Friday, October 26, 2007

ဆက်လက်ချီတက်ကြပါစို့ 

လက်တလောရာထူးတိုးပေးခံရတဲ့ ဝန်ကြီးဦးအောင်ကြည်ရဲ့ ဒေါ်စုတွေ့ ဆုံဆွေးနွေးပွဲကို(၂၅.၁၀.၀၇) ရုပ်မြင်သံကြားမှာ ထုတ်လွှင့်တင်ဆက်တာတွေ၊ ခါတော်မှီ ရတနာမြေ လိုဘလော့်အသည်းအသန် ထလုပ်ပြီး စီးပွားရေးပိတ်ဆို့ မှု့ တွေကို မတုန်လှုပ်ကြောင်း တင်ပြတာတွေ၊ နဲ့ ကိုနစ်နေမန်း ဘလော့်မှာဖတ်လိုက်ရတဲ့ တေဇသား ထက်တေဇရဲ့ Email စာဖော်ပြချက် အစရှိတာတွေကို ဖတ်လိုက်ရလို့ ခုတလော နိုင်ငံတကာဖိအားပေးမှု့ တွေ၊ အပြည်ပြည်ဆိုင်ရာ မြန်မာပြည်အရေးဆန္ဒပြလှုပ်ဆော်မှု့ တွေ၊ တရုတ် ၂၀၀၈ အိုလံပစ်အားသပိတ်မှောက်ရန် တိုက်တွန်းမှု့ အားလုံးပာာ ထိရောက်မှု့ ရှိတယ်လို့ ဆိုရမှာပါ။

နအဖခေါင်ချူပ်သန်းရွှေတောင်းဆိုတာတွေကို ဒေါ်စုက လိုက်လျောတယ်လို့ တရားဝင်ကော၊ ကောလပာာလအနေနဲ့ သတင်းထွက်ပေါ်ခြင်းမရှိပဲ ပြည်တွင်းရုပ်မြင်သံကြားမှာဆွေးနွေးမှု့ အစလို့ ပြသရတယ်ဆိုကတည်းက မာန်ဝင့်လွန်းတဲ့ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အဖို့ မာနကိုမနည်းမျိုထားရတဲ့ပုံပဲ။ လှည့်ကွက်ဖြစ်နိုင်ပေမဲ့ ဒါကိုကသူတို့ ကြောက်လို့ လုပ်ရတယ်ဆိုတာကို ထင်ထင်ရှားရှားပြတာပဲ။ တေဇနေနဲ့ ကြည့်ရင်လည်း တော်တော်ထိခိုက်နစ်နာပါတယ်။

၂၅ ရက်နေ့ ဒေါ်စုနဲ့ ဝန်ကြီးဦးအောင်ကြည် ပထမအကြိမ် တွေ့ ဆုံမှု့ 

လေကြောင်းလိုင်းစတင်တာမကြာသေးပါဘူး။ ဒီ့အတွက် ရင်းနှီးထားတဲ့ငွေကြေးပမာဏကလည်း နည်းမှာမပာုတ်ပါဘူုး။ အထူးသဖြင့် စင်ကာပူနဲ့ ပြေးဆွဲတဲ့ ပြည်ပလေကြောင်းလည်းပိတ်လိုက်ရတာပာာ သူရဲ့ မူလအစီစဉ် ရှေ့ တောင်အာရှပြေးဆွဲရေးကို လိုက်ကာချအဆုံးသတ်လိုက်ရတဲ့အတွက် မခံချိမခံသာဖြစ်နေပါလိမ့်မယ်။

ပြည်တွင်းလေကြောင်းလိုင်းက လက်ရှိကုန်ကျငွေကို ပြန်ကာဖို့ မျော်လင့်ချက်မရှိပါဘူး။ ဒါကြောင့်မို့  “အိမ်ရှေ့ ပူအိမ်နောက်မချမ်းသာ ” ဆိုသလို သားထက်တေဇလည်း မခံမရပ်နိုင်ဖြစ်ပြီး လူငယ်သဘာဝ လေလုံးထွားလေးနဲ့ တုန့် ပြန်လိုက်တာဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်ဘာဝ “ဆင်ပိန်ရင်ကျွဲလောက်ကျန်သေးတယ်” ဆိုတာမျိုး အတိုက်အခံလုပ်တဲ့လူတွေ သိစေချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။

တေဇသားထက်တေဇ

ပြည်တွင်းလေကြောင်းလိုင်းက လက်ရှိကုန်ကျငွေကို ပြန်ကာဖို့ မျော်လင့်ချက်မရှိပါဘူး။ ဒါကြောင့်မို့  “အိမ်ရှေ့ ပူအိမ်နောက်မချမ်းသာ ” ဆိုသလို သားထက်တေဇလည်း မခံမရပ်နိုင်ဖြစ်ပြီး လူငယ်သဘာဝ လေလုံးထွားလေးနဲ့ တုန့် ပြန်လိုက်တာဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်ဘာဝ “ဆင်ပိန်ရင်ကျွဲလောက်ကျန်သေးတယ်” ဆိုတာမျိုး အတိုက်အခံလုပ်တဲ့လူတွေ သိစေချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။ဂန်ဘာရီရဲ့ မြန်မာ့အရေး နယ်လှည့်ခရီးစဉ်ပာာ စစ်အစိုးရတွက် နေမထိထိုင်မသာ စိတ်ခြောက်ခြားစရာဆိုတာသေချာပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့ ရဲ့ ထောက်ခံမှု့ နဲ့ ပူးပေါင်းပါဝင်မှု့ ကျေနပ်လောက်စရာအတိုင်းအတာထိ ရခဲ့တယ်လို့ မစ္စတာဂမ်ဘာရီရဲ့ ကြေညာချက်မျိုးပာာစစ်အစိုးရအတွက် ဆက်တိုက်ဆိုသလို အမင်္ဂလာသတင်းအဖြစ်နဲ့ ကြားနေရပါပြီ။ တရုတ်အနေနဲ့ သူ့ ရဲ့ ၂၀၀၈ အိုလံပစ်ဂိမ်းကို အပျက်ဆီးမခံနိုင်တာကို သာကြည့် ဘေကျင်းမြို့ လေထုညစ်ညမ်းမှု့ အတွက်အားတင်ခွန်စိုက် အချိန်မှီ ဆက်ရုံအလုပ်ရုံတွေ ရွှေ့ ပြောင်း၊ကာဗွန်လျှော့ချမှု့ တွေဆထက်တပိုးလုပ်ဆောင်နေတာက သက်သေခံနေတာပဲ။ ၂၀၀၈ အိုလံပစ်ဂိမ်းပာာ တရုတ်ရဲ့အညှာကိုအထိဆုံးနဲ့ မြန်မာအရေးကြောင့်တရုတ်တို့ ပျက်ဆီးမှာကို ခံနိုင်မှာမပာုတ်ဘူးလို့ တရားသေထင်မြင်ယူဆလို့ ရပါတယ်။ တရုတ်ဘက်က ပြုပြင်ပြောင်းလဲမှု့ အတွက်ထောက်ခံမှု့ အပြည့်အဝရရင် စစ်အစိုးရနေနဲ့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှု့ ကို မလွှဲမသေဆောင်ရွက်ရပါလိမ့်မယ်။
ပြီးခဲ့တဲ့လအတွင်းက အိမ်နီးချင်းနိုင်ငံအချို့ ရဲ့ “အိမ်တွင်းရေးသာဖြစ်တယ်လို့ ” အမည်တပ်လက်ရှောင်တာရဲ့ ရင်းမြစ်က အိမ်နီးချင်းနိုင်ငံများအကြား မြန်မာပြည်ထွက်သံယံဇာတ ကနေရရှိမဲ့ အကျိုးအမြတ်ကိုအလေးထားလွန်းလို့ ဖြစ်ပါတယ်၊။ ဒါပေမဲ့ ကျုပ်အထင် ယခုဂန်ဘာရီခရီးစဉ်က နိုင်ငံတကာကနေ ထိုနိုင်ငံတွေရဲ့ မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး သဘောထားအား မေးခွန်းထုတ်နေတာကို သာသိထင်ရှားစေတယ်လို့ ယူဆပါတယ်။ ဒီခရီးစဉ်မှာ မေးခွန်းတွေရဲ့ နောက်ဆက်တွဲ နိုင်ငံတကာရဲ့ အမြင်မကြည်လင်မှု့ ကနေတဆင့် နစ်နာစရာတွေဖြစ်လာနိုင်တယ်ဆိုတာ ထိုအိမ်နီးချင်းတွေသိဖို့ လည်းပါလိမ့်မှာလို့ ယူဆမိပါတယ်။ သူရဲ့ ရှင်းလင်းတင်ပြပုံ ထိရောက်မှု့ ပေါ်မှုတည်ပြီး မြန်မာပြည်နိုင်ငံရေးပြောင်းလဲမှု အပေါ်ဖိအားပေး နိုးဆော်မှု့ တွေရဲ့ အရှိန်ပာုန်ကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ခံတွင်းတွေ့ နေတဲ့ သံယံဇာတထွက်ရောင်းချမှု့ ပာာအိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထားပေါ်တည်နေတဲ့အတွက် ဝယ်သူမျာက်နှာကြည့်ပြီး အထောက်အလျောက် ပြောင်းလဲမှု့ တွေလုပ်ရမယ်ဆိုတာ စစ်အစိုးရကောင်းကောင်းသိပါတယ်။ တကယ်လို့ ဆိုတဲ့ ပြည်ပရောင်းဝယ်မှု့ ဈေးကွက်မရှိတော့ရင် စစ်အစိုးရအတွင်းမှာကို ဖြေသိမ့်နှစ်သိမ့်စရာ၊ မက်လုံးတွေပေးနိုင်တော့မှာမပာုတ်တဲ့အတွက် “ငါ့အတွက်မကျန်တော့ဘူး” ဆိုတဲ့သဘောထားကနေ ပဋိပက္ခတွေပေါ်ပေါက်လာမှာပါ။ ဒါကို စစ်အစိုးရလိုလားလိမ့်မယ်မပာုတ်ဘူး။ ပြည်တွင်းလက်ဝါးကြီးအုပ်စီးပွားရေးတွေ၊ ပရောဂျက် ကွန်ထရက်ယူတာ အစရှိတာတွေအာလုံးပာာ တပ်တွင်းအရာရှိအရာခံတွေနဲ့ ၄င်းတို့ရဲ့ မိတ်ဖက်သင်္ဂပာတွေအတွက် အလုအယက်စားကွက်ဖြစ်နေတော့ စစ်အစိုးရအတွက် သစ္စာခံကြေးအတွက် ပြည်ပစားကွက်တွေလိုပါတယ်။ ဒီတော့ ထုံးစံအတိုင်း “မျောက်ပြဆန်တောင်း” လုပ်ရပ်တွေနဲ့ စစ်အစိုးရတို့ က ပြည်ကစားကွက်ကာကွယ်မှု့ တွေလုပ်ရပါအုံးမယ်။
ဘယ်လိုဖြစ်ဖြစ်ပေါ့ ကျုပ်တို့ အားလုံးအတွက်တော့ ထိရောက်နေတဲ့ မြန်မာ့အရေးလှုပ်ရှားမှု့ ကိုဆထက်တပိုးတိုးလို့ သာလုပ်ဆောင်ဖို့ သာရှိပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးသပိတ်မှောက်မှု့ တွေ၊ တရုတ်ကို အိုလံပစ်အားကြောင်းပြပြီး ဖိအားပေးတောင်းဆိုမှု့တွေ၊ စစ်အစိုးရရဲ့ ပြည်တွင်းနေရာအနှံ့ လုပ်ဆောင်နေတဲ့ မတရားမှု့ ကိုနိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပမြန်မာတွေ သိအောင်သတင်းဖြန့် ဖြူးတာတွေကို လုပ်ဆောင်နေတဲ့ မြန်မာမျိုးချစ်တွေ၊ မြန်မာ့အရေးလူပ်ရှားသူ အားလုံးကို ဂုဏ်ပြုအသိအမှတ်ပြုပါတယ်။ ပိုမိုအားထုတ်လုပ်ဆောင်ကြပါလို့ လဲ တိုက်တွန်းပရစေ။

ဆက်လက်ဖတ်လိုပါက..

