Wednesday, October 31, 2007

ပခုက္ကူမှာ သံဃာတော်တွေ မေတ္တာပို့ ဆန္ဒပြပြန်ပြီ (၃၁-၁၀-၂၀၀၇)

ပခုက္ကူမြို့တွင် ယနေ့တွင် ဘုန်းတော်ကြီးကျောင်းတိုက် ၃ တိုက်မှ သံဃာတော် ၇၃ ပါးက မေတ္တာပို့ ချီတက် ဆန္ဒပြမှု ပြုလုပ်လိုက်ပြန်သည်။စစ်အစိုးရ ဦးစီးသော ကြံ့ခိုင်ဖွံ့ဖြိုးရေးများ၏ ဟန်ပြညီလာခံ ထောက်ခံပွဲများကို တန်ပြန်ဆန့်ကျင် လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။“အတိအကျ ပြောရရင် ၇၃ ပါးတိတိ၊ ၈ နာရီခွဲလောက်မှာ လမ်းမှာတွေ့တယ်။ တချို့ ကိုယ်တော်တွေက ဆွမ်းခံကြွနေလို့ မသိလိုက်ဘူး။ အနောက်တိုက်ကနေ စလာတယ်။ ဗောဓိမဏ္ဍိုင်တိုက်ကျောင်းရယ်၊ မြတိုက်ကျောင်းရယ် ကပေါ့နော်” ဟု ပခုက္ကူ ဒေသခံက ဆိုသည်။

သတင်းစုံကြည့်လိုပါက - မဇ္ဈိမ (၃၁-၁၀-၂၀၀၇)

အမျိုးသားညီလာခံကို ထောက်ခံပြီး သံဃာတော်များဆန္ဒပြမှုကို ဆန့် ကျင်တဲ့ပွဲကို ပခုက္ကူအာဏာပိုင်တွေက အတင်းအဓမ္မကျင်းပခဲ့တဲ့အတွက် ဒါကို တန်ပြန်ဆန့် ကျင်တဲ့အနေနဲ့ သံဃာတော်များက အခုလို မေတ္တာပို့ ကြွချီတာဖြစ်ပါတယ်။ ညီလာခံထောက်ခံပွဲကို လုပ်ခွင့်မေးရင် သံဃာထုကိုလည်း လွတ်လွတ်လပ်လပ် စီတန်း မေတ္တာပို့ ခွင့်ပြုရမယ်လို့ အာဏာပိုင်တွေကို သံဃာတော်များက ကြိုတင်အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်းစုံကြည့်လိုပါက - ဒီဗွီဘီ ၊ ၃၁ ၊ အောက်တိုဘာ ၊ ၂၀၀၇

ဆက်လက်ဖတ်လိုပါက..

Monday, October 29, 2007

သူတို့ အတွက် ဆရာဘေ့ ကဗျာ (၂)

ခုတလော ဆရာဘေရဲ့ အထုပ္ပတ္တိကို လေ့လာမိတော့ ဒီကဗျာကို ဖတ်မိလို့ တင်ချင်စိတ်ပေါ်လာတာနဲ့ စာဖတ်သူအတွက်တင်လိုက်ပါတယ်။ အချုပ်တန်းဆရာဘေ ရာဇဝင်မြောက်လှတဲ့ နောက်ကဗျာတစ်ပုဒ်ပါ။ ဗြိတိန် အိန္ဒိယဘုရင်ခံချုပ်ဖြစ်တဲ့ လော့ဒ်လောရင်း(စ်) ဆိုသူ ကပ္ပလီကျွန်းကို တိုင်းခန်းလှည့်လည်စဉ်က မြန်မာဘုရင်လို ထီးဖြူနှစ်လက်မိုးကာ ပြသာဒ်တင်ယာဉ်ပေါင်းချုပ်စီးပြီး မင်းခမ်းမင်းနားနဲ့ ထွက်တဲ့အခါ စိတ်မနှံ့ တဲ့အကျဉ်းသားတစ်ဦး ဝင်လုံးပြီးဓါးနဲ့ နှစ်ချက်ထိုးခံရတာကို ဖွဲ့ ဆိုထားတာပါ။ ဒီ့မတိုင်မှီက စင်ကာပူကျွန်းမှာလည်းဒီလိုတိုင်းခန်းလှည့်တာကို အလိုတော်ရိသတင်းစာတွေမှာ မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြထားတဲ့အတွက် ဆရာဘေက မြင်ပြင်းကပ်နေခဲ့တာ။
ဒီကဗျာကို သာလွန်မင်းတရားရူးနေတဲ့ ဗိုလ်သန်းရွှေ နဲ့ မင်းစိတ်ဝင်နေသူရော၊ဝင်လိုသူ စစ်အစိုးရအရာရှိ၊အရာခံ၊ဆွေမျိုးသားချင်း အားလုံးကို ရည်ညွှန်းပါတယ်။ အဲ့လိုအဖြစ်မျိုးမကြုံခင် မင်းရူးစိတ်တွေ ဖြောက်ဖျက်နိုင်ပါစေ။

ထီးဖြူရုံပြဿဒ်နှင့်၊ မအပ်သည့်အရာ၊ (လော့ဒ်)လပ်ဆိုသည့်မိစ္ဆာ
ပိတ်ရှာပြီဇီဝိ၊ ဘုန်းမတန့် ဘုန်းတန့် ကြံတယ်၊ ဆုံးရုပ်နံ သွားတဲ့ဝီစိ၊
မင်းတုတု ခွေးသေသေ၊ သွေးတွေယိုဘိ၊ လပ်ရန်ကို ဆဒ္ဒန်ဖိ၊ နတ်ဖန်သည့်ဘုန်းတော်၊
ကျွန်းစင်္ကာပူတလွှားမှာ၊ ရွှေဓါးသွားသက်ရလိမ့်မနော်၊
လှေကားဆက် အပေါ်ပေါ်မှာ ထီးဖြူတော် နှစ်လက်ကြောင့်
အသက်ထွက်လွယ်စေ၊ ဓားနှစ်ချက်မွှေ၊ လေးလက်ဖြင့် လေးချက်မွှေမယ်
ဘေးသက်သေလက်ငင်းကွဲ့ လေး။


ဆက်လက်ဖတ်လိုပါက..

သူတို့ အတွက်ဆရာဘေ့ကဗျာ

သိပ်အများကြီးမပြောလိုပါ။ အချုပ်တန်းဆရာဘေ ကဗျာကိုသာ ကျေးဇူးပြု၍ ပုံနဲ့ ယှဉ်ဖတ်ပါ။

မြန်မာတွေစည်းဖောက်၊ ထီးနန်းပျောက်ဖြစ်ပြီ
မှီးကွန်းထောက်အသစ်မှီတယ၊် ညစ်ပလီလူမျိုး။
မိပစ်လို့ ဖရှောင်သွေသည၊် ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး။
မြန်မာများကြွားချင၊် ဓားပြသွင်လူဆိုး။
ကုလားမြင်(တရုတ်) သူ့ အမေရိုးတော့မလို၊ ခုမြေလျှိုးပုန်းရှောင်။


မိုက်မနော်ပြုမဟေးတို့ ရယ်က၊ သူ့ ပထွေးတော့ ထွက်၍မဟောင်၊
ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊ စာဇင်တောင်ဒူးချလို့ ၊
ပလူုးရပြေးကြို့ အခါခါ၊ ခွေးသို့ ပမာ၊
တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါဆဲချင်ပေါ့လေး။




ဓါတ်ပုံကို ဒေါက်တာလွန်းဆွေ ဆီမှ ယူပါတယ်။

ဆက်လက်ဖတ်လိုပါက..

