါအဝင်ကို စည်းရုံးဖို ကလွယ်ဦးမယ်မထင်ဘူး။ ပြည်ပ နိုင်ငံတကာရဲ့ အစစ်အမှန်ဖိအားပေးမှု တွေသာ စောင့်ပြီး လွတ်လပ်ရမယ်ဆိုရင် သိပ်ပြီးတော့မျှော်လင့်ချက်ရှိမှာ မဟုတ်ဘူး။ ကိုယ့်အားကို သာကိုးပြီး ထိထိရောက်ရောက် တော်လှန်ခြင်းသာ တခုသောလမ်းစဉ်ဖြစ်ပါလိမ့်မယ်။ အခု စီးပွားရေးပိတ်ဆို့ မှု့ တွေ တကမ္ဘာလုံး အတိုင်းအတာနဲ့ စတင်နေပြီထားဦး တကယ်ထိရောက်မှု့ ကို နောင်နှစ်အနည်းငယ်ထိ စောင့်စားရင်း လူတွေဖမ်းဆီးမှု့ တွေကို နှိပ်ကွပ်မှု့ တွေခံစားနေရဦးပါမယ်။

တရုတ်နဲ့ အိန္ဒိယ နိုင်ငံနှစ်နိုင်ငံလုံးပာာ မြန်မာပြည်တွင်ရဲ့ သဘာဝဓါတ်ငွေ့ ကိုရယူဖို့ သာ အပြိုင်အဆိုင်ကျားကုတ်ကျားခဲ ကြိုးစားနေပြီး သူတို့ ရဲ့ စိတ်ဝင်စားမှု့ ကလည်း မြန်မာပြည်သားတွေရဲ့ အနာဂတ်မပာုတ်ဘဲ သူတို့ လိုအပ်ချက်ဖြည့်ဆည်းမှု့ သက်သက်ဖြစ်ပါတယ်။ လက်ရှိ နောက်ဆုံးချုပ်ဆိုသွားတဲ့ သဘာဝဓါတ်ငွေ့ ကူးသန်းရောင်းဝယ်ရေးစာချုပ်က တစ်နှစ်လျှင် $ 600 million စစ်အစိုးရမှ ရရှိမှာဖြစ်ပြီး နောင်နှစ် ၂၀ စာချုပ်လို့ သိရပါတယ်။ “ရွှေ” လို့ အမည်ရတဲ့ မြန်မာသဘာဝဓါတ်ငွေ့ ကုမ္ပဏီ နဲ့ အိန္ဒိယတို့  ချုပ်ဆိုသွားခြင်းပါ။ ပြည်သူလူထုနဲ့ ဝန်ထမ်းများ လူနေမှု့ လိုအပ်ချက်များအတွက် ဤနှစ်စဉ်ဝင်ငွေမှ မည်၍ မည်မျှသုံးမည်ပာူ၍လည်းကောင်း သုံးခဲ့ဖူးသည်ပာူ၍လည်းကောင်း ကျွန်နဲ့ ခင်ဗျားတို့ ပြည်သူအားလုံး တစ်သက် ကြားဖူးလားခင်ဗျာ။ အာဏာရှင် သန်းရွှေ ရဲ့ သမီးပြီးတော့ သူ့ မြေးတွေ စိန်တွဲလဲ မင်္ဂလာပွဲကို ထပ်ပြီး ကျင်းပပါဦးမယ်။

