Wednesday, October 31, 2007

ပခုက္ကူမှာ သံဃာတော်တွေ မေတ္တာပို့ ဆန္ဒပြပြန်ပြီ (၃၁-၁၀-၂၀၀၇)

ပခုက္ကူမြို့တွင် ယနေ့တွင် ဘုန်းတော်ကြီးကျောင်းတိုက် ၃ တိုက်မှ သံဃာတော် ၇၃ ပါးက မေတ္တာပို့ ချီတက် ဆန္ဒပြမှု ပြုလုပ်လိုက်ပြန်သည်။စစ်အစိုးရ ဦးစီးသော ကြံ့ခိုင်ဖွံ့ဖြိုးရေးများ၏ ဟန်ပြညီလာခံ ထောက်ခံပွဲများကို တန်ပြန်ဆန့်ကျင် လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။“အတိအကျ ပြောရရင် ၇၃ ပါးတိတိ၊ ၈ နာရီခွဲလောက်မှာ လမ်းမှာတွေ့တယ်။ တချို့ ကိုယ်တော်တွေက ဆွမ်းခံကြွနေလို့ မသိလိုက်ဘူး။ အနောက်တိုက်ကနေ စလာတယ်။ ဗောဓိမဏ္ဍိုင်တိုက်ကျောင်းရယ်၊ မြတိုက်ကျောင်းရယ် ကပေါ့နော်” ဟု ပခုက္ကူ ဒေသခံက ဆိုသည်။

သတင်းစုံကြည့်လိုပါက - မဇ္ဈိမ (၃၁-၁၀-၂၀၀၇)

အမျိုးသားညီလာခံကို ထောက်ခံပြီး သံဃာတော်များဆန္ဒပြမှုကို ဆန့် ကျင်တဲ့ပွဲကို ပခုက္ကူအာဏာပိုင်တွေက အတင်းအဓမ္မကျင်းပခဲ့တဲ့အတွက် ဒါကို တန်ပြန်ဆန့် ကျင်တဲ့အနေနဲ့ သံဃာတော်များက အခုလို မေတ္တာပို့ ကြွချီတာဖြစ်ပါတယ်။ ညီလာခံထောက်ခံပွဲကို လုပ်ခွင့်မေးရင် သံဃာထုကိုလည်း လွတ်လွတ်လပ်လပ် စီတန်း မေတ္တာပို့ ခွင့်ပြုရမယ်လို့ အာဏာပိုင်တွေကို သံဃာတော်များက ကြိုတင်အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်းစုံကြည့်လိုပါက - ဒီဗွီဘီ ၊ ၃၁ ၊ အောက်တိုဘာ ၊ ၂၀၀၇

1 မှတ်ချက် -:

Unknown said...

Boogie night for Military Gov Again!!!



လာလည်အားပေးသူ
hit counter