Wednesday, October 3, 2007

ရှရှားရောက်စစ်သည်တော်နှင့် ကျွန်တော်

အခုတလော အင်တာနက် Blog စာမျက်နှာပေါ်မှာ Hot နေတဲ့ စင်ကာပူက ကျောင်းသား နဲ့ ရှရှားရောက် စာသင်သား စစ်သည်တို့ အပြန်အလှန်ပြောဆိုတဲ့ အသံဖိုင်လေးကို နားထောင်လိုက်ရတယ်..အမှန်တိုင်းပြောရရင် တပ်မတော်ထဲက စစ်အရာရှိ တစ်ယောက်ရဲ့ ထင်မြင်ယူဆပုံလေးကို ပထမဦးဆုံး ကျုပ်ဘဝမှာ နားနဲ့ ဆက်ဆက်ကြားရခြင်းပါ.. ပြည်တွင်း ပြည်ပကစစ်အရာရှိ အရာခံတွေ အတော်များများကတော့ “သိဘူး … ပြောခွင့်ရှိဘူး … ကျုပ်တို့ အလုပ်ပာုတ်ဘူး..” လို့ သာ တွင်တွင်ကြီးကို ပြောတာပဲခင်ဗျာ.. နိုင်ငံ့အရေးဖြစ်တဲ့ ပြည်သူလူထုရဲ့ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး အစရှိတာတွေကို ပြည်သူတွေနဲ့ မဆွေးနွေးရဘူးတဲ့ … ရတာပဲ ယူပါ တဲ့…

ကြုံလို့ ဗျာ … အင်တာနက်စာမျက်နှာပေါ်မှာ ရှိတဲ့ ရှရှားရောက်စစ်သည် မောင်မောင်ကတော့ ကျွန်တော်ကို .. “စစ်သားဆို တာနိုင်ငံရေး လုပ်ဘူး” လို့ ဆို လိုက်တယ်… အဲ့ဒီ့တော့

“……… ဗျာ ……..ဗိုလ်ချုပ်ကြီးသန်းရွှေက စစ်သားကြီး မပာုတ်ဘူးလား????” “------------------------” “ စစ်သားက နိုင်ငံရေးလုပ်ဘူး ဆို သူက နိုင်ငံအုပ်ချုပ်တဲ့ နေရာ ဘာတတ်လုပ်နေတာလဲ ??” “ ပော့လူ … ခေါင်းဆောင်ကြီးကို ထိနဲ့ … သူက ချွင်းချက်” “----------------”
အဲ့ဒီ့နောက်စကားဆက်ပြောရင်း
“ ..နိုင်ငံရေးသမားဆို ရင်မုန်းတယ်..” “ဗျာ …. ဘာကြောင့်များပါလိမ့် ???” “ ..နိုင်ငံရေးသမားဆို တာ အားယားနေတဲ့ လူတွေ..” “------------------” “ .. ဒေါ်စုကို မုန်းတယ် ..” “ဗျာ …. ဘာကြောင့်များပါလိမ့် ???” “.. နိုင်ငံခြားသားကို ယူလို့ ..” “… ဘယ်လို ဘာရယ် ဘယ်လို… ???” “.. တခြားမိန်းမမျိုးဆို ယူလောက်ဘူး..” “ ဟင်! .. တိုင်းပြည်အရေးနဲ့ သူ့ အိမ်ထောင်ရေးက ဘယ်လိုများပတ်သက်ပါလိမ့် ?? ” “----------------------------”

အော်.. ဦးတည်ချက်တွေ ပီပြင်ပါတယ်.. သဘောထားကြီးမှု့ တွေနဲ့ တွေဆုံဆွေးနွေးမှု့ တွေနဲ့ အကျိုးပြုဝေဖန်ထောက်ပြမှု့ တွေနဲ့ ဖူးပွင့်ဝေဆာနေမဲ့ ကျွန်တော်တို့ ရဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို မြင်ယောင်မိပါတယ် …… ကဲ နောက်ဆက်တွဲက တော့ စင်ကာပူက ကျောင်းသား နဲ့ ရှရှားရောက် စာသင်သားတို့ အမေးဖြေလေးကို မှီငြမ်းထားတာပါ.. သူပြောတဲ့ မှတ်သားလောက်တဲ့ အချက်လေးကို ခေါင်းစဉ်တင်ပြီး တွေးမိတာတွေပါ…

… စစ်သားပဲ သူများထက် ဒေါသပိုထွက်တာပေါ့ …
ခုလို အဓိကအခြေအမြစ်ကျတဲ့ အကျိုးအကြောင်းကို သိရလို့ ကျေးဇူးကြီးပါပေ့ ကိုကိုရယ်… တို့ ကသိဘူးလေ.. ဒါ့ကြောင့်နဲ့ တူတယ်… CBox ထဲက စစ်သည်ကိုကို တို့ က တခုခုများ ဝေဖန်ပြီး ဆို ရင်…

…. မင်းဘာကောင်လဲ….??….. မင်းဘယ်ကလဲ….??.....မင်းဆွေမျိုးတွေ ဒုက္ခရောက်ချင်သလား…??


ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ.. တည်ကြည်တဲ့ ရပ်တည်ချက်တွေ.. ရှယ်ပဲ….

... စစ်သားဆိုတာတော်ယုံ ဖြစ်ဘူးဗျ.. သူ့ အရည်အချင်းရှိမှ ….
ခင်ဗျားတို့ ကလည်းပာုတ်တာပဲ ဘာလို့ စစ်ဗိုလ်ပေါက်စလို့ သွားပြောတာလဲ.. သူတို့ ပာာကလွယ်တာမှတ်လို့ … နည်းနည်းနောနောအရည်အချင်းတွေမှတ်လို့ အရက်ဘယ်နှစ်ခွက်ပြိုင်သောက်နိုင်သလဲ.. ဆေးလိပ်ဘယ်နှစ်လိပ် သောက်နိုင်လဲ.. စာဘယ်နှစ်ပိုဒ်ပြိုင်ရွတ်နိုင်လို့ လဲ.. ကဲကြည့် .. ခင်ဗျားလုပ်နိုင်လို့ လား??? အရည်အချင်းတွေ..အရည်အချင်းတွေ…သူပြောသလိုတွေးကြည့်စမ်း.. ခင်ညားတို့ စင်ကာပူကလူတွေက ကဲချင်တာမကဲလိုက်ရဘယ် အိုက်ရောက်မှ ပျော်နေတာမှလား ?? ဟိုမရောက် ဒီမရာက်လူတွေ…. တို့ စစ်ဗိုလ်လေးပြောတာမှန်တယ် ခုဆိုကြည့် သူဘယ်လောက်ရင့်ကျက်လဲ…. သူမလုပ်ဘူးတာမရှိဘူး ပြည်တွင်းမှာနော်.. အဲ့ဒါ.. ကွာလတီလို့ ခေါ်တယ်… ခင်ညားတို့ ကို သနားတယ်.. သူ့ စကားနဲ့ ပြောမယ်

