Saturday, September 29, 2007

ကုလ လာတုန်း တောင်းကြစို့ 

ပြည်တွင်း ပြည်ပ မြန်မာပြည်သားတို့  ယနေ့ ကုလကိုယ်စားလယ် Mr Gambari နဲ့ အဖွဲ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိရှိခြင်း နေပြည်တော်သို့ ဆက်လက်ထွက်ခွာသွားတယ်လို့ သိသိရခြင်း စိတ်မချမ်းမသာ ခံစားရပါတယ်။ ကြောင်းရင်းက - ၂ ရက်ခရီးစဉ်သာဖြစ်တဲ့ တိုတောင်းလှတဲ့အချိန်အတွင်းမှာ စစ်အစိုးရ က တောတွင်းစစ်ဌာနဖြစ်တဲ့ နေပြည်တော်ကို ခေါ်ဆောင်သွားတဲ့အတွက် မျှော်လင့်ထားတဲ့ ပြည်သူ့ ရင်တွင်းတောင်းတချက်ကို ကုလက မြင်ဖို့ အားနည်းသွားမှာကိုပါ။ နောက်တခုက- အတုအယောင် ကန့် ကွက်ပွဲဆိုတာတွေနဲ့ အရောင်ဆိုးပြီး လှည့်ဖြားခံ ရမှာကိုပါ။ တကယ်လို့ သာအဲ့ဒီလိုမျိုးတွေကို တွေ့ ယုံပြီး ထင်သလောက် ဖြစ်မလာပဲ ယခင် အတိုင်းဒုံရင်းသာဖြစ်ခဲ့ရင် ရှေ့ က သွေးနဲ့ ရင်းသွားတဲ့ ရဟန်းတော်တွေ မယ်သီလရှင် နဲ့ လူတွေ ရဲ့  သွေး အသက် ခန္ဒ္ဓာတွေ ကို အလားဟပ်သက် ဆုံးရူံးရသလိုဖြစ်နေပြီ။ လူထုရဲ့ စိတ်မှာလည်း ထူးပါဘူး ဆိုတဲ့ နအဖ လိုချင်တဲ့ လူတောမတိုးလိုတဲ့ စိတ် အရိုးစွဲသွားပါလိမ့်မယ်။ လက်ရှိ မျိုးဆက်သာမက နောင်လူမျိုးဆက် တွေအားလုံး နာလန်မထူတော့ပဲ လူဖြစ်ရူံးပါလိမ့်မယ်။ ထို အကြောင်း ကြောင်းတွေကြောင့် - Mr Gambari နဲ့ တကွ နိုင်ငံတကာ သတင်းဌာနများ ပြည်တွင်းရှိပြည်သူများအား-- (၁) ပြည်သူတွေနေထိုင်သော မြို့ တွင်းများကို လှည့်လည်ကြည့်ရှု့ ရန် စာပို့ တိုက်တွန်းပါ (၂) Gambari, ကုလ နဲ့ သတင်းဌာနများကို အတုအယောင် ဆန္ဒပြပွဲ များကို သတိပေးပါ (၃) ပြည်သူအားလုံးအား ရဲရဲဝံ့ဝံ့ မိမိတို့ သဘောထားအစစ်ကို အခွင့် အရေးရတုန်း ပြကြပါလို့  ၂ ရက်သာ အခွင့် ရှိပါတယ်..... ကျေးဇူးပြုပြီး ဝိုင်းဝင်းကုညီအားပေး ကြပါ... ကွယ်လွန် ကျဆုံးသွားတဲ့ လူသား ရဟန်းတွေရဲ့  အသက်ကို စာနာသောအားဖြင့်

ဆက်လက်ဖတ်လိုပါက..