Thursday, October 25, 2007

ကြခတ်ရုံထဲက သားသတ်သမား

တော်တော်ကိုကောင်းတဲ့ ကဗျာတပုဒ်ပါ။ သီရိလင်္ကာရောက်မြန်မာကျောင်းသားရပာန်းတော်များ ဘလော့်ထံမှကူးယူဖော်ပြလိုက်ပါတယ်။ မဖြစ်မနေ သွားရောက်ဖတ်ရှု့ သင့်တဲ့ ဘလော့်ပါ။ http://lanka-msma.blogspot.com/2007/10/blog-post_24.html

ကြခတ်ရုံထဲက သားသတ်သမား တောမီးလောင်တော့ တောကြောင်တွေ လက်ခမောင်းခတ်သတဲ့ ပြည် ၀မ်းမီးလောင်တော့ “ဘုန်းကြောင်”တွေ စားပေါက်ထွင်သတဲ့ သူမို့လို့ ပြည်သူ့ဆွမ်းစားပြီး ပြည်သူကမွေးတဲ့ သားတွေကို သတ်ရမယ်တဲ့ သိတတ်ရင် ကိုယ့်ဝမ်းမှာ ဘယ်သူ့ဆွမ်းကပိုများသလဲ ငုံ့ကြည့်သင့်တယ်၊ သခင်အလိုကျအောင် ကျယ်ကျယ်လောင်လောင် ဟောင်နိုင်မှ ခွေးစစ်မှာလား ယမမင်းဗျူဟာတွေနဲ့ ပွဲလန့်တုန်းဖျာခင်း အာဏာရှင်အကြိုက် ဈေးကွက်ထွင်လိုက်တာလား။ ကြခတ်ဝါးရုံလေးတစ်ရုံ စိုပြေရေးအတွက် သူမို့လို့ ဇာတ်တူသား စားကောင်းသတဲ့ ပုဆိန်နဲ့ခုတ် လွှနဲ့ဖြတ်ရမတဲ့ ငါးစိမ်းသယ်သြ၀ါဒတွေနဲ့ အရူးတွေကို သူမို့လို့ သားသတ်လိုင်စင် ထုတ်ပေးရက်တယ်။ အိုကြီးအိုမ ဒီအရွယ်ကြီးကျမှ သတ်တာဖြတ်တာဝါသနာပါတုန်းလား သင့်ကြောင့် နွားတွေ ချိုတရမ်းရမ်းနဲ့ သင့်ကြောင့် အရူးတွေ သေနတ်တကားကားနဲ့ သင့်ကြောင့် မိတကွဲ ဖတကွဲကလေးတွေနဲ့ ငမိုးရိပ်ချောင်းမှာ မျှောခံရတဲ့ အလောင်းတွေနဲ့ အသက်တစ်ချောင်း ဆုံးရှုံးရတိုင်း သင့်မှာ တာဝန်ရှိတယ် ပြည်သူ့မျက်ရည်တစ်စက်ကျတိုင်း သင့်ရဲ့ပယောဂပါတယ် သင့်ကြောင့် ကျိုးတ၀က် ကန်းတပိုင်း တစာစာ အော်နေရတဲ့ နာကျင်သံတွေကို ဘယ်လိုသမိုင်းနဲ့ သင်ဆေးကြောမလဲ။ သာသနာမှာ သင့်ကို အားကျအတုယူဖို့ထက် သင့်ကိုစက်ဆုပ်ရွံရှာဖို့ မှတ်တမ်းတွေ ချန်ထားခဲ့လိမ့်မယ်။ သမိုင်းမှာ သင့်ကို သားသတ်သမားသြ၀ါဒပိုင်ရှင်လို့ နောင်မျိုးဆက်တွေ သမုတ်ကြတော့မယ် သင်ဆိုခဲ့သော စကားအတိုင်း တစ်နေ့ အရူးတွေက သင့်ကို တရားခံရှာတော့မယ်။ “လေဆန်သို့ လွှတ်ပစ်သောပြာမှုန့်သည် ပစ်သူထံသို့ ပြန်ကျရောက်၏” ဒေသနာတော် လာသည့်အတိုင်း အပြစ်နှင့်ညီမျှသော ဆုလာဘ်ကိုသာ သင်ပိုင်ဆိုင်ရလိမ့်မယ် တစ်ကိုယ်ရေ အထီးကျန်မှုကလွဲပြီး ကမ္ဘာလောကကြီးထံမှ သင်ဘာမှ ထပ်ပြီးမရနိုင်တော့ပါ ။ ။ နေမွန်းသင်

ဆက်လက်ဖတ်လိုပါက..

ပြင်းထန်စွာရှုံ့ ချ

နအဖ သာသနာရေးဝန်ကြီးလို့ ခေါ်တွင်သော သူရမြင့်မောင်ရဲ့ သံဃနာယကထံသို့ ၁၄ ရက်ထုတ်သတင်းစာပါ လျှောက်ထားချက်များမှာ အခြေအမြစ်မရှိ မိန်းမလိုမိန်းမရဆန်သော စွပ်စွဲချက်များဖြစ်ပြီး ပြည်သူတို့ သက်ဝင်ယုံကြည်သောသာသနာနဲ့ သံဃာကို စော်ကားရာရောက်သဖြင့် ပြင်းထန်စွာရှုံ့ ချပါတယ်။

“ထောင်ထွက်” များပာု အမည်တပ်ခေါ်ဆိုသည်မှာ မိုက်ရိုင်းစော်ကားသော တရားမဲ့မိစ္တာကောင်တွေရဲ့ လုပ်ရပ်ပါ။ ၈၈ ကာလအတွင်း စစ်အစိုးရ မတရားဖမ်းဆီး နိုပ်စက်၍ ထောင်ချခဲ့သည်ကို ထောင်ထွက်အမည်တပ် ခြင်းမှာ သက်သက်မဲ့ အမည်ပျက်အဖြစ်သိက္ခာချစော်ကားလိုက်တာပဲ။ ၁၉၉၀ မှာကံဆောင်လို့  စစ်အစိုးရဖမ်းဆီးပြီးမတရားလူဝတ်လဲခံရတဲ့သံဃာတော်တွေပာာ ပြည်သူလူထုအတွက် ရဟန်းစစ်၊ရဟန်းမှန် သံဃာတော်တွေပါပဲ။ မည်ကဲ့သို့ အမည်နာမ မျိုးစုံခေါ်စေဦး သံဃာဟာ သံဃာဖြစ်တဲ့အတွက်ထောင်ထွက်ဆိုသောစကားကို လက်မခံနိုင်ပါ။ထောင်ထွက်ဆိုသောစကားကြောင့် ပြည်သူလူထူရဲ့ စိတ်ထဲ ကြည်ညိုယုံကြည်မှု့ လျော့ပါးသွားလိမ့်မည်မဟုတ်ပဲ စော်ကားရက်လေ ဆိုသောနာကျည်းမှု့ များသာပို၍သာတိုးလာပါမယ်။မဖွယ်မရာကိစ္စများ ဆိုပြီးလုပ်ကြံလျောက်တင်တာတွေ ကိုလည်း “ယိုသူမရှက် မြင်သူရှက်” ဆိုသလို အံ့သြမဆုံးပါဘူး။ ဒီလျောက်ကြားလွာကို တင်လျောက်ဖို့ များစွာဝန်လေးပြီး၊ရှက်ရွံ့ စွာလျောက်ထားရသည်ဆိုသော သူရမြင့်မောင် သူဖွင့်ဆိုထားသော “ရိုးသားသော၊လူမှုဗာဟီရကိစ္စများနဲ့ အကျွမ်းတဝင်မရှိသော သံဃာများ” ကို မေးမြန်းမှု့ မရှိ၊ ဝန်လေးမှု့ မရှိ၊ ရှက်ရွံ့ မှု့ အလျင်းမရှိပဲ ရိုက်နက်ကန်ကြောက်သောလုပ်ရပ်များမှာ ပြတ္တားတလမ်း၊သံတလမ်း၊ ရှေ့ စကား နောက်မညီသောကြောင့် ယုံကြည်ဖွယ်ရာတစုံတရာ မရှိပါ။ သက်သေခိုင်လုံသော ဗီဒီယိုပြကွက်များလည်း ကြည့်ရပြီးဖြစ်သဖြင့် “သံဃာအချို့ ကို မလွှဲမရှောင်သာ ခေါ်ယူမေးမြန်းခဲ့ပါတယ်ဘုရား” သူရမြင့်မောင်စကားမှာ ယုတ်ညံ့သော ဆင်ခြေတစ်ခုသာဖြစ်တယ်ဆိုတာကို ပြည်သူလူထုတစ်ရပ်လုံး သိနည်းလည်ပါတယ်။ ဗုဒ္ဓဘာသာဝင်ပီပီ သာသနာကို ကြည်ညိုအလေးနက်ထားတယ်ဆိုတဲ့ နအဖတို့ ပုခက္ကူမှာ သံဃာတော်တွေ မေတ္တာပို့ လမ်းလျောက်တာကို ဘာကြောင့်အကြမ်းဖက်ဖြိုခွင်းပါသလဲ။ ထိမ်းထိမ်းသိမ်းသိမ်းဆောင်ရွက်ပါတယ်ဆိုသော ဝေါပာာရမှာ ကြိုးကွင်းစွပ်ဖမ်းဆီးခြင်း၊ သနတ်၊ဝါးရင်းတုတ်ဖြင့်ရိုက်နှက်ခြင်း၊ ဖိနပ်ဖြင့်ကန်ခြင်းစတာတွေ ပါဝင်သလားဆိုတာ ရှင်းပြပါဦး။ သာသနာနဲ့ တိုင်းပြည်ဖျက်ဘေးရန်ကိုကာကွယ်ဖို့ ဆိုသော သူရမြင့်မောင်တို့ နအဖ တို့ စွပ်စွဲလူသားမဆန်တိုက်ခိုက်ခံရသော ရဟန်းတော်တွေရဲ့ တောင်းဆိုမှု့ ကိုကြည့်ပါ -
(၁)တာဝန်ရှိသူများဝန်ချတောင်းပန်ရန်(ပခုက္ကူရိုက်နှက်ဖမ်းဆီးမှု့ အတွက်) (၂)ပြည်သူ့ စားဝတ်နေရေးပြေလည်ရေး (၃)ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျည်းသားများ လွတ်မြောက်ရေး (၄)အမျိုးသားပြန်လည်သင့်မြတ်ရေး
ကဲ ဘယ်အချက်က နိုင်ငံတော်နဲ့ သာသနာကို ထိပါးလို့ ဒီလိုလူမဆန်တဲ့လုပ်ရပ်တွေ လုပ်ရတာတုန်း။ “တပည့်တော်တို့ အနေနဲ့ သာသနာတော်နဲ့ နိုင်ငံတော်အတွက်တာဝန်အရမလွဲမရှာင်သာ ဆောင်ရွက်ရသည်များကို ဆရာတော်ကြီးများအနေဖြင့် စာနာ၊နားလည်၊ခွင့်လွတ်ပါရန် လျောက်ထားအပ်ပါသည်” ဆိုသော သူရမြင့်မောင်နဲ့ နအဖ တိုင်းဖျက်၊ပြည်ဖျက်၊သာသနာဖျက် မိစ္တာဂိုဏ်းတခုလုံးကို ငရဲ နဲ့ ပြည်သူလူထုက ခွင့်လွတ်လိမ့်မည်မပာုတ်ပါလို့ ။

ဆက်လက်ဖတ်လိုပါက..

