Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Thursday, October 25, 2007

ပြင်းထန်စွာရှုံ့ ချ

နအဖ သာသနာရေးဝန်ကြီးလို့ ခေါ်တွင်သော သူရမြင့်မောင်ရဲ့ သံဃနာယကထံသို့ ၁၄ ရက်ထုတ်သတင်းစာပါ လျှောက်ထားချက်များမှာ အခြေအမြစ်မရှိ မိန်းမလိုမိန်းမရဆန်သော စွပ်စွဲချက်များဖြစ်ပြီး ပြည်သူတို့ သက်ဝင်ယုံကြည်သောသာသနာနဲ့ သံဃာကို စော်ကားရာရောက်သဖြင့် ပြင်းထန်စွာရှုံ့ ချပါတယ်။

“ထောင်ထွက်” များပာု အမည်တပ်ခေါ်ဆိုသည်မှာ မိုက်ရိုင်းစော်ကားသော တရားမဲ့မိစ္တာကောင်တွေရဲ့ လုပ်ရပ်ပါ။ ၈၈ ကာလအတွင်း စစ်အစိုးရ မတရားဖမ်းဆီး နိုပ်စက်၍ ထောင်ချခဲ့သည်ကို ထောင်ထွက်အမည်တပ် ခြင်းမှာ သက်သက်မဲ့ အမည်ပျက်အဖြစ်သိက္ခာချစော်ကားလိုက်တာပဲ။ ၁၉၉၀ မှာကံဆောင်လို့  စစ်အစိုးရဖမ်းဆီးပြီးမတရားလူဝတ်လဲခံရတဲ့သံဃာတော်တွေပာာ ပြည်သူလူထုအတွက် ရဟန်းစစ်၊ရဟန်းမှန် သံဃာတော်တွေပါပဲ။ မည်ကဲ့သို့ အမည်နာမ မျိုးစုံခေါ်စေဦး သံဃာဟာ သံဃာဖြစ်တဲ့အတွက်ထောင်ထွက်ဆိုသောစကားကို လက်မခံနိုင်ပါ။ထောင်ထွက်ဆိုသောစကားကြောင့် ပြည်သူလူထူရဲ့ စိတ်ထဲ ကြည်ညိုယုံကြည်မှု့ လျော့ပါးသွားလိမ့်မည်မဟုတ်ပဲ စော်ကားရက်လေ ဆိုသောနာကျည်းမှု့ များသာပို၍သာတိုးလာပါမယ်။မဖွယ်မရာကိစ္စများ ဆိုပြီးလုပ်ကြံလျောက်တင်တာတွေ ကိုလည်း “ယိုသူမရှက် မြင်သူရှက်” ဆိုသလို အံ့သြမဆုံးပါဘူး။ ဒီလျောက်ကြားလွာကို တင်လျောက်ဖို့ များစွာဝန်လေးပြီး၊ရှက်ရွံ့ စွာလျောက်ထားရသည်ဆိုသော သူရမြင့်မောင် သူဖွင့်ဆိုထားသော “ရိုးသားသော၊လူမှုဗာဟီရကိစ္စများနဲ့ အကျွမ်းတဝင်မရှိသော သံဃာများ” ကို မေးမြန်းမှု့ မရှိ၊ ဝန်လေးမှု့ မရှိ၊ ရှက်ရွံ့ မှု့ အလျင်းမရှိပဲ ရိုက်နက်ကန်ကြောက်သောလုပ်ရပ်များမှာ ပြတ္တားတလမ်း၊သံတလမ်း၊ ရှေ့ စကား နောက်မညီသောကြောင့် ယုံကြည်ဖွယ်ရာတစုံတရာ မရှိပါ။ သက်သေခိုင်လုံသော ဗီဒီယိုပြကွက်များလည်း ကြည့်ရပြီးဖြစ်သဖြင့် “သံဃာအချို့ ကို မလွှဲမရှောင်သာ ခေါ်ယူမေးမြန်းခဲ့ပါတယ်ဘုရား” သူရမြင့်မောင်စကားမှာ ယုတ်ညံ့သော ဆင်ခြေတစ်ခုသာဖြစ်တယ်ဆိုတာကို ပြည်သူလူထုတစ်ရပ်လုံး သိနည်းလည်ပါတယ်။ ဗုဒ္ဓဘာသာဝင်ပီပီ သာသနာကို ကြည်ညိုအလေးနက်ထားတယ်ဆိုတဲ့ နအဖတို့ ပုခက္ကူမှာ သံဃာတော်တွေ မေတ္တာပို့ လမ်းလျောက်တာကို ဘာကြောင့်အကြမ်းဖက်ဖြိုခွင်းပါသလဲ။ ထိမ်းထိမ်းသိမ်းသိမ်းဆောင်ရွက်ပါတယ်ဆိုသော ဝေါပာာရမှာ ကြိုးကွင်းစွပ်ဖမ်းဆီးခြင်း၊ သနတ်၊ဝါးရင်းတုတ်ဖြင့်ရိုက်နှက်ခြင်း၊ ဖိနပ်ဖြင့်ကန်ခြင်းစတာတွေ ပါဝင်သလားဆိုတာ ရှင်းပြပါဦး။ သာသနာနဲ့ တိုင်းပြည်ဖျက်ဘေးရန်ကိုကာကွယ်ဖို့ ဆိုသော သူရမြင့်မောင်တို့ နအဖ တို့ စွပ်စွဲလူသားမဆန်တိုက်ခိုက်ခံရသော ရဟန်းတော်တွေရဲ့ တောင်းဆိုမှု့ ကိုကြည့်ပါ -
(၁)တာဝန်ရှိသူများဝန်ချတောင်းပန်ရန်(ပခုက္ကူရိုက်နှက်ဖမ်းဆီးမှု့ အတွက်) (၂)ပြည်သူ့ စားဝတ်နေရေးပြေလည်ရေး (၃)ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျည်းသားများ လွတ်မြောက်ရေး (၄)အမျိုးသားပြန်လည်သင့်မြတ်ရေး
ကဲ ဘယ်အချက်က နိုင်ငံတော်နဲ့ သာသနာကို ထိပါးလို့ ဒီလိုလူမဆန်တဲ့လုပ်ရပ်တွေ လုပ်ရတာတုန်း။ “တပည့်တော်တို့ အနေနဲ့ သာသနာတော်နဲ့ နိုင်ငံတော်အတွက်တာဝန်အရမလွဲမရှာင်သာ ဆောင်ရွက်ရသည်များကို ဆရာတော်ကြီးများအနေဖြင့် စာနာ၊နားလည်၊ခွင့်လွတ်ပါရန် လျောက်ထားအပ်ပါသည်” ဆိုသော သူရမြင့်မောင်နဲ့ နအဖ တိုင်းဖျက်၊ပြည်ဖျက်၊သာသနာဖျက် မိစ္တာဂိုဏ်းတခုလုံးကို ငရဲ နဲ့ ပြည်သူလူထုက ခွင့်လွတ်လိမ့်မည်မပာုတ်ပါလို့ ။