Friday, September 28, 2007

အဓမ္မခိုင်းစေပြီး ဆန္ဒပြမှု့ အား ကန့် ကွက်ကြောင်း လုပ်ရန် ကြံစည်

စစ်အစိုးရက ကုလသမဂ္ဂကိုယ်စားလယ် ဖွဲ့ လာရောက်မဲ့ မနက်ဖြန်တွင် လက်ရှိဆန္ဒပြမှု့ အားကန့် ကွက်သည့် ဆန့် ကျင်ရေးလှုပ်ရှားမှု့ များကို လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း သိရပါသည်။
ညောင်ဦးတွင် စွမ်းအားရှင်ဆိုသူများက ဦးဆောင်ပြီး အိမ်တိုင်းမထွက်မနေရ လုပ်ဆောင်ရမည်ပာု အဓမ္မလှုံဆော် ပြောကြားလျှက်ရှိကြောင်း နစ်နေမန်း blog မှ သိရှိရပါတယ်။
မြန်မာနိုင်ငံသားတို့ အားလုံးအနေနဲ့  မိမိ တို့ ရဲ့ စစ်မှန်တဲ့ တောင်းတချက်ကို ကုလသမဂ္ဂကိုယ်စားလယ်ရောက် ရှိခိုက်တွင် ဆထက်တပိုး ပို၍ ထင်မြင်အောင်ပြကြပါလို့ တိုက်တွန်းပါရစေ။
အကယ်၍ ကုလသမဂ္ဂကိုယ်စားလယ်များ လမ်းကြောင်းလွှဲပြီး ထင်မြင်မှားပါက လက်ရှိခံစားရသော လူမှု့ ရေး၊ စီးပွားရေး၊ ကျန်မားရေး၊ ပညာရေးနှင့်တကွ ပြဿနာများကို ပိုမို၍ ခံစားရမည်မှာ မုချမလွှဲ ဘူးဆိုတာ သတိချပ်ပြီး အကြောက်တရားကို အမှန်တရားကိုမြတ်နိုးတဲ့ စိတ်နဲ့ တွန်းလှန် ကြပါစို့ ။

“ကြောက်လျှင်လွှဲ ရဲလျှင် မင်း ဖြစ်”

ပြည်သူလူထု “မင်း” အဖြစ်နဲ့  လူဖြစ်ရကျိုးနပ်အောင် ရဲစွမ်းသတ္တိပြကြပါစို့ ။ မိမိနဲ့ နီးစပ်သော ပြည်တွင်းမှ မိဘပြည်သူအားအသိပေး ကြပါ။ ပြည်ပရောက် မျိုးချစ်များ သတင်းဌာနများ နှင့် ကုလသမဂ္ဂဆက်သွယ်ရေးသို့ ပေးပို့ ကြပါရန် တိုက်တွန်းပါတယ်။

haveyoursay@bbc.co.uk
inquiries2@un.org

ဆက်လက်ဖတ်လိုပါက..

ဂျပန် သတင်းထောက်အား အနီးကပ်ပစ်သတ်ကြောင်း

Kenji Nagai, 50, Tokyo,
ဂျပန် သတင်းထောက်အား အနီးကပ်ပစ်သတ်ကြောင်း နိုင်ငံတကာ သတင်းတွင် အစဉ်မပြတ်ဖော်ပြလျှက်ရှိပြီး။ ဂျပန် သံရုံးမှ သေဆုံးမှု့ နဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းမှု့ များဆက်လက်ပြုလုပ်မယ်လို့ ပြောကြားပါတယ်။ အသက်ခံရပုံ မှာ အနီးကပ် ပစ်ခတ်မှု့ ကြောင့် နှလုံးကို ထိမှန်သေဆုံးကြောင်း ဆရာဝန်အတည်ပြုကြောင်းသိရပါတယ်။ သေဆုံးသူမှာ လဲကျသိတိုင် မိမိ ဂျာနယ်လစ်ဖြစ်ကြောင်း လက်ကာပြ ကင်မရာကိုထောင်ပြခြင်းဖြင့် သိလိုစေသောပုံရှိကြောင်း အမှတ်တမဲ့ ရိုက်ကူးမိသော ပြကွက်တွင် ကြည့်ရှု့ ရပါတယ်။ အပြီးသတ် သေစေလိုသောကြောင့် ကပ်၍ပစ်ကြောင်းမှာ ထင်းရှားလွန်းလှပါ တယ်။ မြန်မာ့အသံတွင် visit visa ဖြစ်လာရောက်ပြီး မှတ်တမ်းတင် ရိုက်ကူးနေကြောင်း အကြောင်းပြထုတ်လွှင့် ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းပြချက်ပာာ နိုင်ငံတကာအားဘယ်လို မှ ဖြေသိမ့်နိုင်လိမ့်မည်မဟုတ်ပာု BBC နဲ့ CNN မှပြောခဲ့ပါတယ်။ အစိုးရအနေဖြင့် ဂျပန်အစိုးရမှ ဖိအားပိုမို ရရှိဖွယ်ဖြစ်ပါလို့ လဲ ဆိုပါတယ်။ ဂျပန်ဟာ ယနေ့ မြန်မာနိုင်ငံအား ထိထိရောက်ကူညီနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကြည့်ရှု့ ရန် - http://www.fileden.com/files/2006/12/14/510728/jpjorlst.wmv http://www.nhk.or.jp/daily/english/