Wednesday, October 24, 2007

လေးစားပါတယ် ကိုဇာဂနာ

ကိုဇာဂနာ ပြန်လွတ်လာပြီး မကြာခင်ပဲ အင်တာဗျူးရဲတဲ့သတ္တိကို လေးစားပါတယ်။ ပာာသရွှန်းတဲ့ ကိုဇာဂနာ့အင်တာဗျူးဖတ်ရတာအားရှိတယ်ဗျာ။ ဒီလိုလူမျိုးတွေရှိသ၍တော့ ဒို့ နိုင်ငံလွတ်လမ်းရှိတယ်လို့ ကျုပ်တော့လေးလေးနက်နက်ကို ယုံတယ်။ ကိုကျော်သူတို့ ဇနီးမောင်နှံအပါအဝင်ပေါ့ဗျာ။ ကိုယ်ကျိုးစွန့် တဲ့သတ္တိကတော့ပြောမနေနဲ့ ။ ကျုပ်တို့ လို သာမန်လူတန်းစားတောင် ကိုယ့်စားခွက်သေးသေးလေး ပျောက်မှာတွေးကြောက်နေတဲ့အချိန် ဒီလိုနိုင်ငံကြော် အနုပညာရှင်တွေရဲ့ စွန့် စားအနစ်နာခံမှု့ ကတော့ အာဇာနည်စိတ်ဓါတ်ပါပဲ။ ဒုတိယံမိ လေးစားပါတယ်။
“သံဃံသရဏံ ဂန်းစာမိ” ကတော့ထိတယ်ဗျို့ ။ ဘုရားရှိခိုးတိုင်း မှတ်မိနေမှာ သေချာပေါက်ပဲ။ နောက်ဘုရားရှိခိုးတိုင်း ဆက်မတွေးမိအောင်မနည်းလုပ်နေရတယ်။
နောက်ပာာသတခုဖတ်လိုက်ရတာ - နအဖ ခေါင်းဆောင်ကြီးက ဗုဒ္ဓဂေါတမမြတ်စွာဘုရားကို ဘယ်တော့များ ရေနဲ့ လျှပ်စစ်မီး လုံလောက်အောင်ရမလဲ မေးတော့ ဘုရားကတော့ ငါ့တသက်တော့ဖြစ်နိုင်တော့မှာမပာုတ်ဘူးလို့ ပြောပြီးငိုသတဲ့။ ဘုရှ်နဲ့ ပာူကျင်းတောင်းတို့ အလှည့်တုန်းက သူတို့ ကငိုရတယ်။ နအဖ ရဲ့ သန်းရွှေအလှည့်တော့ ဘုရားတောင်ငိုရတဲ့အဖြစ်။ ပြောင်မြောက်ပါပေတယ် ကိုဇာဂနာ ရေ။ နောင်များလည်း ဒီလိုအလုံးတွေ ထပ်လုပ်ပါအုံး။ ခုလည်းကြည့်ပါဦး ဧရာဝတီမြစ်ဖျားနဲ့  မြစ်စုံ မှာတာတမံဆည်တွေဆောက်ပြီး ရေအားလျှပ်စစ်ထုပ်မလို့ တဲ့။ လျှပ်စစ်ရတော့မှာမို့ လို့ ပျော်မနေနဲ့ တရုတ်အတွက်ပါ။ တနိုင်ငံလုံး တိုင်းရင်းသားမျိုးဆုံ မှီတင်းနေထိုင်တဲ့ နိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီ ကိုတောင်ရင်းပြီး ဒို့ များ စစ်အာဏာရှင်တွေရဲ့ ကိုးကွယ်ရာဘာသာအသစ် တရုတ်ပြည်ကြီး ထိန်ထိန်ညီးဖို့ နဲ့ အာဏာရှင်တို့ အိပ်ကပ်ဖောင်းဖို့ အတွက် စတေးရအုံးမယ်။ အော် .. တို့ များ နအဖကာလမှာ မြစ်ကြီးဧရာဝတီတောင် ချောင်းလေးဧရာဝတီ အဖြစ်ရောက်တော့မှာပါလား။ တတ်လည်း တတ်နိုင်တဲ့ လူပေတွေပဲ။

ဆက်လက်ဖတ်လိုပါက..

Friday, October 19, 2007

စစ်အစိုးရရဲ့ အရှက်မရှိပေါ်လစီ

စစ်အစိုးရကတော့ လမ်းပြမြေပုံကြီးကိုပဲ တွင်တွင်အော်ပြီး ဘယ်သူ့ မှဘာမထီတဲ့ စရိုက်နဲ့ ထင်ရာစိုင်းနေပြန်ပြီ။