“ ခင်ညားတို့ … မနာလိုမဖြစ်နဲ့ .. သူ့ ကုသိုလ်နဲ့ သူ…”

တပ်မတော်က ဒီလို ကွာလတီ ကလေးတွေကို ဆယ်တန်းအောင်ပြီး တက်စရာမယ်မယ်ရရမရှိဖြစ်နေတဲ့ ၁၆ နှစ် ၁၇ နှစ် ဝန်းကျင်ကလေးတွေကို စေတနာနဲ့ ပြုစုပျိုးထောင်ထားတာ.. ကြည့် .. တို့ တိုင်းပြည်ရဲ့ တပ်မတော်မှာ ဗိုလ်လေးတွေများရိုက်သတ်လို့ မကုန်အောင်များပြားတာ .. စစ်သားက ရှားပါးပစ္စည်းဖြစ်နေပြီ.. ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ.. တိုင်းပြည်အတွက်နော်
“အင်း တကယ်စစ်တိုက်ရင်တော့ ဒီကလေးတွေ ငိုမပြေးရင် ကံကောင်း… ” “…. မင်းဘာကောင်လဲ….??….. မင်းဘယ်ကလဲ….??.....မင်းဆွေမျိုးတွေ ဒုက္ခရောက်ချင်သလား…??” “…. Opps! Sorry! ….”
စစ်သည်တော်တို့ ဒေါသကြီးတာမေ့သွားလို့ … အော်နောက်တခုက

... အိမ်ထဲ ဝင်လာရင် ထိုးမှာပဲ ….
မောင်မောင် အခုပြောနေတာ ဘယ်သူ့ အိမ်လဲပာင်… ??? အာလုံးပိုင်တာလို့ ပောာပိာု အရင့်အရင်က လူတွေကတော့ပြောတာပဲ.. ကျွန်တော်တို့ က ဘယ်နားမှာနေရမှာလည်းပာင်..?? အိမ်ကမိုးလဲလုံဘူး အကာလဲရှိဘူး..?? ပေါက်ဖော်ကြီးတွေနဲ့ ဝင်လိုက် ထွက်လိုက်နဲ့ .. သူတို့ ရော ပိုင်လားပာင် ???

စစ်သည်တော်တို့ ရဲ့ စစ်ဒဿနကလည်း ပြည်သူတွေရောထည့်စဉ်းစားတော့ဘူးလားလို့ ?? CBox ထဲက စစ်ဗိုလ်ကိုကို ကတော့ ကျွန်တော့်ကို
“အနော်ရထာမင်းတရားကြီးလက်ထက်ကတည်းက မြန်မာနိုင်ငံကို စစ်တပ်ကတည်ထောင်လာတာ..” “ ဗျာ… အဲ့ဒီ့တော့ ???” “.. ညံ့ပါ့ကွာ ဒါ့ကြောင့် တို့ ပိုင်တာပေါ့..” “ ဟာ…!”

စစ်မှန်တဲ့အတွေးအခေါ်တွေနော်…တန်ဖိုးရှိတယ်.. သူတို့ က စာသင်ချိန်ပြီး အားနေချိန်မှာ သမိုင်းကို လေ့လာထားတာ.. တော်ရုံ ပုဂ္ဂိုလ်ဒါတွေ တွေးတတ်ဘူးရယ်.. တပ်မတော်က သင်ထားတာ.. အနှစ်တွေ… မင်းတရားဆိုလို့ ရှေးဘုရင်တွေက “ပာစ်တိုင်” ဆိုလား ဘာဆိုလားထားတာတဲ့ ပြည်သူတွေ မကျေနပ်တာတို့ မပြေလည်တာတို့ ဘုရင်ကသိအောင် အော်ဖို့တဲ့ … အဲ နောက်ကာလများစွာရွှေ့ ရှားလာတော့ ယုခု မင်းတရားကြီး တစီးရှင်သန်းရွှေ လက်ထပ်မှာ “ပစ်တိုင်”လို့ အမည်တွင်လာသည်တဲ့…နောင်သမိုင်းဆရာတို့ ကျမ်းပြုရင် ပါအောင်လို့ နော်…မှတ်သားစရာ စကားတစ်ခွန်းပါ..

“.. တောင်းဆို သင့်တာ တောင်း ဆို ..”
ခင်ညာ… ဘယ်သူ့ ဆီမှာလဲပာင်.. ?? ဘယ်.. ဘယ်နေရာမှာ တောင်းလို့ ရနိုင်ပါသလဲ ခင်ညာ..?? တောင်းပြီးရင်ကော ဘာ ရမှာလဲပာင်..?? ပြီးတော့ ပြီးတော့ တောင်းလို့ ရတာ ဘာတွေလဲ.. ပာင်??