Friday, October 26, 2007

ဆက်လက်ချီတက်ကြပါစို့ 

လက်တလောရာထူးတိုးပေးခံရတဲ့ ဝန်ကြီးဦးအောင်ကြည်ရဲ့ ဒေါ်စုတွေ့ ဆုံဆွေးနွေးပွဲကို(၂၅.၁၀.၀၇) ရုပ်မြင်သံကြားမှာ ထုတ်လွှင့်တင်ဆက်တာတွေ၊ ခါတော်မှီ ရတနာမြေ လိုဘလော့်အသည်းအသန် ထလုပ်ပြီး စီးပွားရေးပိတ်ဆို့ မှု့ တွေကို မတုန်လှုပ်ကြောင်း တင်ပြတာတွေ၊ နဲ့ ကိုနစ်နေမန်း ဘလော့်မှာဖတ်လိုက်ရတဲ့ တေဇသား ထက်တေဇရဲ့ Email စာဖော်ပြချက် အစရှိတာတွေကို ဖတ်လိုက်ရလို့ ခုတလော နိုင်ငံတကာဖိအားပေးမှု့ တွေ၊ အပြည်ပြည်ဆိုင်ရာ မြန်မာပြည်အရေးဆန္ဒပြလှုပ်ဆော်မှု့ တွေ၊ တရုတ် ၂၀၀၈ အိုလံပစ်အားသပိတ်မှောက်ရန် တိုက်တွန်းမှု့ အားလုံးပာာ ထိရောက်မှု့ ရှိတယ်လို့ ဆိုရမှာပါ။

နအဖခေါင်ချူပ်သန်းရွှေတောင်းဆိုတာတွေကို ဒေါ်စုက လိုက်လျောတယ်လို့ တရားဝင်ကော၊ ကောလပာာလအနေနဲ့ သတင်းထွက်ပေါ်ခြင်းမရှိပဲ ပြည်တွင်းရုပ်မြင်သံကြားမှာဆွေးနွေးမှု့ အစလို့ ပြသရတယ်ဆိုကတည်းက မာန်ဝင့်လွန်းတဲ့ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အဖို့ မာနကိုမနည်းမျိုထားရတဲ့ပုံပဲ။ လှည့်ကွက်ဖြစ်နိုင်ပေမဲ့ ဒါကိုကသူတို့ ကြောက်လို့ လုပ်ရတယ်ဆိုတာကို ထင်ထင်ရှားရှားပြတာပဲ။ တေဇနေနဲ့ ကြည့်ရင်လည်း တော်တော်ထိခိုက်နစ်နာပါတယ်။

၂၅ ရက်နေ့ ဒေါ်စုနဲ့ ဝန်ကြီးဦးအောင်ကြည် ပထမအကြိမ် တွေ့ ဆုံမှု့ 

လေကြောင်းလိုင်းစတင်တာမကြာသေးပါဘူး။ ဒီ့အတွက် ရင်းနှီးထားတဲ့ငွေကြေးပမာဏကလည်း နည်းမှာမပာုတ်ပါဘူုး။ အထူးသဖြင့် စင်ကာပူနဲ့ ပြေးဆွဲတဲ့ ပြည်ပလေကြောင်းလည်းပိတ်လိုက်ရတာပာာ သူရဲ့ မူလအစီစဉ် ရှေ့ တောင်အာရှပြေးဆွဲရေးကို လိုက်ကာချအဆုံးသတ်လိုက်ရတဲ့အတွက် မခံချိမခံသာဖြစ်နေပါလိမ့်မယ်။

ပြည်တွင်းလေကြောင်းလိုင်းက လက်ရှိကုန်ကျငွေကို ပြန်ကာဖို့ မျော်လင့်ချက်မရှိပါဘူး။ ဒါကြောင့်မို့  “အိမ်ရှေ့ ပူအိမ်နောက်မချမ်းသာ ” ဆိုသလို သားထက်တေဇလည်း မခံမရပ်နိုင်ဖြစ်ပြီး လူငယ်သဘာဝ လေလုံးထွားလေးနဲ့ တုန့် ပြန်လိုက်တာဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်ဘာဝ “ဆင်ပိန်ရင်ကျွဲလောက်ကျန်သေးတယ်” ဆိုတာမျိုး အတိုက်အခံလုပ်တဲ့လူတွေ သိစေချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။

တေဇသားထက်တေဇ

ပြည်တွင်းလေကြောင်းလိုင်းက လက်ရှိကုန်ကျငွေကို ပြန်ကာဖို့ မျော်လင့်ချက်မရှိပါဘူး။ ဒါကြောင့်မို့  “အိမ်ရှေ့ ပူအိမ်နောက်မချမ်းသာ ” ဆိုသလို သားထက်တေဇလည်း မခံမရပ်နိုင်ဖြစ်ပြီး လူငယ်သဘာဝ လေလုံးထွားလေးနဲ့ တုန့် ပြန်လိုက်တာဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်ဘာဝ “ဆင်ပိန်ရင်ကျွဲလောက်ကျန်သေးတယ်” ဆိုတာမျိုး အတိုက်အခံလုပ်တဲ့လူတွေ သိစေချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။ဂန်ဘာရီရဲ့ မြန်မာ့အရေး နယ်လှည့်ခရီးစဉ်ပာာ စစ်အစိုးရတွက် နေမထိထိုင်မသာ စိတ်ခြောက်ခြားစရာဆိုတာသေချာပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့ ရဲ့ ထောက်ခံမှု့ နဲ့ ပူးပေါင်းပါဝင်မှု့ ကျေနပ်လောက်စရာအတိုင်းအတာထိ ရခဲ့တယ်လို့ မစ္စတာဂမ်ဘာရီရဲ့ ကြေညာချက်မျိုးပာာစစ်အစိုးရအတွက် ဆက်တိုက်ဆိုသလို အမင်္ဂလာသတင်းအဖြစ်နဲ့ ကြားနေရပါပြီ။ တရုတ်အနေနဲ့ သူ့ ရဲ့ ၂၀၀၈ အိုလံပစ်ဂိမ်းကို အပျက်ဆီးမခံနိုင်တာကို သာကြည့် ဘေကျင်းမြို့ လေထုညစ်ညမ်းမှု့ အတွက်အားတင်ခွန်စိုက် အချိန်မှီ ဆက်ရုံအလုပ်ရုံတွေ ရွှေ့ ပြောင်း၊ကာဗွန်လျှော့ချမှု့ တွေဆထက်တပိုးလုပ်ဆောင်နေတာက သက်သေခံနေတာပဲ။ ၂၀၀၈ အိုလံပစ်ဂိမ်းပာာ တရုတ်ရဲ့အညှာကိုအထိဆုံးနဲ့ မြန်မာအရေးကြောင့်တရုတ်တို့ ပျက်ဆီးမှာကို ခံနိုင်မှာမပာုတ်ဘူးလို့ တရားသေထင်မြင်ယူဆလို့ ရပါတယ်။ တရုတ်ဘက်က ပြုပြင်ပြောင်းလဲမှု့ အတွက်ထောက်ခံမှု့ အပြည့်အဝရရင် စစ်အစိုးရနေနဲ့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှု့ ကို မလွှဲမသေဆောင်ရွက်ရပါလိမ့်မယ်။
ပြီးခဲ့တဲ့လအတွင်းက အိမ်နီးချင်းနိုင်ငံအချို့ ရဲ့ “အိမ်တွင်းရေးသာဖြစ်တယ်လို့ ” အမည်တပ်လက်ရှောင်တာရဲ့ ရင်းမြစ်က အိမ်နီးချင်းနိုင်ငံများအကြား မြန်မာပြည်ထွက်သံယံဇာတ ကနေရရှိမဲ့ အကျိုးအမြတ်ကိုအလေးထားလွန်းလို့ ဖြစ်ပါတယ်၊။ ဒါပေမဲ့ ကျုပ်အထင် ယခုဂန်ဘာရီခရီးစဉ်က နိုင်ငံတကာကနေ ထိုနိုင်ငံတွေရဲ့ မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး သဘောထားအား မေးခွန်းထုတ်နေတာကို သာသိထင်ရှားစေတယ်လို့ ယူဆပါတယ်။ ဒီခရီးစဉ်မှာ မေးခွန်းတွေရဲ့ နောက်ဆက်တွဲ နိုင်ငံတကာရဲ့ အမြင်မကြည်လင်မှု့ ကနေတဆင့် နစ်နာစရာတွေဖြစ်လာနိုင်တယ်ဆိုတာ ထိုအိမ်နီးချင်းတွေသိဖို့ လည်းပါလိမ့်မှာလို့ ယူဆမိပါတယ်။ သူရဲ့ ရှင်းလင်းတင်ပြပုံ ထိရောက်မှု့ ပေါ်မှုတည်ပြီး မြန်မာပြည်နိုင်ငံရေးပြောင်းလဲမှု အပေါ်ဖိအားပေး နိုးဆော်မှု့ တွေရဲ့ အရှိန်ပာုန်ကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ခံတွင်းတွေ့ နေတဲ့ သံယံဇာတထွက်ရောင်းချမှု့ ပာာအိမ်နီးချင်းနိုင်ငံတွေရဲ့ သဘောထားပေါ်တည်နေတဲ့အတွက် ဝယ်သူမျာက်နှာကြည့်ပြီး အထောက်အလျောက် ပြောင်းလဲမှု့ တွေလုပ်ရမယ်ဆိုတာ စစ်အစိုးရကောင်းကောင်းသိပါတယ်။ တကယ်လို့ ဆိုတဲ့ ပြည်ပရောင်းဝယ်မှု့ ဈေးကွက်မရှိတော့ရင် စစ်အစိုးရအတွင်းမှာကို ဖြေသိမ့်နှစ်သိမ့်စရာ၊ မက်လုံးတွေပေးနိုင်တော့မှာမပာုတ်တဲ့အတွက် “ငါ့အတွက်မကျန်တော့ဘူး” ဆိုတဲ့သဘောထားကနေ ပဋိပက္ခတွေပေါ်ပေါက်လာမှာပါ။ ဒါကို စစ်အစိုးရလိုလားလိမ့်မယ်မပာုတ်ဘူး။ ပြည်တွင်းလက်ဝါးကြီးအုပ်စီးပွားရေးတွေ၊ ပရောဂျက် ကွန်ထရက်ယူတာ အစရှိတာတွေအာလုံးပာာ တပ်တွင်းအရာရှိအရာခံတွေနဲ့ ၄င်းတို့ရဲ့ မိတ်ဖက်သင်္ဂပာတွေအတွက် အလုအယက်စားကွက်ဖြစ်နေတော့ စစ်အစိုးရအတွက် သစ္စာခံကြေးအတွက် ပြည်ပစားကွက်တွေလိုပါတယ်။ ဒီတော့ ထုံးစံအတိုင်း “မျောက်ပြဆန်တောင်း” လုပ်ရပ်တွေနဲ့ စစ်အစိုးရတို့ က ပြည်ကစားကွက်ကာကွယ်မှု့ တွေလုပ်ရပါအုံးမယ်။
ဘယ်လိုဖြစ်ဖြစ်ပေါ့ ကျုပ်တို့ အားလုံးအတွက်တော့ ထိရောက်နေတဲ့ မြန်မာ့အရေးလှုပ်ရှားမှု့ ကိုဆထက်တပိုးတိုးလို့ သာလုပ်ဆောင်ဖို့ သာရှိပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်တဲ့ စီးပွားရေးသပိတ်မှောက်မှု့ တွေ၊ တရုတ်ကို အိုလံပစ်အားကြောင်းပြပြီး ဖိအားပေးတောင်းဆိုမှု့တွေ၊ စစ်အစိုးရရဲ့ ပြည်တွင်းနေရာအနှံ့ လုပ်ဆောင်နေတဲ့ မတရားမှု့ ကိုနိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပမြန်မာတွေ သိအောင်သတင်းဖြန့် ဖြူးတာတွေကို လုပ်ဆောင်နေတဲ့ မြန်မာမျိုးချစ်တွေ၊ မြန်မာ့အရေးလူပ်ရှားသူ အားလုံးကို ဂုဏ်ပြုအသိအမှတ်ပြုပါတယ်။ ပိုမိုအားထုတ်လုပ်ဆောင်ကြပါလို့ လဲ တိုက်တွန်းပရစေ။