UN ကလုပ်နိုင်တဲ့ အတိုင်းအတာကအရမ်းကို နည်းလွန်းတဲ့အတွက် နအဖ စစ်အစိုးရအတွက် ဂရိုစိုက်စရာလိုလိမ့်လို့ တခါမှ တွေးတောခဲ့တာမဟုတ်ဘူး။ Mr. Gambari ပြန်သွားပြီးပြီးခြင်း လူအစုလိုက်အပြုံလိုက် ဖစ်းဆီးမှု့ တွေဆက်တိုက်ဖြစ်သွားခဲ့ရုံမက Mr. Gambari က လက်တလောအနေနဲ့ အောင်မြင်မှု့ ရတဲ့ခရီးစဉ်မပာုတ်ဘူးလို့ သူကဆိုလိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ရင်ထိတ်စရာပါ။ Mr. Gambari ရဲ့ အစီရင်ခံစာက ကုလသမဂ္ဂက ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လောက်အတိုင်းအတာထိ မြှင့်တင်နိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပါ။ များများစားစား မျှော်လင့်မနေဖို့ ပဲ ကြိုတွေးနေရုံပါပဲ။ ဖြစ်ချင်တာကတော့ဗျာ ကုလရဲ့ လုံခြုံရေး ရဲဘော်တွေမြန်မာပြည်ရဲ့ အထင်ကရမြို့ တွေမှာ စောင့်ရှောက်မှု့ ပေးပြီး တောင်းဆိုမှု့ တွေကို ငြိမ်းချမ်းစွာ ဆွေးနွေးမှု့ တွေနဲ့ တုန့် ပြန်ဖို့ ပါ။ ဒါပေမဲ့ Mr. Gambari လာရောက်တာပာာ စစ်အစိုးရအတွက် လဒ်ကြီးတပါးလို ဖြစ်နေတာ ဝမ်းနည်းစွာနဲ့ ပါ ကျွန်တော်တို့ ခင်ဗျားတို့ တွေ့ မြင်ခဲ့ပါတယ်။ ကုလ နဲ့ နိုင်ငံတကာရဲ့ လုပ်ကိုင်ချက်ကို ကျွန်တော်တင် စိတ်ပျက်တာမပာုတ်ပါဘူး အင်္ဂလန်က သာမှန်ပြည်သူတွေရဲ့ ထင်မြင်ချက်ကို လဲ ဖတ်ကြည့်ကြပါ..

The situation inBurma is sick. The main political parties in this country are too concerned with looking good at their party conferences; what about addresing the fact that thousands of people are being massacred? A party that looked at that would get my vote any day.
Urie,Bethnal Green

The World must be shocked at this carnage. Demonstrations and legitimate protests are the fundamental rights of a nation. this time the junta has gone abit too far and their arrogance has become excessive. the United Nation appears impotent.
Muhammad Siddiq Khatri, London

What is happening in Burma is a disgrace and the world stands by and watches. I am disgusted by the reaction of world leaders to date and the lack of any real action.
R, Croydon

Why has the world accepted this? Buddhists, the world's observers and wise men, are being slaughtered at the whim of a mad dictator; If the rest of the world allows this then it is supporting it. We need to do some good that consists of more than making money or repressing others. I hope for the first time in my life that the west makes a decision that doesn't make me ashamed to have been born here. There are some times you just shouldn't be an idle bystander.
Vinnie, UK