“ငါ့ မိဘဆို ရင်အေးဆေးပဲ စစ်ထဲကပာုတ်ဘူး.. ဘာမှတောင်းဘူး”
ကြည့် !! တို့ ဗိုလ်ကြီး ကတော်တော် နိုက်နိုက်ချွတ်ချွတ် လေ့လာထားတာ လူ့ ဘောင်အသိုင်းအဝိုင်းထဲမှာ.. အေးဆေးပဲ ..တဲ့.. ကိုကိုစစ်ဗိုလ် ရဲ့ မိဘကို တခုမေးပေးပါလားပာင် - “ဘာလုပ်စားလဲလို့ …. ?? ပိာုပာာလေ .. ပိာုလို အလုပ်မျိုးနဲ့ တူတူပဲလားသိချင်လို့ …. အဲ.. သမာအာဇီဝ ဆိုတာ .. ဗျာ!!.. အဲ့ဒီ့ပာာကြီး ကိုကို တို့ ကြားဖူးဘူး.. အော် ကျွန်တော်လည်းသိပါဘူး.. သူများပြောသံကြားလို့ .. မေးမိတာ.. ဆောရီး.. ကိုကို ”

ကိုကို စစ်ဗိုလ်က သူမိဘတင်မကဘူးတဲ့ ကုန်ထမ်းတဲ့လူလဲ တူတူပဲတဲ့.. သူတို့ ကလစာပေးတယ်တဲ့.. စားလို့ ကိုလောက်လို့ တဲ့ … ကဲ လာဗျာ… ပြန်ရအောင်.. ပာုတ်တယ် ဖတ်နေတဲ့လူခင်ဗျားတို့ အာလုံးပဲ .. ပြန်မယ်လေဗျာ.. ဟိုမှာကုန်ထမ်းတဲ့လူတောင် အဆင်ပြေနေတာ.. ဘာလို့ ဒီမှာ ကျွန်လာခံနေ.. ပြန်မယ်.. ဘာကုန်ဈေးနှုန်းတွေတက်နေတယ်!! ကိုကိုစစ်ဗိုလ်က CBox ထဲကနေ ဖြေရှင်းပေးလိုက်ပြီ..
“ အလုပ် ပို လုပ်ပါတဲ့” ပာုတ်သားပဲ.. အလုပ်တွေမှပုံလို့ ဘာစာမှတတ်စရာလိုဘူး … သူတို့ ခေါ်ရင်လိုက်သာသွား .. ဘာပြောပြောနားထောင်.. ဘာခိုင်းခိုင်းလုပ်.. တနေ့  ၃၀၀၀ ဆိုလည်းပာုတ် ၅၀၀၀ ဆိုလည်းပာုတ် … ဒီလောက်ရှာဖွေစားသောက်ရတာ လွယ်နေတာများ ခင်ဗျားတို့ မို့ ပိာုပာာပြောလိုက် ဒီပာာပြောလိုက်.. နာသွားချင်လား.. ဝါးရင်တုတ်နဲ့ ရိုက်လိုက်ရ… …………….. ……………………..
ဒီလောက်နိုင်ငံတော်အစိုးရက စေတနာနဲ့ တိုင်းပြည်စီးပွားရေးတည်ဆောက်နေတဲ့ပာာကို.. တောင်းသင့်တာတောင်း.. ခုကြည့်လေ.. နိုင်ငံတော်က သိန်းပေါင်းများစွာအကုန်အကျခံပြီး မြို့ တော်ဆိုလည်း ခုအသစ်ချက်ချွတ်.. အလိုက်တသိ မတောင်းခင် ဆောက်ပေးထားတာ… ဘယ်နိုင်ငံမှ အဲ့လောက် လုပ်မပေးဘူး.. စေတနာကို နားလည်မှပေါ့..
“ မပြီးခင် ဗမာမမြင်စေနဲ့ ”
ကိုကိုကပြောတယ် လက်ရှိနိုင်ငံတော်က သူများနဲ့ ယှဉ်ရင် ဆင်းရဲတယ် တဲ့ … ကြားတယ်နော်.. အပာုတ်ပါဗျ.. ကျွန်တော်နားကြားလွဲလောက်ဘူး ထင်တာပဲ.. စစ်အရာရှိကိုယ်တိုင်.. ပာုတ်ကဲ့.. မယုံရင် download လုပ်ပြီးကိုယ်တိုင်နားထောင်ကြည့်ပါ.. သေချာပါတယ်..

အဲ့လို ဆင်းရဲတော့မှာ မဟုတ်တော့ဘူးတဲ့ဗျာ.. သူတို့ မှာ နည်းဗျူပာာတွေ တွေ့ နေပြီတဲ့ … စင်ကာပူ ကငှားသုံးထားလို့ တဲ့ စောင့်နေတာ.. တကယ်.. သူတို့ က သယံဇာတမှမရှိတာ ကျွန်တော်တို့ ထက်လည်း သေးတယ်လေ.. ဒါ့ကြောင့်အရင်သုံးခိုင်းထားတာ.. သိပ်လည်းမကြာဘူးဆိုတော့.. သူတို့ လုပ်တာအောင်မြင်တယ်လေ.. ဆိုတော့ ဗိုလ်ကြီးတို့ က Safety Reason ကြောင့်စောင့်နေတာ.. နှစ် ၄၀ များ အိပ်လိုက်စားလိုက်နဲ့ ကုန်ရော.. ကဲခုစယုံပဲ .. စိတ်ချစွာသုံးလို့ ရပြီ..
“ --------------------------------”
အဲ့ဒါပြောတာပေါ့ မပြီးခင်ဗမာမမြင်စေနဲ့ ဆို တာ.. ခင်ဗျားတို့ က ကွန်ပလိန့် ကတယ်များ.. ခင်ဗျားမမြင်လိုက်ရတာများအရေးလုပ်လို့ … ဘယ်ဗမာမှမြင်မှာမပာုတ်ဘူး ကဲ ရှင်းပလား.. ပြီးရင် ဗမာအားလုံး သေလောက်ပြီ… နောက်မှတ်ထားစရာ တခု သမိုင်းသုတေသီ စစ်သည်တော်က ပြောလိုက်တယ်…
“ ဖာဖြစ်တာ ယားလို့ ”