ဆက်လက်ဖတ်လိုပါက..

Thursday, October 25, 2007

ကြခတ်ရုံထဲက သားသတ်သမား

တော်တော်ကိုကောင်းတဲ့ ကဗျာတပုဒ်ပါ။ သီရိလင်္ကာရောက်မြန်မာကျောင်းသားရပာန်းတော်များ ဘလော့်ထံမှကူးယူဖော်ပြလိုက်ပါတယ်။ မဖြစ်မနေ သွားရောက်ဖတ်ရှု့ သင့်တဲ့ ဘလော့်ပါ။ http://lanka-msma.blogspot.com/2007/10/blog-post_24.html

ကြခတ်ရုံထဲက သားသတ်သမား တောမီးလောင်တော့ တောကြောင်တွေ လက်ခမောင်းခတ်သတဲ့ ပြည် ၀မ်းမီးလောင်တော့ “ဘုန်းကြောင်”တွေ စားပေါက်ထွင်သတဲ့ သူမို့လို့ ပြည်သူ့ဆွမ်းစားပြီး ပြည်သူကမွေးတဲ့ သားတွေကို သတ်ရမယ်တဲ့ သိတတ်ရင် ကိုယ့်ဝမ်းမှာ ဘယ်သူ့ဆွမ်းကပိုများသလဲ ငုံ့ကြည့်သင့်တယ်၊ သခင်အလိုကျအောင် ကျယ်ကျယ်လောင်လောင် ဟောင်နိုင်မှ ခွေးစစ်မှာလား ယမမင်းဗျူဟာတွေနဲ့ ပွဲလန့်တုန်းဖျာခင်း အာဏာရှင်အကြိုက် ဈေးကွက်ထွင်လိုက်တာလား။ ကြခတ်ဝါးရုံလေးတစ်ရုံ စိုပြေရေးအတွက် သူမို့လို့ ဇာတ်တူသား စားကောင်းသတဲ့ ပုဆိန်နဲ့ခုတ် လွှနဲ့ဖြတ်ရမတဲ့ ငါးစိမ်းသယ်သြ၀ါဒတွေနဲ့ အရူးတွေကို သူမို့လို့ သားသတ်လိုင်စင် ထုတ်ပေးရက်တယ်။ အိုကြီးအိုမ ဒီအရွယ်ကြီးကျမှ သတ်တာဖြတ်တာဝါသနာပါတုန်းလား သင့်ကြောင့် နွားတွေ ချိုတရမ်းရမ်းနဲ့ သင့်ကြောင့် အရူးတွေ သေနတ်တကားကားနဲ့ သင့်ကြောင့် မိတကွဲ ဖတကွဲကလေးတွေနဲ့ ငမိုးရိပ်ချောင်းမှာ မျှောခံရတဲ့ အလောင်းတွေနဲ့ အသက်တစ်ချောင်း ဆုံးရှုံးရတိုင်း သင့်မှာ တာဝန်ရှိတယ် ပြည်သူ့မျက်ရည်တစ်စက်ကျတိုင်း သင့်ရဲ့ပယောဂပါတယ် သင့်ကြောင့် ကျိုးတ၀က် ကန်းတပိုင်း တစာစာ အော်နေရတဲ့ နာကျင်သံတွေကို ဘယ်လိုသမိုင်းနဲ့ သင်ဆေးကြောမလဲ။ သာသနာမှာ သင့်ကို အားကျအတုယူဖို့ထက် သင့်ကိုစက်ဆုပ်ရွံရှာဖို့ မှတ်တမ်းတွေ ချန်ထားခဲ့လိမ့်မယ်။ သမိုင်းမှာ သင့်ကို သားသတ်သမားသြ၀ါဒပိုင်ရှင်လို့ နောင်မျိုးဆက်တွေ သမုတ်ကြတော့မယ် သင်ဆိုခဲ့သော စကားအတိုင်း တစ်နေ့ အရူးတွေက သင့်ကို တရားခံရှာတော့မယ်။ “လေဆန်သို့ လွှတ်ပစ်သောပြာမှုန့်သည် ပစ်သူထံသို့ ပြန်ကျရောက်၏” ဒေသနာတော် လာသည့်အတိုင်း အပြစ်နှင့်ညီမျှသော ဆုလာဘ်ကိုသာ သင်ပိုင်ဆိုင်ရလိမ့်မယ် တစ်ကိုယ်ရေ အထီးကျန်မှုကလွဲပြီး ကမ္ဘာလောကကြီးထံမှ သင်ဘာမှ ထပ်ပြီးမရနိုင်တော့ပါ ။ ။ နေမွန်းသင်

ဆက်လက်ဖတ်လိုပါက..

ပြင်းထန်စွာရှုံ့ ချ

နအဖ သာသနာရေးဝန်ကြီးလို့ ခေါ်တွင်သော သူရမြင့်မောင်ရဲ့ သံဃနာယကထံသို့ ၁၄ ရက်ထုတ်သတင်းစာပါ လျှောက်ထားချက်များမှာ အခြေအမြစ်မရှိ မိန်းမလိုမိန်းမရဆန်သော စွပ်စွဲချက်များဖြစ်ပြီး ပြည်သူတို့ သက်ဝင်ယုံကြည်သောသာသနာနဲ့ သံဃာကို စော်ကားရာရောက်သဖြင့် ပြင်းထန်စွာရှုံ့ ချပါတယ်။