ဒါတွေကို ကြည့်ရင်းနဲ့ သေတဲ့လူက အသေခံသွားရောပြီး ဘာမှဖြစ်လာမှာမပာုတ်ပါဘူး ဆိုတဲ့ သာမာန်ပြည်သူတွေရဲ့ ရှေးရိုးစွဲ အတွေးတွေကသာ ပိုလိုတိုးလာလိမ့်မယ်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ နာကျည်းချက်တွေက လည်းဆထက်တပိုးသာ ပိုလာပါလိမ့်မယ်။ လက်ရှိ စစ်အစိုးရရဲ့ လုပ်ရပ်က လူသားအားလုံးကို မထီမဲ့မြင်လုပ်တဲ့အတွက် မေ့မေ့ပျောက်ပျောက်ဖြစ်သွားစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ ပြည်သူတွေလုပ်နိုင်တဲ့အချက်တွေက စစ်အစိုးရနဲ့ သူတို့ လက်အောက်ခံလူတွေ(စီးပွားဖက်၊ ခိုင်းခံဖက်၊ ရာဇဝတ်သား)ကို ကျဉ်ထားဖို့ တော့လုပ်ရလိမ့်မယ်။ သူတို့ လုပ်ရပ်တွေက လက်ခံလို့ မရဘူးဆိုတာ မိမိတို့ အတိုင်းအတာနဲ့ ဘေးကင်းမဲ့နည်းလမ်းနဲ့ လုပ်ကြပါလို့ တိုက်တွန်းပါရစေ။ မတရားမှု့ ကို မှတ်တမ်းတင်ပါ။ ဘယ်အရာရှိ ဘယ်ဌာနက ဘယ်လို မတရားလုပ်တယ်ဆိုတာ မှတ်ထားပါ။ ဥပမာ - မလိုက်မနေရလုပ်အားပေးဖြစ်စေ၊ မဝယ်မနေရ ပစ္စည်းရောင်းချမှု့ တွေဖြစ်စေ မေ့မေ့ပျောက်မထားပါနဲ့ ။ဖြစ်နိုင်ရင် ဓါတ်ပုံနဲ့ တကွ မှတ်တမ်းတင်ပါ။ ပြည်ပကို အင်တာနက်မှတဆင့် ဖြန့် ဝေပါ။ သူတို့ လုပ်သမျှကို ပြည်တွင်းကလူတွေအားလုံး သိအောင်လုပ်ပါ။ လက်ရှိပြည်သူတွေ ကိုယ့်ရပ်ကွက်ကြော်ပြီး ဘာဖြစ်နေတယ်၊ အစိုးရက ဘာမတရားတာလုပ်နေတယ်ဆို တာ သိအောင်လုပ်ကြပါ။ ကိုယ့်လူမျိုးကိုချစ်ပါ။ စည်းလုံးပါ။ ပြည်သူအချင်းချင်း ရိုင်းပင်းကြပါ။
ဒီအစိုးရပာာ သာသနာရော၊ လူ့ အသက်တွေရော၊ ကျွန်တော်တို့ ခင်ဗျားတို့ ရဲ့ လွတ်လပ်မှု့ တွေရော၊ ကျွန်တော်တို့ ခင်ဗျားတို့ ရဲ့ နောက်မျိုးဆက်တွေရဲ့ အနာဂတ်ပါ သူတို့ စည်းစိမ်၊ သူတို့ ကောင်းစားရေးအတွက် ဖျက်လို့ ဖျက်ဆီး ပစ်စလက်ခတ် လုပ်ရက် လုပ်ခဲ့ကြတာ နေ့ စဉ် နေ့ တိုင်း မမေ့ကြပါနဲ့ ။
ကျွန်တော်တို့ ခင်ဗျားတို့ ကသာ ဒီနေ့ အခြေအနေကို ပြောင်းလဲနိုင်တဲ့ လူတွေဆိုတာ မမေ့ပါနဲ့ ။

ဆက်လက်ဖတ်လိုပါက..

