Monday, October 1, 2007

ရဟန်းတစ်ပါး ကို သတ်၍ စွန့် ထားပုံ

ရဟန်းသံဃာတော်ကို သတ်ဖြတ်တဲ့ ကာယကံအပြင် ဤကဲ့သို့ စွန့် ပစ်ခဲ့သည် မှာ မြင်ရသူအဖို့ လုပ်ရက်သည့် စိတ်ဓါတ်မျိုးအား လွန်စွာ စက်ဆုပ်မုန်းတီးသည့်အပြင် သံဃာဂိုဏ်းသင့်ပြီး ကံကြီးထိုက်မှု့ အတွက် များစွာ ကြောက်ရွံ့ တုန်လှုပ်မိပါသည်။

သံဃဂုဏေါ အနန္တော အရှင်ဘုရားတို့ ရဲ့ ကျေးဇူးတရားက တပည့်တော်တို့ မြန်မာနိုင်ငံဖွား ပြည်သူ့ပြည်သားတွေအတွက် ဆပ်မကုန်အောင်ကြီးမားလှပါတယ် ဘုရား။

ဆက်လက်ဖတ်လိုပါက..

တပ်မတော်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်

လေးစားလောက်ပါတယ်... စစ်သည်တို့ ရယ်.. ဘာမှလက်နက်မရှိတဲ့လူတွေကို...ဟိုးတစ်မိုင်လောက်ကနေ ကြောက်လှန့် တကြားပစ်ခတ်ချေမှုန်းတယ်... အဲ့ဒါ မင်းတို့ လူမျိုးဗမာ တွေ ဗုဒ္ဓဘာသာဝင်တွေ… …. …. …




တာဝန်ဆိုတာ ခိုင်မာစွာ ရပ်တည်မှု့ ရှိတယ့် အမှန်တရားကို အခြေခံပါတယ် မှန်ကန်မှု့ မရှိတဲ့ အလုပ်ကို တာဝန်အနေနဲ့ ခံယူလို့ မရပါဘူး… တကယ်လို့ မှားယွင်းစွာလုပ်ခဲ့ရင် ဒါဟာ တာဝန်မဲ့တာပဲ

ဆက်လက်ဖတ်လိုပါက..

စကားပြောသောဓါတ်ပုံတွေ

ဆက်လက်ဖတ်လိုပါက..