ဆက်လက်ဖတ်လိုပါက..

Thursday, September 27, 2007

ခွေးကိုက်တာ နာသဟေ့ မင်းတို့ စစ်ခွေးတွေ တသက်မမေ့ဘူး

မင်းရိုက်နေတာ ဗမာလူမျိုး .. မင်အဖေလဲ တို့ ဒီလိုအသားရေနဲ့ ဒီစကားပဲပြောတယ် မင်းတို့ ထမင်းရှင်ဟ … ခွေးမျိုးတွေ… အာဏာရူးကို ကိုးကွယ်နေတဲ့ ဦးနောက်မရှိတဲ့ ခွေး ဓါတ်ပုံကို ကိုနစ်နေမန်း ထံမှရရှိပါသည်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နအဖ ကိုးကွယ်တဲ့ ဘာသာ - တရုတ် နအဖ ပထွေး - တရုတ် ကြိုးမိန့်  ထိုက်တန်သော စစ်ခွေး တစ်ကောင် - အောင်ကျော်ဇော ဒု (စရိုက်) ဗိုလ်ကြီး

ဆက်လက်ဖတ်လိုပါက..

အိုလံပစ်ကော်မတီထံ သို့  ၂၀၀၈ တရုတ် အိုလံပစ်အား ရုတ်သိမ်းပြစ်ရန် တောင်းဆိုပါ။

UN Security Council မှာ တရုတ်ကြောင့် မဖြစ်သင့်တာတွေ ဆက်တိုက် ကျုပ်တို့ ရဟန်းနှင့်တကွ ကျောင်းသား လူသားတွေ သေဆုံး ခဲ့ရပြီ … နှစ်ခါတောင် ဒီတရုတ် ရှုပ်ခဲ့တယ်.. တရုတ်ကို ဆန္ဒပြ ကြပါ… တရုတ်ပာာ မြန်မာလူထုသွေးနဲ့ ချွေးနဲ့ ခံစားရတဲ့ ဒုက္ခကနေ နအဖလုပ်ရပ်ကို ပြည်တွင်းရေးဆိုပြီး ဥပက္ခာပြုကာ အမြတ်ထုပ်နေပါတယ်။ စစ်အစိုးရအား လူ့ အခွင့်အရေးချိုးဖောက်မှု့ နဲ့ အကြမ်းဖက်လူသတ်နှိမ်နင်းမှု့  အား တားမြစ်ရန်ကန့် ကွက်သည့်အတွက် ၁၊ အိုလံပစ်ကော်မတီထံ သို့  ၂၀၀၈ တရုတ် အိုလံပစ်အား ရုတ်သိမ်းပြစ်ရန် တောင်းဆိုပါ။ ၂၊ တရုတ်ပစ္စည်း ဝယ်ယူသုံးဆွဲ မှု့ မပြုကြရန် တရုတ်ဆိုင်အား အားပေးမှု့ မပြု ရန် တိုက်တွန်း လုပ်ဆောင်ပါ။ ၃၊ နိုင်ငံတကာရှိ တရုတ်သံရုံးများအား မြန်မာနိုင်ငံနဲ့ ပက်သတ်ပြီး ရူံချကြောင်း စာပို့ ကြပါ။ ကိုယ့်တိုင်းပြည်မှာ အသေခံပြီး လုပ်ရတဲ့ အာဇာနည် တွေရဲ့ အသက် တန်ဖိုးကို ငဲ့ပြီး ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ဖို့ တောင်းဆို မေတ္တာ ရပ်ခံပါတယ်၊ အိုလံပစ်ကော်မတီထံ သို့  OLYMPIC COMMITTEE PRESIDENT - Mr Denis Oswald DIRECTOR - Mr Andrew Ryan Maison du Sport International Av. de Rhodanie 54 1007 Lausanne Switzerland EMAIL - info@asoif.com Tel: +41 21 601 48 88 Fax: +41 21 601 48 89 တရုတ်သံရုံးများအား EMAIL TO UK CHINESE EMBASSY press@chinese-embassy.org.uk

ဆက်လက်ဖတ်လိုပါက..