အရင်တုန်းက သိပ်မယားလဲ နောက်ဒီလို ပဲ ယားလာတာဘာဖြစ်လဲ.. လူပဲ တစ်ယောက် ယား ရင် လိုက် ယားတာပဲပာာ… ယားတာများ ဖြေပေးမယ့်လူတွေတပုံကြီး ခင်ဗျားတို့ စင်ကာပူကလူတွေပူမနေနဲ့ “ဥတို” ဂေါက်ကလပ် ပောာ်တယ်မှာ ဦးဦးစစ်သည်တော်တွေ တပုံကြီး …
“------------------------”
ဘာဗျ.. သူ့ ကုသိုလ်နဲ့ သူ… ခင်ညား မနာလို မဖြစ်နဲ့ .. အေးအေးနေ.. ဒီမှာ မပောာ်သဓာတောင်လိုက်မမှီတဲ့ ဖြေရှင်းထုံးတွေ ရှိတယ်… ကြည့် ..
ဖာဖြစ်တာ ယားလို့  ယားရင် ကုတ်လို့  ဆင်းရဲတာ မွဲလို့  မွဲရင် ဆူလို့  ဆူတာ အားလို့  ဆူရင် ပစ်လို့ 
ကဲ.. ဒီလောက် ဆီလျှော်တဲ့ နည်းလမ်းတွေ ရှိနေတာ.. အေးအေးနေ.. ကို့ လူ…. ခေတ်သစ်ဒီမိုကရေစီကို ဒါနဲ့ ရောက်အောင်သွားပြမှာ ကြည့်နေ..

“ဘုန်းဘုန်းတွေက အတုတွေ… ”
“ --- ?? --- ”
“ ကြည့်ပါ့လား ဦးပြည်လေးတွေ ပြောင်လို့ ”
အော်.. အဲ့ဂလိုကိုး.. ဒီလိုတိကျတဲ့ နည်းစနစ်နဲ့ ကြည့်လိုက်ရင် ကွက်ကနဲ ကွင်းကနဲ.. စောကပြောရော.. ဘယ်လောက် သင်္ကန်းကို ဝိနည်းနဲ့ အညီရုံတာတွေ .. မေတ္တာသုတ် မောပာသုတ် ရွတ်နိုင်တာ ကြည့်မနေနဲ့ … ဦးပြည်ကိုသာကြည့်…ပြောင်လို့ ကတော့ အတုသာမှတ်… ကိုကိုစစ်ဗိုလ်လောက်မကျွမ်းလို့ နဲ့ တူပါတယ် … ရဲဘော်တွေက ဘုန်းဘုန်းတို့ ကို တုတ်နဲ့ ခေါက်ခေါက်ပြီး ဆီစစ်ရတာနဲ့ ပဲ.. ကွဲတဲ့ကိုယ်တော်ကွဲ.. ပျံလွန်တော်မှုတဲ့ ကိုယ်တော် ပျံလွန်တော်မှုနဲ့ … မလွယ်ဘူး.. ထင်တာထက်ပိုခက်တယ်.. နောက်ပြီးဘုန်းဘုန်းတုတွေက .. လေသိလား ဘုန်းတော်ကြီးကျောင်းမှာ နေချင်ယောင်ဆောင်နေတာ.. တွေ့ လားအဲ့ဒါပြောတာ.. အိုက်မှာက ခေါင်းတုံးလို့ ရတာကိုး..ဒါကြောင့် ညညဝင်ဖမ်းတာပေါ့.. အမှောင်ထဲမှာ ဦးပြည်ပြောင်နေတော့ပြေးမလွတ်တော့ဘူး..
“အစိုးရက ဘုန်းတော်တုတွေ လုပ်နေတာကရော..??” “မင်းကလဲကွာ… ပေါက်ပေါက်ရှာရှာ.. နိုင်ငံတော်အစိုးရက ဘုန်းတော်တုတွေဘယ်လုပ်လို့ ရမှာလဲ..ဟာတပဲ”

သေနတ်နဲ့ ပစ်တာက..သူတို့  ကခဲနဲ့ ပေါက်လို့ ဥစ္စာ..ခင်ဗျားတို့ မတွေ့ လိုက်ဘူးလား.. လူတွေ ပလပ်ဖေါင်းက နေ သူတို့ လက်တွေနဲ့ ခွာပြီးတော့ ထုခွဲပြီးတော့ ဒီ့ထက်ပေါက်လို့ ရအောင် လမ်းမပေါ်မှာလက်တွေနဲ့ ထပ် ထုခွဲပြီးတော့ ပေါက်နေတာ … အဲ့ဒါသေစေနိုင်တယ်ဗျ.. စစ်ဗိုလ်ကိုကိုက ထပ်ရှင်ပြထားသေးတယ်.. သေချာနားထောင်…
“စစ်သားကွ သေနတ်အလကားထားတာမပာုတ်ဘူး ........ စိတ်လည်းပိုကြီးတယ်..”
ဟာ ပာုတ်ဘူး .. အဲ့ဒါ ဦးနေဝင်းပာုတ်ဘူး… ဦးနေဝင်းက မိုးပေါ်ထောင်မပစ်ဖူးလို့ ပြောတာ.. ဒါက ပိုမိုက်တယ်.. ဗိုလ်ကြီးနာမည်လား… စောကြီးတဲ့ ဒီဂွင်မှာ အကုန်သိတယ်…
“---------- ??? ---------”
ဂွင်လေကွာ.. တပ်မတော်ကိုထိနဲ့ .. တိုင်းပြည်ကိုထိနဲ့ .. ထိသူတွေ ပြောသူတွေ ရဲ့ ဂွင်ထဲမှာ စောကြီးတဲ့……..ပာုတ်ဘူး.. ပာာ ဦးစောမောင်က သေပြီပာာကို.. ခင်ညားတို့ က ပေါက်တကရ.. !
“ဒါနဲ့ ကိုကို ရှရှားစစ်သည်တော် စာဖတ်သူတွေလစ်တုန်း မြန်မာနိုင်ငံက လာဘ်အစားဆုံးတဲ့ စနစ်မရှိဆုးံတဲ့ …??”
“ ------ ----- -----”
“..တကယ်!!..”

“..ပြောတာဘယ်သူ လဲ ကွ မင်းကို ..??..” “..CNN..”
“…. မင်းဘာကောင်လဲ….??….. မင်းဘယ်ကလဲ….??.....မင်းဆွေမျိုးတွေ ဒုက္ခရောက်ချင်သလား…??”
“…Sorry….”
--------------------------------------------------------------------------------- လွန်တာရှိရင် ဝန္နာမိပါခင်ညာ http://lrg.zorpia.com/0/2567/16434329.30ed99.jpg နေလင်းမောင် ကိုယ်ပိုင်နံပါတ် ၃၅၇၅၆၊ မန္တလေးသား ( ရုရှားရောက် စစ်သည်ကြောင်တယောင်တဲ့)

ဆက်လက်ဖတ်လိုပါက..