Saturday, September 29, 2007

ကုလ လာတုန်း တောင်းကြစို့ 

ပြည်တွင်း ပြည်ပ မြန်မာပြည်သားတို့  ယနေ့ ကုလကိုယ်စားလယ် Mr Gambari နဲ့ အဖွဲ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိရှိခြင်း နေပြည်တော်သို့ ဆက်လက်ထွက်ခွာသွားတယ်လို့ သိသိရခြင်း စိတ်မချမ်းမသာ ခံစားရပါတယ်။ ကြောင်းရင်းက - ၂ ရက်ခရီးစဉ်သာဖြစ်တဲ့ တိုတောင်းလှတဲ့အချိန်အတွင်းမှာ စစ်အစိုးရ က တောတွင်းစစ်ဌာနဖြစ်တဲ့ နေပြည်တော်ကို ခေါ်ဆောင်သွားတဲ့အတွက် မျှော်လင့်ထားတဲ့ ပြည်သူ့ ရင်တွင်းတောင်းတချက်ကို ကုလက မြင်ဖို့ အားနည်းသွားမှာကိုပါ။ နောက်တခုက- အတုအယောင် ကန့် ကွက်ပွဲဆိုတာတွေနဲ့ အရောင်ဆိုးပြီး လှည့်ဖြားခံ ရမှာကိုပါ။ တကယ်လို့ သာအဲ့ဒီလိုမျိုးတွေကို တွေ့ ယုံပြီး ထင်သလောက် ဖြစ်မလာပဲ ယခင် အတိုင်းဒုံရင်းသာဖြစ်ခဲ့ရင် ရှေ့ က သွေးနဲ့ ရင်းသွားတဲ့ ရဟန်းတော်တွေ မယ်သီလရှင် နဲ့ လူတွေ ရဲ့  သွေး အသက် ခန္ဒ္ဓာတွေ ကို အလားဟပ်သက် ဆုံးရူံးရသလိုဖြစ်နေပြီ။ လူထုရဲ့ စိတ်မှာလည်း ထူးပါဘူး ဆိုတဲ့ နအဖ လိုချင်တဲ့ လူတောမတိုးလိုတဲ့ စိတ် အရိုးစွဲသွားပါလိမ့်မယ်။ လက်ရှိ မျိုးဆက်သာမက နောင်လူမျိုးဆက် တွေအားလုံး နာလန်မထူတော့ပဲ လူဖြစ်ရူံးပါလိမ့်မယ်။ ထို အကြောင်း ကြောင်းတွေကြောင့် - Mr Gambari နဲ့ တကွ နိုင်ငံတကာ သတင်းဌာနများ ပြည်တွင်းရှိပြည်သူများအား-- (၁) ပြည်သူတွေနေထိုင်သော မြို့ တွင်းများကို လှည့်လည်ကြည့်ရှု့ ရန် စာပို့ တိုက်တွန်းပါ (၂) Gambari, ကုလ နဲ့ သတင်းဌာနများကို အတုအယောင် ဆန္ဒပြပွဲ များကို သတိပေးပါ (၃) ပြည်သူအားလုံးအား ရဲရဲဝံ့ဝံ့ မိမိတို့ သဘောထားအစစ်ကို အခွင့် အရေးရတုန်း ပြကြပါလို့  ၂ ရက်သာ အခွင့် ရှိပါတယ်..... ကျေးဇူးပြုပြီး ဝိုင်းဝင်းကုညီအားပေး ကြပါ... ကွယ်လွန် ကျဆုံးသွားတဲ့ လူသား ရဟန်းတွေရဲ့  အသက်ကို စာနာသောအားဖြင့်

ဆက်လက်ဖတ်လိုပါက..

Friday, September 28, 2007

အဓမ္မခိုင်းစေပြီး ဆန္ဒပြမှု့ အား ကန့် ကွက်ကြောင်း လုပ်ရန် ကြံစည်

စစ်အစိုးရက ကုလသမဂ္ဂကိုယ်စားလယ် ဖွဲ့ လာရောက်မဲ့ မနက်ဖြန်တွင် လက်ရှိဆန္ဒပြမှု့ အားကန့် ကွက်သည့် ဆန့် ကျင်ရေးလှုပ်ရှားမှု့ များကို လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း သိရပါသည်။
ညောင်ဦးတွင် စွမ်းအားရှင်ဆိုသူများက ဦးဆောင်ပြီး အိမ်တိုင်းမထွက်မနေရ လုပ်ဆောင်ရမည်ပာု အဓမ္မလှုံဆော် ပြောကြားလျှက်ရှိကြောင်း နစ်နေမန်း blog မှ သိရှိရပါတယ်။
မြန်မာနိုင်ငံသားတို့ အားလုံးအနေနဲ့  မိမိ တို့ ရဲ့ စစ်မှန်တဲ့ တောင်းတချက်ကို ကုလသမဂ္ဂကိုယ်စားလယ်ရောက် ရှိခိုက်တွင် ဆထက်တပိုး ပို၍ ထင်မြင်အောင်ပြကြပါလို့ တိုက်တွန်းပါရစေ။
အကယ်၍ ကုလသမဂ္ဂကိုယ်စားလယ်များ လမ်းကြောင်းလွှဲပြီး ထင်မြင်မှားပါက လက်ရှိခံစားရသော လူမှု့ ရေး၊ စီးပွားရေး၊ ကျန်မားရေး၊ ပညာရေးနှင့်တကွ ပြဿနာများကို ပိုမို၍ ခံစားရမည်မှာ မုချမလွှဲ ဘူးဆိုတာ သတိချပ်ပြီး အကြောက်တရားကို အမှန်တရားကိုမြတ်နိုးတဲ့ စိတ်နဲ့ တွန်းလှန် ကြပါစို့ ။