ဒီလိုထင်ရာဆိုင်းလို့ ဒါတွေ ဖြစ်လာတာ ကို ကျိုးကြောင်းဆင်ခြင်မှု့ ကို မရှိဘူး။ ထပ်လုပ်ဖို့ လည်းဝန်မလေးဘူး။ တွေးမဲ့ ပုံလည်းမရှိဘူး။ ပြည်သူတွေကို ဂရုကိုမစိုက်ဘူး။ မိမိတို့ အာဏာတည်မြဲရေးသာ တနေ့ တနေ့ လိမ်လိုက်၊ ညာလိုက်၊ ဖမ်းလိုက်၊ ဆီးလိုက်နဲ့ ။ စစခြင်းကတည်းက တခြားနည်းနဲ့ ဖြေရှင်းလို့ ရရဲ့ သားနဲ့ ။ အစကတည်းက ဓါတ်ဆီဈေးကို ထင်ရာဆိုင်းပြီး အသိမပေးပဲ အဆမတန် မြင့်တင်လိုက်လို့ ဒါတွေအကုန်ဆက်ဖြစ်ကုန်တာပဲ။ ဆီဈေးပာာအခရာပါ။ ကုန်ထုပ်လုပ်ငန်း၊ ပို့ ဆောင်ဆက်သွယ်ရေး၊ အပြင် ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်ထုပ်ယူမှု့ အစရှိတာတွေအားလုံးပာာ စက်သုံးဆီကို အခြေခံတာအထူးပြောစရာမလိုပါဘူး။ လူတိုင်းအသိ။ စီးပွားရေး မှာ ဒီလိုအခြေခံကြတဲ့ စက်သုံးဆီကို ဘာမှ ကြော်ညာမှု့ မရှိပဲ ဆီဆိုင်မှာ ဆိုင်းဘုတ်တင်ပြီးဈေးမြှင့်တင်တာ တကယ်ကိုအံ့သြလို့ မဆုံးဘူး။ ငါတို့ တင်တယ် မင်းတို့ လိုက်တင်လိုက်ပြီးရောလုပ်လို့ မရပါဘူး။ ကုန်လုပ်ငန်းတော်တော်များများ ရော ပို့ ဆောင်ဆက်သွယ်ရေးတော်တော်များများကပါ ကြိုတင်ပေးချေစနစ်နဲ့ ကုန်ဝယ်ယူတာတို့ ၊ ဈေးနှုန်းသတ်မှတ်တာတို့ လုပ်ကြရပါတယ်။ ဒီလို ရုတ်တရက် ဈေးအဆမတန်မြင့်သွားတာ သူ့ တိုင်မင်နဲ့ လည်ပတ်နေသမျှအားလုံးကို ရိုက်ဖြတ်တာနဲ အတူတူပါပဲ။ ကုမ္ပဏီပိုင်ရှင်အစ လမ်းဘေးဈေးသည်အဆုံး အကုန်ထိခိုက်ဒုက္ခရောက်။ ထအော်တဲ့လူရှိမှ တိုင်းပြည်ရဲ့ ဘတ်ချက်သက်သာအောင်ဘာညာကွိကွ လာလုပ်ပြနေတာ။ ဘယ်သူမှမပြောရင် မသိဘာသာလုပ်နေအုံးမယ်။ ဖြေရှင်းပေးဖို့ ပြောတဲ့လူကို ရိုက်တယ်ဖမ်းတယ်၊ ပခုက္ကူ သံဃာတွေက ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ မရဘူး ရပာန်းလည်း လားထား ရိုက်တယ်။ ကြိုးကွင်းစွပ်ပြီးတောင်ဖမ်းတယ်။ သံဃာထုက တောင်းပန်ဖို့ ၊စီးပွားကျပ်တည်းတာ ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ ဘာမှမဖြစ်သယောင် မသိချင်ယောင်တောင်ဆောင်နေသေးတယ်။ လူတွေအားလုံးမျှော်လင့်တာက သံဃာတွေကိုတောင်းပန်လိုက်၊ ကုန်ဈေးနှုန်းတက်တာကိုလည်း အထောက်လျှောက်ပြေလည်အောင် ဖြေရှင်းပေးလိုက်ပြီးနေပြီ။ ဒါကိုမပာုတ်ဘူး ပေပြီးနေတယ်။ နောက်တော့ ဘုန်းတော်ကြီးတွေကံဆောင်တယ်။ နောက်ဆက်တွဲ လူတွေ ပါလာတယ် အဲ့ဒီ့အထိ ငြိမ်းငြိမ်းချမ်းချမ်းပဲ။ ဒီမှာလည်း ပြည်သူတွေမျှော်လင့်တာ ဖြေရှင်းလိုက်ပါ။ ဒါတိုင်းပြည်အုပ်ချုပ်တဲ့လူတွေရဲ့ တာဝန်ပဲ။ မပာုတ်ဘူး။ လူသတ်ပွဲ၊ လူဖမ်းပွဲက စပါလေရော။ ထင်ရာဆိုင်းပြီး ဥပဒေမဲ့ လူသားမဆန် တဲ့စရိုက်ကစပြီ။ လူတွေတင်မကဘူး ရပာန်းတွေပါ အကြမ်းဖက် ရိုက်နက်၊ ပစ်ခတ်သတ်ဖျက်ခဲ့တာ နာကျည်းစရာတွေ၊ ယုံကြည်မှု့ မဲ့တာတွေ အားလုံး တဖန် မီးမွှေးသလို လုပ်ပစ်လိုက်တယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ်လာတော့လည်း ပာုတ်ပြီပေါ့ ဆွေနွေးညှိနှိုင်း အဖြေရှာမယ်ပေါ့။ ပြည်သူတွေ မျှော်လင့်တာပေါ့လေ။ မပာုတ်ပြန်ဘူး။ သကောင့်သားညဏ်ကြီးရှင်က ဗိုလ်အောင်ကြည်ကို ထည့် က ပြီး လှည့်လုံးလေးနဲ့ အချိုသတ်ဖို့ ကြိုးစားပြန်ရော။ ဂမ်ဘာရီ လေယာဉ်ပေါ်ဖင်မချရသေးဘူး အောက်က ထရပ်ကားနဲ့ လူဖမ်းပွဲကျင်းပနေပြီ။ ပိာုက ဘယ်လိုလုပ်လက်ခံမလဲ။ နားလည် ပါးရိုက်လုပ်တာတွေ။ နိုင်ငံရေးအကျင်းသားတွေ အခုလွတ်ပေး၊ ဆွေးနွေးဖို့ စတော့လို့ ပြောတော့ ငါတို့ က ဘယ်သူမှာမလိုဘူး၊ လမ်းပြမြေပုံနဲ့ သွားမယ်၊ လမ်းပေါ်ရှိသမျှအကုန် မျိုးဖြုတ်မယ်ဆိုပြီး သတင်းစာတင်ပြီး ထင်ရာဆိုင်းဇာတ်က ဆက်ကပြန်ပြီ။ ပါပါ မပါပါ မေးမနေဘူး ထင်တာ အကုန်ထောင်တည်းထည့်။ ညမှာ ဘီလူးသရဲ ဝင်ဆီးသလို ဝင်ဆီး၊ မတွေ့ တွေ့ တဲ့လူကို ဖမ်း။နိုင်ငံခြားမှာ ဆန္ဒပြတဲ့ လူလားဆိုပြီး လေဆိပ်မှာတောင်ဖမ်းသေးတယ်။ တဆိတ်ဗျာ- စစ်အစိုးရရဲ့ တရားဥပဒေတဲ့ - ဆန္ဒပြတဲ့ ရပာန်းတော်ကို ရေကပ်လို့ ဖမ်းတယ်၊ ပြည်ပမှာ လုပ်ခဲ့သလားဆိုပြီး ကျောင်းသားငယ်တွေကို လေဆိပ်မှာ ဖမ်းတယ်၊ ထေရဝါဒဗုဒ္ဓသာသနာ တည်တံ့ပါစေလို့ အော်တဲ့လူကိုဖမ်းတယ်၊ လုပ်ပါဦး - ဘယ်ဥပဒေကျမ်းမှာ ရေးထားတဲ့ ဥပဒေပုဒ်မတွေလည်း။ ဖမ်းတဲ့ပုံကလည်း ဘာစာရွက်စာတမ်းမပါဘူး ခဏမေးချင်လို့ ပါတဲ့။ အဆိုးဆုံးက ဆန္ဒပြသူကိုဖမ်းမရလို့ မိဖ၊ဆွေမျိုးတော်တဲ့လူကို ဖမ်းတယ် တဲ့ ကြားလို့ မှကောင်းကြသေးရဲ့ လား?? တသက်နဲ့ တကိုယ် အပြင်မှာတကယ်ရှိလိမ့်မယ်တောင်မထင်ဘူး။ ဘယ်တိုင်းပြည် ဘယ်အစိုးရ ဘယ်တရားဥပဒေမှာ ကျုပ်တို့ တွေ့ ဘူးလဲ?? မာဖီးယား လို ဒုစရိုက်ဂိုဏ်းသာ လုပ်မဲ့ အဆင့်မျိုး။ (မာဖီးယားလို့ ပြောလို့ ရှရှားကကောင်တွေ အရူးဘုံမြောက်လုပ်မိမှာဆိုးသေး - သူတို့ က စစ်သွေးကြွတွေရယ်) ပြီးရင် တပတ်၊ဆယ်ရက် ဘာသတင်းမှမပေးဘူး အချုပ်တည်းခေါ်ထည့်ထားတယ်။ ဒါတရားဥပဒေလား?? ဘုန်းကြီးကျောင်းတွေမှာဘုန်းကြီး လူမရွေး တွေ့  သမျှရိုက်နက်ဖမ်းဆီးတာကို ခဏခေါ်ယူတာပါတဲ့။ မပာုတ်လို့ ပြန်လည်သွားခွင့်ပေးလိုက်တာပါတဲ့။ သတင်းထဲမှာ?? ကြုံဖူးပေါင်ဗျာ.. ဖမ်းဆီး နှိပ်စက်ပြီး မပာုတ်တဲ့အခါမှ မေးပြီး၊ နာရီပိုင်းအတွင်း လွှတ်လိုက်သယောင်သတင်းဖြန့် လိုက်သေးတယ်။ နောက်ဆိုးတာတခုက - နိုင်ငံတော်ကိုပုန်ကန်တဲ့ပုဒ်မတဲ့ သေဒဏ်ပေးလို့ ရတယ်ဆိုပြီး သတင်းစာထဲမှာ ခြိမ်းခြောက်စာ ထည့်ထားတယ်။ လုပ်တာက လမ်းပေါ်တက်မေတ္တာပို့ လို့ ၊ပြသနာဖြေရှင်းဖို့ တောင်းဆိုတာ။ ပြစ်ဒဏ်ကသေဒဏ်တောင်ပေးချင်နေလေရဲ့ ။ လူသတ်အစိုးရ။ ဒီလို ဥပဒေမဲ့ လုပ်ရက်နဲ့  ဘယ်လိုဘယ်နည်းနဲ့ ဒီမိုကရေစီကို သွားမှာတုန်း။ မယုံတဲ့လူအပြစ်မပုံလေနဲ့ ။ ယုံအောင်လည်းဘာမှ မလုပ်ခဲ့ဘူး လုပ်လည်းလုပ်မနေဘူး။ ဒီမိုကရေဆီနိုင်ငံမှာ အစိုးရပာာ ဘယ်အလုပ်မဆို ပါလီမန်မှာ အတိုက်အခံပါတီဝင်တွေနဲ့ ညင်းခုံဆွေးနွေး မဲဆန္ဒပေးပြီး အများသဘောတူ မှ အကောင်အထည်ဖေါ်လို့ ရတာ။ ဝေဖန်ထောက်ပြတာတို့ Debate လုပ်ပြီးအဖြေရှာတာတို့ ဆိုတာ အကောင်းဆုံးရလဒ်ကို ရှာဖွေတဲ့နည်းလမ်းကောင်းပဲ။ ဒီလိုစနစ်ရှိတဲ့ ဒီမိုကရေစီနိုင်ငံကို စစ်အစိုးရလို တယူသန်၊ ထိုင်ရာဆိုင်းတွေက လူတွေဘာမှမသိရတဲ့ ဖွဲ့ စည်းပုံ ဥပဒေတွေဆွဲ၊ ကြိုက်တာမကြိုက်တာထားအုံး ဘာမှန်းတောင်မသိတဲ့ ပာာကြီးကို အတင်းကွင်းထဲဝင် ထောက်ခံခိုင်းနဲ့ ဘယ်လိုပုံနဲ့ သွားမှာလည်း။ လမ်းကြောင်းကိုက ဒီမိုကရေစီလမ်းစဉ်နဲ့ ဘာမှမဆိုင်တဲ့ သနတ်ပြ အဓ္ဓမဝါဒီနဲ့ ချီတက်နေတာ ဘာလိုလုပ်ပြီး စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးပေါ်ပေါက်လာမလဲ။ စစ်အစိုး ရ မျက်နှာပြောင်တိုက်ပြီး ညာ တာခံနေရတဲ့ ကျုပ်တို့ လို မြန်မာလူမျိုးဘဝက အတော်ကိုဆိုးပါတယ်။ စစ်အစိုးရသာ တကယ်ဒီမိုကရေစီတည်ထောင်လိုတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားတယ်ဆို ရင် ကုလသမဂ္ဂက အကြံပေးတင်ပြတဲ့ နည်းနဲ့ လမ်းကြောင်းဖြောင့်နေမှာပဲ။ သုံးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပြီးအဖြေရှာလိုက်။ ဗြိတိန်ဝန်ကြီးချုပ်က စီးပွားရေးတိုးတက်အောင် ကူညီပါ့မယ်လို့ ပြောနေပြီ။ ကဲ.. ဘာလို့ ငြင်းနေရတာတုန်း။ သူတို့ သွားမယ်လို့ တဆာဆာအော်နေတဲ့ နေရာကို ကားနဲ့ ပို့ ပေးမယ်.. လို့ ပြောနေတာတောင် ဘာ့ကြောင့် လက်မခံနိုင်ရတုန်း။ မျောက်ပြပြီး ဆန်တောင်းမယ် - ရသော်ရှိ မရသော်ရှိ ပြီးရင် ဒါပဲဆိုပြီး အချိုးမျိုး။ အဲ့ဒါက သက်သေပြနေတာ - အာဏာရူးလွန်း လို့ ဆိုတာ။ ကုတ်ကပ်ပြီးမရမကနေမယ်၊ မျက်နာဗြောင်တိုက်ပြီးအဓ္ဓမလုပ်မယ်၊ ဖားယားပြီး ကပ်ပါးလုပ်မယ်။ အခုတော့ တရုတ်က တိဘက်ဘုန်းတော်ကြီးကိစ္စနဲ့ အမေရိကန်ကို မကြေမချမ်း ဖြစ်လေတော့။ ဒူးမနာသား နအဖက အမေရိကန်က့ ဗုံးတွေတောင်ပေးပြီးဘုန်းကြီးတွေကို မြောက်ပေးလို့ တိုင်းပြည်မငြိမ်မသက်ဖြစ်ရတယ်ဆိုပြီး သခင်အားရကျွန်ပါးဝ လုပ်ပြနေလေရဲ့ ။ဒီလိုနေရာမှာတော့ ကလိန်ကကျစ်ညဏ်က ဘာရွှင်လဲမမေးနဲ့ ။ အာဏာသာ ဒီ့လောက်ရူးတာ မပာုတ်ရင် ဒီလို အမှားမျိုး၊ လူမဆန်တာတွေ၊ ထင်ရာဆိုင်းလုပ်ရပ်တွေကို ဆက်တိုက်လုပ်ရက်၊ လုပ်ရဲ မှာမပာုတ်ဘူး။ အပေါ်က တင်ပြခဲ့တဲ့ ထဲမှာ ပြည်သူတွေမျှော်လင့်သလို လုပ်နိုင်ရဲ့ သားနဲ့ အခွင့်အရေးမျိုး ရခဲ့ရဲ့ သားနဲ့ မလုပ်ပဲ ဒီလိုအဖြစ်ကိုရောက်အောင်လုပ်တာ စစ်အစိုးရပဲ။ ဘယ်သူယုံလဲ သူတို့ ပြောတဲ့ တိုင်းပြည်စီးပွားတိုးတက်ရေးတို့ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ ၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးတို့ ၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးတို့ ။ ပာို ရှေးပဝေပဏီကတည်းက ဒါမျိုးတွေ သတင်းစာထဲ တီဗီထည်း တချိန်လုံးအော်နေ တကယ်တမ်း ကောင်းကောင်းစား ကောင်းကောင်းနေ ပြီး လူ့ စွာ လုပ်နိုင်တဲ့ သဌေးဆိုတဲ့ ကောင်တွေ၊ဆရာကြီးဆိုတဲ့လူတွေ ကြည့်လိုက် သာမာန်ပြည်သူတွေ ပါသလားလို့ ။ အများကြီးမတွေးပါနဲ့  မီးမှန်မှန်လာတာ ဘယ်လိုနေရာမျိုးတွေမှာလည်း လမ်းကောင်းကောင်းရှိတာဘယ်လိုနေရာမျိုးတွေမှာလည်း?? သူတို့ ရဲ အရိုးစွဲပေါလစီက တခုပဲရှိတယ် - အဲ့ဒါ - မိမိတို့ အာဏာတည်မြဲရေး! မိမိတို့ အာဏာတည်မြဲရေး! မိမိတို့ အာဏာတည်မြဲရေး!

ဆက်လက်ဖတ်လိုပါက..

Tuesday, October 16, 2007

ဘယ်သူ့ ကို လိမ်ဖို့ ကြိုးစားနေတာတုံး မစ္စတာ နအဖရေ။

ခင်ဗျားတို့ ပြည်သူ့ ဆန္ဒထုတ်ဖော်ပွဲဆိုတာတို့ ၊ ပြည်ထောင်စုညီလာခံထောက်ခံပွဲဆိုတာတွေအားလုံး ခိုင်းခံနေရတဲ့လူတွေက ဒီပြည်သူထဲက ဒီလူတွေပဲ။