Saturday, September 29, 2007

ကုလ လာတုန်း တောင်းကြစို့ 

ပြည်တွင်း ပြည်ပ မြန်မာပြည်သားတို့  ယနေ့ ကုလကိုယ်စားလယ် Mr Gambari နဲ့ အဖွဲ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိရှိခြင်း နေပြည်တော်သို့ ဆက်လက်ထွက်ခွာသွားတယ်လို့ သိသိရခြင်း စိတ်မချမ်းမသာ ခံစားရပါတယ်။ ကြောင်းရင်းက - ၂ ရက်ခရီးစဉ်သာဖြစ်တဲ့ တိုတောင်းလှတဲ့အချိန်အတွင်းမှာ စစ်အစိုးရ က တောတွင်းစစ်ဌာနဖြစ်တဲ့ နေပြည်တော်ကို ခေါ်ဆောင်သွားတဲ့အတွက် မျှော်လင့်ထားတဲ့ ပြည်သူ့ ရင်တွင်းတောင်းတချက်ကို ကုလက မြင်ဖို့ အားနည်းသွားမှာကိုပါ။ နောက်တခုက- အတုအယောင် ကန့် ကွက်ပွဲဆိုတာတွေနဲ့ အရောင်ဆိုးပြီး လှည့်ဖြားခံ ရမှာကိုပါ။ တကယ်လို့ သာအဲ့ဒီလိုမျိုးတွေကို တွေ့ ယုံပြီး ထင်သလောက် ဖြစ်မလာပဲ ယခင် အတိုင်းဒုံရင်းသာဖြစ်ခဲ့ရင် ရှေ့ က သွေးနဲ့ ရင်းသွားတဲ့ ရဟန်းတော်တွေ မယ်သီလရှင် နဲ့ လူတွေ ရဲ့  သွေး အသက် ခန္ဒ္ဓာတွေ ကို အလားဟပ်သက် ဆုံးရူံးရသလိုဖြစ်နေပြီ။ လူထုရဲ့ စိတ်မှာလည်း ထူးပါဘူး ဆိုတဲ့ နအဖ လိုချင်တဲ့ လူတောမတိုးလိုတဲ့ စိတ် အရိုးစွဲသွားပါလိမ့်မယ်။ လက်ရှိ မျိုးဆက်သာမက နောင်လူမျိုးဆက် တွေအားလုံး နာလန်မထူတော့ပဲ လူဖြစ်ရူံးပါလိမ့်မယ်။ ထို အကြောင်း ကြောင်းတွေကြောင့် - Mr Gambari နဲ့ တကွ နိုင်ငံတကာ သတင်းဌာနများ ပြည်တွင်းရှိပြည်သူများအား-- (၁) ပြည်သူတွေနေထိုင်သော မြို့ တွင်းများကို လှည့်လည်ကြည့်ရှု့ ရန် စာပို့ တိုက်တွန်းပါ (၂) Gambari, ကုလ နဲ့ သတင်းဌာနများကို အတုအယောင် ဆန္ဒပြပွဲ များကို သတိပေးပါ (၃) ပြည်သူအားလုံးအား ရဲရဲဝံ့ဝံ့ မိမိတို့ သဘောထားအစစ်ကို အခွင့် အရေးရတုန်း ပြကြပါလို့  ၂ ရက်သာ အခွင့် ရှိပါတယ်..... ကျေးဇူးပြုပြီး ဝိုင်းဝင်းကုညီအားပေး ကြပါ... ကွယ်လွန် ကျဆုံးသွားတဲ့ လူသား ရဟန်းတွေရဲ့  အသက်ကို စာနာသောအားဖြင့်

ဆက်လက်ဖတ်လိုပါက..

Friday, September 28, 2007

အဓမ္မခိုင်းစေပြီး ဆန္ဒပြမှု့ အား ကန့် ကွက်ကြောင်း လုပ်ရန် ကြံစည်

စစ်အစိုးရက ကုလသမဂ္ဂကိုယ်စားလယ် ဖွဲ့ လာရောက်မဲ့ မနက်ဖြန်တွင် လက်ရှိဆန္ဒပြမှု့ အားကန့် ကွက်သည့် ဆန့် ကျင်ရေးလှုပ်ရှားမှု့ များကို လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း သိရပါသည်။
ညောင်ဦးတွင် စွမ်းအားရှင်ဆိုသူများက ဦးဆောင်ပြီး အိမ်တိုင်းမထွက်မနေရ လုပ်ဆောင်ရမည်ပာု အဓမ္မလှုံဆော် ပြောကြားလျှက်ရှိကြောင်း နစ်နေမန်း blog မှ သိရှိရပါတယ်။
မြန်မာနိုင်ငံသားတို့ အားလုံးအနေနဲ့  မိမိ တို့ ရဲ့ စစ်မှန်တဲ့ တောင်းတချက်ကို ကုလသမဂ္ဂကိုယ်စားလယ်ရောက် ရှိခိုက်တွင် ဆထက်တပိုး ပို၍ ထင်မြင်အောင်ပြကြပါလို့ တိုက်တွန်းပါရစေ။
အကယ်၍ ကုလသမဂ္ဂကိုယ်စားလယ်များ လမ်းကြောင်းလွှဲပြီး ထင်မြင်မှားပါက လက်ရှိခံစားရသော လူမှု့ ရေး၊ စီးပွားရေး၊ ကျန်မားရေး၊ ပညာရေးနှင့်တကွ ပြဿနာများကို ပိုမို၍ ခံစားရမည်မှာ မုချမလွှဲ ဘူးဆိုတာ သတိချပ်ပြီး အကြောက်တရားကို အမှန်တရားကိုမြတ်နိုးတဲ့ စိတ်နဲ့ တွန်းလှန် ကြပါစို့ ။

“ကြောက်လျှင်လွှဲ ရဲလျှင် မင်း ဖြစ်”