ဆက်လက်ဖတ်လိုပါက..

Tuesday, October 2, 2007

စစ်ရေးအရ နအဖအား တိုက်ပွဲ ဝင်ရန်

စစ်ရေးအရ တိုက်ပွဲ ဝင်ဖို့  စစ်ရေး မဟာမိတ်အဖွဲ့ (Military Alliance) တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့ကြီးက အတည်ပြုလုပ်ဆောင်သွားမည်လို့ မဇ္ဇိုမ မှသတင်းရှိပါတယ်။ ဘယ်လို အကျိုးသက်ရောက်မှု့ တွေဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ပြည်တွင်းငြိမ်းချမ်းစွာ ထုပ်ဖော်ဆန္ဒပြမှု့ အား အကြမ်းဖက်ဖြိုခွဲ ခံရပြီးနောက် လက်နက်နဲ့ သာရနိုင်မယ်လို့ လူတော်တော်များများက လက်ခံလာကြတာကို တွေ့ မြင်ကြားနေရပါပြီ။ ပြည်ပက လက်နက်ကိုင်တွေရော ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့ အစည်းဆိုတာတွေရောပါ မေးခွန်းထုတ်စရာ ဖြစ်အောင် မီးမွှေးတာ လက်ရှိအစိုးရရဲ မဆင်ခြင်တဲ့လုပ်ရပ်ပါပဲ။ အပ်နဲ့ ထွင်းရမဲ့ ကိစ္စ ပုဆိန်နဲ့ ပေါက်ရတော့မယ်။ ဘာဆက်ဖြစ်မလဲ မတွေးတတ်အောင်ပါပဲ။

ဆက်လက်ဖတ်လိုပါက..

Tuesday, September 25, 2007

What President Bush and Prime Minister Brown mention about Burma Today

Reign of Fear ..Unmistakeable people in Burma want for Freedom..International to help reclaim the freedom in Burma. US using tighter economic sanctions against Burma

Bush (US President) UN Gen Assembly

Tougher Stances On Burma From EU

Gordon Brown (UK PM)

Situation in Burma is tense. Whole World want to Restraint the Burmese Authority. Brilliant to see Aung Sun Suu Kyi, well and alive. 100 Times better to see her free and leading people as an elected leader..where she should be

David Miliband (UK Foreign Secretary)

ဆက်လက်ဖတ်လိုပါက..

အလယ်ပိုင်းတိုင်းစစ်ဌာနတွင် ပြည်သူ့ မျိုးချစ်တပ်မတော် ဖွဲ့ စည်းခြင်း။

ခြောက်သော်လည်း မကြောက် ဒို့  လက်မမြောက်

၂၄ စက်တင်ဘာလ ၀၇ ညဦးမှစ ဆန္ဒပြသူများအား ဖမ်းဆီးမည်ပာု အစိုးရ ရဲ့ အမိန့် ထုပ်ပြန်၍ ရုပ်မြင်သံကြားတွင်ပြသော်လည်း၊ ၂၅ စက်တင်ဘာလ ၀၇ နံနက်တွင် မြို့ ကြီးများဖြစ်တဲ့ မန္တလေး၊ ရန်ကုန်တို့ တွင် လော်စပီကာနဲ့ အော်ဟစ်နေသော်လည်း မြင့်မြတ်တဲ့ စိတ်ဓါတ်၊ အမှန်တရားကို မြတ်နိုးတဲ့စိတ်ဓါတ်၊ တိုင်းပြည်အတွက် စွန့် လွှတ်စွန့် စားလိုတဲ့ အာဇာနည် စိတ်ဓါတ် တို့ ကို ခြောက်ထုတ်လို့ မရဘူးဆိုတာ စစ်အစိုးရတို့ မြဲမြဲ မှတ်ထားတော့။

ဆက်လက်ဖတ်လိုပါက..



လာလည်အားပေးသူ
hit counter