ဒီလူတွေကပဲ ပိုက်ဆံပေးခိုင်းတာတို့ ၊ အဓမ္မစေခိုင်းတာတို့ အချင်းချင်းဖေါက်သည်ချနေတာ ခင်ဗျားတို့ လည်းအသိ။ ကလေးတွေ ကျောင်းတွေက နေ မရမကခေါ်၊ သူတို့ ပာိုပာာအော်ခိုင်း ဒီပာာအော်ခိုင်း။ ဆရာမတွေလည်း မပာုတ်တာ လုပ်ခိုင်းလို့ စိတ်ညစ်ရ၊ အတန်းစာသတ်မှတ်ချက်မမီမှာကို လည်း စိတ်ညစ်ရနဲ့ အော်နေတာလည်း ခင်ဗျားတို့ အသိ။ ဒီလို လုပ်အားပေးတို့ ဘာတို့ ညာတို့ အတွက် မလိုက်ရအောင်ပိုက်ဆံပေးပေးနေရတာလည်း လူတိုင်း အိမ်ထောင်စုတိုင်းအသိ။ တစ်ယောက်မလိုက်မနေရ - လိုက်မဲ့သူမရှိရင် ငွေဘယ်လောက်ဆိုပြီး ရပ်ကွက်ရုံးကို ပေးပေးနေရတာတွေ ပြည်သူအကုန်လုံး တောင်ပေါ်တောင်အောက်၊ ဧရာဝတီမြစ် ပိာုဖက်ကမ်း ဒီဖက်ကမ်း လူတွေ အကုန်သိတယ်။ မသိလို့ ပါ။ ဘယ်သူ့ ကို လိမ်နေတာတုံး?? ကျုပ်တို့ ပြည်ပက လူတွေကို လိမ်ဖို့ လား?? ကိုနအဖကြီး ကျုပ်တို့ လည်း အဲ့လို အဓမ္မနဲ့ ဘောလုံးကွင်းကွင်းထဲ ခေါ်ခေါ်ထည့်တာ ကျောင်းသားတစ်သက်တလျှောက်လုံးပဲ။ ကျုပ်တို့ လိမ်လို့ တော့ထူးမယ်မထင်ဘူး။ တစ်သက်လုံး နေလာတဲ့လူတွေပဲ။ နွားပွဲတို့ သစ်သီးပန်းမံ ပြပွဲတို့ လှေပွဲတို့ အစုံပလုံပဲ။ နေပူထဲမှာ ပိာုပာာတီး ဒီပာာအော်နဲ့ ။ အဲ့ဒီ့နေ့ ဝတ်ဖို့ တို့  ဘာတို့ဆိုပြီး ကျောင်းက ရောင်းတာတွေ မဝယ်မနေရ ဝယ်ရတာနဲ့ မိဘတွေလည်း ဖတ်ဖတ်ကို မောနေတာပဲ။ ဒါတွေနဲ့ အရမ်းကို ရင်းနှီးလာတာ၊ ပါးစပ်ပာရင် အူထိမြင်တယ်ဗျ။ နိုင်ငံတကာကို လိမ်ဖို့ ပေါ့?? ခင်ဗျားတော့မသိဘူး ကျုပ်တို့ သိတဲ့ ခင်ဗျားတို့ ရဲ့ တပတ်ရိုက်ပြချက်တွေက သူငယ်တန်းသာသာပဲ။ ဘယ်ယုန်မြင်လို့ ဘယ်ခြုံထွင်တာတွေ ဆက်စပ်တွေးခေါ်စရာတောင်မလို ဘူး။ အရှက်မရှိလို့ လုပ်တဲ့ ဗြောင်လုပ်ရပ်တွေ။ သူများနိုင်ငံကလူတွေက နှစ်ပေါင်းကို ရာနဲ့ ချီပြီး ရှေ့ ရောက်နေပြီ။ ခင်ဗျားတို့ ဘိုးအေဘုရားလက်ထပ်က ကပေါက်တိကပေါက်ချာ ပြကွက်တွေက ပြက်လုံး အနေနဲ့ ရီဖို့ တောင် ရိုးအီနေပြီ။ နိုင်ငံတကာအသိုင်းအဝိုင်းနေနဲ သူ့ နိုင်ငံ့သိက္ခာနဲ့ သူ လိုက်လျောညီထွေ ဆက်ဆံနေတာ။ ဗိုလ်ချုပ်သာ သက်ရှိထင်ရားရှိနေမှာဆိုရင် ခေါင်းဆောင်ကြီးဆိုပြီး ကိုယ့်ဖာသာနာမည်တပ်နေတဲ့ လူပေါကြီးတွေ နဘန်ကျင်းခံရမှာ သေချာတယ်။ တော်ပါတော့ဗျာ ကိုနအဖတို့ ။ ပြည်သူတွေလည်း ပန်းလှပြီ၊ ခင်ဗျားတို့ လည်း အကြံကုန် ဂဠုန်ဆားချက် ဒါကြီးနဲ့ ပဲ ဝိုင်းကြီးးပတ်ပတ်ဒူဝေဝေလုပ်နေ။ ခင်ဗျားတို့ လုပ်တာတွေ တိုင်းပြည်အတွက်ဘာမှ မယ်မယ်ရရဖြစ်မလာတာကြည့်။ ပြောလိုက်ရင် ပိာုနားက ကျောင်းစိမ်းတုံးကြီးတွေ ပုံလို့ ၊ ဒီနားက ဓတ်ငွေ့ တွေလှိုင်လို့ တရုတ်လိုကောင်တွေက ပေါချောင်ကောင်းဆိုပြီးပျော်ပြီးဝယ်။ ရတဲ့ နှပြားတပဲကိုပဲ အမြီးဖြတ်၊ခေါင်းဖြတ်နဲ့ ခင်ဗျားတို့ အာဏာရှင်လူတစု ဝေမျှပြီး စည်းစိမ်ခံနေ။ မရှက်တာလဲမပြောနဲ့ “ကြိုက်မရှက် ငိုက်မရှက်” ။ ပိာုကလူက DUMB လို့ ပြောလည်း မသိချင်ယောင်ဆောင်နေ။ နိုင်ငံခေါင်းဆောင်းကြီးဆိုတဲ့လူတွေ သူများက အဲ့လိုပြောတာကို ကျတော့နာတဲ့စိတ်မရှိဘူး။ အံ့ပါရဲ့ ။ တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းတွေတိုးတက်နေတယ်တဲ့။ အဲ့ဒီ့တိုင်းရင်းသားဆိုတဲ့ လူတွေက နယ်စပ်မှာ ဘိန်းထုပ်၊ မြို့ လယ်ခေါင်မှာတွေမှာ အိမ်တွေဝယ်၊ ဗမာစကားမတတ်တဲ့ကောင်တွေ (များသောအားဖြင့် တရုတ်စကားတမျိုးသာပြောတဲ့လူတွေ) မြို့ လယ်ခေါင်၊ ဗမာစစ်စစ်တွေက မြို့ ပြင်မှာ။ ဗမာတွေ ငအတွေ လို့ ကွယ်ရာမှာပြောခံရတာလည်း ဝန်ကြီးဆိုတဲ့လူမျိုးတွေက သူတို့ ဗမာတွေမပာုတ်သလို မသိဖာသာလေးရအောင်နေ။ ဒါမျိုးကျတော့ ခင်ဗျားတို့ ပြောတဲ့မျိုးချစ်စိတ်ဓါတ်ဆိုတာကြီး ဘယ်ချောင်မှာသွားခွေနေလည်း။ ပြောလိုက်ရင်တော့ နိုင်ငံအတွက်တဲ့၊ ပြပါဦး ဘာတွေဘယ်နားမှာ တိုးတက်နေလဲလို့ ။ဘာနားက ဘာအသီးတွေ သီပွင့်နေလဲ?? ခင်ဗျားတို့ ပြောတဲ့ တိုးတက်တဲ့ မြို့ တော်ကြီးဆိုတာလည်း ရှေးဗရာဏသီပြည်က ရွာကမှ ဒီထက်သားနားသေး။ တက္ကသိုလ် ဘယ်နှခု ဖွင့်နေပီသာပြောတယ် သင်တဲ့ဆရာမလုံလောက်တာတို့ ၊ LAB က ဘာပစ္စည်းမှမရှိတာတို့ ၊ တွေနဲ့ ပြည့်နေတာပဲရှိတယ်။ ဒီအတိုင်းပဲ ဆေးရုံတို့ ဆိုလည်း ကြည့်လိုက် အဆောက်အဦး ဖြူထည်ကြီး။ ဒါပဲ ကျန်တာက ဟာလာပာင်း။ ဆရာဝန်တွေက Magic Wand နဲ့ ကုရမလို ဖြစ်နေပြီ။ ဘယ်နေရာကြည့်လိုက် အပေါက်တွေ အဖာတွေ အကျိုးအပဲ့နဲ့  ဘယ်လိုရပ်တည်နေတာလည်းဆိုတာတောင် မတွေးရဲအောင်ပဲ။ အစိုးရဌာန ကိစ္စရှိလို့ မသွားလိုက်နဲ့ အမဲဖျက်သလားအောင်းမေ့ရတယ်။ အစ်ကိုရေ.. လက်ဘက်ရည်ဖိုးလေး..ဒီ စာရွက်ဖိုးလေး..ဒီပြက္ခဒိန်လေး စုံလို့ ။ အချင်းချင်း customer လုပြီး မကျေမနပ်သံတွေကလည်း ပိာုအခန်းလိုက်ကာ၊ ကနေ ဒီအခန်းလိုက်ကာ အပေါ်ကို ခေါင်းလေတွေဖော်လိုက် ထိုင်လိုက်နဲ့ ပြောရတာအမော။ ပိုက်ဆံမပေးသေးရင် - သကောင့်သားမောင်ဝန်ထမ်းက စာရွက်လေးကို အရှေ့ ကနေစလှန်လိုက်၊ နောက်ကနေပြန်လှန်လိုက်၊ ပာင်း လုပ်လိုက်၊ ခေါင်းလေးကုတ်လိုက် ၊ မေးလေးပွတ်လိုက်နဲ့ ရောင်တောင်မောင်တောင်လုပ်နေ။ အကျင့်စာရိတ္တမြင့်မားရေး ဆိုတာကြီးအောင်မြင်နေတာကိုပါ။ ကဲ ပြောပါ ဘာတွေကနေ ဘာသီးတွေ သီးနေလဲ ဆိုတာ။ ခင်ဗျားတို့ ကြောင့် တတိုင်းပြည်လုံး၊ လူတွေအားလုံး ဆုတ်ယုတ်လို့ ရတာမှန်သမျှ အကုန်မြောင်းထဲသွားနေပြီ။ ရပ်ပါတော့။ မကျန်တော့တဲ့ ခင်ဗျားတို့  နှပြားတပဲ ဂုဏ်သိက္ခာလေး ဆယ်လိုသေးရင် ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်တိုင်း အကောင်အထည်ဖေါ်ပါ။ ဒီမိုကရေစီနိုင်ငံနေ့ ချင်း လုပ်လို့ မရဘူးချည်းပြောမနေနဲ့ ခင်ဗျားတို့ နေရယူထားတာ နှစ်ပေါင်းများစွာကြာလှနေပြီ။ ခင်ဗျားတို့ တကယ်လုပ်ချင်လို့ မပာုတ်ဘူး၊ရရင် ရသလိုအချိန်လေးမှာတောင် ညာစား ခိုးစားဖို့ ဆိုတာလည်း ဦးနောက်ရှိတဲ့ လူတိုင်းအသိ။ ကူညီမယ်လို့ တောင်ပြောနေတာတွေကို ပာင့်အင်း မလိုဘူး.. ငါတို့ မြေပုံနဲ့ သွားမယ်လုပ်မနေဘာနဲ့ ။ အဲ့ဒီ့ မြေပုံဆိုတာကြီးက အဆင့်တွေ လျှောက်လုပ်ပြီး ပေါက်တတ်ကရ အချိန်ကန့် သတ်မှု့ မရှိတဲ့ အမှိုက်ကြီး။ ကလေးကအစသိတယ်။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို မြေပုံကြီးကိုင်ပြီး ပြည်သူတွေ ကို ပိာုပာာလုပ်ခိုင်း၊ ဒီပာာလုပ်ခိုင်း၊ ပြန်ပြောရင် တရားဥပဒေချိုးဖောက်တာဆိုပြီးစွပ်စွဲ ထောက်ချနှိပ်စက်နဲ့ ဘယ်လို ပုံနဲ့ ရောက်မလဲ?? ခင်ဗျားတို့ ပဲ စဉ်းစားကြည့်ဦး။ ဒီမိုကရေစီဆိုတဲ့ ဝေါပာာရကို ခေါင်းဆောင်ကြီး သိကောသိရဲ့ လား?? သာလွန်မင်းတရားကြီး က ပဒေသရာဇ်စနစ်လောက်မှာပဲ သူ့ ဦးနောက်က အလုပ်လုပ်တယ်နဲ့ တူတယ်။ ခင်ဗျားတို့ နိုင်ငံတကာနဲ့ ပူပေါင်းပြီး ခင်ဗျားတို့ တခုခုဆို ထထအော်နေတဲ့ နိုင်ငံတော်ကြီးကို တကယ်ပဲသွားမလား၊ တနေ့ ပြည်ဖျက် ရာဇဝတ်သားအနေနဲ့ နာမည်ဆိုးနဲ့ သေသွားမလား?? အခု လမ်းရွှေးလို့ ရတဲ့ အခွင့်အရေးကို ယူပါ။ ခင်ဗျားတို့ အာဏာမက်တာလည်း သိလွန်းနေတော့ ပြောရတာလည်း အားမရှိဘူးဗျို့ ။ ကဲ .. အာဏာကြောင်တို့ ရေ ဒီလောက်ပါပဲ..

ဆက်လက်ဖတ်လိုပါက..