Tuesday, October 2, 2007

စစ်ရေးအရ နအဖအား တိုက်ပွဲ ဝင်ရန်

စစ်ရေးအရ တိုက်ပွဲ ဝင်ဖို့  စစ်ရေး မဟာမိတ်အဖွဲ့ (Military Alliance) တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့ကြီးက အတည်ပြုလုပ်ဆောင်သွားမည်လို့ မဇ္ဇိုမ မှသတင်းရှိပါတယ်။ ဘယ်လို အကျိုးသက်ရောက်မှု့ တွေဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ပြည်တွင်းငြိမ်းချမ်းစွာ ထုပ်ဖော်ဆန္ဒပြမှု့ အား အကြမ်းဖက်ဖြိုခွဲ ခံရပြီးနောက် လက်နက်နဲ့ သာရနိုင်မယ်လို့ လူတော်တော်များများက လက်ခံလာကြတာကို တွေ့ မြင်ကြားနေရပါပြီ။ ပြည်ပက လက်နက်ကိုင်တွေရော ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့ အစည်းဆိုတာတွေရောပါ မေးခွန်းထုတ်စရာ ဖြစ်အောင် မီးမွှေးတာ လက်ရှိအစိုးရရဲ မဆင်ခြင်တဲ့လုပ်ရပ်ပါပဲ။ အပ်နဲ့ ထွင်းရမဲ့ ကိစ္စ ပုဆိန်နဲ့ ပေါက်ရတော့မယ်။ ဘာဆက်ဖြစ်မလဲ မတွေးတတ်အောင်ပါပဲ။

ဆက်လက်ဖတ်လိုပါက..

မောင်ညဏ်ဝင်းရဲ့ UN တွင်း ဓါတ်ပြား

အသရေမဲ့သော လူ့ တိရိစ္ဆန်တစ်ကောင် အရှက်မရှိသော ပြောတာတွေပါ... လက်ရှိပြည်တွင်းမှာ လူထုဆန္ဒပြပွဲများကို ကြမ်းတမ်းစွာကိုင်တွယ်ဖြေရှင်းမှု ပာာ အင်အားကြီးနိုင်ငံတွေရဲ့ ပရောဂဖြစ်တယ်ဆိုတာကို တောင်လိုလို မြောက်လို လို ပိာုမရောက်ဒီမရောက် နဲ့ လျှောက်ပြောသွားတာပါ တကယ်တော့။ ဘာလို့ ဆန္ဒပြသလဲ ဆီဈေးမြင့်လို့ ဘာကြောင့်ဆီဈေးမြှင့်ရသလဲ ဆိုတာကို ကိန်းဂဏန်းနဲ့ ထဲထဲဝင်ဝင်ရှင်းလိုက်ရင် ပောာပိာုကထိုင်နားထောင်နေတဲ့ ပုဂ္ဂိုလ်တွေ နားထောင်ရတာတန်ဦးမယ်။ သူပြောသွားတဲ့အထဲမှာ အဓိက က နအဖနဲ့ နိုင်ငံရေးအတိုက်အခံအုပ်စ၊ု ပြီး အားပေးနေတဲ့ နိုင်ငံကြီးအကြောင်း .. သူထင်တာတွေ ဆက်စပ်ပြီး ချနေတာ။ ခုပာာက မယ်မယ်ရရ ဖြေရှင်တာမျိုးမပာုတ် ခြုံငုံပြီး ဒီဓါတ်ပြားပောာင်းကြီးပဲ ဘာသာပြောင်းပြီးဖွင့်ပြနေတာ။ ကျုပ်လဲ အဟုတ်မှတ်လို့ လိုက်ရေးနေတာ အလကားအချိန်ကုန်တာပဲ (ပြည်ထောင်စု ညီလာခံ အတိုင်း)။ စာမေးပွဲဆိုရင်တော့ F ကို Minus နှစ်ထပ်ကွမ်းတောင် ပြခံရဦးမယ်။ ဗမာသိက္ခာကျတယ်ဗျာ တကယ်။ နောက်ဆုံးကြတော့ နိုင်ငံတကာက သူတို့ ကို နားလည်ပါတဲ့ .. ခင်များဗျာ အဲ့လိုစကားပြောပြီင်္းနားလည်ရမယ်ဆိုရင် UN အဆောက်အအုံ့ ထဲ ခင်များလို လူတွေပဲ ထိုင်နေမှာ.. အဲ ခုခေတ်တော့ပာုတ်ဘူး ကျောက်ခေတ်မှာပဲ ရမယ်.. သူတို့ ရဲ့ လမ်းစဉ် ၇ ချက်ဆိုတာလည်း နာမည်ပြောင်းပြီး လုပ်စားတာပါ။ ပထမအဆင့်က ၁၄ နှစ်ဆိုရင် နောက် ၆ ဆင့်က ၈၄ နှစ်ဗျ။ သူတို့ ထိပ်ပိုင်းအားလုံး သေပြီးချိန်ထိ ချိန်ထားတာနဲ့ တူတယ်။ ဒီလိုလေသံနဲ့ ဒီ လမ်းစဉ် အာပလာတွေနဲ့ ကျုပ်တို့ ပြည်သူတွေအားလုံး လူဖြစ်ရှူံးသထက် ရှူံးဦးမယ်။ ဘာတဲ့ ..နိုင်ငံတစ်ခုရဲ့ အနာဂတ်ပာာ အဲ့ဒီ့နိုင်ငံရဲ့ အစိုးရနဲ့ ပြည်သူပြည်သားတွေသာ ရွေးချယ်နိုင်တယ်ဆိုလား ... ဒီလိုသာမှန်နေရင် နင်တို့ တစ်တွေ ကြိုးစဉ်ပေါ်မှာ တပျော်တပါးကြီး .. အောက်ကပြည်သူတွေက ဆိုင်းဝိုင်းနဲ့ ပွဲဈေးတန်းနဲ့ ရှယ်ပဲပော့။ စည်ကမ်းမဲ့ တိုင်းပြည်ကို ကိုယ်ပိုင်လုပ်စားလို့ ဒီလောက်မွဲနေတာကို ဒီလူတွေပဲ စည်ကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာ တည်ထောင်ဦးမှာဆိုတော့ .. သြော်..အဲ့လိုကိုး.. ကျွန်တော်ပြောလိုက်ပါ့မယ်..