“ကြောက်လျှင်လွှဲ ရဲလျှင် မင်း ဖြစ်”

ပြည်သူလူထု “မင်း” အဖြစ်နဲ့  လူဖြစ်ရကျိုးနပ်အောင် ရဲစွမ်းသတ္တိပြကြပါစို့ ။ မိမိနဲ့ နီးစပ်သော ပြည်တွင်းမှ မိဘပြည်သူအားအသိပေး ကြပါ။ ပြည်ပရောက် မျိုးချစ်များ သတင်းဌာနများ နှင့် ကုလသမဂ္ဂဆက်သွယ်ရေးသို့ ပေးပို့ ကြပါရန် တိုက်တွန်းပါတယ်။

haveyoursay@bbc.co.uk
inquiries2@un.org

ဆက်လက်ဖတ်လိုပါက..

Thursday, September 27, 2007

အိုလံပစ်ကော်မတီထံ သို့  ၂၀၀၈ တရုတ် အိုလံပစ်အား ရုတ်သိမ်းပြစ်ရန် တောင်းဆိုပါ။

UN Security Council မှာ တရုတ်ကြောင့် မဖြစ်သင့်တာတွေ ဆက်တိုက် ကျုပ်တို့ ရဟန်းနှင့်တကွ ကျောင်းသား လူသားတွေ သေဆုံး ခဲ့ရပြီ … နှစ်ခါတောင် ဒီတရုတ် ရှုပ်ခဲ့တယ်.. တရုတ်ကို ဆန္ဒပြ ကြပါ… တရုတ်ပာာ မြန်မာလူထုသွေးနဲ့ ချွေးနဲ့ ခံစားရတဲ့ ဒုက္ခကနေ နအဖလုပ်ရပ်ကို ပြည်တွင်းရေးဆိုပြီး ဥပက္ခာပြုကာ အမြတ်ထုပ်နေပါတယ်။ စစ်အစိုးရအား လူ့ အခွင့်အရေးချိုးဖောက်မှု့ နဲ့ အကြမ်းဖက်လူသတ်နှိမ်နင်းမှု့  အား တားမြစ်ရန်ကန့် ကွက်သည့်အတွက် ၁၊ အိုလံပစ်ကော်မတီထံ သို့  ၂၀၀၈ တရုတ် အိုလံပစ်အား ရုတ်သိမ်းပြစ်ရန် တောင်းဆိုပါ။ ၂၊ တရုတ်ပစ္စည်း ဝယ်ယူသုံးဆွဲ မှု့ မပြုကြရန် တရုတ်ဆိုင်အား အားပေးမှု့ မပြု ရန် တိုက်တွန်း လုပ်ဆောင်ပါ။ ၃၊ နိုင်ငံတကာရှိ တရုတ်သံရုံးများအား မြန်မာနိုင်ငံနဲ့ ပက်သတ်ပြီး ရူံချကြောင်း စာပို့ ကြပါ။ ကိုယ့်တိုင်းပြည်မှာ အသေခံပြီး လုပ်ရတဲ့ အာဇာနည် တွေရဲ့ အသက် တန်ဖိုးကို ငဲ့ပြီး ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ဖို့ တောင်းဆို မေတ္တာ ရပ်ခံပါတယ်၊ အိုလံပစ်ကော်မတီထံ သို့  OLYMPIC COMMITTEE PRESIDENT - Mr Denis Oswald DIRECTOR - Mr Andrew Ryan Maison du Sport International Av. de Rhodanie 54 1007 Lausanne Switzerland EMAIL - info@asoif.com Tel: +41 21 601 48 88 Fax: +41 21 601 48 89 တရုတ်သံရုံးများအား EMAIL TO UK CHINESE EMBASSY press@chinese-embassy.org.uk

ဆက်လက်ဖတ်လိုပါက..

Monday, September 24, 2007

ပြည်သူနဲ့ တပ်မတော်သားများထံသို့ 

ပြည်သူနဲ့ တပ်မတော်သားများထံသို့  ၂၄ စက်တင်ဘာလ ၂၀၀၇ “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ” လွန်ခဲ့တဲ့ ၆ ရက်ကနေ ယနေ့ တိုင်အောင် ရဟန်းသံဃာတော်တို့ နိုင်ငံနေရာအနှံ့ တွင် လှည့်လည်ရွတ်ဆိုခဲ့သော မေတ္တာပို့ လေးပါ။ ကျုပ်တို့ နိုင်ငံ ပြည်သူလူထုတရပ်လုံး နှစ်ပေါင်းများစွာ လိမ်လည်ခံခဲ့ရလို့ ဒီမေတ္တာပို့ စာသားလေးက ထိရောက်ဆုံး လို့ ကျုပ်တော့မှတ်ယူမိပါတယ်။ ခုမြင်နေတဲ့ မြင်ကွင်းမှာ ရဟန်းတွေသာမက မယ်သီလရှင်အမြောက်အမြားပါဝင်လာတာတွေ့ ရလို့ အံ့သြဝမ်းသာ သာဓုခေါ်လို့ မဆုံးပါဘူး။ မိန်းမသားရယ်လို့ တွန့် စုတ်ကြောက်ရွံ့ ခြင်းမရှိ၊ ကြုံတွေ့ နိုင်သော နှိပ်စက်ညှည်းပန်းမှု့ တွေကို မတွေးလို့ လဲမဟုတ် ရှေ့ တန်းထွက်ပြီး ပြည်သူ့ ဒုက္ခ ကိုတက်အားသရွေ့ ကူညီဖြေရှင်းပေးခြင်းမှာ လေးစားလောက်တဲ့ အာဇာနည် လုပ်ရပ်ပါ။ ဒီလို ဒီလို သာသနာဝင်တွေ စွမ်းစွမ်းတမံ လုပ်ရှားမှု့ ကြောင့် အခုဆိုရင် တကမ္ဘာလုံးက သတင်းဋ္ဌာနတွေမှာ မြန်မာပြည်အကြောင်းက ထိပ်ဆုံးကပါလာပြီး ဂရုတစိုက်စိတ်ဝင်စားမှု့ ခံရတာပါ၊ ရဟန်းတို့ ရဲ့ ကျေးဇူးက ကြီးမားလှပါတယ်။ ယခုလို လှုပ်ရှားမှုတရပ်ပေါ်ထွက်လာခြင်းက အစိုးရရဲ့ ညံ့ဖျင်းသောလုပ်ရပ်ကြောင့်ဖြစ်ပြီး၊ မဆင်ခြင်သော စော်ကားမှု့ ကြောင့်သာလျှင် ကြီးထွားလာရခြင်းပါ။ သို့ ပေမဲ့ အစိုးရရဲ့ သေးသိမ်စွာနဲ့  မဖြေရှင်းပေးသည့်အပြင် သံဃာတို့ရဲ့ တောင်းဆိုချက်အား အသိအမှတ်မပြုခဲ့ပါဘူး။ ထိုအကြောင်းအရင်း ကသာလျှင် လက်ရှိ ဆန္ဒပြမှုကို ကြီးထွားစေတာပါ။ ပြည်တွင်းက နိုင်ငံရေးအတို်က်အခံကြောင့်လည်းမဟုတ်၊ ပြည်ပကသွေးထိုးမှု့ ကြောင့်လည်းမဟုတ်ရပါ။ လက်ရှိ အစိုးရ ရဲ့ လုပ်ရပ်နဲ့ လုပ်ကိုင်မှု့ အရည်အချင်း ကသာလျှင် တရားခံပါပဲ။ တာဝန်ယုဖြေရှင်းပေးလိုသော စိတ်ဆန္ဒမရှိပဲ မင်းလုပ်ခြင်းမှာ အာဏာကိုယစ်မှုးလိုသော စိတ်သက်သက်သာ ဖြစ်ပါတယ်။ ထိုကဲ့သို့ သော