Monday, October 15, 2007

ဆန်ကုန်မြေလေးတစ်ကောင်ရဲ့ နောက်ဆုံးလမ်း

သာသနာဖျက်မိစ္ဆာတစ်ကောင်တော့ ငရဲလမ်းကို တန်းကနဲသွားလေပြီ။ ကျန်တဲ့ သာသနာဖျက် ရာဇဝတ်ကောင်တွေနားထဲမှာ သေမင်းရဲ့  ခေါင်းလောင်းထိုးသံညံနေမှာ သေချာပါတယ်။ မသေခင် ရခဲလှတဲ့ လူ့ ဘဝမှာ ဆင်ခြင်တုံတရားမဲ့စွာနဲ့ ပဲ လူမဆန်တဲ့လုပ်ရပ်တွေကို အထပ်ထပ်သာ လုပ်ခဲ့သူအဖို့ မည်ကဲ့သို့ ပင်ကြီးမားထည်ဝါလှတဲ့ ဈာပနအခမ်းအနားတွေလုပ်ပစေအုံး သွားရာလမ်းကတော့ ငရဲ ကိုတန်းကနဲနေမှာ သိသူ၊ ကြားသူ၊ မြင်သူ တို့ အားလုံးစိတ်တွင်းမှာတွေးနေမိမှာ။ ပြည်သူ၊ပြည်သားအားလုံး ပခုံးတင်ထမ်းနေရတဲ့ ဆန်ကုန်မြေလေး တစ်ကောင်ရဲ့ နောက်ဆုံးလမ်း အတွက်တော့ ဖြစ်နိုင်ရင် အိုးစည်ဗုံမောင်းနဲ့ မသာ ပို့ ပေးချင်ရဲ့ ။

ကျန်တဲ့ဆန်ကုန်မြေလေးတွေဖြစ်တဲ့ မိစ္ဆာကောင် သန်းရွှေတို့ မောင်အေးတို့ ရွှေမန်းတို့ ဒီအသုဘကြောင့် တရားသဘောလေးများ အရိပ်အမွက်လောက်တွေးခေါက်မိရင် သေသွားတဲ့လူအဖို့ လူ့ အနတ္တ၊ လူ့ ဗလာအနေနဲ့ သေရကျိုးနပ်ပေလိမ့်အုံးမယ်။

ရာဇဝင်မှာ ပြန်ပြင်လို့ မရတော့တဲ့ နာမည်ဆိုးကြီးနဲ့ ထာဝရ သွားပေဦးတော့ စစ်ဗိုလ် အာဏာကြောင်ရေ............

သမိုင်းဝင်နိုင်ငံကျော် သူခိုး ရာဇဝတ်ကောင်

ဆက်လက်ဖတ်လိုပါက..

Thursday, October 11, 2007

လီကွမ်ယုရဲ့  DUMB စစ်အာဏာရှင်

ယခု စင်ကာပူနိုင်ငံမှာ Minister mentor ဆိုတဲ့ ရာထူးယူထားတဲ့၊ လက်ရှိ ၀န်ကြီးချုပ် ရဲ့ ဖခင်၊ စင်ကာပူကို တည်ထောင်ခဲ့သူ လီကွမ်ယုက မြန်မာပြည်ရဲ့ စစ်အာဏာရှင်တွေဟာ ကြာရှည်မခံတော့ဘူးလို့  သူယုံကြည်ကြောင်းပြောသွားပါတယ်။ သူက စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ခန့်ခွဲတဲ့နေရာမှာ အလွန်တုံးပါတယ်လို့ လဲပြောသွားပါတယ်။


ဒါပေမယ့် သူက စစ်တပ်ဟာ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တစိတ်တပိုင်း အနေနဲ့ ပါဝင်ရပါမယ်၊ လုံးဝမပါဝင်ရင်တော့ မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အကုန်ပျက်သွားပြီး ကိုယ်ပိုင် အုပ်ချုပ်နိုင်စွမ်း မရှိဖြစ်သွားလိမ့်မယ်လို့ လဲ ပြောသွားပါတယ်။
လီကွမ်ယုဟာ အထက်ပါအချက်တွေကို စက်တင်ဘာ 27 ရက် Istana မှာရှိတဲ့ သူ့ ရုံးမှာ University of California’s Los Angeles Media Center က သတင်းထောက် Tom Plate နှင့် the University of Southern California’s Annenberg Center က Jeffrey Cole တို့် ကို ပြောခဲ့တာဖြစ်ပါတယ်။
`သူတို့ ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် တော်တော်တုံးတဲ့ ဗိုလ်ချုပ်တွေ ဖြစ်ပါတယ်။ ဒီလောက် သဘာဝ သယံဇာတတွေ ပေါကြွယ်ဝတဲ့ နိုင်ငံကို ဒီလို အခြေအနေရောက်အောက် သူတို့ ဘယ်လိုများ လျှောက်လုပ်လိုက်သလဲ မသိဘူး´ လို့ လဲ ပြောသွားပါတယ်။
သူ့ ရဲ့ အကြံပေးမှုအရ မြန်မာပြည်မှာ ဒေါ်လာသန်းပေါင်းများစွာ သွားရောက်မြှုပ်နှံခဲ့တဲ့ စင်ကာပူက ဟိုတယ်ပိုင်ရှင်တွေရဲ့ ဟိုတယ်တွေဟာ ယခုအခါမှာ လူမရှိတာတွေ့ ရပါတယ် ဆိုတဲ့ အကြောင်းလဲ ဖွင့်ဟပြောသွားပါတယ်။

သူဟာ မြန်မာပြည် အထီးကျန်မှုကနေလွတ် အောင် အဲဒီ့ ဗိုလ်ချုပ်တွေကို အကြံဥာဏ်တွေပေးဖို့ ကြိုးစားခဲ့သေးပါတယ်တဲ့။ အထူးသဖြင့် ယခုအခါမှာ နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့် ကိုဖြစ်ပါတယ်တဲ့။
`သူဟာ အဲဒီ့အုပ်စုမှာတော့ အသိဉာဏ်အရှိဆုံးဖြစ်ပါတယ်။ ကျွန်တော်ဟာ သူ့ ကို ဆူဟာတို တို့ လို ယူနီဖောင်းချွတ်ပြီး ပါတီထောင်ဖို့ အကြံပေးလိုက် ပြီး သူကလဲ လက်ခံပုံ ရှိ ခဲ့ပါသေးတယ်။ ဒါပေမယ့် လမ်းတ၀က်မှာပဲ ဆူဟာတို ကျသွားတယ်။ အဲဒီတော့ သူတို့ လဲ နောက်ကြောင်းပြန်လှည့်ပြီး ခင်ညွန့် ကို ဖယ်ရှားလိုက်ပါတယ်။´
ဗိုလ်ချုပ်ကြီးခင်ညွန့် ဆိုတာကတော့ တချိန်တုံးက ၀န်ကြီးချုပ်ရာထူးနဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲရာထူးတို့ ယူထားခဲ့ပြီး စစ်အုပ်စုရဲ့ ထိပ်ပိုင်း သုံးယောက်ထဲက တစ်ယောက်ဖြစ်ခဲ့ ပေမယ့် ၂၀၀၄ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရာထူးချခြင်းခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီအချိန်က အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ခင်ညွန့် ဟာ အလွဲသုံးစားလုပ်ခြင်း၊ လာဘ်စားခြင်း စတာတွေနဲ့  နေအိမ်အကျယ်ချုပ် ၄၄ နှစ် ကျခံခဲ့ရပါတယ်။
စစ်အာဏာရှင်တွေဟာ မြန်မာပြည်ကို ကမ္ဘာနဲ့ အဆက်ဖြတ်လို့ ရလိမ့်မယ်လို့ ယုံနေတာကို သူဖြင့် နားမလည်နိုင်ကြောင်းနဲ့  အိမ်သုံးဆေးဝါးတောင်မှ ထိုင်းနိုင်ငံကနေ ခိုးသွင်းနေရတာကို ထောက်ပြရင်း ပြောသွားပါတယ်။ `ဘယ်လိုဖြစ်ကြမယ်ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့လေ၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့ ကြာကြာရှင်နိုင်လိမ့်လို့ တော့ ကျွန်တော်တော့ မယုံပါဘူး။
လတ်တလော သူတို့ ရဲ့ အဆုံးစွန် လုပ်ရပ်တွေကတော့ ဆင်းရဲပြီးတော့ ငတ်မွတ်နေတဲ့ လူထုကြီးကို ပုန်ကန်အောင် တွန်းပို့ ခဲ့ပါတယ်လို့  ရှုံ့ ချ ပြောဆိုလိုက်ပါတယ်။
အဲဒီလုပ်ရပ်တွေထဲမှာ စစ်အာဏာရှင် တွေအတွက် တန်ဖိုးကြီးမားတဲ့ နေအိမ်တွေနဲ့ ဂေါက်ကွင်းတွေပါ ပါဝင်တဲ့ နေပြည်တော်လို့ ခေါ်တဲ့ မြို့ တော်အသစ်ဆီ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး ရွှေ့ ပြောင်းခြင်းလဲပါဝင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်ကနေ ခိုးထွက်လာပြီး YouTube ပေါ်မှာ ပျံ့ နှံ့နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီး စိန်စီတဲ့ မင်္ဂလာဆောင်အကြောင်းလဲ ယခုလို ပြောသွားပါတယ်။ သတို့ သမီးဟာ စိန်နဲ့ တန်ဖိုးကြီး ရတနာတွေကို ခရစ်စမတ်သစ်ပင်မှာ လက်ဆောင်တွေ သီးနေသလို ဆင်ယင်ထားပါတယ်။ ဒါအပြင် အမေရိကန်ဒေါ်လာ သန်း၅၀ (စင်ကာပူဒေါ်လာ သန်း ၇၃.၆) ထက် ပိုတဲ့ လက်ဆောင်တွေ ကို မင်္ဂလာလက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်လို့  သတင်းဌာနတွေ ကပြောကြားနေပါတယ်တဲ့။ တရုပ်နိုင်ငံဟာ မြန်မာနိုင်ငံ ကို အထီးကျန်မှုကနေ လွတ်အောင် လုပ်နိုင်မလားလို့ မေးတဲ့ အခါမှာ သူက တရုပ်နိုင်ငံမှာ ဒီလောက် အစွမ်းရှိတယ်လို့ မထင်ပါဘူးလို့ ပြောပါတယ်။ `ဒါပေမယ့် သူတို့ ကြိုးစားခဲ့တယ်၊ အမှန်ကတော့ကျွန်တော်တို့ ရောပါ၊ မြန်မာပြည် အထီးကျန်မှုကနေ လွတ်အောင် ဆွေးနွေးဖို့ ကြိုးစားခဲ့ပါတယ်´
ဒီအင်တာဗျူးအတွင်းမှာ လီကွန်ယုကို အမေရိကန်နဲ့ တရုပ် ဆက်သွယ်ချက်များ၊ အမေရိကန် သမ္မတရွေးကောက်ပွဲ အကြောင်း၊ အင်တာနက်ခေတ်မှာ မီဒီယာ အပြောင်းအလဲများအကြောင်း၊ စင်ကာပူ ရဲ့ ရေရှည် အလားအလာများ အပါအ၀င် အခြားသော ဒေသတွင်း ကိစ္စများ ကိုလည်း မေးမြန်းခဲ့ပါတယ်။