မျောက်ပြပြီး ဆန်တောင်:တဲ့ ကောင်တွေ ..........ေ-ာက်ရှက်မရှိတာ ခက်တယ်...

ပုဂ္ဂိုလ်ရေးထိခိုက်တယ်ပြောပြော ဒီဥပဓိရုပ်နဲ့ တော့ ဘာကိုမှယုံလို့ မရတာ .. အဟုတ်

“နိုင်ငံခြားရေးဝန်ကြီး ဦးညဏ်ဝင်း က မြန်မာနိုင်ငံဟာ လက်ရှိ ခေတ်သစ် စီးပွားရေး နိုင်ငံရေး ကိုလိုနီစနစ်ရဲ့ ဖိအားပေးမှု့ ကိုခံနေရတယ်လို့ ဆိုပါတယ်။ သူက ပြီးခဲ့တဲ့နှစ်အချို့ ပာာဆိုရင် လွန်စွာ အကျည်းတန်ပါတယ်လို့ ပြောခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့ မှု့ တွေ၊ သတင်းမှားလွှင့်မှု့ တွေနဲ့ တိုက်ရိုက်ကြားဝင်စွက်ဖက်မှုတွေပာာ ခေတ်သစ် ကိုလိုနီစနစ်လို့  ဆက်လက်ပြောကြားပါတယ်။မီဒီယာအဖွဲ့ အစည်းတွေနဲ့  လွှဲမှားတဲ့ အကြောင်းအရာတွေထုတ်လွှင့်ပြီး ပစ်မှတ်ထားတဲ့ နိုင်ငံငယ်တွေရဲ့ လူ့ အခွင့်ရေးကို ဒီမိုကရေစီ တိုက်ပွဲအမည်ခံပြီး ထိပါးနေတဲ့ အကြောင်း။ဒုတိယအနေနဲ့ စီးပွားရေးပိတ်ဆို့ မှု့ တွေပာာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှု့ ကို နှေးစေပြီး လူသားဆင်းရဲမှု့ ကိုဖြစ် ကြောင်း။တတိယကတော့ နိုင်ငံရေးအရရော၊ ငွေကြေးအရရော၊ အခြားသုံးပစ္စည်းတွေနဲ့ ပါ ထောက်ပံ့ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်စေကာ..နောက်ဆုံးကတော့ နိုင်ငံတကာကို အန္တရာယ်ပေးနိုင်တယ်ဆိုပြီး ဝင်ရောက်ကျူးကျော်တယ်လို့ သူကဆိုပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် မငြိမ်မသက်မှု့ တွေ ထုတ်မပြောတဲ့ ဒုက္ခတွေ နိုင်ငံသားတွေခံစားနေရတာကို လက်ရှိအခြေအနေက သက်သေပြနေတယ်လို့ ပြောကြားသွားပါတယ်။နိုင်ငံတစ်ခုရဲ့ အနာဂတ်ပာာ အဲ့ဒီ့နိုင်ငံရဲ့ အစိုးရနဲ့ ပြည်သူပြည်သားတွေသာ ရွေးချယ်နိုင်ကြောင်း။ ပြည်ပက ဝင်ရောက်လုပ်ဆောင်လို့ မရ ကြောင်း။ စက်သုံးဆီဈေးမြင့်တက်မှု့ ပေါ်အခြေခံပြီး အစောပိုင်းထကြွမှု့ တွေဟာ နိုင်ငံရေးအခွင့်ရေးယူလိုသူများရဲ့ အင်အားကြီးနိုင်ငံများအကူအညီဖြင့် ပေါ်ပေါက်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှု့ ဖြစ် ကြောင်း။ ပြည်တွင်းနဲ့ ပြည်ပမှ ထကြွမှု့ တွေကို အရှိန်ပာုန်မြင့် ဆောင်ရွက်မှသာ သူတို့ လိုချင်သော ဆိုးဝါးတဲ့ အခြေအနေကို ရောက်ရှိမှာ ဖြစ်တဲ့အတွက် ဤကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုအခြင်းအရာများကိုလည်း ထင်ရှားစွာတွေ့ မြင်ပြီးဖြစ် ကြောင်း။ သူတို့  နိုင်ငံရေးအခွင့်ရေးယူလိုသူတွေပာာ ပိုမို ရဲဝံ့စွာဆောင်ရွက်လာပြီး လက်ရှိအစိုးရအားအတိုက်အခံလုပ်နိုင်တဲ့ အခြေအနေထိတိုးမြင့်လာ ကြောင်း ပြောကြားပြီး၊ နိုင်ငံတကာအနေနှင့်လည်း မည်မျှဆိုးရွားလာမည်ကို ထည့်မတွက်ဘဲ မီးထဲဆီလောင်းသလို ဖြစ်လာလိမ့်မည်လို့ ပြောပြီး အကောင်းဆုံးအကူညီကတော့ နားလည်မှု့ ပြကြပါလို့ ဆို ပါတယ်။ မြန်မာပြည်ပာာ ပုံမှန်အခြေအနေကို ရောက်ရှိပါပြီလို့ သူကထပ်လောင်းပြောဆိုသွားပါတယ်။”

ဆက်လက်ဖတ်လိုပါက..

