Friday, September 28, 2007

ဂျပန် သတင်းထောက်အား အနီးကပ်ပစ်သတ်ကြောင်း

Kenji Nagai, 50, Tokyo,
ဂျပန် သတင်းထောက်အား အနီးကပ်ပစ်သတ်ကြောင်း နိုင်ငံတကာ သတင်းတွင် အစဉ်မပြတ်ဖော်ပြလျှက်ရှိပြီး။ ဂျပန် သံရုံးမှ သေဆုံးမှု့ နဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းမှု့ များဆက်လက်ပြုလုပ်မယ်လို့ ပြောကြားပါတယ်။ အသက်ခံရပုံ မှာ အနီးကပ် ပစ်ခတ်မှု့ ကြောင့် နှလုံးကို ထိမှန်သေဆုံးကြောင်း ဆရာဝန်အတည်ပြုကြောင်းသိရပါတယ်။ သေဆုံးသူမှာ လဲကျသိတိုင် မိမိ ဂျာနယ်လစ်ဖြစ်ကြောင်း လက်ကာပြ ကင်မရာကိုထောင်ပြခြင်းဖြင့် သိလိုစေသောပုံရှိကြောင်း အမှတ်တမဲ့ ရိုက်ကူးမိသော ပြကွက်တွင် ကြည့်ရှု့ ရပါတယ်။ အပြီးသတ် သေစေလိုသောကြောင့် ကပ်၍ပစ်ကြောင်းမှာ ထင်းရှားလွန်းလှပါ တယ်။ မြန်မာ့အသံတွင် visit visa ဖြစ်လာရောက်ပြီး မှတ်တမ်းတင် ရိုက်ကူးနေကြောင်း အကြောင်းပြထုတ်လွှင့် ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းပြချက်ပာာ နိုင်ငံတကာအားဘယ်လို မှ ဖြေသိမ့်နိုင်လိမ့်မည်မဟုတ်ပာု BBC နဲ့ CNN မှပြောခဲ့ပါတယ်။ အစိုးရအနေဖြင့် ဂျပန်အစိုးရမှ ဖိအားပိုမို ရရှိဖွယ်ဖြစ်ပါလို့ လဲ ဆိုပါတယ်။ ဂျပန်ဟာ ယနေ့ မြန်မာနိုင်ငံအား ထိထိရောက်ကူညီနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကြည့်ရှု့ ရန် - http://www.fileden.com/files/2006/12/14/510728/jpjorlst.wmv http://www.nhk.or.jp/daily/english/



လာလည်အားပေးသူ
hit counter