Tuesday, October 2, 2007

စစ်ရေးအရ နအဖအား တိုက်ပွဲ ဝင်ရန်

စစ်ရေးအရ တိုက်ပွဲ ဝင်ဖို့  စစ်ရေး မဟာမိတ်အဖွဲ့ (Military Alliance) တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့ကြီးက အတည်ပြုလုပ်ဆောင်သွားမည်လို့ မဇ္ဇိုမ မှသတင်းရှိပါတယ်။ ဘယ်လို အကျိုးသက်ရောက်မှု့ တွေဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ပြည်တွင်းငြိမ်းချမ်းစွာ ထုပ်ဖော်ဆန္ဒပြမှု့ အား အကြမ်းဖက်ဖြိုခွဲ ခံရပြီးနောက် လက်နက်နဲ့ သာရနိုင်မယ်လို့ လူတော်တော်များများက လက်ခံလာကြတာကို တွေ့ မြင်ကြားနေရပါပြီ။ ပြည်ပက လက်နက်ကိုင်တွေရော ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့ အစည်းဆိုတာတွေရောပါ မေးခွန်းထုတ်စရာ ဖြစ်အောင် မီးမွှေးတာ လက်ရှိအစိုးရရဲ မဆင်ခြင်တဲ့လုပ်ရပ်ပါပဲ။ အပ်နဲ့ ထွင်းရမဲ့ ကိစ္စ ပုဆိန်နဲ့ ပေါက်ရတော့မယ်။ ဘာဆက်ဖြစ်မလဲ မတွေးတတ်အောင်ပါပဲ။



လာလည်အားပေးသူ
hit counter