Monday, October 1, 2007

LONDON မြို့ ဆုတောင်းပွဲ 30-09-2007

LONDON မြို့ ၌ ကျဆုံးသွားလေသော အာဇာနည် ရဟန်း နှင့်တကွ ယောက်ျား အာဇာနည်၊ မိန်းမအာဇာနည် တို့ အတွက် ဝတ်ပြုဆုတောင်းပွဲ ကို မြို့ အထင်ကရ Trafalgar Square မှ စတင် စီတန်း လှည့်လည်ကာ Battersea Park တွင်အပြီးသတ်ဝတ်ပြုဆုတောင်းရင်း ဆန္ဒထုတ်ဖော်ပြသကြပါတယ်၊ မြန်မာရဟန်းရဟန်းတော်များအပြင် လူမျိုးခြား ဗုဒ္ဓဘာသာ ရဟန်းတော် အတော်များများ ပါဝင် ပူပေါင်း ချီးမြှင့် ကြသည်ကိုလည်း ဖူးမြင်ခဲ့ရပါတယ်။ ပြည်သူပရိသတ်တွင်လည်း လူမျိုးခြား များ လူငယ် လူကြီး မရွှေးသည့်အပြင် မိသားစုအလိုက်ပင် ပါဝင်ဆင်နွဲ ခဲ့သည်ကို တွေ့ မြင်ခဲ့ရပါတယ်။


ဆက်လက်ဖတ်လိုပါက..

ရဟန်းတစ်ပါး ကို သတ်၍ စွန့် ထားပုံ

ရဟန်းသံဃာတော်ကို သတ်ဖြတ်တဲ့ ကာယကံအပြင် ဤကဲ့သို့ စွန့် ပစ်ခဲ့သည် မှာ မြင်ရသူအဖို့ လုပ်ရက်သည့် စိတ်ဓါတ်မျိုးအား လွန်စွာ စက်ဆုပ်မုန်းတီးသည့်အပြင် သံဃာဂိုဏ်းသင့်ပြီး ကံကြီးထိုက်မှု့ အတွက် များစွာ ကြောက်ရွံ့ တုန်လှုပ်မိပါသည်။

သံဃဂုဏေါ အနန္တော အရှင်ဘုရားတို့ ရဲ့ ကျေးဇူးတရားက တပည့်တော်တို့ မြန်မာနိုင်ငံဖွား ပြည်သူ့ပြည်သားတွေအတွက် ဆပ်မကုန်အောင်ကြီးမားလှပါတယ် ဘုရား။

ဆက်လက်ဖတ်လိုပါက..

တပ်မတော်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်

လေးစားလောက်ပါတယ်... စစ်သည်တို့ ရယ်.. ဘာမှလက်နက်မရှိတဲ့လူတွေကို...ဟိုးတစ်မိုင်လောက်ကနေ ကြောက်လှန့် တကြားပစ်ခတ်ချေမှုန်းတယ်... အဲ့ဒါ မင်းတို့ လူမျိုးဗမာ တွေ ဗုဒ္ဓဘာသာဝင်တွေ… …. …. …




တာဝန်ဆိုတာ ခိုင်မာစွာ ရပ်တည်မှု့ ရှိတယ့် အမှန်တရားကို အခြေခံပါတယ် မှန်ကန်မှု့ မရှိတဲ့ အလုပ်ကို တာဝန်အနေနဲ့ ခံယူလို့ မရပါဘူး… တကယ်လို့ မှားယွင်းစွာလုပ်ခဲ့ရင် ဒါဟာ တာဝန်မဲ့တာပဲ

ဆက်လက်ဖတ်လိုပါက..

စကားပြောသောဓါတ်ပုံတွေ

ဆက်လက်ဖတ်လိုပါက..

Saturday, September 29, 2007

ကုလ လာတုန်း တောင်းကြစို့ 

ပြည်တွင်း ပြည်ပ မြန်မာပြည်သားတို့  ယနေ့ ကုလကိုယ်စားလယ် Mr Gambari နဲ့ အဖွဲ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိရှိခြင်း နေပြည်တော်သို့ ဆက်လက်ထွက်ခွာသွားတယ်လို့ သိသိရခြင်း စိတ်မချမ်းမသာ ခံစားရပါတယ်။ ကြောင်းရင်းက - ၂ ရက်ခရီးစဉ်သာဖြစ်တဲ့ တိုတောင်းလှတဲ့အချိန်အတွင်းမှာ စစ်အစိုးရ က တောတွင်းစစ်ဌာနဖြစ်တဲ့ နေပြည်တော်ကို ခေါ်ဆောင်သွားတဲ့အတွက် မျှော်လင့်ထားတဲ့ ပြည်သူ့ ရင်တွင်းတောင်းတချက်ကို ကုလက မြင်ဖို့ အားနည်းသွားမှာကိုပါ။ နောက်တခုက- အတုအယောင် ကန့် ကွက်ပွဲဆိုတာတွေနဲ့ အရောင်ဆိုးပြီး လှည့်ဖြားခံ ရမှာကိုပါ။ တကယ်လို့ သာအဲ့ဒီလိုမျိုးတွေကို တွေ့ ယုံပြီး ထင်သလောက် ဖြစ်မလာပဲ ယခင် အတိုင်းဒုံရင်းသာဖြစ်ခဲ့ရင် ရှေ့ က သွေးနဲ့ ရင်းသွားတဲ့ ရဟန်းတော်တွေ မယ်သီလရှင် နဲ့ လူတွေ ရဲ့  သွေး အသက် ခန္ဒ္ဓာတွေ ကို အလားဟပ်သက် ဆုံးရူံးရသလိုဖြစ်နေပြီ။ လူထုရဲ့ စိတ်မှာလည်း ထူးပါဘူး ဆိုတဲ့ နအဖ လိုချင်တဲ့ လူတောမတိုးလိုတဲ့ စိတ် အရိုးစွဲသွားပါလိမ့်မယ်။ လက်ရှိ မျိုးဆက်သာမက နောင်လူမျိုးဆက် တွေအားလုံး နာလန်မထူတော့ပဲ လူဖြစ်ရူံးပါလိမ့်မယ်။ ထို အကြောင်း ကြောင်းတွေကြောင့် - Mr Gambari နဲ့ တကွ နိုင်ငံတကာ သတင်းဌာနများ ပြည်တွင်းရှိပြည်သူများအား-- (၁) ပြည်သူတွေနေထိုင်သော မြို့ တွင်းများကို လှည့်လည်ကြည့်ရှု့ ရန် စာပို့ တိုက်တွန်းပါ (၂) Gambari, ကုလ နဲ့ သတင်းဌာနများကို အတုအယောင် ဆန္ဒပြပွဲ များကို သတိပေးပါ (၃) ပြည်သူအားလုံးအား ရဲရဲဝံ့ဝံ့ မိမိတို့ သဘောထားအစစ်ကို အခွင့် အရေးရတုန်း ပြကြပါလို့  ၂ ရက်သာ အခွင့် ရှိပါတယ်..... ကျေးဇူးပြုပြီး ဝိုင်းဝင်းကုညီအားပေး ကြပါ... ကွယ်လွန် ကျဆုံးသွားတဲ့ လူသား ရဟန်းတွေရဲ့  အသက်ကို စာနာသောအားဖြင့်

ဆက်လက်ဖတ်လိုပါက..