စစ်ဖိနပ် နဲ့ ကျောင်းပေါ်တက် စစ်ဖိနပ်နဲ့ ကန် စစ်ဖိနပ်နဲ့ ဘုရားခန်းကို ဝင် -- ဆရာတော်ကိုရိုက် - ဦးပဇ္ဇင်းကိုလည်းရိုက် -

စွမ်းအားရှင်တွေ အသရေမဲ့တဲ့ လူ့ အနတ္တတွေ ဘုန်းကြီးကို တုတ်နဲ့ ရိုက်သတဲ့ … သွေးကွက်တွေသာကြည့်

ဆက်လက်ဖတ်လိုပါက..

သာသနာပြု စစ်တပ် ?? သန်းရွှေ မင်း ဘဝကူးကောင်းဦးမယ်

ဆက်လက်ဖတ်လိုပါက..

Wednesday, September 26, 2007

၂၆ ရက်နေ့ လုပ်ရှားမှု့ ဓါတ်ပုံအချို့ 

ဗုံလုံတလှည့် ငါးပျံတလှည့်ပေါ့၊ ငါ့အလှည့်ရောက်က အောင်သေအောင်သားမန်ဝံ့စား လို့ ခုနစ်ဆွေ ခုနစ်မျိုးတုံးအောင်ဖြုတ်မယ်

နောက်တနေ့ လဲ ဒီနေ့ လိုပဲ သတ္တိပြကြ ၊ မတရားမှု့ ကိုတွန်းလှန်ကြ ဇွဲရှိမှ ရလဒ်ကောင်းမယ်၊ ရလဒ်ကောင်းမှ အနာဂတ်ရှိမယ်။ စစ်အစိုးရအောက် ဘယ်လောက်ဘဝ အောက်ကျလည်း ခင်ဗျားတို့ ကျွန်တော်တို့ အသိဆုံးပဲ။ ပြည်သုတွေပူးပေါင်းကြပါ။

BBC 24 NEWS မှဓါတ်ပုံများ

ဆက်လက်ဖတ်လိုပါက..

ဘုရားသားတော်တပါး ပျံလွန်တော်မှု


ဗုံလုံတလှည့် ငါးပျံတလှည့်ပေါ့ ငါ့အလှည့်ရောက်က အောင်သေအောင်သားမန်ဝံ့စား လို့ ခုနစ်ဆွေ ခုနစ်မျိုးတုံးအောင်ဖြုတ်မယ်


ဓါတ်ပုံအား May Nyane မှ ကူးယူ ရရှိပါသည်။ May Nyane အားကျေးဇူးတင်ပါသည်။http://maynyane.blogspot.com/

ဆက်လက်ဖတ်လိုပါက..

အာဏာကျူးတွေ လက်ရူးပါ့ကွာ

ကိုနစ်နေမန်း (http://niknayman.blogspot.com) ထံမှရရှိပါသည်

သံဃာသွေးမြေကျသလိုမင်းတို့ ဒီဘဝတင် မင်းတို့  ငရဲကျစေရမယ်

ဓါတ်ပုံကို http://www.soneseayar.blogspot.com/ မှရရှိပါသည်။

ဆက်လက်ဖတ်လိုပါက..

Tuesday, September 25, 2007

What President Bush and Prime Minister Brown mention about Burma Today

Reign of Fear ..Unmistakeable people in Burma want for Freedom..International to help reclaim the freedom in Burma. US using tighter economic sanctions against Burma

Bush (US President) UN Gen Assembly

Tougher Stances On Burma From EU

Gordon Brown (UK PM)

Situation in Burma is tense. Whole World want to Restraint the Burmese Authority. Brilliant to see Aung Sun Suu Kyi, well and alive. 100 Times better to see her free and leading people as an elected leader..where she should be

David Miliband (UK Foreign Secretary)

ဆက်လက်ဖတ်လိုပါက..