“ထောင်ထွက်” များပာု အမည်တပ်ခေါ်ဆိုသည်မှာ မိုက်ရိုင်းစော်ကားသော တရားမဲ့မိစ္တာကောင်တွေရဲ့ လုပ်ရပ်ပါ။ ၈၈ ကာလအတွင်း စစ်အစိုးရ မတရားဖမ်းဆီး နိုပ်စက်၍ ထောင်ချခဲ့သည်ကို ထောင်ထွက်အမည်တပ် ခြင်းမှာ သက်သက်မဲ့ အမည်ပျက်အဖြစ်သိက္ခာချစော်ကားလိုက်တာပဲ။ ၁၉၉၀ မှာကံဆောင်လို့  စစ်အစိုးရဖမ်းဆီးပြီးမတရားလူဝတ်လဲခံရတဲ့သံဃာတော်တွေပာာ ပြည်သူလူထုအတွက် ရဟန်းစစ်၊ရဟန်းမှန် သံဃာတော်တွေပါပဲ။ မည်ကဲ့သို့ အမည်နာမ မျိုးစုံခေါ်စေဦး သံဃာဟာ သံဃာဖြစ်တဲ့အတွက်ထောင်ထွက်ဆိုသောစကားကို လက်မခံနိုင်ပါ။ထောင်ထွက်ဆိုသောစကားကြောင့် ပြည်သူလူထူရဲ့ စိတ်ထဲ ကြည်ညိုယုံကြည်မှု့ လျော့ပါးသွားလိမ့်မည်မဟုတ်ပဲ စော်ကားရက်လေ ဆိုသောနာကျည်းမှု့ များသာပို၍သာတိုးလာပါမယ်။မဖွယ်မရာကိစ္စများ ဆိုပြီးလုပ်ကြံလျောက်တင်တာတွေ ကိုလည်း “ယိုသူမရှက် မြင်သူရှက်” ဆိုသလို အံ့သြမဆုံးပါဘူး။ ဒီလျောက်ကြားလွာကို တင်လျောက်ဖို့ များစွာဝန်လေးပြီး၊ရှက်ရွံ့ စွာလျောက်ထားရသည်ဆိုသော သူရမြင့်မောင် သူဖွင့်ဆိုထားသော “ရိုးသားသော၊လူမှုဗာဟီရကိစ္စများနဲ့ အကျွမ်းတဝင်မရှိသော သံဃာများ” ကို မေးမြန်းမှု့ မရှိ၊ ဝန်လေးမှု့ မရှိ၊ ရှက်ရွံ့ မှု့ အလျင်းမရှိပဲ ရိုက်နက်ကန်ကြောက်သောလုပ်ရပ်များမှာ ပြတ္တားတလမ်း၊သံတလမ်း၊ ရှေ့ စကား နောက်မညီသောကြောင့် ယုံကြည်ဖွယ်ရာတစုံတရာ မရှိပါ။ သက်သေခိုင်လုံသော ဗီဒီယိုပြကွက်များလည်း ကြည့်ရပြီးဖြစ်သဖြင့် “သံဃာအချို့ ကို မလွှဲမရှောင်သာ ခေါ်ယူမေးမြန်းခဲ့ပါတယ်ဘုရား” သူရမြင့်မောင်စကားမှာ ယုတ်ညံ့သော ဆင်ခြေတစ်ခုသာဖြစ်တယ်ဆိုတာကို ပြည်သူလူထုတစ်ရပ်လုံး သိနည်းလည်ပါတယ်။ ဗုဒ္ဓဘာသာဝင်ပီပီ သာသနာကို ကြည်ညိုအလေးနက်ထားတယ်ဆိုတဲ့ နအဖတို့ ပုခက္ကူမှာ သံဃာတော်တွေ မေတ္တာပို့ လမ်းလျောက်တာကို ဘာကြောင့်အကြမ်းဖက်ဖြိုခွင်းပါသလဲ။ ထိမ်းထိမ်းသိမ်းသိမ်းဆောင်ရွက်ပါတယ်ဆိုသော ဝေါပာာရမှာ ကြိုးကွင်းစွပ်ဖမ်းဆီးခြင်း၊ သနတ်၊ဝါးရင်းတုတ်ဖြင့်ရိုက်နှက်ခြင်း၊ ဖိနပ်ဖြင့်ကန်ခြင်းစတာတွေ ပါဝင်သလားဆိုတာ ရှင်းပြပါဦး။ သာသနာနဲ့ တိုင်းပြည်ဖျက်ဘေးရန်ကိုကာကွယ်ဖို့ ဆိုသော သူရမြင့်မောင်တို့ နအဖ တို့ စွပ်စွဲလူသားမဆန်တိုက်ခိုက်ခံရသော ရဟန်းတော်တွေရဲ့ တောင်းဆိုမှု့ ကိုကြည့်ပါ -
(၁)တာဝန်ရှိသူများဝန်ချတောင်းပန်ရန်(ပခုက္ကူရိုက်နှက်ဖမ်းဆီးမှု့ အတွက်) (၂)ပြည်သူ့ စားဝတ်နေရေးပြေလည်ရေး (၃)ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျည်းသားများ လွတ်မြောက်ရေး (၄)အမျိုးသားပြန်လည်သင့်မြတ်ရေး
ကဲ ဘယ်အချက်က နိုင်ငံတော်နဲ့ သာသနာကို ထိပါးလို့ ဒီလိုလူမဆန်တဲ့လုပ်ရပ်တွေ လုပ်ရတာတုန်း။ “တပည့်တော်တို့ အနေနဲ့ သာသနာတော်နဲ့ နိုင်ငံတော်အတွက်တာဝန်အရမလွဲမရှာင်သာ ဆောင်ရွက်ရသည်များကို ဆရာတော်ကြီးများအနေဖြင့် စာနာ၊နားလည်၊ခွင့်လွတ်ပါရန် လျောက်ထားအပ်ပါသည်” ဆိုသော သူရမြင့်မောင်နဲ့ နအဖ တိုင်းဖျက်၊ပြည်ဖျက်၊သာသနာဖျက် မိစ္တာဂိုဏ်းတခုလုံးကို ငရဲ နဲ့ ပြည်သူလူထုက ခွင့်လွတ်လိမ့်မည်မပာုတ်ပါလို့ ။

ဆက်လက်ဖတ်လိုပါက..

Wednesday, October 24, 2007

လေးစားပါတယ် ကိုဇာဂနာ

ကိုဇာဂနာ ပြန်လွတ်လာပြီး မကြာခင်ပဲ အင်တာဗျူးရဲတဲ့သတ္တိကို လေးစားပါတယ်။ ပာာသရွှန်းတဲ့ ကိုဇာဂနာ့အင်တာဗျူးဖတ်ရတာအားရှိတယ်ဗျာ။ ဒီလိုလူမျိုးတွေရှိသ၍တော့ ဒို့ နိုင်ငံလွတ်လမ်းရှိတယ်လို့ ကျုပ်တော့လေးလေးနက်နက်ကို ယုံတယ်။ ကိုကျော်သူတို့ ဇနီးမောင်နှံအပါအဝင်ပေါ့ဗျာ။ ကိုယ်ကျိုးစွန့် တဲ့သတ္တိကတော့ပြောမနေနဲ့ ။ ကျုပ်တို့ လို သာမန်လူတန်းစားတောင် ကိုယ့်စားခွက်သေးသေးလေး ပျောက်မှာတွေးကြောက်နေတဲ့အချိန် ဒီလိုနိုင်ငံကြော် အနုပညာရှင်တွေရဲ့ စွန့် စားအနစ်နာခံမှု့ ကတော့ အာဇာနည်စိတ်ဓါတ်ပါပဲ။ ဒုတိယံမိ လေးစားပါတယ်။
“သံဃံသရဏံ ဂန်းစာမိ” ကတော့ထိတယ်ဗျို့ ။ ဘုရားရှိခိုးတိုင်း မှတ်မိနေမှာ သေချာပေါက်ပဲ။ နောက်ဘုရားရှိခိုးတိုင်း ဆက်မတွေးမိအောင်မနည်းလုပ်နေရတယ်။
နောက်ပာာသတခုဖတ်လိုက်ရတာ - နအဖ ခေါင်းဆောင်ကြီးက ဗုဒ္ဓဂေါတမမြတ်စွာဘုရားကို ဘယ်တော့များ ရေနဲ့ လျှပ်စစ်မီး လုံလောက်အောင်ရမလဲ မေးတော့ ဘုရားကတော့ ငါ့တသက်တော့ဖြစ်နိုင်တော့မှာမပာုတ်ဘူးလို့ ပြောပြီးငိုသတဲ့။ ဘုရှ်နဲ့ ပာူကျင်းတောင်းတို့ အလှည့်တုန်းက သူတို့ ကငိုရတယ်။ နအဖ ရဲ့ သန်းရွှေအလှည့်တော့ ဘုရားတောင်ငိုရတဲ့အဖြစ်။ ပြောင်မြောက်ပါပေတယ် ကိုဇာဂနာ ရေ။ နောင်များလည်း ဒီလိုအလုံးတွေ ထပ်လုပ်ပါအုံး။ ခုလည်းကြည့်ပါဦး ဧရာဝတီမြစ်ဖျားနဲ့  မြစ်စုံ မှာတာတမံဆည်တွေဆောက်ပြီး ရေအားလျှပ်စစ်ထုပ်မလို့ တဲ့။ လျှပ်စစ်ရတော့မှာမို့ လို့ ပျော်မနေနဲ့ တရုတ်အတွက်ပါ။ တနိုင်ငံလုံး တိုင်းရင်းသားမျိုးဆုံ မှီတင်းနေထိုင်တဲ့ နိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီ ကိုတောင်ရင်းပြီး ဒို့ များ စစ်အာဏာရှင်တွေရဲ့ ကိုးကွယ်ရာဘာသာအသစ် တရုတ်ပြည်ကြီး ထိန်ထိန်ညီးဖို့ နဲ့ အာဏာရှင်တို့ အိပ်ကပ်ဖောင်းဖို့ အတွက် စတေးရအုံးမယ်။ အော် .. တို့ များ နအဖကာလမှာ မြစ်ကြီးဧရာဝတီတောင် ချောင်းလေးဧရာဝတီ အဖြစ်ရောက်တော့မှာပါလား။ တတ်လည်း တတ်နိုင်တဲ့ လူပေတွေပဲ။

ဆက်လက်ဖတ်လိုပါက..