ပြည်သူလူထု “မင်း” အဖြစ်နဲ့  လူဖြစ်ရကျိုးနပ်အောင် ရဲစွမ်းသတ္တိပြကြပါစို့ ။ မိမိနဲ့ နီးစပ်သော ပြည်တွင်းမှ မိဘပြည်သူအားအသိပေး ကြပါ။ ပြည်ပရောက် မျိုးချစ်များ သတင်းဌာနများ နှင့် ကုလသမဂ္ဂဆက်သွယ်ရေးသို့ ပေးပို့ ကြပါရန် တိုက်တွန်းပါတယ်။

haveyoursay@bbc.co.uk
inquiries2@un.org

ဆက်လက်ဖတ်လိုပါက..

ဂျပန် သတင်းထောက်အား အနီးကပ်ပစ်သတ်ကြောင်း

Kenji Nagai, 50, Tokyo,
ဂျပန် သတင်းထောက်အား အနီးကပ်ပစ်သတ်ကြောင်း နိုင်ငံတကာ သတင်းတွင် အစဉ်မပြတ်ဖော်ပြလျှက်ရှိပြီး။ ဂျပန် သံရုံးမှ သေဆုံးမှု့ နဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းမှု့ များဆက်လက်ပြုလုပ်မယ်လို့ ပြောကြားပါတယ်။ အသက်ခံရပုံ မှာ အနီးကပ် ပစ်ခတ်မှု့ ကြောင့် နှလုံးကို ထိမှန်သေဆုံးကြောင်း ဆရာဝန်အတည်ပြုကြောင်းသိရပါတယ်။ သေဆုံးသူမှာ လဲကျသိတိုင် မိမိ ဂျာနယ်လစ်ဖြစ်ကြောင်း လက်ကာပြ ကင်မရာကိုထောင်ပြခြင်းဖြင့် သိလိုစေသောပုံရှိကြောင်း အမှတ်တမဲ့ ရိုက်ကူးမိသော ပြကွက်တွင် ကြည့်ရှု့ ရပါတယ်။ အပြီးသတ် သေစေလိုသောကြောင့် ကပ်၍ပစ်ကြောင်းမှာ ထင်းရှားလွန်းလှပါ တယ်။ မြန်မာ့အသံတွင် visit visa ဖြစ်လာရောက်ပြီး မှတ်တမ်းတင် ရိုက်ကူးနေကြောင်း အကြောင်းပြထုတ်လွှင့် ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းပြချက်ပာာ နိုင်ငံတကာအားဘယ်လို မှ ဖြေသိမ့်နိုင်လိမ့်မည်မဟုတ်ပာု BBC နဲ့ CNN မှပြောခဲ့ပါတယ်။ အစိုးရအနေဖြင့် ဂျပန်အစိုးရမှ ဖိအားပိုမို ရရှိဖွယ်ဖြစ်ပါလို့ လဲ ဆိုပါတယ်။ ဂျပန်ဟာ ယနေ့ မြန်မာနိုင်ငံအား ထိထိရောက်ကူညီနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကြည့်ရှု့ ရန် - http://www.fileden.com/files/2006/12/14/510728/jpjorlst.wmv http://www.nhk.or.jp/daily/english/

ဆက်လက်ဖတ်လိုပါက..

Thursday, September 27, 2007

ခွေးကိုက်တာ နာသဟေ့ မင်းတို့ စစ်ခွေးတွေ တသက်မမေ့ဘူး

မင်းရိုက်နေတာ ဗမာလူမျိုး .. မင်အဖေလဲ တို့ ဒီလိုအသားရေနဲ့ ဒီစကားပဲပြောတယ် မင်းတို့ ထမင်းရှင်ဟ … ခွေးမျိုးတွေ… အာဏာရူးကို ကိုးကွယ်နေတဲ့ ဦးနောက်မရှိတဲ့ ခွေး ဓါတ်ပုံကို ကိုနစ်နေမန်း ထံမှရရှိပါသည်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နအဖ ကိုးကွယ်တဲ့ ဘာသာ - တရုတ် နအဖ ပထွေး - တရုတ် ကြိုးမိန့်  ထိုက်တန်သော စစ်ခွေး တစ်ကောင် - အောင်ကျော်ဇော ဒု (စရိုက်) ဗိုလ်ကြီး

ဆက်လက်ဖတ်လိုပါက..