၂၅ ရက်နေ့  လှုပ်ရှားမှု့ ဓါတ်ပုံများ

ခြောက်သော်လည်း မကြောက် ဒို့  လက်မမြောက်

၂၄ စက်တင်ဘာလ ၀၇ ညဦးမှစ ဆန္ဒပြသူများအား ဖမ်းဆီးမည်ပာု အစိုးရ ရဲ့ အမိန့် ထုပ်ပြန်၍ ရုပ်မြင်သံကြားတွင်ပြသော်လည်း၊ ၂၅ စက်တင်ဘာလ ၀၇ နံနက်တွင် မြို့ ကြီးများဖြစ်တဲ့ မန္တလေး၊ ရန်ကုန်တို့ တွင် လော်စပီကာနဲ့ အော်ဟစ်နေသော်လည်း မြင့်မြတ်တဲ့ စိတ်ဓါတ်၊ အမှန်တရားကို မြတ်နိုးတဲ့စိတ်ဓါတ်၊ တိုင်းပြည်အတွက် စွန့် လွှတ်စွန့် စားလိုတဲ့ အာဇာနည် စိတ်ဓါတ် တို့ ကို ခြောက်ထုတ်လို့ မရဘူးဆိုတာ စစ်အစိုးရတို့ မြဲမြဲ မှတ်ထားတော့။

လှုပ်ရှားမှု့ ဓါတ်ပုံများ ကို ဆုံဆည်းရာ blog မှရရှိပါသည်။ ဆုံဆည်းရာ အားကျေးဇူးတင်ပါသည်၊

ဆက်လက်ဖတ်လိုပါက..

အလယ်ပိုင်းတိုင်းစစ်ဌာနတွင် ပြည်သူ့ မျိုးချစ်တပ်မတော် ဖွဲ့ စည်းခြင်း။

ခြောက်သော်လည်း မကြောက် ဒို့  လက်မမြောက်

၂၄ စက်တင်ဘာလ ၀၇ ညဦးမှစ ဆန္ဒပြသူများအား ဖမ်းဆီးမည်ပာု အစိုးရ ရဲ့ အမိန့် ထုပ်ပြန်၍ ရုပ်မြင်သံကြားတွင်ပြသော်လည်း၊ ၂၅ စက်တင်ဘာလ ၀၇ နံနက်တွင် မြို့ ကြီးများဖြစ်တဲ့ မန္တလေး၊ ရန်ကုန်တို့ တွင် လော်စပီကာနဲ့ အော်ဟစ်နေသော်လည်း မြင့်မြတ်တဲ့ စိတ်ဓါတ်၊ အမှန်တရားကို မြတ်နိုးတဲ့စိတ်ဓါတ်၊ တိုင်းပြည်အတွက် စွန့် လွှတ်စွန့် စားလိုတဲ့ အာဇာနည် စိတ်ဓါတ် တို့ ကို ခြောက်ထုတ်လို့ မရဘူးဆိုတာ စစ်အစိုးရတို့ မြဲမြဲ မှတ်ထားတော့။

ဆက်လက်ဖတ်လိုပါက..