Friday, October 19, 2007

စစ်အစိုးရရဲ့ အရှက်မရှိပေါ်လစီ

စစ်အစိုးရကတော့ လမ်းပြမြေပုံကြီးကိုပဲ တွင်တွင်အော်ပြီး ဘယ်သူ့ မှဘာမထီတဲ့ စရိုက်နဲ့ ထင်ရာစိုင်းနေပြန်ပြီ။

ဒီလိုထင်ရာဆိုင်းလို့ ဒါတွေ ဖြစ်လာတာ ကို ကျိုးကြောင်းဆင်ခြင်မှု့ ကို မရှိဘူး။ ထပ်လုပ်ဖို့ လည်းဝန်မလေးဘူး။ တွေးမဲ့ ပုံလည်းမရှိဘူး။ ပြည်သူတွေကို ဂရုကိုမစိုက်ဘူး။ မိမိတို့ အာဏာတည်မြဲရေးသာ တနေ့ တနေ့ လိမ်လိုက်၊ ညာလိုက်၊ ဖမ်းလိုက်၊ ဆီးလိုက်နဲ့ ။ စစခြင်းကတည်းက တခြားနည်းနဲ့ ဖြေရှင်းလို့ ရရဲ့ သားနဲ့ ။ အစကတည်းက ဓါတ်ဆီဈေးကို ထင်ရာဆိုင်းပြီး အသိမပေးပဲ အဆမတန် မြင့်တင်လိုက်လို့ ဒါတွေအကုန်ဆက်ဖြစ်ကုန်တာပဲ။ ဆီဈေးပာာအခရာပါ။ ကုန်ထုပ်လုပ်ငန်း၊ ပို့ ဆောင်ဆက်သွယ်ရေး၊ အပြင် ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်ထုပ်ယူမှု့ အစရှိတာတွေအားလုံးပာာ စက်သုံးဆီကို အခြေခံတာအထူးပြောစရာမလိုပါဘူး။ လူတိုင်းအသိ။ စီးပွားရေး မှာ ဒီလိုအခြေခံကြတဲ့ စက်သုံးဆီကို ဘာမှ ကြော်ညာမှု့ မရှိပဲ ဆီဆိုင်မှာ ဆိုင်းဘုတ်တင်ပြီးဈေးမြှင့်တင်တာ တကယ်ကိုအံ့သြလို့ မဆုံးဘူး။ ငါတို့ တင်တယ် မင်းတို့ လိုက်တင်လိုက်ပြီးရောလုပ်လို့ မရပါဘူး။ ကုန်လုပ်ငန်းတော်တော်များများ ရော ပို့ ဆောင်ဆက်သွယ်ရေးတော်တော်များများကပါ ကြိုတင်ပေးချေစနစ်နဲ့ ကုန်ဝယ်ယူတာတို့ ၊ ဈေးနှုန်းသတ်မှတ်တာတို့ လုပ်ကြရပါတယ်။ ဒီလို ရုတ်တရက် ဈေးအဆမတန်မြင့်သွားတာ သူ့ တိုင်မင်နဲ့ လည်ပတ်နေသမျှအားလုံးကို ရိုက်ဖြတ်တာနဲ အတူတူပါပဲ။ ကုမ္ပဏီပိုင်ရှင်အစ လမ်းဘေးဈေးသည်အဆုံး အကုန်ထိခိုက်ဒုက္ခရောက်။ ထအော်တဲ့လူရှိမှ တိုင်းပြည်ရဲ့ ဘတ်ချက်သက်သာအောင်ဘာညာကွိကွ လာလုပ်ပြနေတာ။ ဘယ်သူမှမပြောရင် မသိဘာသာလုပ်နေအုံးမယ်။ ဖြေရှင်းပေးဖို့ ပြောတဲ့လူကို ရိုက်တယ်ဖမ်းတယ်၊ ပခုက္ကူ သံဃာတွေက ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ မရဘူး ရပာန်းလည်း လားထား ရိုက်တယ်။ ကြိုးကွင်းစွပ်ပြီးတောင်ဖမ်းတယ်။ သံဃာထုက တောင်းပန်ဖို့ ၊စီးပွားကျပ်တည်းတာ ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ ဘာမှမဖြစ်သယောင် မသိချင်ယောင်တောင်ဆောင်နေသေးတယ်။ လူတွေအားလုံးမျှော်လင့်တာက သံဃာတွေကိုတောင်းပန်လိုက်၊ ကုန်ဈေးနှုန်းတက်တာကိုလည်း အထောက်လျှောက်ပြေလည်အောင် ဖြေရှင်းပေးလိုက်ပြီးနေပြီ။ ဒါကိုမပာုတ်ဘူး ပေပြီးနေတယ်။ နောက်တော့ ဘုန်းတော်ကြီးတွေကံဆောင်တယ်။ နောက်ဆက်တွဲ လူတွေ ပါလာတယ် အဲ့ဒီ့အထိ ငြိမ်းငြိမ်းချမ်းချမ်းပဲ။ ဒီမှာလည်း ပြည်သူတွေမျှော်လင့်တာ ဖြေရှင်းလိုက်ပါ။ ဒါတိုင်းပြည်အုပ်ချုပ်တဲ့လူတွေရဲ့ တာဝန်ပဲ။ မပာုတ်ဘူး။ လူသတ်ပွဲ၊ လူဖမ်းပွဲက စပါလေရော။ ထင်ရာဆိုင်းပြီး ဥပဒေမဲ့ လူသားမဆန် တဲ့စရိုက်ကစပြီ။ လူတွေတင်မကဘူး ရပာန်းတွေပါ အကြမ်းဖက် ရိုက်နက်၊ ပစ်ခတ်သတ်ဖျက်ခဲ့တာ နာကျည်းစရာတွေ၊ ယုံကြည်မှု့ မဲ့တာတွေ အားလုံး တဖန် မီးမွှေးသလို လုပ်ပစ်လိုက်တယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ်လာတော့လည်း ပာုတ်ပြီပေါ့ ဆွေနွေးညှိနှိုင်း အဖြေရှာမယ်ပေါ့။ ပြည်သူတွေ မျှော်လင့်တာပေါ့လေ။ မပာုတ်ပြန်ဘူး။ သကောင့်သားညဏ်ကြီးရှင်က ဗိုလ်အောင်ကြည်ကို ထည့် က ပြီး လှည့်လုံးလေးနဲ့ အချိုသတ်ဖို့ ကြိုးစားပြန်ရော။ ဂမ်ဘာရီ လေယာဉ်ပေါ်ဖင်မချရသေးဘူး အောက်က ထရပ်ကားနဲ့ လူဖမ်းပွဲကျင်းပနေပြီ။ ပိာုက ဘယ်လိုလုပ်လက်ခံမလဲ။ နားလည် ပါးရိုက်လုပ်တာတွေ။ နိုင်ငံရေးအကျင်းသားတွေ အခုလွတ်ပေး၊ ဆွေးနွေးဖို့ စတော့လို့ ပြောတော့ ငါတို့ က ဘယ်သူမှာမလိုဘူး၊ လမ်းပြမြေပုံနဲ့ သွားမယ်၊ လမ်းပေါ်ရှိသမျှအကုန် မျိုးဖြုတ်မယ်ဆိုပြီး သတင်းစာတင်ပြီး ထင်ရာဆိုင်းဇာတ်က ဆက်ကပြန်ပြီ။ ပါပါ မပါပါ မေးမနေဘူး ထင်တာ အကုန်ထောင်တည်းထည့်။ ညမှာ ဘီလူးသရဲ ဝင်ဆီးသလို ဝင်ဆီး၊ မတွေ့ တွေ့ တဲ့လူကို ဖမ်း။နိုင်ငံခြားမှာ ဆန္ဒပြတဲ့ လူလားဆိုပြီး လေဆိပ်မှာတောင်ဖမ်းသေးတယ်။ တဆိတ်ဗျာ- စစ်အစိုးရရဲ့ တရားဥပဒေတဲ့ - ဆန္ဒပြတဲ့ ရပာန်းတော်ကို ရေကပ်လို့ ဖမ်းတယ်၊ ပြည်ပမှာ လုပ်ခဲ့သလားဆိုပြီး ကျောင်းသားငယ်တွေကို လေဆိပ်မှာ ဖမ်းတယ်၊ ထေရဝါဒဗုဒ္ဓသာသနာ တည်တံ့ပါစေလို့ အော်တဲ့လူကိုဖမ်းတယ်၊ လုပ်ပါဦး - ဘယ်ဥပဒေကျမ်းမှာ ရေးထားတဲ့ ဥပဒေပုဒ်မတွေလည်း။ ဖမ်းတဲ့ပုံကလည်း ဘာစာရွက်စာတမ်းမပါဘူး ခဏမေးချင်လို့ ပါတဲ့။ အဆိုးဆုံးက ဆန္ဒပြသူကိုဖမ်းမရလို့ မိဖ၊ဆွေမျိုးတော်တဲ့လူကို ဖမ်းတယ် တဲ့ ကြားလို့ မှကောင်းကြသေးရဲ့ လား?? တသက်နဲ့ တကိုယ် အပြင်မှာတကယ်ရှိလိမ့်မယ်တောင်မထင်ဘူး။ ဘယ်တိုင်းပြည် ဘယ်အစိုးရ ဘယ်တရားဥပဒေမှာ ကျုပ်တို့ တွေ့ ဘူးလဲ?? မာဖီးယား လို ဒုစရိုက်ဂိုဏ်းသာ လုပ်မဲ့ အဆင့်မျိုး။ (မာဖီးယားလို့ ပြောလို့ ရှရှားကကောင်တွေ အရူးဘုံမြောက်လုပ်မိမှာဆိုးသေး - သူတို့ က စစ်သွေးကြွတွေရယ်) ပြီးရင် တပတ်၊ဆယ်ရက် ဘာသတင်းမှမပေးဘူး အချုပ်တည်းခေါ်ထည့်ထားတယ်။ ဒါတရားဥပဒေလား?? ဘုန်းကြီးကျောင်းတွေမှာဘုန်းကြီး လူမရွေး တွေ့  သမျှရိုက်နက်ဖမ်းဆီးတာကို ခဏခေါ်ယူတာပါတဲ့။ မပာုတ်လို့ ပြန်လည်သွားခွင့်ပေးလိုက်တာပါတဲ့။ သတင်းထဲမှာ?? ကြုံဖူးပေါင်ဗျာ.. ဖမ်းဆီး နှိပ်စက်ပြီး မပာုတ်တဲ့အခါမှ မေးပြီး၊ နာရီပိုင်းအတွင်း လွှတ်လိုက်သယောင်သတင်းဖြန့် လိုက်သေးတယ်။ နောက်ဆိုးတာတခုက - နိုင်ငံတော်ကိုပုန်ကန်တဲ့ပုဒ်မတဲ့ သေဒဏ်ပေးလို့ ရတယ်ဆိုပြီး သတင်းစာထဲမှာ ခြိမ်းခြောက်စာ ထည့်ထားတယ်။ လုပ်တာက လမ်းပေါ်တက်မေတ္တာပို့ လို့ ၊ပြသနာဖြေရှင်းဖို့ တောင်းဆိုတာ။ ပြစ်ဒဏ်ကသေဒဏ်တောင်ပေးချင်နေလေရဲ့ ။ လူသတ်အစိုးရ။ ဒီလို ဥပဒေမဲ့ လုပ်ရက်နဲ့  ဘယ်လိုဘယ်နည်းနဲ့ ဒီမိုကရေစီကို သွားမှာတုန်း။ မယုံတဲ့လူအပြစ်မပုံလေနဲ့ ။ ယုံအောင်လည်းဘာမှ မလုပ်ခဲ့ဘူး လုပ်လည်းလုပ်မနေဘူး။ ဒီမိုကရေဆီနိုင်ငံမှာ အစိုးရပာာ ဘယ်အလုပ်မဆို ပါလီမန်မှာ အတိုက်အခံပါတီဝင်တွေနဲ့ ညင်းခုံဆွေးနွေး မဲဆန္ဒပေးပြီး အများသဘောတူ မှ အကောင်အထည်ဖေါ်လို့ ရတာ။ ဝေဖန်ထောက်ပြတာတို့ Debate လုပ်ပြီးအဖြေရှာတာတို့ ဆိုတာ အကောင်းဆုံးရလဒ်ကို ရှာဖွေတဲ့နည်းလမ်းကောင်းပဲ။ ဒီလိုစနစ်ရှိတဲ့ ဒီမိုကရေစီနိုင်ငံကို စစ်အစိုးရလို တယူသန်၊ ထိုင်ရာဆိုင်းတွေက လူတွေဘာမှမသိရတဲ့ ဖွဲ့ စည်းပုံ ဥပဒေတွေဆွဲ၊ ကြိုက်တာမကြိုက်တာထားအုံး ဘာမှန်းတောင်မသိတဲ့ ပာာကြီးကို အတင်းကွင်းထဲဝင် ထောက်ခံခိုင်းနဲ့ ဘယ်လိုပုံနဲ့ သွားမှာလည်း။ လမ်းကြောင်းကိုက ဒီမိုကရေစီလမ်းစဉ်နဲ့ ဘာမှမဆိုင်တဲ့ သနတ်ပြ အဓ္ဓမဝါဒီနဲ့ ချီတက်နေတာ ဘာလိုလုပ်ပြီး စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးပေါ်ပေါက်လာမလဲ။ စစ်အစိုး ရ မျက်နှာပြောင်တိုက်ပြီး ညာ တာခံနေရတဲ့ ကျုပ်တို့ လို မြန်မာလူမျိုးဘဝက အတော်ကိုဆိုးပါတယ်။ စစ်အစိုးရသာ တကယ်ဒီမိုကရေစီတည်ထောင်လိုတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားတယ်ဆို ရင် ကုလသမဂ္ဂက အကြံပေးတင်ပြတဲ့ နည်းနဲ့ လမ်းကြောင်းဖြောင့်နေမှာပဲ။ သုံးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပြီးအဖြေရှာလိုက်။ ဗြိတိန်ဝန်ကြီးချုပ်က စီးပွားရေးတိုးတက်အောင် ကူညီပါ့မယ်လို့ ပြောနေပြီ။ ကဲ.. ဘာလို့ ငြင်းနေရတာတုန်း။ သူတို့ သွားမယ်လို့ တဆာဆာအော်နေတဲ့ နေရာကို ကားနဲ့ ပို့ ပေးမယ်.. လို့ ပြောနေတာတောင် ဘာ့ကြောင့် လက်မခံနိုင်ရတုန်း။ မျောက်ပြပြီး ဆန်တောင်းမယ် - ရသော်ရှိ မရသော်ရှိ ပြီးရင် ဒါပဲဆိုပြီး အချိုးမျိုး။ အဲ့ဒါက သက်သေပြနေတာ - အာဏာရူးလွန်း လို့ ဆိုတာ။ ကုတ်ကပ်ပြီးမရမကနေမယ်၊ မျက်နာဗြောင်တိုက်ပြီးအဓ္ဓမလုပ်မယ်၊ ဖားယားပြီး ကပ်ပါးလုပ်မယ်။ အခုတော့ တရုတ်က တိဘက်ဘုန်းတော်ကြီးကိစ္စနဲ့ အမေရိကန်ကို မကြေမချမ်း ဖြစ်လေတော့။ ဒူးမနာသား နအဖက အမေရိကန်က့ ဗုံးတွေတောင်ပေးပြီးဘုန်းကြီးတွေကို မြောက်ပေးလို့ တိုင်းပြည်မငြိမ်မသက်ဖြစ်ရတယ်ဆိုပြီး သခင်အားရကျွန်ပါးဝ လုပ်ပြနေလေရဲ့ ။ဒီလိုနေရာမှာတော့ ကလိန်ကကျစ်ညဏ်က ဘာရွှင်လဲမမေးနဲ့ ။ အာဏာသာ ဒီ့လောက်ရူးတာ မပာုတ်ရင် ဒီလို အမှားမျိုး၊ လူမဆန်တာတွေ၊ ထင်ရာဆိုင်းလုပ်ရပ်တွေကို ဆက်တိုက်လုပ်ရက်၊ လုပ်ရဲ မှာမပာုတ်ဘူး။ အပေါ်က တင်ပြခဲ့တဲ့ ထဲမှာ ပြည်သူတွေမျှော်လင့်သလို လုပ်နိုင်ရဲ့ သားနဲ့ အခွင့်အရေးမျိုး ရခဲ့ရဲ့ သားနဲ့ မလုပ်ပဲ ဒီလိုအဖြစ်ကိုရောက်အောင်လုပ်တာ စစ်အစိုးရပဲ။ ဘယ်သူယုံလဲ သူတို့ ပြောတဲ့ တိုင်းပြည်စီးပွားတိုးတက်ရေးတို့ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ ၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးတို့ ၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးတို့ ။ ပာို ရှေးပဝေပဏီကတည်းက ဒါမျိုးတွေ သတင်းစာထဲ တီဗီထည်း တချိန်လုံးအော်နေ တကယ်တမ်း ကောင်းကောင်းစား ကောင်းကောင်းနေ ပြီး လူ့ စွာ လုပ်နိုင်တဲ့ သဌေးဆိုတဲ့ ကောင်တွေ၊ဆရာကြီးဆိုတဲ့လူတွေ ကြည့်လိုက် သာမာန်ပြည်သူတွေ ပါသလားလို့ ။ အများကြီးမတွေးပါနဲ့  မီးမှန်မှန်လာတာ ဘယ်လိုနေရာမျိုးတွေမှာလည်း လမ်းကောင်းကောင်းရှိတာဘယ်လိုနေရာမျိုးတွေမှာလည်း?? သူတို့ ရဲ အရိုးစွဲပေါလစီက တခုပဲရှိတယ် - အဲ့ဒါ - မိမိတို့ အာဏာတည်မြဲရေး! မိမိတို့ အာဏာတည်မြဲရေး! မိမိတို့ အာဏာတည်မြဲရေး!