ဗမာပြည်သူ





“Rather Dumb” ဆိုတဲ့စကားလုံးကို သူသုံးထားတဲ့ အထည်းမှာ အကြိုက်ဆုံးပါ ပဲ။ ဘာလို့ လဲဆိုတော့လိုက်ဖက်ညီလို့ ပါ။ နိုင်ငံတနိုင်ငံမှာ လက်ရှိကမ္ဘာ့အခြေနေအရ အရေးကြီးဆုံးက စီးပွားရေး အခြေခံတောင့်တင်းခိုင်မာမှု့ ကအဓိကအဆုံးအဖြတ်အဖြစ်ရပ်တည် နေတဲ့ချိန်မှာ၊ လက်ရှိအစိုးရက ဘိုးတော်ဘုရားလက်ထပ်က မင်းဘုရားကြီးတွေ မြင်းစီး၊ လှံထိုး နဲ့  ဘုန်းသဘာကြောင့် သာမာန်လူတွေထက် စည်းစိမ်များစွာ ရသလိုလိုတွေကို သာ အဓိကထားလုပ်နေပြီး ကျန်လူတွေနားဝင်အောင်လည်းလုပ်နေလေတော့ စီးပွားပျက်တာမပြောလေနဲ့ ။ နေပြည်တော်တည်ထောင်တာတို့ ၊ မိမိသမီး မင်္ဂလာအခမ်းအနားကို Hollywood ရုပ်ရှင်ထဲကလို လုပ်တာတို့ က Mr. Lee ရဲ့ Rather Dumb ကို ပိုခိုင်မာစေပါတယ်။
Mr. Lee က - how they can mismanage the economy and reach this stage when the country has so many natural resources တဲ့။ Mr. Lee လိုက်မမီတဲ့  မြန်မာပြည်ရဲ့ ခေါင်းဆောင်ကြီးတွေ အရည်အသွေးပါ။ Science in Economic of Mismanage Course ကို intensive training အနေနဲ့  နှစ် ၂၀ ဆယ်လောက်ယူမှသာ Mr. Lee လည်း ခေါင်းဆောင်ကြီးတွေ လုပ်သလို လိုက်လုပ်နိုင်ပါလိမ့်မယ်။ ဒါတောင်အာမခံရဲ ဘူး၊ စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တက Mr. Lee အတွက် အခက်အခဲ ဖြစ်နိုင်တယ်။
မြန်မာပြည်မှာ ဒီလောက်များလှတဲ့ သယံဇာတတွေ တော်ရုံတိုင်းပြည် အိမ်မက်တောင်မက်ဘူးမှာမပာုတ်ဘူး။ ဒီလောက်များတဲ့ သယံဇာတက ရရှိတဲ့ အကျိုးရလဒ်တွေကို အုပ်ချုပ်ခံပြည်သူအများစု၊ တကယ်တန်းက အုပ်ချုပ်ခံတတိုင်းပြည်လုံး နှစ်ပေါင်းများစွာ မခံစား ရဘဲနဲ့ ဒီလောက်လူနေမှု့ အောက်ကျနောက်ကျ ဖြစ်နေတာ စီးပွားရေးလုပ်ဆောင်မှု့ တွေက အတော်ကြီးကို ညံ့လို့ ဆိုတာ ဘာဒီဂရီ၊ ဘာဘွဲ့ မှမရှိတဲ့ လူမျိုးတောင် သံသယကင်းစွာ ပြောရဲပါတယ်။ ဥပမာ - မြန်မာပြည်မှာ Gas ထွက်ပါတယ် ဒါပေမဲ့ အခြေခံလူတန်းစား အများစု အနံ့ ရူဖူးးရင်ကံကောင်း။ ဒေသတွင်းမှာ ဒီလိုမျိုးထွက်ပြီး ကိုယ်နဲ့ မဆိုင်သလို မခံစားရတဲ့ ဒေသခံပြည်သူတွေ အများကြီး၊ ဥပမာပေးရမယ်ဆိုရင်လည်းအများကြီး။
မင်းတို့ ကကောတိုင်းပြည်ကို ဘာလုပ်ပေးလို့ လဲလို့ ပြန်မေးနေကြမေးခွန်းကို ပြန်ဖြေပေးရမှာဆို ရင် - ခေါင်းဆောင်ကြီးတွေကို အုပ်ချုပ်ပါလို့ ပြည်သူ၊ ကျွန်တော်တို့ တတွေ ဆွဲမတင်ပါဘူးခင်ဗျာ။ ပြီးတော့လည်း ကျွန်တော်တို့ တိုင်းပြည်ကို ပျက်ဆီးအောင်လည်းဘာမှမလုပ်ပါဘူး။ ခေါင်းဆောင်ကြီးတို့ အုပ်ချုပ်သူ လူတန်းစားဆိုတာ မိမိတို့ လုပ်ရပ်ရဲ့ ကျိုးကြောင်းရလဒ်ကို အဝေဖန်ခံရမယ်ဆိုတာ နားလည်သိထားသင့်ပါတယ်။ ခံနိုင်ရည်ရှိမှလည်း အုပ်ချုပ်သူလုပ်သင့်ပါတယ်။ အခက်အခဲများစွာကို သွေးအေးအေးနဲ့ ညှိနှိုင်းဖြေရှင်းနိုင်မှသာ တိုင်းပြည်အုပ်ချုပ်သူနေနဲ့ နေရာယူသင့်ပါတယ်။ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်တဲ့ အစွဲအလန်း၊ အတ္တတွေနဲ့ နိုင်ငံတစ်ခုကိုတည်ထောင်လို့ မအောင်မြင်နိုင်ဘူးဆိုတာ လက်ခံပါ။ နိုင်ငံရေးက နိုင်ငံရေးပါ၊ ပုဂ္ဂိုလ်ရေးနဲ့ စက်ယှက်တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ အရည်အချင်းကို သူ့ လုပ်ရပ်၊ ရလဒ်နဲ့ သာတိုင်းတာလို့ ရပါတယ်။ တိုင်းတတိုင်းပြည်လုံးရဲ့ အရေးကို မိမိတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ ရဲ့ ပုဂ္ဂလိက အယူသီးမှု့ တွေနဲ့ ရှေ့ တန်းတင်ပြီး မလုပ်သင့်ပါဘူး။ အုပ်ချုပ်သူတွေရဲ့ အပြစ်ကို ထောက်ပြရမှာ အုပ်ချုပ်ခံရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ပါ။ ဒီမေးခွန်းကို မေးတဲ့လူတိုင်း မိမိတို့ ရဲ အစွန်းရောက့် အတ္တ နဲ့  လမ်းလွဲ မာန ကို ဆင်ခြင်သင့်ပါပြီလို့ ဆိုပရစေ။
ခေါင်းဆောင်ကြီးတွေက စစ်ခေါင်းဆောင်ပါ။ စစ်တပ်ကို အုပ်ချုပ်တဲ့ အရည်အသွေးကတော့ မေးခွန်းထုတ်စရာမလိုပါဘူး။ ဒါပေမဲ့ တိုင်းသူပြည်သားတိုင်းက စစ်သားမပာုတ်ပါဘူး။ တိုင်းသူပြည်သားတိုင်းက စစ်တိုက်မဲ့ အသက်မွေးဝမ်းကြောင်းမလုပ်သလို၊ စစ်ဝန်ထမ်းလည်းမပာုတ်ပါဘူး။ တိုင်းပြည်ကို စစ်တပ်အုပ်ချုပ်သလို လုပ်လို့ မရပါဘူး။ တိုင်းပြည်တခုတည်ထောင်ဖို့ က စစ်တပ်က စစ်ပညာနဲ့ ယနေ့ ၂၁ ရာစုမှာ မလုံလောက်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက သက်သေပြနေပါပြီ။ ဒါ့ကြောင့် အတိုက်အခံပါတီခေါ်ခေါ် လူထုကိုယ်စားလှယ်ခေါ်ခေါ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေနွေးဖို့ တိုက်တွန်းနေကြတာပါ။ အင်္ဂလိပ် စကားပုံ အတိုင်းပါ ခေါင်းနှစ်လုံးက တစ်လုံးထက် ပိုကောင်းတယ်ဆိုတာ။ မတူညီတဲ့ နိုင်ငံရေး ခံယူချက်ကနေ အကောင်းဆုံး လမ်းစဉ်တစ်ခုကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။

ရှေးရှေးခေတ်က ဆင်းရဲတဲ့လူတွေ သူပုန်ထတယ်၊ ခုခေတ်က လမ်းပေါ်တက်ဆန္ဒပြတယ်။ ယဉ်ကျေးလာတဲ့လူ့ ဘောင်အသိုင်းအဝိုင်းမှာ စီးပွားကျပ်တည်းလာလို့ လူတွေလမ်းပေါ်မှာတောင်းဆိုတာက များစွာ သက်ညှာတဲ့ လုပ်ရပ်လို့ ခံယူပြီး လက်ရှိ အုပ်ချုပ်သူလူတန်းစားတစ်စုက ယဉ်ကျေးတဲ့နည်းလမ်းနဲ့  ဖြေရှင်းမှု့ တွေပြုလုပ်သင့်ပါတယ်။ ဆက်လက်ပြီး စီးပွားရေး အကျပ်အတည်းတွေ နဲ့ သာရင်ဆိုင်နေရမယ်ဆိုရင် ရှေးခေတ်က သူပုန်ထလမ်းစဉ်နဲ့ ပြည်တွင်းစစ်တွေ ဖြစ်လာလိမ့်မယ်။ ဒါကို သေချာပါတယ် ခေါင်းဆောင်ကြီးတို့ ရော၊ ကျွန်တော့်လို သာမာန်ပြည်သူ အတော်များများပါ မလိုချင်ပါဘူး။ အဲ့ဒီ့အဆင့် မရောက်နိုင်တဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကို အကောင်အထည်ဖော်ပါ။

နောင်လာမဲ့ မျိုးဆက်သစ်တွေရဲ့ သမိုင်းသင်ခန်းစာ ဖတ်စာအုပ်မှာ တိုင်းပြည်ဖျက်များ အနေနဲ့ ခေါင်းစဉ်တတ် အသင်မခံရလေအောင် အခုတွေ့ ဆုံညှိနှိုင်းပြီး အဖြေရှာတဲ့ လုပ်ရပ်တွေကို ပီပြင်အောင်လုပ်ဖို့ လိုပါလိမ့်မယ်။ မပာုတ်လို့ ရှိရင် Dictionary ထဲမှာ Rather Dumb - n. Burmese Military Government Junta who ruling Burma since 1962 apparently so called SPDC လို့ အဓိပ္ပါယ်ဖွင့်ခံ ရလိမ့်မယ်။



Mr. Lee ရဲ့ ပြောဆိုချက်ကို သိမ်းဆည်း ဖတ်ရူ့ လိုလျှင် ဒီမှာ CLICK လုပ်ပါ။

ဆက်လက်ဖတ်လိုပါက..

Tuesday, October 9, 2007

လူလိုကျင့်

အပ်နဲ့ ထွင်းပြီး လုပ်ရမဲ့ အလုပ်တစ်ခု ဗုံးခွဲပြီးမှ လုပ်တာ.. ယနေ့ နိုင်ငံတော်အစိုးရရဲ့ လက်စွဲဆောင်ပုဒ်လားတော့မပြောတတ်ဘူး။

ကနဦးကတည်းက တောင်းဆိုမှု့ တွေအားလုံးက ကုန်ဈေးနူန်းကျဆင်းဖို့ ၊ တွေ့ ဆုံဆွေးနွေးပြီး အဖြေရှာဖို့ စတာတွေကို နိုင်ငံအစိုးရလို့ အမည်ခံထားသူတွေ လုပ်သင့်လုပ်ထိုက်တာကို တောင်းဆိုတာပဲ။ တကယ်တမ်း ပိာုကဖိ ဒီကအော်တော့မှ ဖုတ်ပူမီးတိုက် နိုင်ငံရေးအဖွဲ့ အစည်းခေါင်းဆောင်နဲ့ တွေဆုံဆွေးနွေးဖို့ အလုပ်သမားဒုဝန်ကြီး ဦးအောင်ကြည်ကို တာဝန်ပေးပြီး လုပ်ပာန်ပြတော့တာပဲ။ အစကတည်းက ဒီလို လုပ်ပါ့လား။ နိုင်ငံခေါင်းဆောင်ကြီးတွေ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်မယ်ဆိုပြီး မြေပုံတွေဆွဲ တဆာဆာအော်နေ ၊ စကားပြောဖို့ ဘာလို့ ဒီလောက်တောင်ဝန်လေးနေရတာတုန်း။ ခေါင်းဆောင်ကြီးတို့  ဝေးဝေးမကြည့်ပါနဲ့ ၊အိမ်နီးချင်းနိုင်ငံ တွေနဲ့ တောင်လူနေမှု့ အဆင့်အတန်းဒီလောက်တောင်ကွာပာနေတော့ ပြည်သူတွေလည်း မြင်တွေ့ နေတော့ပြောကြ၊ ညည်းကြမှာပေါ့။ ခေါင်းဆောင်ကြီးတို့ က နိုင်ငံမှာ တာဝန်အရှိဆုံးနေရာကို ယူထားတဲ့သူတွေ ပဲ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လိုတာပေါ့။ တကယ်လို့ လတ်တလော ဖြေရှင်းမပေးနိုင်ရင်တောင် ဒါကဘယ်လို ရှိတယ်၊ ဘာဖြစ်လို့ ဒီလိုလုပ်ရတယ်၊ ဘယ်တော့လောက်ဆိုရင် ပြေလည်အောင်ဖြေရှင်းပေးနိုင်ပါပြီ၊ အစရှိသဖြင့် အုပ်ချုပ်ခံလူတန်းစားတွေကို ပြောပြရှင်းလင်းမသင့်ဘူလား။ တခုခုလုပ်ပြီး မှ အေး.. ဒါကြောင့်လုပ်တာကွာ မကြိုက်လဲမတတ်နိုင်ဘူး.. ဆိုတာကြီးက လက်ရှိ တိုးတက်ပြောင်းလဲနေတဲ့ လူ့ ဘောင်အသိုင်းအဝိုင်းမှာ ကလေးဆိုးလုပ်ရပ်ကြီးဗျာ။ ခေါင်းဆောင်ကြီးတို့ လည်း တတ်သိလိမ္မာသင့်တဲ့အရွယ်ကို ကျော်တောင်နေပြီဆိုတော့...။ ခုလို လုပ်ရပ်တွေ ကျူးကျူးလွန်လွန်လုပ်ပြီး ဒဏ်ရာတွေအနာတရတွေ ကို ၈၈ မမီလိုက်တဲ့ မျိုးဆက်သစ်တွေကို ရော၊ မျိုးဆက်ပောာင်းတွေကိုရော တူးဖော်မိတ်ဆက်ပေးလိုက်တာပာာ မိုက်တာလို့ ပဲ ဝေဖန်ပါရစေ။ ခုလိုမိုက်ရူးရဲလုပ်ပြီးတဲ့တိုင်အောင် သကောင့်သား ဗိုလ်ငယ်လေးတွေက ကတုံးသင်္ကန်းပတ်တွေဆိုပြီး သွေးဆာသလို လက်ရုံးလက်မောင်းတန်းပြီး မာန်ဖီကောင်းတုန်းရှိသေးတယ်။ အချိန်တန်ရင် မာန်လျော့ပြီး လူလိုကျင့်ရတာဘဲ။ မကျင့်ချင်တောင်မှကိုယ့်ထက်ဆိုးတဲ့ ကောင်က ကတုံးပေါ်ထိပ်ကွက် လုပ်သွားတာ မင်းတို့ မျက်စိရှေ့ တင်ပဲ။ (ဗိုလ်ခင်ညွန့် သာကြည့်)။ မပြောမိသင့်တဲ့စကား မလုပ်မိသင့်တဲ့အလုပ်တွေကို သခင်အားရမလုပ်မိဖို့ ဒီသကောင့်သားတွေကို ဘယ်သူများဆုံးမလဲလို့ ။ မင်းခယောက်ျား ကမ်းနားသစ်ပင်တဲ့၊ အခုလို မင်းတရားရူးနေတဲ့ မင်းနဲ့ ဆိုရင် ပိုလို့ သတိတရားရှိသင့်တယ်ဆိုတာ ကိုယ့်ဘာသာ ဆင်ခြင်တရားရှိကောင်းပါတယ်.. ငါ့ညီတို့ ။ စေတနာမှန်ရင် အချိန်တန်ရင် ရုပ်လုံးပေါ်စမြဲပဲ။ အချိန်လွန်လို့ ရုပ်လုံးမပေါ်နိုင်တဲ့စေတနာကို မှန်မှားဝေခွဲနိုင်ပါစေလို့ သာ....