Monday, September 24, 2007

ပြည်သူနဲ့ တပ်မတော်သားများထံသို့ 

ပြည်သူနဲ့ တပ်မတော်သားများထံသို့  ၂၄ စက်တင်ဘာလ ၂၀၀၇ “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ” လွန်ခဲ့တဲ့ ၆ ရက်ကနေ ယနေ့ တိုင်အောင် ရဟန်းသံဃာတော်တို့ နိုင်ငံနေရာအနှံ့ တွင် လှည့်လည်ရွတ်ဆိုခဲ့သော မေတ္တာပို့ လေးပါ။ ကျုပ်တို့ နိုင်ငံ ပြည်သူလူထုတရပ်လုံး နှစ်ပေါင်းများစွာ လိမ်လည်ခံခဲ့ရလို့ ဒီမေတ္တာပို့ စာသားလေးက ထိရောက်ဆုံး လို့ ကျုပ်တော့မှတ်ယူမိပါတယ်။ ခုမြင်နေတဲ့ မြင်ကွင်းမှာ ရဟန်းတွေသာမက မယ်သီလရှင်အမြောက်အမြားပါဝင်လာတာတွေ့ ရလို့ အံ့သြဝမ်းသာ သာဓုခေါ်လို့ မဆုံးပါဘူး။ မိန်းမသားရယ်လို့ တွန့် စုတ်ကြောက်ရွံ့ ခြင်းမရှိ၊ ကြုံတွေ့ နိုင်သော နှိပ်စက်ညှည်းပန်းမှု့ တွေကို မတွေးလို့ လဲမဟုတ် ရှေ့ တန်းထွက်ပြီး ပြည်သူ့ ဒုက္ခ ကိုတက်အားသရွေ့ ကူညီဖြေရှင်းပေးခြင်းမှာ လေးစားလောက်တဲ့ အာဇာနည် လုပ်ရပ်ပါ။ ဒီလို ဒီလို သာသနာဝင်တွေ စွမ်းစွမ်းတမံ လုပ်ရှားမှု့ ကြောင့် အခုဆိုရင် တကမ္ဘာလုံးက သတင်းဋ္ဌာနတွေမှာ မြန်မာပြည်အကြောင်းက ထိပ်ဆုံးကပါလာပြီး ဂရုတစိုက်စိတ်ဝင်စားမှု့ ခံရတာပါ၊ ရဟန်းတို့ ရဲ့ ကျေးဇူးက ကြီးမားလှပါတယ်။ ယခုလို လှုပ်ရှားမှုတရပ်ပေါ်ထွက်လာခြင်းက အစိုးရရဲ့ ညံ့ဖျင်းသောလုပ်ရပ်ကြောင့်ဖြစ်ပြီး၊ မဆင်ခြင်သော စော်ကားမှု့ ကြောင့်သာလျှင် ကြီးထွားလာရခြင်းပါ။ သို့ ပေမဲ့ အစိုးရရဲ့ သေးသိမ်စွာနဲ့  မဖြေရှင်းပေးသည့်အပြင် သံဃာတို့ရဲ့ တောင်းဆိုချက်အား အသိအမှတ်မပြုခဲ့ပါဘူး။ ထိုအကြောင်းအရင်း ကသာလျှင် လက်ရှိ ဆန္ဒပြမှုကို ကြီးထွားစေတာပါ။ ပြည်တွင်းက နိုင်ငံရေးအတို်က်အခံကြောင့်လည်းမဟုတ်၊ ပြည်ပကသွေးထိုးမှု့ ကြောင့်လည်းမဟုတ်ရပါ။ လက်ရှိ အစိုးရ ရဲ့ လုပ်ရပ်နဲ့ လုပ်ကိုင်မှု့ အရည်အချင်း ကသာလျှင် တရားခံပါပဲ။ တာဝန်ယုဖြေရှင်းပေးလိုသော စိတ်ဆန္ဒမရှိပဲ မင်းလုပ်ခြင်းမှာ အာဏာကိုယစ်မှုးလိုသော စိတ်သက်သက်သာ ဖြစ်ပါတယ်။ ထိုကဲ့သို့ သော လူမျိုးအောက် မင်းခစားလုပ်နေရသော လက်အောက်ခံမြန်မာတပ်မတော်သားများအဖို့ နစ်နာမှု့ မှာကျုပ်တို့ လိုသာမန်ပြည်သူတွေထက် ပိုလိမ့်မယ်လို့ ထင်မြင်ပါတယ်။ ထိပ်သီးပိုင်းအချင်းချင်း စည်းစိမ်လု တိုက်ခိုက်နေသည့်အထဲ မြေစာပင်အဖြစ်က နေရသူတွေပါ။ မိမိတို့ စစ်သား ဘဝနဲ့ အာဏာရှင်တို့ ရဲ့ ဘဝ၊ မိမိတို့ စစ်သား သားသမီးများရဲ့ လူနေမှု အခွင့်အရေး နဲ့ အာဏာရှင် သားသင်္မီးတို့ ရဲ့ လူနေမှု့ အခွင့်အရေး၊ မိမိတို့ စစ်သားတွေရဲ့ အနာဂတ် အာမခံချက်နဲ့  အာဏာရှင်တို့ ရဲ့အာမခံချက် ယှဉ်ကြည့်ပါ ရဲဘော်တို့ ။ တပ်မတော်သာအမိ တပ်မတော်သာအဖလို့ မှတ်ယူသော တပ်မတော်သားများ တပ်မတော်ကို ကျွန်ပြုပြီး လူမိုက်ဇာတ်ခင်းနေသော အာဏာရှင်လူတစုကို လမ်းခွဲဖို့ အချိန်တန်ပါပြီ။ မိဘပြည်သူတို့ ယနေ့ ကျော်ကြားတဲ့ အောင်မြင်တဲ့ သရုပ်ဆောင် အကယ်ဒမီ ကိုကျော်သူ၊ ကိုဇာဂနာ အပါအဝင် စာပေ၊ င်္ဂီတ၊ ရုပ်ရှင် အနုပညာသည်တွေ သူတို့ ရဲ့  ကျုပ်တို့ ထက်သာတဲ့ အောင်မြင်မှု ၊ ဓနတွေကို ရင်းပြီး ကျုပ်တို့ အားလုံးရဲ့ ကိုယ်စား ဆန္ဒပြနေသော ရဟန်းတော်တို့ ကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်းမှာ လေးစားစရာ၊အားကျစရာ ကောင်းလှပါတယ်။ သူတို့ လိုကြွယ်ဝတဲ့ လူမျိုးတောင် ရင်းပြီးအနစ်နာခံနိုင်တာ တကယ်တမ်းဆင်းရဲတဲ့ ကျုပ်တို့ တတွေက ဘာကိုတွေးကြောက်နေသလဲ။ အမှန်တရားဘက်က ရပ်တဲ့ သတ္တိတွေပြကြရအောင်လား။ ဓါးကိုဓါးချင်းတုန့် ပြန်ဖို့ မလို ပါ။ စည်းကမ်းရှိသော၊ ငြိမ်းချမ်းသော ဆန္ဒပြ တောင်းဆိုမှုသာလျှင် ကျုပ်တို့ ပြည်သူတွေအားလုံးရဲ့ လွတ်မြောက်နိုင်သော တခုတည်းသောလမ်းကြောင်းပါဘဲ။ ငြိမ်းချမ်းသော ဆန္ဒပြမှု့သာလျှင် အာဏာရှင်တို့ ရဲ့  ထောင်ချောက်ထဲ မရောက်စေနိုင်သော တခုတည်းသောလမ်းကြောင်းပါဘဲ။ ငြိမ်းချမ်းရေးလမ်းစဉ်ကို ပြည်သူတွေအတွက် မီးထွန်းလမ်းပြနေတဲ့ သာသနသံဃ အာဇာနည်တွေရဲ့ လုပ်ရပ်ကို သဲထဲရေသွန်မဖြစ်ရအောင် ပြည်သူတို့ ထကြွ ပါစို့ ။ ပြည်သူတဦး

ဆက်လက်ဖတ်လိုပါက..

သူရဲကောင်းအာဇာနည် ရဟန်းတော် နှင့် ပြည်သူ လေးစားလောက်ဖွယ် စည်းစနစ်နဲ့ ဇွဲသတ္တိ

ဆက်လက်ဖတ်လိုပါက..

၂၄ စက်တင်ဘာလ ၂၀၀၇ ဓါတ်ပုံမှတ်တမ်းများ

စစ်အစိုးရဲ့  မလိုအပ်သော လုပ်ရပ်မှ ပေါ်ထွက်လာသော ရဟန်းသံဃာတော် ဆန္ဒပြမှု့ မှာ အဆပေါင်းများစွာကြီးထွားလာလျှက် ရှိပါသည်။

ဆက်လက်ဖတ်လိုပါက..

လေးစားရပါသော ကိုကျော်သူ နှင့် အနုပညာရှင်များ ဓါတ်ပုံမှတ်တမ်း


ဆက်လက်ဖတ်လိုပါက..



လာလည်အားပေးသူ
hit counter