ဆက်လက်ဖတ်လိုပါက..

Tuesday, October 16, 2007

ဘယ်သူ့ ကို လိမ်ဖို့ ကြိုးစားနေတာတုံး မစ္စတာ နအဖရေ။

ခင်ဗျားတို့ ပြည်သူ့ ဆန္ဒထုတ်ဖော်ပွဲဆိုတာတို့ ၊ ပြည်ထောင်စုညီလာခံထောက်ခံပွဲဆိုတာတွေအားလုံး ခိုင်းခံနေရတဲ့လူတွေက ဒီပြည်သူထဲက ဒီလူတွေပဲ။

ဒီလူတွေကပဲ ပိုက်ဆံပေးခိုင်းတာတို့ ၊ အဓမ္မစေခိုင်းတာတို့ အချင်းချင်းဖေါက်သည်ချနေတာ ခင်ဗျားတို့ လည်းအသိ။ ကလေးတွေ ကျောင်းတွေက နေ မရမကခေါ်၊ သူတို့ ပာိုပာာအော်ခိုင်း ဒီပာာအော်ခိုင်း။ ဆရာမတွေလည်း မပာုတ်တာ လုပ်ခိုင်းလို့ စိတ်ညစ်ရ၊ အတန်းစာသတ်မှတ်ချက်မမီမှာကို လည်း စိတ်ညစ်ရနဲ့ အော်နေတာလည်း ခင်ဗျားတို့ အသိ။ ဒီလို လုပ်အားပေးတို့ ဘာတို့ ညာတို့ အတွက် မလိုက်ရအောင်ပိုက်ဆံပေးပေးနေရတာလည်း လူတိုင်း အိမ်ထောင်စုတိုင်းအသိ။ တစ်ယောက်မလိုက်မနေရ - လိုက်မဲ့သူမရှိရင် ငွေဘယ်လောက်ဆိုပြီး ရပ်ကွက်ရုံးကို ပေးပေးနေရတာတွေ ပြည်သူအကုန်လုံး တောင်ပေါ်တောင်အောက်၊ ဧရာဝတီမြစ် ပိာုဖက်ကမ်း ဒီဖက်ကမ်း လူတွေ အကုန်သိတယ်။ မသိလို့ ပါ။ ဘယ်သူ့ ကို လိမ်နေတာတုံး?? ကျုပ်တို့ ပြည်ပက လူတွေကို လိမ်ဖို့ လား?? ကိုနအဖကြီး ကျုပ်တို့ လည်း အဲ့လို အဓမ္မနဲ့ ဘောလုံးကွင်းကွင်းထဲ ခေါ်ခေါ်ထည့်တာ ကျောင်းသားတစ်သက်တလျှောက်လုံးပဲ။ ကျုပ်တို့ လိမ်လို့ တော့ထူးမယ်မထင်ဘူး။ တစ်သက်လုံး နေလာတဲ့လူတွေပဲ။ နွားပွဲတို့ သစ်သီးပန်းမံ ပြပွဲတို့ လှေပွဲတို့ အစုံပလုံပဲ။ နေပူထဲမှာ ပိာုပာာတီး ဒီပာာအော်နဲ့ ။ အဲ့ဒီ့နေ့ ဝတ်ဖို့ တို့  ဘာတို့ဆိုပြီး ကျောင်းက ရောင်းတာတွေ မဝယ်မနေရ ဝယ်ရတာနဲ့ မိဘတွေလည်း ဖတ်ဖတ်ကို မောနေတာပဲ။ ဒါတွေနဲ့ အရမ်းကို ရင်းနှီးလာတာ၊ ပါးစပ်ပာရင် အူထိမြင်တယ်ဗျ။ နိုင်ငံတကာကို လိမ်ဖို့ ပေါ့?? ခင်ဗျားတော့မသိဘူး ကျုပ်တို့ သိတဲ့ ခင်ဗျားတို့ ရဲ့ တပတ်ရိုက်ပြချက်တွေက သူငယ်တန်းသာသာပဲ။ ဘယ်ယုန်မြင်လို့ ဘယ်ခြုံထွင်တာတွေ ဆက်စပ်တွေးခေါ်စရာတောင်မလို ဘူး။ အရှက်မရှိလို့ လုပ်တဲ့ ဗြောင်လုပ်ရပ်တွေ။ သူများနိုင်ငံကလူတွေက နှစ်ပေါင်းကို ရာနဲ့ ချီပြီး ရှေ့ ရောက်နေပြီ။ ခင်ဗျားတို့ ဘိုးအေဘုရားလက်ထပ်က ကပေါက်တိကပေါက်ချာ ပြကွက်တွေက ပြက်လုံး အနေနဲ့ ရီဖို့ တောင် ရိုးအီနေပြီ။ နိုင်ငံတကာအသိုင်းအဝိုင်းနေနဲ သူ့ နိုင်ငံ့သိက္ခာနဲ့ သူ လိုက်လျောညီထွေ ဆက်ဆံနေတာ။ ဗိုလ်ချုပ်သာ သက်ရှိထင်ရားရှိနေမှာဆိုရင် ခေါင်းဆောင်ကြီးဆိုပြီး ကိုယ့်ဖာသာနာမည်တပ်နေတဲ့ လူပေါကြီးတွေ နဘန်ကျင်းခံရမှာ သေချာတယ်။ တော်ပါတော့ဗျာ ကိုနအဖတို့ ။ ပြည်သူတွေလည်း ပန်းလှပြီ၊ ခင်ဗျားတို့ လည်း အကြံကုန် ဂဠုန်ဆားချက် ဒါကြီးနဲ့ ပဲ ဝိုင်းကြီးးပတ်ပတ်ဒူဝေဝေလုပ်နေ။ ခင်ဗျားတို့ လုပ်တာတွေ တိုင်းပြည်အတွက်ဘာမှ မယ်မယ်ရရဖြစ်မလာတာကြည့်။ ပြောလိုက်ရင် ပိာုနားက ကျောင်းစိမ်းတုံးကြီးတွေ ပုံလို့ ၊ ဒီနားက ဓတ်ငွေ့ တွေလှိုင်လို့ တရုတ်လိုကောင်တွေက ပေါချောင်ကောင်းဆိုပြီးပျော်ပြီးဝယ်။ ရတဲ့ နှပြားတပဲကိုပဲ အမြီးဖြတ်၊ခေါင်းဖြတ်နဲ့ ခင်ဗျားတို့ အာဏာရှင်လူတစု ဝေမျှပြီး စည်းစိမ်ခံနေ။ မရှက်တာလဲမပြောနဲ့ “ကြိုက်မရှက် ငိုက်မရှက်” ။ ပိာုကလူက DUMB လို့ ပြောလည်း မသိချင်ယောင်ဆောင်နေ။ နိုင်ငံခေါင်းဆောင်းကြီးဆိုတဲ့လူတွေ သူများက အဲ့လိုပြောတာကို ကျတော့နာတဲ့စိတ်မရှိဘူး။ အံ့ပါရဲ့ ။ တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းတွေတိုးတက်နေတယ်တဲ့။ အဲ့ဒီ့တိုင်းရင်းသားဆိုတဲ့ လူတွေက နယ်စပ်မှာ ဘိန်းထုပ်၊ မြို့ လယ်ခေါင်မှာတွေမှာ အိမ်တွေဝယ်၊ ဗမာစကားမတတ်တဲ့ကောင်တွေ (များသောအားဖြင့် တရုတ်စကားတမျိုးသာပြောတဲ့လူတွေ) မြို့ လယ်ခေါင်၊ ဗမာစစ်စစ်တွေက မြို့ ပြင်မှာ။ ဗမာတွေ ငအတွေ လို့ ကွယ်ရာမှာပြောခံရတာလည်း ဝန်ကြီးဆိုတဲ့လူမျိုးတွေက သူတို့ ဗမာတွေမပာုတ်သလို မသိဖာသာလေးရအောင်နေ။ ဒါမျိုးကျတော့ ခင်ဗျားတို့ ပြောတဲ့မျိုးချစ်စိတ်ဓါတ်ဆိုတာကြီး ဘယ်ချောင်မှာသွားခွေနေလည်း။ ပြောလိုက်ရင်တော့ နိုင်ငံအတွက်တဲ့၊ ပြပါဦး ဘာတွေဘယ်နားမှာ တိုးတက်နေလဲလို့ ။ဘာနားက ဘာအသီးတွေ သီပွင့်နေလဲ?? ခင်ဗျားတို့ ပြောတဲ့ တိုးတက်တဲ့ မြို့ တော်ကြီးဆိုတာလည်း ရှေးဗရာဏသီပြည်က ရွာကမှ ဒီထက်သားနားသေး။ တက္ကသိုလ် ဘယ်နှခု ဖွင့်နေပီသာပြောတယ် သင်တဲ့ဆရာမလုံလောက်တာတို့ ၊ LAB က ဘာပစ္စည်းမှမရှိတာတို့ ၊ တွေနဲ့ ပြည့်နေတာပဲရှိတယ်။ ဒီအတိုင်းပဲ ဆေးရုံတို့ ဆိုလည်း ကြည့်လိုက် အဆောက်အဦး ဖြူထည်ကြီး။ ဒါပဲ ကျန်တာက ဟာလာပာင်း။ ဆရာဝန်တွေက Magic Wand နဲ့ ကုရမလို ဖြစ်နေပြီ။ ဘယ်နေရာကြည့်လိုက် အပေါက်တွေ အဖာတွေ အကျိုးအပဲ့နဲ့  ဘယ်လိုရပ်တည်နေတာလည်းဆိုတာတောင် မတွေးရဲအောင်ပဲ။ အစိုးရဌာန ကိစ္စရှိလို့ မသွားလိုက်နဲ့ အမဲဖျက်သလားအောင်းမေ့ရတယ်။ အစ်ကိုရေ.. လက်ဘက်ရည်ဖိုးလေး..ဒီ စာရွက်ဖိုးလေး..ဒီပြက္ခဒိန်လေး စုံလို့ ။ အချင်းချင်း customer လုပြီး မကျေမနပ်သံတွေကလည်း ပိာုအခန်းလိုက်ကာ၊ ကနေ ဒီအခန်းလိုက်ကာ အပေါ်ကို ခေါင်းလေတွေဖော်လိုက် ထိုင်လိုက်နဲ့ ပြောရတာအမော။ ပိုက်ဆံမပေးသေးရင် - သကောင့်သားမောင်ဝန်ထမ်းက စာရွက်လေးကို အရှေ့ ကနေစလှန်လိုက်၊ နောက်ကနေပြန်လှန်လိုက်၊ ပာင်း လုပ်လိုက်၊ ခေါင်းလေးကုတ်လိုက် ၊ မေးလေးပွတ်လိုက်နဲ့ ရောင်တောင်မောင်တောင်လုပ်နေ။ အကျင့်စာရိတ္တမြင့်မားရေး ဆိုတာကြီးအောင်မြင်နေတာကိုပါ။ ကဲ ပြောပါ ဘာတွေကနေ ဘာသီးတွေ သီးနေလဲ ဆိုတာ။ ခင်ဗျားတို့ ကြောင့် တတိုင်းပြည်လုံး၊ လူတွေအားလုံး ဆုတ်ယုတ်လို့ ရတာမှန်သမျှ အကုန်မြောင်းထဲသွားနေပြီ။ ရပ်ပါတော့။ မကျန်တော့တဲ့ ခင်ဗျားတို့  နှပြားတပဲ ဂုဏ်သိက္ခာလေး ဆယ်လိုသေးရင် ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်တိုင်း အကောင်အထည်ဖေါ်ပါ။ ဒီမိုကရေစီနိုင်ငံနေ့ ချင်း လုပ်လို့ မရဘူးချည်းပြောမနေနဲ့ ခင်ဗျားတို့ နေရယူထားတာ နှစ်ပေါင်းများစွာကြာလှနေပြီ။ ခင်ဗျားတို့ တကယ်လုပ်ချင်လို့ မပာုတ်ဘူး၊ရရင် ရသလိုအချိန်လေးမှာတောင် ညာစား ခိုးစားဖို့ ဆိုတာလည်း ဦးနောက်ရှိတဲ့ လူတိုင်းအသိ။ ကူညီမယ်လို့ တောင်ပြောနေတာတွေကို ပာင့်အင်း မလိုဘူး.. ငါတို့ မြေပုံနဲ့ သွားမယ်လုပ်မနေဘာနဲ့ ။ အဲ့ဒီ့ မြေပုံဆိုတာကြီးက အဆင့်တွေ လျှောက်လုပ်ပြီး ပေါက်တတ်ကရ အချိန်ကန့် သတ်မှု့ မရှိတဲ့ အမှိုက်ကြီး။ ကလေးကအစသိတယ်။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို မြေပုံကြီးကိုင်ပြီး ပြည်သူတွေ ကို ပိာုပာာလုပ်ခိုင်း၊ ဒီပာာလုပ်ခိုင်း၊ ပြန်ပြောရင် တရားဥပဒေချိုးဖောက်တာဆိုပြီးစွပ်စွဲ ထောက်ချနှိပ်စက်နဲ့ ဘယ်လို ပုံနဲ့ ရောက်မလဲ?? ခင်ဗျားတို့ ပဲ စဉ်းစားကြည့်ဦး။ ဒီမိုကရေစီဆိုတဲ့ ဝေါပာာရကို ခေါင်းဆောင်ကြီး သိကောသိရဲ့ လား?? သာလွန်မင်းတရားကြီး က ပဒေသရာဇ်စနစ်လောက်မှာပဲ သူ့ ဦးနောက်က အလုပ်လုပ်တယ်နဲ့ တူတယ်။ ခင်ဗျားတို့ နိုင်ငံတကာနဲ့ ပူပေါင်းပြီး ခင်ဗျားတို့ တခုခုဆို ထထအော်နေတဲ့ နိုင်ငံတော်ကြီးကို တကယ်ပဲသွားမလား၊ တနေ့ ပြည်ဖျက် ရာဇဝတ်သားအနေနဲ့ နာမည်ဆိုးနဲ့ သေသွားမလား?? အခု လမ်းရွှေးလို့ ရတဲ့ အခွင့်အရေးကို ယူပါ။ ခင်ဗျားတို့ အာဏာမက်တာလည်း သိလွန်းနေတော့ ပြောရတာလည်း အားမရှိဘူးဗျို့ ။ ကဲ .. အာဏာကြောင်တို့ ရေ ဒီလောက်ပါပဲ..