အိုလံပစ်ကော်မတီထံ သို့  ၂၀၀၈ တရုတ် အိုလံပစ်အား ရုတ်သိမ်းပြစ်ရန် တောင်းဆိုပါ။

UN Security Council မှာ တရုတ်ကြောင့် မဖြစ်သင့်တာတွေ ဆက်တိုက် ကျုပ်တို့ ရဟန်းနှင့်တကွ ကျောင်းသား လူသားတွေ သေဆုံး ခဲ့ရပြီ … နှစ်ခါတောင် ဒီတရုတ် ရှုပ်ခဲ့တယ်.. တရုတ်ကို ဆန္ဒပြ ကြပါ… တရုတ်ပာာ မြန်မာလူထုသွေးနဲ့ ချွေးနဲ့ ခံစားရတဲ့ ဒုက္ခကနေ နအဖလုပ်ရပ်ကို ပြည်တွင်းရေးဆိုပြီး ဥပက္ခာပြုကာ အမြတ်ထုပ်နေပါတယ်။ စစ်အစိုးရအား လူ့ အခွင့်အရေးချိုးဖောက်မှု့ နဲ့ အကြမ်းဖက်လူသတ်နှိမ်နင်းမှု့  အား တားမြစ်ရန်ကန့် ကွက်သည့်အတွက် ၁၊ အိုလံပစ်ကော်မတီထံ သို့  ၂၀၀၈ တရုတ် အိုလံပစ်အား ရုတ်သိမ်းပြစ်ရန် တောင်းဆိုပါ။ ၂၊ တရုတ်ပစ္စည်း ဝယ်ယူသုံးဆွဲ မှု့ မပြုကြရန် တရုတ်ဆိုင်အား အားပေးမှု့ မပြု ရန် တိုက်တွန်း လုပ်ဆောင်ပါ။ ၃၊ နိုင်ငံတကာရှိ တရုတ်သံရုံးများအား မြန်မာနိုင်ငံနဲ့ ပက်သတ်ပြီး ရူံချကြောင်း စာပို့ ကြပါ။ ကိုယ့်တိုင်းပြည်မှာ အသေခံပြီး လုပ်ရတဲ့ အာဇာနည် တွေရဲ့ အသက် တန်ဖိုးကို ငဲ့ပြီး ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ဖို့ တောင်းဆို မေတ္တာ ရပ်ခံပါတယ်၊ အိုလံပစ်ကော်မတီထံ သို့  OLYMPIC COMMITTEE PRESIDENT - Mr Denis Oswald DIRECTOR - Mr Andrew Ryan Maison du Sport International Av. de Rhodanie 54 1007 Lausanne Switzerland EMAIL - info@asoif.com Tel: +41 21 601 48 88 Fax: +41 21 601 48 89 တရုတ်သံရုံးများအား EMAIL TO UK CHINESE EMBASSY press@chinese-embassy.org.uk

ဆက်လက်ဖတ်လိုပါက..

စစ်ဖိနပ် နဲ့ ကျောင်းပေါ်တက် စစ်ဖိနပ်နဲ့ ကန် စစ်ဖိနပ်နဲ့ ဘုရားခန်းကို ဝင် -- ဆရာတော်ကိုရိုက် - ဦးပဇ္ဇင်းကိုလည်းရိုက် -

စွမ်းအားရှင်တွေ အသရေမဲ့တဲ့ လူ့ အနတ္တတွေ ဘုန်းကြီးကို တုတ်နဲ့ ရိုက်သတဲ့ … သွေးကွက်တွေသာကြည့်

ဆက်လက်ဖတ်လိုပါက..

သာသနာပြု စစ်တပ် ?? သန်းရွှေ မင်း ဘဝကူးကောင်းဦးမယ်

ဆက်လက်ဖတ်လိုပါက..



လာလည်အားပေးသူ
hit counter