ဆက်လက်ဖတ်လိုပါက..

Monday, October 8, 2007

မြန်မာ ပြည်ဖွားတွေရဲ့ တာဝန်နဲ့ ဝတ္တရား

မြန်မာနိုင်ငံတွင်းမှာ နေစဉ်တုန်းက ကိုယ့်အိမ်ဘေးဘာဖြစ်နေသလဲဆိုတာ က လွဲလို့ လူတွေဘယ်လို စားဝတ်နေရေးကျပ်တည်းသလဲ၊ ဘယ်လိုလူနေမှု့ ဒုက္ခတွေရောက်နေလဲဆိုတာ မသိဖာသာ နေမိတာကများပါတယ်။ စစ်အစိုးရ ရဲ့ သတင်းအမှောင်ချထားတာတွေ၊ လှည့်စားတဲ့သတင်းတွေ ထုတ်လွှင့်မှု့ တွေ စတာတွေနဲ့ လွတ်လပ်တဲ့ ပြောဆို ရေးသားခွင့်မရှိတာကြောင့် ဤကဲ့သို့ ကိုယ်နဲ့ မဆိုင်သလိုနေမိကြတာတွေပါ။ အဲ့ဒါ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ် က လူငယ်လူရွယ်ဖြစ်တဲ့ ကျွန်တော် ကြုံတွေ့ ခဲ့တာပါ။ ဒီနေ့ အခြေအနေ က အရင်အခြေအနေနဲ့ ဘာမှမဆိုင်တော့ပါဘူး။ သတင်းအချက်အလက် တွေကို အင်တာနက်စာမျက်နှာ၊ စတက်လိုက် စလောင်း နဲ့ အင်တာနက်မေး တွေ အလွယ်တကူ ကြည့်မြင်ဖတ်ရှု့ နေရလို့ အစိုးရရဲ့ ဝါဒဖြန့် သတင်းတို့ ၊ လုပ်ကြံသတင်းတို့ ရုပ်မြင်သံကြား၊ သတင်းစာတွေပေါ်မှာ ဘယ်လောက်ရေးရေး ဘယ်တော့မှ အောင်မြင်တော့မှာမပာုတ်သလို လူငယ်လူရွယ်တွေလည်း မသိလိုက်မသိဘာသာ မနေနိုင်ကြတော့ဘယ် မျက်စိပွင့်ပြီး သိနည်းလည်လာတာ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ခန့် မြန်မာနိုင်ငံကလူငယ်အခြေအနေနဲ့ ဒီနေ့ လူငယ်တွေရဲ့ အသိပညာအခြေအနေ ကွာခြားမှု့ ပါ။
သာမန်ပြည်သူတစ်ဦးက လက်ရှိအစိုးရ လုပ်ကိုင်နေတာတွေကို မကျေနပ်တာ သမာရိုးကျကိစ္စတစ်ခုပါ။သမာရိုးကျမပာုတ်တော့တာကတော့ လက်ရှိပြည်သူ အဓိကအားဖြင့် လူငယ်တွေရဲ့ အခွင့်သာမှု့ က မိမိတို့ ဆန္ဒကို ထုတ်ဖော်ပြသခွင့်ကို တနည်းမပာုတ်တနည်း တင်ပြဖော်ထုတ်ခွင့်ရလာတာ ပါပဲ။
ဒီလို သတင်းနဲ့ မီဒီယာတိုးတက်မှု့ တွေရှိလာပြီးမျက်စိပွင့်တာကြောင့် စစ်အစိုးရလုပ်ရပ်တွေက နိုင်ငံတွင်းရော၊ နိုင်ငံပြင်ပရော သူတို့ ဘာသာ မရှက်လို့ လိမ်တဲ့ အောက်တန်းစားလုပ်ရပ်တွေအနေနဲ့ ပဲ သံသယကင်းစွာမှတ်ယူကြပါတယ်။ ဥပမာအားဖြင့် ထောက်ပြရရင် - ဆန္ဒခံယူ ပွဲ ဆိုတာလည်း အတင်းအဓ္ဓမ လူ့ အခွင့်အရေးချိုးဖောက်မှု့ ကို မျက်နှာပြောင်ပြောင်နဲ့ ထပ်လုပ်တာ တခုပါပဲဆိုတာ။ အကျင့်သိက္ခာနဲ့ သမာဓိ အတိုင်းအတာနေနဲ့ ကတော့ ပြည်ထောင်စုညီလာခံ ဆိုတာရော၊ ဖွဲ့ စည်းပုံမူကြမ်း ရေးဆွဲ တာတွေရော၊ ဆန္ဒခံယူတာတွေကပါ ဘာအဆင့်မှမရှိပါဘူးဆိုတာတွေပါ။ လုပ်ခိုင်းတဲ့လူတွေ ရဲ့ မိမိကိုယ်ကို ဘာလိုစိတ်ဓါတ်မျိုးနဲ့ လူလုပ်သလဲ တခါတလေမှ ကိုယ့်ဘာသာမေးခွန်းထုတ် ချင့်ချိန်မှု့ မျိုးတွေမလုပ်တတ်ဘူးလားလို့ ပြည်သူတွေ ခဏခဏ ပြောဆို ညည်းတွားနေတာ နိုင်ငံ့ခေါင်းဆိုပြီး မိမိကိုယ်ကို ကင်းပွန်းတပ် နေတဲ့ ပုဂ္ဂိုလ်တွေလည်း တွေ့ မြင်ဖတ်မှတ်လို့  သိကြမှာပါ။

အခုလို တိုးတက်ပြောင်းလဲလာတဲ့ သတင်းကျယ်ပြန့် မှု့ အတိုးအတာကို ဥပက္ခာလုပ်ပြီး သတင်းစာပေါ် ရေးချင်သလို ရေး တင်ချင်သလိုတင်တာတွေကြောင့် ပြည်သူတွေအဖို့ တချို့ ကိုတော့ ရယ်စရာကောင်းလိုက်တာ ၊ တချို့ ကိုတော့ အရှက်မရှိလိုက်တာ၊ တချို့ ကိုတော့ (အခုလက်ရှိ သတင်းစာကြောင့်) - ဟယ်.. ရိုင်းလိုက်တာ.. ဗုဒ္ဓဘာသာမပာုတ်ဘူးလားဆို တာတွေပြောနေကြပါပြီ။ မကြားချင်ယောင်ဆောင်လဲ ပိုထူးလိမ့်မယ်တော့မထင်ပါဘူး ခေါင်းဆောင်ကြီးအတွက်ပါ။

ဆိုတော့ မိမိတို့ လုပ်ရပ်ကို ပြန်ဖုံးဖိကာကွယ်ဖို့ ယခုလက်ရှိ အခြေအနေနဲ့ ဘယ်လို မှမဖြစ်နိုင်တော့ပါဘူး။ ယခင်က အသေးအမွှားဖြစ်ရိုးဖြစ်စဉ် အဂတိလိုက်စားတာတို့ ၊ အဓ္ဓမ လုပ်အားပေးတို့ ဆိုတာတွေကအစ အင်တာနက်ပေါ်မှာ သာမန်ပြည်သူတစ်ဦးရင်ဖွင့်နိုင်နေပါပြီ။ NLD တို့ လို နိုင်ငံရေးအဖွဲ့ အစည်းတွေနဲ့ ဘာမှမဆိုင် မပတ်သတ်တဲ့ လူတေ၊ွ သာမန်ကျောင်းသားတွေ၊ တောင် မြန်မာပြည်ဖွား လူတစ်ဦး ရဲ့ တာဝန်ဝတ္တရားအနေနဲ့ မိမိတို့ နဲ့ လက်လန်းမှီသမျှ သတင်းတွေ ခံစားချက်တွေကို အင်တာနက်စာမျက်နှာပေါ်မှာ ထင်ပြီးရင်ဖွင့်ကုန်ကြပါပြီ။

ပြောချင်တာက နိုင်ငံရဲ့ လိုအပ်ချက်တွေ၊ အဂတိလိုက်စားမှု့ တွေ၊ အစရှိတဲ့ ထောက်ပြချက်၊ ဝေဖန်ချက်တွေကို သာမန်ပြည်သူတွေကလုပ်နိုင်လုပ်လာကြလို့  အစိုးရက ပြောသလို ပြည်ပမီဒီယာတွေ သွေးထိုးလှုံ့ ဆော်မှု့ ဆိုတာတွေက ပြည်တွင်းက ပြည်သူတွေ ဆီကလာနေတာပါလို့ ။

လူကြီးမင်းတို့ ခေါင်းဆောင်ကြီးတို့ ပြောဆိုရေးသာနေကြသော ပြည်ပ မီဒီယာတွေကို နားမယောင်ကြဘို့ ဆို တာ ပြည်သူတွေကို ကိုယ့်သွေးကိုယ့်သား ကိုယ့်စကားကို နားမထောင်ခိုင်းသလို ဖြစ်နေတဲ့ အတွက် သတင်းစာပေါ်မှာ အကြိမ်မည်မျှ စာလုံးမည်းနဲ့ တင်နေပါစေ အောင်မြင်လိမ့်မည်မပာုတ်ကြောင်း …..မီဒီယာကို မီဒီယာနဲ့ တိုက်အုးံမှာလို့ ကြွေးကြော်နေတဲ့ ဆရာကြီးအတွက်။

စကားချပ် ။ ။ အက်တာနက်စာမျက်နှာပေါ်မှာ တွေ့ မြင်နေသော ရေးသားချက်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့် က ပြည်ပရောက်နိုင်ငံရေးသမားတွေ ရဲ့ အတွေးအာဘော် သက်သက်သာဖြစ်လိမ့်မယ်လို့ ယူဆနေရင် ခေါင်းဆောင်ကြီးတို့ ရူးချင်ယောင်ဆောင်တာ လွန်နေပြီလို့ ။

ဆက်လက်ဖတ်လိုပါက..



လာလည်အားပေးသူ
hit counter