Friday, September 28, 2007

အဓမ္မခိုင်းစေပြီး ဆန္ဒပြမှု့ အား ကန့် ကွက်ကြောင်း လုပ်ရန် ကြံစည်

စစ်အစိုးရက ကုလသမဂ္ဂကိုယ်စားလယ် ဖွဲ့ လာရောက်မဲ့ မနက်ဖြန်တွင် လက်ရှိဆန္ဒပြမှု့ အားကန့် ကွက်သည့် ဆန့် ကျင်ရေးလှုပ်ရှားမှု့ များကို လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း သိရပါသည်။
ညောင်ဦးတွင် စွမ်းအားရှင်ဆိုသူများက ဦးဆောင်ပြီး အိမ်တိုင်းမထွက်မနေရ လုပ်ဆောင်ရမည်ပာု အဓမ္မလှုံဆော် ပြောကြားလျှက်ရှိကြောင်း နစ်နေမန်း blog မှ သိရှိရပါတယ်။
မြန်မာနိုင်ငံသားတို့ အားလုံးအနေနဲ့  မိမိ တို့ ရဲ့ စစ်မှန်တဲ့ တောင်းတချက်ကို ကုလသမဂ္ဂကိုယ်စားလယ်ရောက် ရှိခိုက်တွင် ဆထက်တပိုး ပို၍ ထင်မြင်အောင်ပြကြပါလို့ တိုက်တွန်းပါရစေ။
အကယ်၍ ကုလသမဂ္ဂကိုယ်စားလယ်များ လမ်းကြောင်းလွှဲပြီး ထင်မြင်မှားပါက လက်ရှိခံစားရသော လူမှု့ ရေး၊ စီးပွားရေး၊ ကျန်မားရေး၊ ပညာရေးနှင့်တကွ ပြဿနာများကို ပိုမို၍ ခံစားရမည်မှာ မုချမလွှဲ ဘူးဆိုတာ သတိချပ်ပြီး အကြောက်တရားကို အမှန်တရားကိုမြတ်နိုးတဲ့ စိတ်နဲ့ တွန်းလှန် ကြပါစို့ ။

“ကြောက်လျှင်လွှဲ ရဲလျှင် မင်း ဖြစ်”

ပြည်သူလူထု “မင်း” အဖြစ်နဲ့  လူဖြစ်ရကျိုးနပ်အောင် ရဲစွမ်းသတ္တိပြကြပါစို့ ။ မိမိနဲ့ နီးစပ်သော ပြည်တွင်းမှ မိဘပြည်သူအားအသိပေး ကြပါ။ ပြည်ပရောက် မျိုးချစ်များ သတင်းဌာနများ နှင့် ကုလသမဂ္ဂဆက်သွယ်ရေးသို့ ပေးပို့ ကြပါရန် တိုက်တွန်းပါတယ်။

haveyoursay@bbc.co.uk
inquiries2@un.org

ဆက်လက်ဖတ်လိုပါက..

ဂျပန် သတင်းထောက်အား အနီးကပ်ပစ်သတ်ကြောင်း

Kenji Nagai, 50, Tokyo,
ဂျပန် သတင်းထောက်အား အနီးကပ်ပစ်သတ်ကြောင်း နိုင်ငံတကာ သတင်းတွင် အစဉ်မပြတ်ဖော်ပြလျှက်ရှိပြီး။ ဂျပန် သံရုံးမှ သေဆုံးမှု့ နဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းမှု့ များဆက်လက်ပြုလုပ်မယ်လို့ ပြောကြားပါတယ်။ အသက်ခံရပုံ မှာ အနီးကပ် ပစ်ခတ်မှု့ ကြောင့် နှလုံးကို ထိမှန်သေဆုံးကြောင်း ဆရာဝန်အတည်ပြုကြောင်းသိရပါတယ်။ သေဆုံးသူမှာ လဲကျသိတိုင် မိမိ ဂျာနယ်လစ်ဖြစ်ကြောင်း လက်ကာပြ ကင်မရာကိုထောင်ပြခြင်းဖြင့် သိလိုစေသောပုံရှိကြောင်း အမှတ်တမဲ့ ရိုက်ကူးမိသော ပြကွက်တွင် ကြည့်ရှု့ ရပါတယ်။ အပြီးသတ် သေစေလိုသောကြောင့် ကပ်၍ပစ်ကြောင်းမှာ ထင်းရှားလွန်းလှပါ တယ်။ မြန်မာ့အသံတွင် visit visa ဖြစ်လာရောက်ပြီး မှတ်တမ်းတင် ရိုက်ကူးနေကြောင်း အကြောင်းပြထုတ်လွှင့် ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းပြချက်ပာာ နိုင်ငံတကာအားဘယ်လို မှ ဖြေသိမ့်နိုင်လိမ့်မည်မဟုတ်ပာု BBC နဲ့ CNN မှပြောခဲ့ပါတယ်။ အစိုးရအနေဖြင့် ဂျပန်အစိုးရမှ ဖိအားပိုမို ရရှိဖွယ်ဖြစ်ပါလို့ လဲ ဆိုပါတယ်။ ဂျပန်ဟာ ယနေ့ မြန်မာနိုင်ငံအား ထိထိရောက်ကူညီနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကြည့်ရှု့ ရန် - http://www.fileden.com/files/2006/12/14/510728/jpjorlst.wmv http://www.nhk.or.jp/daily/english/

ဆက်လက်ဖတ်လိုပါက..



လာလည်အားပေးသူ
hit counter