လူမျိုးအောက် မင်းခစားလုပ်နေရသော လက်အောက်ခံမြန်မာတပ်မတော်သားများအဖို့ နစ်နာမှု့ မှာကျုပ်တို့ လိုသာမန်ပြည်သူတွေထက် ပိုလိမ့်မယ်လို့ ထင်မြင်ပါတယ်။ ထိပ်သီးပိုင်းအချင်းချင်း စည်းစိမ်လု တိုက်ခိုက်နေသည့်အထဲ မြေစာပင်အဖြစ်က နေရသူတွေပါ။ မိမိတို့ စစ်သား ဘဝနဲ့ အာဏာရှင်တို့ ရဲ့ ဘဝ၊ မိမိတို့ စစ်သား သားသမီးများရဲ့ လူနေမှု အခွင့်အရေး နဲ့ အာဏာရှင် သားသင်္မီးတို့ ရဲ့ လူနေမှု့ အခွင့်အရေး၊ မိမိတို့ စစ်သားတွေရဲ့ အနာဂတ် အာမခံချက်နဲ့  အာဏာရှင်တို့ ရဲ့အာမခံချက် ယှဉ်ကြည့်ပါ ရဲဘော်တို့ ။ တပ်မတော်သာအမိ တပ်မတော်သာအဖလို့ မှတ်ယူသော တပ်မတော်သားများ တပ်မတော်ကို ကျွန်ပြုပြီး လူမိုက်ဇာတ်ခင်းနေသော အာဏာရှင်လူတစုကို လမ်းခွဲဖို့ အချိန်တန်ပါပြီ။ မိဘပြည်သူတို့ ယနေ့ ကျော်ကြားတဲ့ အောင်မြင်တဲ့ သရုပ်ဆောင် အကယ်ဒမီ ကိုကျော်သူ၊ ကိုဇာဂနာ အပါအဝင် စာပေ၊ င်္ဂီတ၊ ရုပ်ရှင် အနုပညာသည်တွေ သူတို့ ရဲ့  ကျုပ်တို့ ထက်သာတဲ့ အောင်မြင်မှု ၊ ဓနတွေကို ရင်းပြီး ကျုပ်တို့ အားလုံးရဲ့ ကိုယ်စား ဆန္ဒပြနေသော ရဟန်းတော်တို့ ကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်းမှာ လေးစားစရာ၊အားကျစရာ ကောင်းလှပါတယ်။ သူတို့ လိုကြွယ်ဝတဲ့ လူမျိုးတောင် ရင်းပြီးအနစ်နာခံနိုင်တာ တကယ်တမ်းဆင်းရဲတဲ့ ကျုပ်တို့ တတွေက ဘာကိုတွေးကြောက်နေသလဲ။ အမှန်တရားဘက်က ရပ်တဲ့ သတ္တိတွေပြကြရအောင်လား။ ဓါးကိုဓါးချင်းတုန့် ပြန်ဖို့ မလို ပါ။ စည်းကမ်းရှိသော၊ ငြိမ်းချမ်းသော ဆန္ဒပြ တောင်းဆိုမှုသာလျှင် ကျုပ်တို့ ပြည်သူတွေအားလုံးရဲ့ လွတ်မြောက်နိုင်သော တခုတည်းသောလမ်းကြောင်းပါဘဲ။ ငြိမ်းချမ်းသော ဆန္ဒပြမှု့သာလျှင် အာဏာရှင်တို့ ရဲ့  ထောင်ချောက်ထဲ မရောက်စေနိုင်သော တခုတည်းသောလမ်းကြောင်းပါဘဲ။ ငြိမ်းချမ်းရေးလမ်းစဉ်ကို ပြည်သူတွေအတွက် မီးထွန်းလမ်းပြနေတဲ့ သာသနသံဃ အာဇာနည်တွေရဲ့ လုပ်ရပ်ကို သဲထဲရေသွန်မဖြစ်ရအောင် ပြည်သူတို့ ထကြွ ပါစို့ ။ ပြည်သူတဦး

ဆက်လက်ဖတ်လိုပါက..



လာလည်အားပေးသူ
hit counter