ဆက်လက်ဖတ်လိုပါက..

Monday, October 15, 2007

ဆန်ကုန်မြေလေးတစ်ကောင်ရဲ့ နောက်ဆုံးလမ်း

သာသနာဖျက်မိစ္ဆာတစ်ကောင်တော့ ငရဲလမ်းကို တန်းကနဲသွားလေပြီ။ ကျန်တဲ့ သာသနာဖျက် ရာဇဝတ်ကောင်တွေနားထဲမှာ သေမင်းရဲ့  ခေါင်းလောင်းထိုးသံညံနေမှာ သေချာပါတယ်။ မသေခင် ရခဲလှတဲ့ လူ့ ဘဝမှာ ဆင်ခြင်တုံတရားမဲ့စွာနဲ့ ပဲ လူမဆန်တဲ့လုပ်ရပ်တွေကို အထပ်ထပ်သာ လုပ်ခဲ့သူအဖို့ မည်ကဲ့သို့ ပင်ကြီးမားထည်ဝါလှတဲ့ ဈာပနအခမ်းအနားတွေလုပ်ပစေအုံး သွားရာလမ်းကတော့ ငရဲ ကိုတန်းကနဲနေမှာ သိသူ၊ ကြားသူ၊ မြင်သူ တို့ အားလုံးစိတ်တွင်းမှာတွေးနေမိမှာ။ ပြည်သူ၊ပြည်သားအားလုံး ပခုံးတင်ထမ်းနေရတဲ့ ဆန်ကုန်မြေလေး တစ်ကောင်ရဲ့ နောက်ဆုံးလမ်း အတွက်တော့ ဖြစ်နိုင်ရင် အိုးစည်ဗုံမောင်းနဲ့ မသာ ပို့ ပေးချင်ရဲ့ ။

ကျန်တဲ့ဆန်ကုန်မြေလေးတွေဖြစ်တဲ့ မိစ္ဆာကောင် သန်းရွှေတို့ မောင်အေးတို့ ရွှေမန်းတို့ ဒီအသုဘကြောင့် တရားသဘောလေးများ အရိပ်အမွက်လောက်တွေးခေါက်မိရင် သေသွားတဲ့လူအဖို့ လူ့ အနတ္တ၊ လူ့ ဗလာအနေနဲ့ သေရကျိုးနပ်ပေလိမ့်အုံးမယ်။

ရာဇဝင်မှာ ပြန်ပြင်လို့ မရတော့တဲ့ နာမည်ဆိုးကြီးနဲ့ ထာဝရ သွားပေဦးတော့ စစ်ဗိုလ် အာဏာကြောင်ရေ............

သမိုင်းဝင်နိုင်ငံကျော် သူခိုး ရာဇဝတ်ကောင်

ဆက်လက်ဖတ်လိုပါက..



လာလည်အားပေးသူ
hit counter